Asus SDRW-08D2S-U External Drive လေးသည် ပေါ့ပါးပြီး ပါးလွှာသော Compact Design ဖြင့် ထုတ်လုပ်ထားသောကြောင့် Laptop Bag အတွင်း အလွယ်တကူသယ်ဆောင်နိုင်ပြီး အလုပ်၊ ကျောင်း သို့မဟုတ် ခရီးသွားရာတွင် အဆင်ပြေစွာ အသုံးပြုနိုင်ပါသည်။ Elegant Diamond-cut Design ကြောင့် ခေတ်မီလှပသော အသွင်အပြင်ကို ပိုင်ဆိုင်ထားပြီး Laptop နှင့် Desktop များနှင့်လည်း လိုက်ဖက်စွာ အသုံးပြုနိုင်ပါသည်။ USB Interface ဖြင့် Plug & Play အသုံးပြုနိုင်ပြီး DVD များကို 8X Read/Write Speed ဖြင့် မြန်ဆန်စွာ ဖတ်ရှုခြင်းနှင့် Data များကို Burn ပြုလုပ်နိုင်ပါသည်။ Drag and Burn Feature ပါဝင်သဖြင့် အဆင့် (၃) ဆင့်သာ လုပ်ဆောင်ရုံဖြင့် CD/DVD များကို လွယ်ကူစွာ Burn ပြုလုပ်နိုင်ပါသည်။ Windows နှင့် macOS နှစ်မျိုးစလုံးကို Support ပေးထားသောကြောင့် Desktop PC, Laptop နှင့် MacBook များတွင် အဆင်ပြေစွာ အသုံးပြုနိုင်ပြီး Software Installation, Movie DVD ကြည့်ရှုခြင်း၊ Backup Data များ သိမ်းဆည်းခြင်းနှင့် CD/DVD Burn ပြုလုပ်ခြင်းတို့အတွက် သင့်တော်သော External DVD Writer တစ်ခုဖြစ်ပါသည်။
| Brand | Asus |
| Drive Type | SDRW-08D2S-U |
| Optical storage write speed | 8x |
| Optical storage read speed | 8x DVD |
| Product dimensions | 14.2L x 14.2W x 2H cm |