TP-Link MC112CS Omada Gigabit WDM Media Converter
130,000 Ks

TP-Link MC112CS Omada Gigabit WDM Media Converter သည် LAN ကြိုး (Copper Cable - RJ45) မှ လာသော အချက်ပြမှုများကို ဖိုင်ဘာကြိုး (Fiber Optic) လှိုင်းသို့လည်းကောင်း၊ ဖိုင်ဘာကြိုးမှ လာသည်များကို LAN ကြိုးသို့လည်းကောင်း အပြန်အလှန် ပြောင်းလဲပေးသည့် Media Converter တစ်ခု ဖြစ်ပါတယ်။10/100Mbps အမြန်နှုန်းအထိ ထောက်ပံ့ပေးပြီး ရုံးသုံး သို့မဟုတ် ကွန်ရက်ချိတ်ဆက်မှုများကို တည်ငြိမ်စွာ ပံ့ပိုးပေးပါတယ်။Single-mode Fiber (9/125μm) ကြိုးကို အသုံးပြု၍ အများဆုံး ကီလိုမီတာ ၂၀ (20 km) အထိ အကွာအဝေးသို့ အချက်ပြများကို တည်ငြိမ်စွာ ပို့ဆောင်ပေးနိုင်ပါတယ်။

TP-Link MC111CS Omada Gigabit WDM Media Converter
130,000 Ks

TP-Link MC111CS Omada Gigabit WDM Media Converter ကတော့ Network ကြိုး (LAN / Copper Cable - RJ45) မှ လာသော ဒေတာများကို ဖိုင်ဘာကြိုး (Fiber Optic) လှိုင်းအချက်ပြမှုအဖြစ်သို့လည်းကောင်း၊ ဖိုင်ဘာကြိုးမှ လာသည်များကို LAN ကြိုးသို့လည်းကောင်း အပြန်အလှန် ပြောင်းလဲပေးသည့် Media Converter တစ်ခု ဖြစ်ပါတယ်။10/100Mbps အမြန်နှုန်းအထိ ထောက်ပံ့ပေးပြီး အင်တာနက်လိုင်း သို့မဟုတ် ဒေတာလွှဲပြောင်းမှုများကို တည်ငြိမ်စွာ ချိတ်ဆက်ပေးနိုင်ပါတယ်။ဖိုင်ဘာကြိုး ကို အသုံးပြု၍ ဒေတာ ပို့ခြင်း (Transmit) နှင့် လက်ခံခြင်း (Receive) နှစ်ခုစလုံးကို တစ်ပြိုင်နက် လုပ်ဆောင်နိုင်စွမ်း ရှိပါတယ်။Single-mode Fiber (9/125μm) ကြိုးကို အသုံးပြု၍ အများဆုံး ကီလိုမီတာ ၂၀ (20 km) အထိ အကွာအဝေးသို့ အချက်ပြများကို ပို့ဆောင်ပေးနိုင်ပါတယ်။

TP-Link Archer T2UB Nano Wireless USB Adapter
138,000 Ks

P-Link Archer T2UB Nano AC600 Wi-Fi Bluetooth 4.2 USB Adapter သည် Wi-Fi လိုင်းဆွဲအား နည်းနေသည့် သို့မဟုတ် Bluetooth မပါဝင်သည့် PC / Laptop များတွင် လိုင်းဆွဲအား မြှင့်တင်ရန်နှင့် Bluetooth စနစ်ပါဝင်လာစေရန် အထူးထုတ်လုပ်ထားသည့် 2-in-1 Nano Size USB Adapter ဖြစ်ပါသည်။5GHz Band တွင် 433 Mbps အထိ Speed ရရှိသဖြင့် HD Video Streaming နှင့် Online Gaming များအတွက် အဆင်ပြေခြင်း ၊PC/Laptop များတွင် Bluetooth ကား၊ နားကြပ်၊ Keyboard၊ Mouse နှင့် Game Controller များကို စိတ်ကြိုက် ချိတ်ဆက်နိုင်ခြင်း နှင့် သေးငယ်ကျစ်လစ်လွန်းသဖြင့် Laptop ၏ USB Port တွင် အမြဲတပ်ဆင်ထားရုံဖြင့် ဘယ်သွားသွား သယ်ဆောင်ရလွယ်ကူစေသည့် Adapter လေးဖြစ်ပါတယ်။

HIK DS-3E1518P-EI/M 16-Port Gigabit Mananged POE Swtich
1,340,000 Ks

Hikvision DS-3E1518P-EI/M သည် IP CCTV စနစ်များ၊ လုပ်ငန်းသုံး Network များအတွက် အထူးဒီဇိုင်းထုတ်ထားသော 16-Port Gigabit Smart Managed PoE Switch ဖြစ်သည်။Camera Offline ဖြစ်သွားပါက သို့မဟုတ် Hang သွားပါက Switch မှ Auto Detect လုပ်ပြီး အဆိုပါ Port ကို Auto Restart ပြန်လုပ်ပေးသည်။PoE ကြိုးအရှည်ကို မီတာ ၃၀၀ အထိ အချက်အလက်နှင့် မီးပါ ပို့ဆောင်ပေးနိုင်ပါသည်။Cloud မှတစ်ဆင့် Network Topology ကြည့်ရှုခြင်း၊ Port များ Restart လုပ်ခြင်းနှင့် Remote Control ပြုလုပ်ခြင်းတို့ကို အလွယ်တကူ ဆောင်ရွက်နိုင်သည်။Network လုံခြုံရေးနှင့် Broadcast Storm များ သီးသန့်ခွဲထုတ်ရန် Port Isolation နှင့် VLAN (Max 32) ကို ထောက်ပံ့ပေးသည်။မိုးကြိုးပစ်ခြင်း သို့မဟုတ် လျှပ်စစ်စီးကြောင်း မမှန်ခြင်းများကြောင့် Switch နှင့် ချိတ်ဆက်ထားသော Device များ ပျက်စီးမှုကို ကာကွယ်ပေးသည်။ 

HIK DS-3E1326P-EI/M 24-Port Managed POE Switch
1,340,000 Ks

Hikvision DS-3E1326P-EI/M သည် CCTV လုံခြုံရေးကင်မရာစနစ်များနှင့် လုပ်ငန်းသုံး Network များအတွက် အထူးထုတ်လုပ်ထားသည့် 24-Port Fast Ethernet Smart Managed PoE Switch တစ်လုံးဖြစ်သည်။စုစုပေါင်း 230W အထိ ထောက်ပံ့ပေးနိုင်ပြီး Port တစ်ခုချင်းစီအတွက် အများဆုံး 30W (IEEE 802.3af/at standard) အထိ ပေးပို့နိုင်သည်။အကွာအဝေး 300 မီတာ (ပေ ၁၀၀၀ နီးပါး) အထိ PoE Power နှင့် Data ကို ငြိမ်ငြိမ်မတ်မတ် ရောက်ရှိအောင် ပေးပို့နိုင်သည်။KV Lightning/Surge Protection ပါဝင်သောကြောင့် မိုးကြိုးပစ်ခြင်း သို့မဟုတ် လျှပ်စစ်စီးကြောင်း မငြိမ်မသက်ဖြစ်ခြင်းများမှ ကာကွယ်ပေးသည်။ Metal Casing ဖြင့် ပြုလုပ်ထားပြီး 19-inch Server Rack အတွင်း တပ်ဆင်နိုင်သည့် Mount Ears များ ပါဝင်သည်။ကင်မရာ သို့မဟုတ် တပ်ဆင်ထားသော ရွှေ့လျားကိရိယာ Hang ဖြစ်သွားပါက (လိုင်းကျသွားပါက) Switch က အလိုအလျောက် သိရှိပြီး အဆိုပါ Port ကို Auto Restart/Reboot ပြန်လုပ်ပေးသည်။Port 1 မှ 8 အထိသည် VIP Ports များ ဖြစ်ကြပြီး Bandwidth လိုအပ်ချက်မြင့်မားချိန်တွင် ယင်း Ports များကို ဦးစားပေး (Priority Forwarding) စနစ်ဖြင့် ပို့ဆောင်ပေးသည်။ Network ခွဲခြားရန်နှင့် လုံခြုံရေးတိုးမြှင့်ရန်အတွက် VLAN configuration ကို Support လုပ်သည်။

TP-Link M7005 4G LTE Mobile Wi-Fi Router
195,000 Ks

TP-Link M7005 4G LTE Mobile Wi-Fi Router သည် SIM Card ထည့်သွင်းပြီး အသုံးပြုနိုင်သော Portable Mobile Wi-Fi Router တစ်ခုဖြစ်ပြီး 4G LTE Network ကို Wi-Fi Signal အဖြစ် မျှဝေပေးနိုင်ပါသည်။ Download Speed 150Mbps အထိနှင့် Upload Speed 50Mbps အထိ ရရှိနိုင်သဖြင့် Video Streaming, Online Meeting, Social Media အသုံးပြုခြင်းနှင့် Web Browsing များအတွက် အဆင်ပြေစွာ အသုံးပြုနိုင်ပါသည်။ 2400mAh Battery ပါဝင်ပြီး အားတစ်ကြိမ်သွင်းထားပါက 12 နာရီအထိ အသုံးပြုနိုင်သည့်အတွက် ခရီးသွားရာတွင်ဖြစ်စေ၊ လုပ်ငန်းခွင်တွင်ဖြစ်စေ အလွယ်တကူ သယ်ဆောင်အသုံးပြုနိုင်ပါသည်။

B16B Bluetooth Dongle (Speaker)
11,500 Ks

B16B Bluetooth Dongle (Speaker) သည် Bluetooth မပါဝင်သော Device များကို Bluetooth စနစ်ဖြင့် သီချင်းနှင့် အသံများ ပေးပို့/လက်ခံနိုင်အောင် ပြုလုပ်ပေးသည့် Plug & Play Audio Dongle တစ်ခုဖြစ်ပါသည်။ Driver သီးသန့် တင်ရန်မလိုဘဲ USB Port တွင် စပ်ဆက်ရုံဖြင့် တိုက်ရိုက် အသုံးပြုနိုင်ပါသည်။

Reyee RG-ES08F 8-Port 10/100Mbps Unmanaged Plastic Switch
50,000 Ks

Reyee RG-ES08F သည် Ruijie Reyee အမှတ်တံဆိပ်မှ ထုတ်လုပ်ထားသော 8-Port Fast Ethernet Desktop Unmanaged Switch ဖြစ်သည်။ အိမ်သုံး သို့မဟုတ် ရုံးခွဲငယ်များ၊ CCTV စနစ်များအတွက် ကွန်ရက်လိုင်းတိုးချဲ့ရန် သက်သာသော ဈေးနှုန်းဖြင့် အသုံးပြုနိုင်သည်။

Reyee RG-ES08G-L 8-Port Gigabit Unmanaged Plastic Switch
1,200,000 Ks

Reyee ကထုတ်လုပ်ထားတဲ့ RG-ES08G-L 8-Port Gigabit Unmanaged Plastic Switch လေးသည် Home Office, Small Office, CCTV System နဲ့ SOHO အသုံးပြုမှုတွေအတွက် သင့်တော်တဲ့ 8-Port Gigabit Ethernet Switch ဖြစ်ပါသည်။ 10/100/1000Mbps Auto-Negotiation Port 8Ports ပါဝင်တာကြောင့် PC, Laptop, Printer, IP Camera, Access Point စတဲ့ Network Device များကို အလွယ်တကူ ချိတ်ဆက်အသုံးပြုနိုင်ပြီး Data Transfer မြန်နှုန်းကောင်းမွန်စွာ ရရှိစေပါသည်။ Fanless Design ဖြစ်တဲ့အတွက် အသံမထွက်ဘဲ အပူထွက်မှုနည်းပြီး ကြာရှည်အသုံးပြုနိုင်ပါသည်။

TP-Link Archer TX20U Dual Band WiFi 6 Wireless USB Adapter
179,000 Ks

TP-Link Archer TX20U Dual Band Wireless USB Adapter သည် Desktop PC နှင့် Laptop များတွင် မြန်နှုန်းမြင့် Wireless Internet ချိတ်ဆက်အသုံးပြုနိုင်ရန် ဒီဇိုင်းပြုလုပ်ထားသော Dual Band Wi-Fi 6 Wireless USB Adapter ဖြစ်သည်။ Wi-Fi 6 နည်းပညာကို ထောက်ပံ့ထားပြီး 5GHz Band တွင် 1201Mbps အထိ နှင့် 2.4GHz Band တွင် 574Mbps အထိ မြန်နှုန်းရရှိနိုင်သည်။ OFDMA နှင့် MU-MIMO နည်းပညာများကြောင့် Network အသုံးပြုသူများပြားသည့်အချိန်တွင်လည်း Latency လျော့နည်းပြီး Online Gaming၊ Streaming နှင့် Download ပြုလုပ်ရာတွင် ချောမွေ့စွာ အသုံးပြုနိုင်သည်။

Huawei eKitEngine S380-S8P2T Gigabit POE Gateway Router
1,949,000 Ks

Huawei eKitEngine S380-S8P2T ကတော့ လုပ်ငန်းငယ်များ (SME)၊ ရုံးခွဲများ၊ ဟိုတယ်များနှင့် စာသင်ကျောင်းများတွင် အသုံးပြုရန် ဒီဇိုင်းထုတ်ထားသည့် Multi-Service Gigabit PoE Gateway Router ဖြစ်ပါသည်။ Router၊ Enterprise Security Gateway၊ Access Point (AP) Controller နှင့် PoE Switch လုပ်ဆောင်ချက်များကို စက်တစ်လုံးတည်းတွင် ပေါင်းစည်းပေးထားပါသည်။Router၊ PoE Switch နှင့် AP Wireless Controller များကို သီးခြားစီ ဝယ်ယူစရာမလိုဘဲ စက်တစ်လုံးတည်းဖြင့် ကွန်ရက်တစ်ခုလုံးကို မောင်းနှင်နိုင်ပါသည်။ IP Camera များ၊ IP Phone များ နှင့် Wi-Fi Access Point များကို Ethernet ကြိုးတစ်ခုတည်းဖြင့် အချက်အလက်ရော လျှပ်စစ်ဓာတ်အားပါ တစ်ပြိုင်နက် ပေးပို့နိုင်ပါသည်။ WAN Port ၂ ခု ပါဝင်သောကြောင့် အင်တာနက်လိုင်း ၂ လိုင်း (ISP 2 ခု) ပြိုင်တူ ချိတ်ဆက်ပြီး Load Balancing သို့မဟုတ် Auto Backup အဖြစ် အသုံးပြုနိုင်ပါသည်။Huawei eKit App သို့မဟုတ် Cloud-based Portal မှတစ်ဆင့် Smartphone ဖြင့် လွယ်ကူစွာ Setup ပြုလုပ်နိုင်ပြီး Remote Management ပါ လုပ်ဆောင်နိုင်ပါသည်။ပန်ကာမပါဝင်သောကြောင့် အသံဆူညံမှုမရှိဘဲ စားပွဲပေါ်တင်၍သော်လည်းကောင်း၊ နံရံတွင် ချိတ်ဆွဲ၍သော်လည်းကောင်း တပ်ဆင်ရလွယ်ကူပါသည်။

Huawei eKit AR303 Gateway Router
669,000 Ks

Huawei eKit Engine AR303 သည် SME မာကင် (ရုံးခွဲများ၊ ရုံးငယ်များနှင့် အသေးစားစီးပွားရေးလုပ်ငန်းများ) အတွက် အထူးထုတ်လုပ်ထားသည့် Next-Generation Enterprise Gateway Router ဖြစ်ပါတယ်။ Routing, Switching နဲ့ Network Security စနစ်တွေကို စက်တစ်ခုတည်းမှာ ပေါင်းစည်းပေးထားတဲ့ ပေါ့ပါးကျစ်လစ်သော Enterprise-class Desktop Router ဖြစ်ပါတယ်။Forwarding performance 1 Mpps ရှိပြီး သုံးစွဲသူ Terminal ၂၀ဝ အထိ ငြိမ်ငြိမ်သက်သက် Support ပေးနိုင်ပါတယ်။ Dual-Core Processor သုံးထားပြီး Data plane နဲ့ Forwarding plane ကို သီးခြားခွဲခြားထားလို့ လုပ်ငန်းသုံး Traffic တွေကို မြန်ဆန်စွာ စီမံပေးနိုင်ပါတယ်။ Enterprise-grade Routing protocols များဖြစ်ကြသော Static Route, OSPF, BGP, RIP နှင့် IPv6 Connectivity များကို ပြည့်စုံစွာ ထောက်ပံ့ထားပါတယ်။ ရုံးခွဲများ (Branch Offices) နှင့် Micro-enterprises များ ၊VPN Connection ဖြင့် Head Office သို့ လုံခြုံစွာ ချိတ်ဆက်လိုသော စီးပွားရေးလုပ်ငန်းများ၊Switch မလိုဘဲ Wired GE Port ၄ ခုအထိ ရုံးတွင်း PC/Devices များကို တိုက်ရိုက်ချိတ်ဆက်လိုသည့် ရုံးငယ်များ အတွက်သင့်တော်ပါသည်။

Login to chat with us