Ecoflow E2000 2400W Power Station ကတော့ Capacity 2048Wh နဲ့အသုံးပြုနိုင်ပါသည်။ Battery LiFePO4 Cell Type ဖြစ်တာကြောင့် ရိုးရိုး Lithium-ion ထက် ပိုမိုဘေးကင်းပြီး အပူဒဏ်ခံနိုင်ရည် ပိုကောင်းပါသည်။ 2400W AC Output နဲ့မို့ အိမ်သုံးပစ္စည်း တော်တော်များများကို မောင်းနှင်နိုင်ပြီး ထမင်းပေါင်းအိုး၊ ရေနွေးအိုး အသေး၊ ဒါမှမဟုတ် ဆံပင်အခြောက်ခံစက်တွေအတွက်ပါ အသုံးပြုနိုင်ပါသည်။ နေရောင်ခြည်စွမ်းအင် (Solar Panels) ဖြင့်လည်း အားသွင်းနိုင်ပြီး အမြင့်ဆုံး 1000W Input အထိ လက်ခံနိုင်ပါတယ်။ EcoFlow App ကိုဖုန်းမှာထည့်ပြီး Wi-Fi သို့မဟုတ် Bluetooth ဖြင့် အဝေးမှ ထိန်းချုပ်ခြင်း၊ အားသွင်းနှုန်းကြည့်ခြင်းများ ပြုလုပ်နိုင်ပါသည်။ EcoFlow E2000 ဟာ မီးခဏခဏပျက်တဲ့ ဒေသတွေမှာ အိမ်သုံး Backup အဖြစ်ထားဖို့ဖြစ်စေ၊ လျှပ်စစ်ပစ္စည်း အကြီးစားတွေ သုံးစွဲဖို့ဖြစ်အတွက် အဆင်ပြေစေမယ့် Power Station လေးဖြစ်ပါသည်။
| Brand | Ecoflow |
| Battery Capacity | 640,000mAh |
| Power | 2400W |
| Cell Type | LifePO4 |
| Full Charger Time | 80% + capacity after 4000 cycles |
| AC Charger Input Power | 220-240V (2300W Max |
| AC Charger Output Power | (2400W) 4 * 230V EU socket |
| Solar Charger Input | 500W |
| Weight | 23kg |
| Dimissions | 49.8*24.1*30.5cm |
| Warranty | 5years parts & service |