Earldom ET-OT32i Lightning Audio Converter
iPhone တွေ အတွက် အားသွင်းရင်း သီချင်းနားထောင်ဖို့. Earldom ET-OT32i Lightning Audio Converter ကြားခံ Adapter အနေနဲ့ သုံးနိုင်ပြီး ၊ Adapter က တဆင့် ဖုန်းအားလည်း သွင်း နိုင်တာကြောင့် Lightning အတွက် ဆောင်ထားသင့်တဲ့ Audio Adapter လေး ဖြစ်ပါတယ် ။
Earldom ET-OT43 Lighting to OTG+Charging Adapter
Earldom ET-OT43 Lighting to OTG+Charging Adapter လေးသည် အားသွင်းခြင်းနှင့် သီချင်းနားထောင်ခြင်းတို့ကို တပြိုင်ထဲပြုလုပ်နိုင်ပါသည်။ သေးငယ်သော Adapter လေးဖြစ်တာကြောင့် သယ်ဆောင်ရလွယ်ကူစေပါသည်။
Earldom ET-HUB11 Lightning OTG Adapter
Earldom ကထုတ်လုပ်ထားတဲ့ ET-HUB11လေးကတော့ USB Reader, Keyboard, Mouse, Printer, USB Fan, Data Line, Hard Drive , USB Stickတို့ကို အသုံးပြုနိုင်ပါသည်။ သေးသေးကျစ်ကျစ် ABS + Aluminium Alloy Body လေးနဲ့ဆိုတော့ သွားလေရာသယ်ယူရလွယ်ကူစေသောပစ္စည်းလေးဖြစ်ပါသည်။
Earldom ET-ZP22 Wireless Selfie Stick
Earldom ET-ZP22 Wireless Selfie Stick လေးကတော့ Photo / Video တွေပဲရိုက်ရိုက်၊ Live Broadcast ပဲလွှင့်လွှင့်၊ Indoor လား Outdoor လား နေရာစုံအသုံးဝင်တဲ့ပစ္စည်းလေးဖြစ်ပါသည်။ 360° Rotation System ကြောင့် ကြိုက်တဲ့ရှုထောင့်ကို ကြိုက်သလိုလှည့်နိုင်ခြင်း၊ Tripod Length ကို အတို အရှည် အဆင်ပြေသလို ချိန်ညှိနိုင်ခြင်း၊Wireless Remote Control ပါရှိလို့ ဖုန်း Screen ကို နှိပ်စရာမလိုခြင်း၊ အရည်အသွေးကောင်း အကြမ်းခံပြီး စျေးနှုန်းမှန်ကန်ခြင်း စတဲ့အားသာချက်တွေ အသုံးပြုရန်အဆင်ပြေစေမှာဖြစ်ပါသည်။
Earldom EC-117M Micro Cable
Earldom ကထုတ်ထားတဲ့ EC-117M Micro Cable လေးသည် 3A နဲ့ဖြစ်တာကြောင့် အားဝင်မြန်စေနိုင်ပြီး ဒေတာများကိုလည်း 480 Mbpsထိ မြန်ဆန်စွာကူးယူနိုင်ပါသည်။ ကြိုးအရှည် 1မီတာရှည်လျားပြီး Nylon ကြိုးကိုအသုံးပြုပေးထားတာကြောင့် အကြမ်းခံပြီး အသုံးပြုရအဆင်ပြေစေပါသည်။
Earldom ET-OT33 2in1 Lightning Adapter
Earldom ကထုတ်လုပ်ထားတဲ့ ET-OT33 လေးကတော့ iPhone user တွေအတွက် အားသွင်းရင်း earphone ပါသုံးလို့ရတဲ့ 2 in 1 Lighting Adapter လေးဖြစ်ပါသည်။
Earldom ET-MC3I Wireless Microphone
Earldom ကထုတ်လုပ်ထားတဲ့ ET-MC3i Wireless microphone လေးကတော့ အသံသွင်းခြင်း၊ တိုက်ရိုက်ထုတ်လွှင့်ခြင်း၊ ဗီဒီယိုရိုက်ကူးခြင်းတို့အတွက် အကောင်းဆုံးအသံဖမ်းအရည်အသွေးကိုပေးစွမ်းနိုင်ပြီး ပတ်ဝန်းကျင်မှဆူညံသံအချို့ကိုဖယ်ရှားပေးနိုင်ပါသည်။ battery 80mAh ပါဝင်တာကြောင့်အချိန်အတော်ကြာအသုံးပြုနိုင်ပါသည်။ ချိတ်ဆက်မှုအကွာအဝေး 20m အထိရရှိနိုင်ပြီး ကျစ်လစ်သိမ်မွေ့သောဒီဇိုင်းပုံစံပြုလုပ်ထားပါသည်။
Earldom ET-OT53 Micro to OTG Card Reader
Earldom ရဲ့ ET-OT53 ကတော့ Lightning to RJ45 Network & USB 3.0 OTG Adapter လေးပဲဖြစ်တာမို့ တစ်ခုဝယ်ပြီး သုံးမျိုးသုံးနိုင်မှာဖြစ်ပါတယ်။ လွယ်ကူမြန်ဆန်တဲ့ Plug & Play Function ကြောင့် တည်ငြိမ်တဲ့လိုင်းစွဲအားနဲ့ Gamer တိုင်းရဲ့ လက်စွဲတော်ဖြစ်စေမှာပါနော်။USB 3.0 ကနေ Keyboard, Mouse, Memory Stick, OTG Adapter နဲ့ အခြားသော External Device တွေကို တိုက်ရိုက်ချိတ်ဆက်နိုင်မှာဖြစ်ပါတယ်။ ဖုန်းထဲက Data တွေကို အလွယ်တကူ Transfer လုပ်နိုင်မယ့်အပြင် Software ကို Download လုပ်စရာမလိုပဲ Ethernet LAN Port ကနေ တိုက်ရိုက်ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါသည်။
Earldom ET-WC21 Watch Wireless Charger
Earldom ကထုတ်ထားတဲ့ ET-WC21 Watch Wireless Charger လေးသည် Smart Watch များအတွက် ကြိုးမဲ့အားသွင်းကြိုးလေးဖြစ်ပါသည်။ input: 5V/1.0A နဲ့ Output:5V/0.35A တို့ဖြင့်အလုပ်လုပ်ပေးမှာဖြစ်ပြီး Apple Watch Series 2,3,4,5,6,7 တို့နှင့်တွဲဖက်အသုံးပြုနိုင်ပါသည်။ ကြိုးအရှည်(၁)မီတာရှည်လျားပြီး Wireless Charging Distance ≥5mm အတွင်းအသုံးပြုလို့ရပါသည်။
Earldom EC-094M Micro Cable
Earldom ကထုတ်ထားတဲ့ EC-094M Micro Cable လေးသည် Data လွဲပြောင်းခြင်းနှင့် ဖုန်းအားသွင်းခြင်းများအတွက် အဆင်ပြေစေမည့် Cable လေးဖြစ်ပါသည်။ ကြိုးအရှည် 25cm ရှည်ပြီး Micro USB ပါသော Device များနှင့် တွဲဖက်အသုံးပြုနိုင်ပါသည်။
Earldom ET-W20 8 in 1 USB , Cardreader Port to Type C Adapter
Earldom ET-W20 လေးသည် Type -c port ဖြစ်ပြီး USB x3, TF, Jack, 4k HD HDMI , Type-C Ports များပါဝင်တာဖြစ်လို့ အားသွင်းတာ, သီချင်းနားထောင်တာတွေကို တပြိုင်တည်းအသုံးပြုနိုင်မှာဖြစ်ပါသည်။ Data Transfer Speed: Up to 5Gbps နဲ့ data အကူးမြန်စေပါသည်။
Earldom EC-163i USB to Lightning Fast Charge Cable
Earldom ကထုတ်ထားတဲ့ EC-163i လေးကတော့ USB to Lightning အသုံးပြုလို့ရပြီး 2.4A နဲ့မို့အားသွင်းရာတွင် မြန်ဆန်စေပါသည်။ ကြိုးအရှည် 25cm ဖြစ်တာကြောင့် Power Bank တွဲပြီးအားသွင်းလျှင် ကြိုးရှုပ်တာမျိုးမရှိဘဲ အသုံးပြုနိုင်မှာပါ။ အရည်အသွေးမြင့်မားပြီး ယုံကြည်စိတ်ချရသောကြိုးလေးဖြစ်တာကြောင့် အသုံးပြုရာတွင် အဆင်ပြေစေမှာပဲဖြစ်ပါသည်။
Earldom EC-163M USB to Micro Cable
Earldom ကထုတ်ထားတဲ့ EC-163M လေးကတော့ USB to Micro အသုံးပြုလို့ရပြီး 2.4A နဲ့မို့အားသွင်းရာတွင် မြန်ဆန်စေပါသည်။ ကြိုးအရှည် 25cm ဖြစ်တာကြောင့် Power Bank တွဲပြီးအားသွင်းလျှင် ကြိုးရှုပ်တာမျိုးမရှိဘဲ အသုံးပြုနိုင်မှာပါ။ အရည်အသွေးမြင့်မားပြီး ယုံကြည်စိတ်ချရသောကြိုးလေးဖြစ်တာကြောင့် အသုံးပြုရာတွင် အဆင်ပြေစေမှာပဲဖြစ်ပါသည်။
Earldom ET-PD29 10000mAh
Earldom ကထုတ်လုပ်ထားတဲ့ ET-PD29 10000mAh Power Bank လေးသည် Capacity 10000mAh ပါဝင်ပြီး Output အထွက် 22.5W PD & QC နှင့် PD 3.0/QC4.0 စနစ်များတွင် အသုံးပြုနိုင်ပါသည်။ USB-C အဝင်/အထွက် (in/out) ပါဝင်ပြီး၊ QC/PD compatible ဖြစ်ပါသည်။ LED / Digital display ပါဝင်ပြီး အားလက်ကျန်ကိုကြည့်ရှုလို့ရပါသည်။ Over-charge, short circuit, overheat များမှလဲ ကာကွယ်ပေးနိုင်တဲ့အပြင် ပေါ့ပါးသေးငယ်ပြီး စတိုင်ကျတဲ့ ဒီဇိုင်းကိုဖန်တီးပြုလုပ်ပေးထားပါသည်။
Earldom ET-OT20 4 in 1Cardreader (Type-C, Micro USB,Lightning)
Earldom ET-OT20 4-in-1 Card Reader ဆိုတာကတော့ ကွန်ပျူတာ၊ iPhone နဲ့ Android ဖုန်း အမျိုးမျိုးကို Device တစ်ခုတည်းနဲ့ ချိတ်ဆက်အသုံးပြုနိုင်အောင် ဒီဇိုင်းထုတ်ထားတဲ့ ပစ္စည်းလေးဖြစ်ပါတယ်။ သူ့မှာ USB, Type-C, Lightning နဲ့ Micro USB ဆိုပြီး ခေါင်းလေးမျိုးစလုံး ပါဝင်တာကြောင့် ဖုန်းအဟောင်း၊ အသစ်မရွေး သုံးလို့ရသလို၊ Micro SD Card ထဲမှာရှိတဲ့ ဓာတ်ပုံ၊ ဗီဒီယိုနဲ့ ဖိုင်တွေကို ဖုန်းထဲကနေ တိုက်ရိုက်ကြည့်ရှုတာ ဒါမှမဟုတ် ဖုန်းထဲက အချက်အလက်တွေကို ကတ်ထဲကို ပြောင်းရွှေ့သိမ်းဆည်းတာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။ သယ်ဆောင်ရလွယ်ကူပြီး အသုံးပြုရတာ ရိုးရှင်းတဲ့အပြင် OTG စနစ်ပါတဲ့ ဘယ် Device မှာမဆို အလွယ်တကူ Plug-and-Play ချိတ်ဆက်နိုင်တာကြောင့် ဖုန်း Storage ပြည့်နေသူတွေနဲ့ Data အကူးအပြောင်း ခဏခဏလုပ်ရသူတွေအတွက် အလွန်အဆင်ပြေစေတဲ့ ပစ္စည်းတစ်ခု ဖြစ်ပါတယ်။
Earldom EC-087i Lightning Cable
Earldom EC-087i Lightning Cable သည် 2.4A Output အထိ ပံ့ပိုးပေးထားသောကြောင့် iPhone နှင့် iPad များကို မြန်ဆန်စွာ အားသွင်းပေးနိုင်သလို Data Transfer ပြုလုပ်ရာတွင်လည်း တည်ငြိမ်မှုရှိသည်။
Earldom ET-W5 2 in 1 Charge & HDTV Connection Cable
Earldom ET-W5 2 in 1 Charge & HDTV Connection Cable သည် ကြိုးတစ်ခုတည်းဖြင့် ဖုန်းအားသွင်းခြင်းအပြင် ဖုန်း Screen ကို TV/Monitor ပေါ်ပြသပေးတဲ့ HDTV Connection ကိုပါ တစ်ပြိုင်နက် လုပ်ဆောင်နိုင်ပြီး Driver နှင့် App တွေ အများကြီးသွင်းရရှုပ်ထွေးမှုမရှိဘဲ တိုက်ရိုက်ချိတ်ဆက်ရုံနဲ့ အသုံးပြုနိုင်တဲ့စနစ် ဖြစ်ပါတယ်။1080p Full HD Resolution အထိ ထောက်ပံ့ပေးတာကြောင့် TV နှင့် Projector များပေါ်တွင်လည်း ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်နဲ့ ဗီဒီယိုတွေကို ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။
Earldom EC-188C-C 60W Type-C to Type-C Cable
Earldom ကနေ ထွက်ရှိထားတဲ့ EC-188C-C Cable လေးကတော့ Type-C to Type-C connector type နဲ့ဖြစ်ပြီး 60W ဖြင့်အားဝင်မြန်ဆန်စေမှာဖြစ်ပါသည်။ ကြိုးအရှည် ၁မီတာဖြစ်တာမို့ နေရာခပ်လှမ်းလှမ်းကနေပါ အားသွင်းအသုံးပြုလို့ရမှာဖြစ်ပါသည်။
Earldom EC-188C-L PD 30W Type-C to Lightning Cable
Earldom EC-188C-L (PD 30W) Type-C to Lightning Cable သည် iPhone နှင့် iPad အသုံးပြုသူများအတွက် အထူးပြုလုပ်ထားသည့် အားအမြန်သွင်းနှင့် ဒေတာကူးပြောင်းပေးနိုင်သည့် ကြိုးအမျိုးအစား ဖြစ်ပါတယ်။Power Delivery (PD) 30W အထိ ထောက်ပံ့ပေးသောကြောင့် iPhone 14 / 13 / 12 / 11 စသည့် Lightning Port သုံး iPhone များကို မိနစ် ၃၀ အတွင်း 50% ခန့်အထိ အမြန်ဆုံး အားသွင်းပေးနိုင်ပါတယ်။ကြိုးခေါင်းနှင့် ကြိုးဆက်နေရာများကို ခိုင်ခံ့အောင် ပြုလုပ်ထားသောကြောင့် ကြိုးခေါက်ခြင်း၊ ကြိုးကြေခြင်းနှင့် ပြတ်တောက်ခြင်းတို့မှ ကာကွယ်ပေးပြီး ရေရှည်အသုံးခံပါတယ်။Type-C Port ပါဝင်သော PD Charger (Wall Adapter) သို့မဟုတ် Power Bank များဖြင့် တွဲဖက်အသုံးပြုနိုင်ပြီး Lightning Port သုံး Apple Device များအားလုံး (iPhone, iPad, AirPods) နှင့် ချောမွေ့စွာ တွဲဖက်သုံးစွဲနိုင်ပါတယ်။