RAPA WA05 Pro True Wireless Stereo Earbuds
45,000 Ks

RAPA WA05 Pro True Wireless Stereo Earbuds ဟာ ကြိုးမဲ့နားကြပ်ဖြစ်ပြီး အဆင်ပြေပြေနဲ့ အရည်အသွေးကောင်းမွန်တဲ့ အသံကို နားဆင်နိုင်ဖို့ ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။ Bluetooth နည်းပညာကို အသုံးပြုပြီး ဖုန်း၊ တက်ဘလက် (သို့မဟုတ်) အခြားစက်ပစ္စည်းတွေနဲ့ ချိတ်ဆက်ကာ သီချင်းနားထောင်တာ၊ ဖုန်းခေါ်ဆိုတာတွေ လုပ်ဆောင်နိုင်ပါတယ်။Bluetooth 5.0 ကို အသုံးပြုထားတာကြောင့် မြန်ဆန်ပြီး တည်ငြိမ်တဲ့ ချိတ်ဆက်မှုကို ပေးစွမ်းပါတယ်။သီချင်းဖွင့်/ပိတ်၊ ဖုန်းဖြေဆို/ချ၊ အသံအတိုးအချဲ့ စတာတွေကို နားကြပ်ပေါ်က touch control တွေနဲ့ ထိန်းချုပ်နိုင်ပါတယ်။Active Noise Cancellation ပါဝင်ပါတယ်။ ဒါက ပတ်ဝန်းကျင်ဆူညံသံတွေကို လျှော့ချပေးပြီး သီချင်းနားထောင်တာ ဒါမှမဟုတ် ဖုန်းပြောတာကို ပိုမိုအာရုံစိုက်နိုင်စေပါတယ်။ဖုန်းခေါ်ဆိုမှုတွေအတွက် AI-enhanced voice pickup ပါဝင်တာကြောင့် ပတ်ဝန်းကျင်ဆူညံသံတွေကို လျှော့ချပြီး သင့်အသံကို ပိုမိုကြည်လင်ပြတ်သားစွာ ကြားစေနိုင်ပါတယ်။

RAPA Tech PB1042 20000mAh
88,000 Ks

RAPA Tech PB1042 High Speed Charging Power Bank လေးကတော့ Battery Capacity 20000mAh နဲ့မို့ ဖုန်းအလုံးလေး ၃/၄ လုံးလောက်အသုံးပြုလို့ရမှာဘဲ ဖြစ်ပါတယ် ။ 22.5W Super Fast Charging ပါဝင်လို့ ဖုန်းတွေအတွက် အမြန်ဆုံးအားသွင်းနိုင်ပါသည်။ LED Indicator Screen ပါလို့ အားလက်ကျန်အတိအကျသိရပါသည်။ လုံခြုံစိတ်ချမှုအတွက်ဆိုလည်း အပူချိန်ထိန်းချုပ်မှုကာကွယ်ရေးစနစ်ပါဝင်လို့ အပူချိန်လွန်ကဲခြင်းကြောင့် ဖြစ်လာမယ့် အန္တရာယ်တွေအတွက် စိတ်ပူစရာမလိုဘဲ အသုံးပြုလို့ရမျာဖြစ်ပါသည်။ ဒါ့အပြင်PD 20W Fast Charging စနစ်က Apple Product သုံးစွဲသူတွေအတွက်အဆင်ပြေပြေနဲ့အားဝင်မြန်စေမှာဖြစ်ပါသည်။ 

RAPA Tech PB1041 10000mAh
58,000 Ks

RAPA Tech PB1041 High Speed Charging Powerbank  လေးကတော့ Battery Capacity 10000mAh နဲ့မို့ ဖုန်းအလုံးလေး 2 လုံးလောက်ထိအသုံးပြုလို့ရမှာဘဲ ဖြစ်ပါတယ် ။ 22.5W Super Fast Charging ပါဝင်လို့ ဖုန်းတွေအတွက် အမြန်ဆုံးအားသွင်းနိုင်ပြီး PD 20W Fast Charging စနစ်က Apple Product သုံးစွဲသူတွေအတွက်အဆင်ပြေပြေနဲ့အားဝင်မြန်စေမှာဖြစ်ပါသည်။  LED Indicator Screen ပါလို့ အားလက်ကျန်အတိအကျသိရပါသည်။ လုံခြုံစိတ်ချမှုအတွက်ဆိုလည်း အပူချိန်ထိန်းချုပ်မှုကာကွယ်ရေးစနစ်ပါဝင်လို့ အပူချိန်လွန်ကဲခြင်းကြောင့် ဖြစ်လာမယ့် အန္တရာယ်တွေအတွက် စိတ်ပူစရာမလိုဘဲ အသုံးပြုလို့ရမျာဖြစ်ပါသည်။ 

RAPA CH1062 18W Charger Set (Type-C )
24,500 Ks

RAPA CH1062 18W Charger Set (Type-C ) သည် Charge အချိန်ကို လျှော့ချနိုင်ပြီး “fast charging” စနစ်ကြောင့် battery ကို လျင်မြန်စွာ ဖြည့်ပေးနိုင်ပါသည်။ USB-Type C Port ပါတာကြောင့် မိုဘိုင်းဖုန်းများ (Android, iPhone အပါအဝင်)၊ Tablet, Powerbank များနှင့် USB-C ပါသော Device များနှင့် တွဲဖက်အသုံးပြုလို့ရပါသည်။ Over-current, Over-voltage, Short-circuit, Over-temperature ကာကွယ်မှုများပါဝင်တာကြောင့် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါသည်။

RAPA SP102 Wireless Party Box Bluetooth Speaker Wireless Two Handel Mic
780,000 Ks

RAPA ကထုတ်လုပ်ထားတဲ့ SP102 Wireless Party Box လေးကတော့ ပါတီပွဲတွေ၊ အိမ်တွင်းဖျော်ဖြေရေးတွေနဲ့ အပျော်ခရီးတွေအတွက် အသံထွက်အကြမ်းဆုံးနဲ့ အမိုက်စား Speaker လေးဖြစ်ပါသည်။ အင်အားပြင်း 80W Amplifier နဲ့အတူ 135mm (60W) Subwoofer တစ်လုံး + 10W Tweeter နှစ်လုံး ပါဝင်လို့ ရင်ဘတ်ထဲထိ တုန်ဟီးသွားစေမယ့် Bass သံနဲ့ ကြည်လင်ပြတ်သားတဲ့ အသံတွေကို ခံစားရစေပါသည်။ Battery: 10,000mAh ပမာဏရှိတဲ့ အားခံဘက်ထရီကို အသုံးပြုထားလို့ တစ်ခါအားသွင်းရုံနဲ့ ၄ နာရီကနေ ၆ နာရီအထိ အဆက်မပြတ် သီချင်းနားထောင်နိုင်ပါသည်။ နောက်ဆုံးပေါ် Bluetooth 5.3 စနစ်ကြောင့် ဖုန်းနဲ့ချိတ်ဆက်ရာမှာ ပိုမိုမြန်ဆန်ပြီး ပေ ၃၀ (10M) အကွာအဝေးအထိ အချက်ပြပြတ်တောက်မှုမရှိဘဲ အသုံးပြုနိုင်ပါသည်။ အရည်အသွေးမြင့် U-shaped Metal Microphone (၂) လုံး ပါဝင်လို့ သူငယ်ချင်းတွေနဲ့အတူ Karaoke ဆိုမလား၊ ပွဲလမ်းသဘင်တွေမှာပဲ သုံးမလား အဆင်ပြေပါသည်။ အရွယ်အစားက သယ်ဆောင်ရလွယ်ကူစေပြီး ခိုင်ခံ့ကျစ်လျစ်တဲ့ ကိုယ်ထည်ဒီဇိုင်းကြောင့် အသုံးပြုသူတိုင်း အကြိုက်တွေ့စေမည့် Speaker လေးဖြစ်ပါသည်။

RAPA SP105 Party Bass Bluetooth Speaker
71,000 Ks

RAPA SP106 Party Bass Bluetooth Speaker ဟာ အိတ်ဆောင်သယ်ယူရလွယ်ကူပြီး အသံကျယ်ကျယ်လောင်လောင်နဲ့ Bass သံကို အသားပေးနားထောင်ချင်သူတွေအတွက် ထုတ်လုပ်ထားတဲ့ Budget speaker တစ်မျိုးဖြစ်ပါတယ်။ အဓိကအားဖြင့် Bluetooth 5.0 စနစ်ကို အသုံးပြုထားလို့ ဖုန်းနဲ့ချိတ်ဆက်ရာမှာ မြန်ဆန်ပြီး တည်ငြိမ်တဲ့အပြင် USB Stick၊ Memory Card နဲ့ AUX ကြိုးတွေနဲ့ပါ အသုံးပြုနိုင်တဲ့အတွက် အခြေအနေမျိုးစုံမှာ အဆင်ပြေစေပါတယ်။1200mAh ဘက်ထရီပါဝင်လို့ အားတစ်ခါသွင်းထားရင် ၃ နာရီကနေ ၅ နာရီဝန်းကျင်အထိ သီချင်းနားထောင်နိုင်ပြီး TWS စနစ်ပါဝင်တာကြောင့် ဒီ Speaker နှစ်လုံးကို တစ်ပြိုင်တည်းချိတ်ဆက်ပြီး ပိုမိုကျယ်လောင်တဲ့ Stereo အသံကိုလည်း ဖန်တီးနိုင်ပါတယ်။

RAPA SP106 Party Bass Bluetooth Speaker
81,000 Ks

RAPA SP106 Party Bass Speaker ဟာ အိတ်ဆောင်သယ်ဆောင်ရလွယ်ကူပြီး အသံကျယ်ကျယ်လောင်လောင်နဲ့ Bass အသားပေးနားထောင်ချင်သူတွေအတွက် အထူးသင့်လျော်တဲ့ Speaker အမျိုးအစားဖြစ်ပါတယ်။ ခေတ်မီတဲ့ Bluetooth စနစ်ပါဝင်လို့ ဖုန်းနဲ့အလွယ်တကူချိတ်ဆက်နိုင်ရုံသာမက သီချင်းသံစဉ်အတိုင်း လိုက်ပါပြောင်းလဲပေးတဲ့ ရောင်စုံ RGB မီးအလှစနစ်က ပါတီပွဲအငွေ့အသက်ကို ပိုမိုပေါ်လွင်စေပါတယ်။ USB, SD Card နဲ့ AUX ကြိုးတွေနဲ့လည်း သီချင်းဖွင့်လို့ရသလို၊ မိုက်ခရိုဖုန်းတပ်ပြီး ကာရာအိုကေဆိုလို့ရတဲ့အတွက် အိမ်တွင်းဖျော်ဖြေရေးပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ အပြင်သွားရင်းပဲဖြစ်ဖြစ် အဆင်ပြေပြေ အသုံးပြုနိုင်မှာပါ။ ဒါ့အပြင် TWS စနစ်ပါဝင်တာကြောင့် ဒီ Speaker နှစ်လုံးကို တစ်ပြိုင်နက်ချိတ်ဆက်ပြီး ပိုမိုအားကောင်းတဲ့ Stereo အသံကို ခံစားနိုင်မှာလည်း ဖြစ်ပါတယ်။

RAPA SP107 Sound Bar Bluetooth Speaker
73,000 Ks

RAPA SP107 Soundbar ဟာ ဈေးနှုန်းသက်သာပြီး အသုံးဝင်တဲ့ Multimedia Speaker တစ်လုံးဖြစ်ပါတယ်။ သူ့ရဲ့ အဓိကအားသာချက်ကတော့ သေးသွယ်ကျစ်လျစ်တဲ့ Slim Design ဖြစ်လို့ TV အောက်မှာဖြစ်စေ၊ Computer Monitor ရှေ့မှာဖြစ်စေ နေရာမယူဘဲ သပ်သပ်ရပ်ရပ် ထားရှိနိုင်တာပါ။ အသံပိုင်းဆိုင်ရာမှာတော့ Speaker Driver နှစ်လုံးကို အသုံးပြုထားလို့ ပုံမှန်ဖုန်းစပီကာတွေထက် အဆပေါင်းများစွာ ပိုမိုကျယ်လောင်ကြည်လင်ပြီး Stereo အတွေ့အကြုံကို ပေးစွမ်းနိုင်ပါတယ်။