Jite KM-10 Wireless Keyboard and Mouse
Jite KM-10 Wireless Keyboard and Mouse လေးကတော့ အသုံးပြုရာတွင်ငြိမ်သက် စွာ စာရိုက်နိုင်မည့် အခွင့်အရေးကို ပေးစွမ်းနိုင်မည်ပဲ ဖြစ်ပါသည်၊ လွယ်ကူစွာစာရိုက်ခြင်းဖြင့် သက်တောင့်သက်သာရှိစေမှာပဲဖြစ်ပါသည်။
Jite T11 Wireless Mouse
Jite T11 Wireless Mouse သည် 2.4GHz Wireless စနစ်ကို အသုံးပြုထားလို့ ၁၀ မီတာ (၃၃ ပေ) ပတ်လည်အထိ အချက်ပြစနစ် ကောင်းမွန်စွာ အလုပ်လုပ်ပါတယ်။1200 DPI ဝန်းကျင်ရှိတတ်ပြီး နေ့စဉ် ရုံးလုပ်ငန်းတွေနဲ့ Web Browsing လုပ်တဲ့နေရာမှာ ချောမွေ့မှုရှိပါတယ်။လက်ထဲမှာ ကိုင်ရတာ သက်သောင့်သက်သာရှိစေမယ့် Ergonomic Design နဲ့ ပြုလုပ်ထားပြီး အရွယ်အစားက သေးငယ်ပေါ့ပါးတာကြောင့် သယ်ဆောင်ရ လွယ်ကူပါတယ်။USB Receiver ကို တပ်ဆင်လိုက်တာနဲ့ Driver သီးခြားတင်စရာမလိုဘဲ တိုက်ရိုက်အသုံးပြုနိုင်ပါတယ်။
Jite T18 Wireless Mouse
Jite T18 Wireless Mouse လေးသည် 2.4GHz ကြိုးမဲ့စနစ်ကို အသုံးပြုထားပြီး (၈) မီတာကနေ (၁၀) မီတာ အကွာအဝေးအတွင်း ကောင်းမွန်စွာ အသုံးပြုနိုင်ပါသည်။ အသုံးပြုသူရဲ့ စိတ်ကြိုက်အမြန်နှုန်းကို 800, 1200, 1600 DPI ဆိုပြီး အဆင့် ၃ ဆင့် ပြောင်းလဲအသုံးပြုနိုင်ပါသည်။ Rechargeable Battery ပါဝင်တာကြောင့် ဘက်ထရီခဏခဏ လဲလှယ်နေစရာမလိုဘဲ အားပြန်သွင်းပြီး အသုံးပြုနိုင်ပါသည်။
Jite T07 Wireless Mouse
Jite T07 Wireless Mouse လေးကတော့ အသုံးပြုရတာ ညက်ညောစေဖို့အတွက် 800-1200-1600 DPI သုံးမျိုး ချိန်ညှိပြီး အသုံးပြုလို့ရပါသည်။၁၀ မီတာ (သို့မဟုတ် ၈ မီတာ) အကွာအဝေးအထိ အသုံးပြုနိုင်သော 2.4G ကြိုးမဲ့စနစ်ဖြစ်တာကြောင့် ကြိုးတွေလည်း ဖြည်မနေရတော့ပဲ အသုံးလိုတဲ့အခါ အလွယ်တကူ ထုတ်သုံးနိုင်ပါသည်။
Jite T20 Wireless Mouse
Jite T20 Wireless Mouse လေးကတော့ အသုံးပြုရတာ ညက်ညောစေဖို့အတွက် 800-1200-1600 DPI သုံးမျိုး ချိန်ညှိပြီး အသုံးပြုလို့ရတဲ့အပြင် Wireless ဖြစ်တာမလို့ ကြိုးတွေလည်း ဖြည်မနေရတော့ပဲ အသုံးလိုတဲ့အခါ အလွယ်တကူ ထုတ်သုံးနိုင်ပါသည်။
Jite T15 Wireless Mouse
Jite T15 Wireless Mouse လေးကတော့ Click တစ်ချက်နှိပ်လိုက်တိုင်းမှာ လျင်မြန်စွာအလုပ်လုပ်ပေးနိုင်မှာပဲဖြစ်ပါသည်။ အမြန်နှုန်း ၃ ဆင့် (800-1200-1600 DPI) ပြောင်းလဲအသုံးပြုနိုင်တဲ့အပြင် 2.4G Wireless နည်းပညာကို အသုံးပြုထားပြီး ၁၀ မီတာ (ပေ ၃၀ ခန့်) အကွာအဝေးအထိ အသုံးပြုနိုင်ပါသည်။ Battery သက်တမ်းကြာရှည်ခံစေရန် Automatic Hibernation (အလိုအလျောက် အိပ်စက်ခြင်း) စနစ်ပါဝင်ပြီး လွန်သေးငယ်သော USB Nano Receiver ပါဝင်သောကြောင့် သယ်ဆောင်ရလွယ်ကူပါသည်။
Jite T03 Wireless Mouse
Jite T03 Wireless Mouse လေးသည် Bluetooth 5.0 နဲ့မို့ လျင်မြန်သောချိတ်ဆက်မှု့ကိုပေးစွမ်းနိုင်ပါသည်။ 600mAh ကြီးမားသော စွမ်းရည်ရှိသည့် ဘက်ထရီဖြင့် အချိန်အတော်ကြာအသုံးပြုနိုင်ပါသည်။ ဒီဇိုင်းပိုင်းမှာလည်း ကြော့ရှင်းပြီး လည်ပတ်မှု့နည်းပါးသောကြောင့် ဆူညံသံများမဖြစ်စေပဲ အသုံးပြုရာတွင် အဆင်ပြေစေမည့် mouse လေးဖြစ်ပါသည်။
Jite KM-18 Bluetooth Keyboard
Jite KM-18 Bluetooth Keyboard လေးသည် ကျစ်လစ်သိပ်သည်းသော ဒီဇိုင်းဖြင့်ပြုလုပ်ထားပြီး ဆူညံသံကင်းမဲ့သော Keyboard လေးဖြစ်ပါသည်။ 2.4G ကြိုးမဲ့မုဒ်တစ်ခုနှင့် Bluetooth ကြိုးမဲ့မုဒ်နှစ်ခုပါဝင်ပါသည်။ mouse DPI ကို 800/1200/1600 ပါဝင်ပြီး လှုပ်ရှားမှု့များကို တိတ်ဆိတ်စွာအသုံးပြုနိုင်မှာပဲဖြစ်ပါသည်။
Jite JT-5023 Wireless Mouse
Jite JT-5023 Wireless Mouse လေးသည် ရုံးလုပ်ငန်းသုံးနဲ့ အိမ်သုံးအတွက် အထူးဒီဇိုင်းထုတ်ထားတဲ့ ပေါ့ပါးသွက်လက်သော ကြိုးမဲ့ Mouse တစ်ခုဖြစ်ပါသည်။ Mouse ရဲ့ ရွေ့လျားမှုနှုန်းဟာ 1600 DPI ရှိတဲ့အတွက် သာမန်ရုံးသုံးလုပ်ငန်းတွေမှာ သွက်သွက်လက်လက်နဲ့ တိကျစွာ အသုံးပြုနိုင်ပါသည်။ ကြိုးမဲ့စနစ်ဖြစ်လို့ စားပွဲပေါ်မှာ ကြိုးတွေရှုပ်ပွမနေတော့ဘဲ သန့်ရှင်းသပ်ရပ်စွာ အသုံးပြုနိုင်ပြီး USB Receiver ကို ကွန်ပျူတာမှာ တပ်ရုံနဲ့ တိုက်ရိုက်အသုံးပြုနိုင်ပါသည်။ အရွယ်အစား သေးငယ်ကျစ်လျစ်တဲ့အတွက် အလွန်ပေါ့ပါးတာကြောင့် အကြာကြီးကိုင်တွယ်ထားရင်တောင် လက်ညောင်းတာမျိုးမဖြစ်စေဘဲ သက်တောင့်သက်သာရှိစေပါသည။
Jite G-01 Wired Gaming Mouse
Jite ကထုတ်ထားတဲ့ G-01 လေးကတော့ ခလုတ် ၆ ခု ပါဝင်ပြီး DPI (အမြန်နှုန်း) ကိုလည်း စိတ်ကြိုက်ချိန်ညှိနိုင်တာကြောင့် ဂိမ်းကစားရာမှာဖြစ်စေ၊ အလုပ်လုပ်ရာမှာဖြစ်စေ ပိုမိုတိကျမြန်ဆန်စေပါသည်။ လက်နဲ့ အံဝင်ခွင်ကျဖြစ်အောင် ပြုလုပ်ထားတဲ့ ဒီဇိုင်းကြောင့် အချိန်ကြာမြင့်စွာ အသုံးပြုရင်တောင် လက်ညောင်းညာမှုကို သက်သာစေပါသည်။ မျက်နှာပြင်ပေါ်မှာ လှပတဲ့ RGB မီးရောင်စုံများ ပါဝင်လို့ ဂိမ်းကစားတဲ့အခါ စိတ်ကြိုက်ခံစားမှုကို ပေးစွမ်းနိုင်ပါသည်။ မောက်စ်ကိုယ်ထည်ကို အပေါက်ငယ်လေးများဖောက်ထားတဲ့ ပုံစံဖြစ်လို့ လက်ထဲမှာ ပေါ့ပါးစေရုံတင်မကဘဲ လက်ဖဝါးချွေးထွက်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသည်။
Jite KB108 Wired Keyboard
Jite KB108 Wired Keyboard လေးသည် ရိုးရှင်းသပ်ရပ်သော အနက်ရောင်ဒီဇိုင်းဖြစ်ပြီး ခိုင်ခံ့သော ဒီဇိုင်းပုံစံဖန်တီးပြုလုပ်ပေးထားပါသည်။ USB Cable ကြိုးဖြင့် ချိတ်ဆက်အသုံးပြုရပြီး ကြိုးအရှည် ၁.၂မီတာရှည်လျားပါသည်။ နေ့စဉ်ရုံးလုပ်ငန်းသုံးနှင့် အိမ်သုံးအတွက် အဆင်ပြေစေမည့် ပစ္စည်းလေးဖြစ်ပါသည်။