Hoco E63 Business Wireless Headset
37,000 Ks

Hoco E63 Business Wireless Headset လေးကတော့ Bluetooth Version 5.0 နဲ့အလုပ်လုပ်ပေးမှာပဲဖြစ်ပါသည်။ Battery Capacity 70Mah ပါဝင်ပြီး ၁နာရီအားသွင်းထားရုံနဲ့ ၆နာရီလောက်အသုံးပြုလို့ရပါသည်။ Material: ABS နဲ့ပြုလုပ်ထားပြီး ကြည်လင်ပြတ်သားသည့်အသံများကိုပေးစွမ်းနိုင်သောကြောင့်အသုံးပြုရန်အဆင်ပြေစေမည့် ပစ္စည်းလေးဖြစ်ပါသည်။

Hoco W35 Max Wireless Headphone
105,000 Ks

Hoco W35 Max Wireless Headphone လေးကတော့ bluetooth 5.3 နဲ့ ချိတ်ဆက်မှုမြန်ဆန်စေပြီး သံစဉ်တွေနဲ့ ကိုယ်ပိုင်ကမ္ဘာလေးကို ဖန်တီးနိုင်မှာဖြစ်ပါသည်။ Battery capacity 800mAh ပါဝင်ပြီး Type-C port နဲ့ အချိန် 2hours အားသွင်းထားရုံနဲ့ 90 hours ပြန်လည်အသုံးပြုနိုင်မှာဖြစ်ပါသည်။ Bluetooth အပြင် SD Card နဲ့ပဲသုံးမလား .ကြိုးမဲ့ Wireless က နားထောင်ရတာရိုးသွားပြီဆိုရင် Aux ကြိုးတပ်ပြီးအသုံးပြုနိုင်တဲ့ headphone လေးဖြစ်ပါသည်။

Hoco PH24 Balu Tablet Stand
48,000 Ks

Hoco ကနေထုတ်လုပ်ထားတဲ့ PH24 Balu Tablet Stand ဟာဆိုရင် ABS + silica gel + aluminum-magnesium alloy ကိုအသုံးပြုပေးထားတာဖြစ်လို့ အကြမ်းခံပြီး ပေါ့ပေါ့ပါးပါး အသုံးပြုလို့ရမှာဖြစ်ပါသည်။ 4 လက်မ ကနေ 10.5 လက်မ အထိ မည်သည့် ဖုန်း တတ်ဘလတ်တွေနဲ့မဆိုတပ်ဆင်အသုံးပြနိုင်ပါတယ်။ Clamp range ကြီးတာကြောင့် device အမျိုးမျိုးကို ထားသုံးနိုင်သည်။ စားပွဲ, မီးဖိုခန်း, အိပ်ခန်း စသည့် နေရာများတွင်လည်း လက်မှာကိုင်ထားစရာမလိုတော့ပဲ အလွယ်တကူအသုံးပြုနိုင်ပါသည်။ ကြိုးအရှည် 122,mm မှ 200 mm အထိချိတ်အသုံးပြုလိုရပါသည်။ 

Hoco EA9 True Wireless Headset
97,000 Ks

Hoco ကထုတ်ထားတဲ့ EA9 True Wireless Headset လေးသည် Bluetooth Version 5.4 နဲ့မို့ ချိတ်ဆက်မှု့အပိုင်းမှာမြန်ဆန်ပြီး ဖုန်းအမျိုးအစားမရွေးတဲ့အတွက် Android မှာရော iOS မှာရော အသုံးပြုနိုင်ပါသည်။ ဖုန်းနဲ့ ပေ (၃ဝ) အကွာအဝေးထိအသံမပျက်ဘဲ အသုံးပြုနိုင်ပြီး Sound System ပိုင်းမှာ Hi-Fi Audio System မျိုးကို Support ပေးပါသည်။ နားကြပ်တစ်ဖက်မှာ 62mAh Battery Capacity ပါဝင်ပြီး နားကြပ်တစ်ဖက်စီကိုအဆက်မပျက်နားထောင်အသုံးပြုမယ်ဆိုရင် (၄) နာရီဝန်းကျင်နားထောင်အသုံးပြုနိုင်ပါသည်။ နားကြပ်ကို Pause/Play, Phone Answer/Hang up တို့အတွက် နားကြပ်တစ်ဖက်စီရဲ့ Touch Sensor ကို (၁) ချက်နှိပ်လိုက်ရုံဖြင့် အသုံးပြုလို့ရပါသည်။

Hoco X26 3 in 1 Charging Cable
26,000 Ks

 Hoco X26 3 in 1 Charging Cable လေးကတော့ 3 in 1 Cable လေးဖြစ်တာကြောင့် Micro,Type-C, Lightning  သုံးမျိုးလုံးအသုံးပြုလို့  ရမှာပဲဖြစ်ပါတယ်။ Braided Cable ကို အသုံးပြုပေးထားတာကြောင့် အကြမ်း ခံနိုင်မှာပဲ ဖြစ်ပါတယ်။ကြိုးအရှည် 1000mm ဖြစ်တာကြောင့် လိုသလိုအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်

Hoco X59 Type-C to Lightning Charging Data Cable
18,500 Ks

Hoco ကထုတ်ထားတဲ့ X59 Type-C to Lightning Charging Data Cable လေးသည် Output Watt 60W ဖြင့် အားဝင်မြန်ဆန်စေမှာဖြစ်ပါသည်။ Charging ကော data ကူးတာပါအသုံးပြုလို့ရမယ့် ကြိုးလေးဖြစ်ပါသည်။ ကြိုးအရှည် ၁မီတာထိရှည်လျားပါသည်။

Hoco U135 2 in 1 Type-C to Lightning & Type-C Cable
26,500 Ks

Hoco ကထုတ်လုပ်ထားတဲ့ U135 2 in 1 Type-C to Lightning & Type-C Cable လေးသည် Type-C → Type-C နဲ့ Type-C → Lightning နှစ်ခုလုံးကို ထောက်ပံ့ပေးနိုင်ပါသည်။ Charging Power Type-C → Type-C အတွက် 60W နဲ့ Type-C → Lightning အတွက် Apple PD 27W တို့ဖြင့် အလုပ်လုပ်ပေးမှာပဲဖြစ်ပါသည်။ ကြိုးအရှည် ၁မီတာရှည်လျားပြီး aluminum alloy ကိုသုံးပေးထားတာကြောင့် အကြမ်းခံပြီး အရည်အသွေးကောင်းမွန်သော ပစ္စည်းလေးဖြစ်ပါသည်။

Hoco UD9 64GB USB 2.0 Stick
47,000 Ks

Hoco UD9 64GB USB 2.0 Stick လေးသည် သေးငယ်ပြီး Compact ဒီဇိုင်းပုံစံဖန်တီးပေးထားပါသည်။ Read Speed 15-25 MB/s နဲ့ Write Speed 6-10 MB/s တို့ဖြင့်အလုပ်လုပ်ပေးမှာပဲဖြစ်ပါသည်။ Zinc alloy + ABS + UDP တို့ဖြင့်ပြုလုပ်ပေးထားတာကြောင့် အကြမ်းခံပြီး အသုံးပြုရာတွင်အဆင်ပြေစေပါသည်။

Hoco UD4 64GB USB 2.0 Stick
44,000 Ks

Hoco UD4 64GB USB 2.0 Stick လေးသည် Storage Capacity 64Gb ဝင်ဆံ့ပြီး Read Speed: 10 – 30 MB/s , Write Speed: 6 – 10 MB/s တို့ဖြင့်အလုပ်လုပ်ပေးမှာပဲဖြစ်ပါသည်။ Zinc alloy ဖြင့်ပြုလုပ်ထားတာကြောင့် အကြမ်းခံပြီး အရွယ်အစားသေးငယ်တာကြောင့် သယ်ဆောင်ရာတွင်လည်း အဆင်ပြေပါသည်။ USB 2.0 ဆက်သွယ်ချက်ကြောင့် Laptop, Desktop, TV တို့တွင် အသုံးပြုနိုင်ပါသည်။

Hoco UD13 64GB USB 3.2 Stick
74,000 Ks

Hoco UD13 64GB USB 3.2 Stick လေးသည် Storage Capacity 64Gb ပါဝင်ပြီး USB 3.2 Gen 1 ကြောင့် ဖိုင်များ (ဓာတ်ပုံ, ဗီဒီယို, စာရွက် စတာ)ကို ပိုမြန်စွာ ကူးယူနိုင်ပါသည်။ Read Speed: အမြင့်ဆုံး ~ 200 MB/s နဲ့ Write Speed: ~ 100 MB/s တို့ဖြင့် အလုပ်လုပ်ပေးမှာပဲဖြစ်ပါသည်။ သံမဏိ (Zinc alloy)ဖြင့်ပြုလုပ်ထားတာကြောင့် အကြမ်းခံပါသည်။

Hoco UD9 128GB USB 2.0 Stick
92,000 Ks

Hoco UD9 128GB USB 2.0 Stick လေးသည် သေးငယ်ပြီး Compact ဒီဇိုင်းပုံစံဖန်တီးပေးထားပါသည်။ Read Speed 15-25 MB/s နဲ့ Write Speed 6-10 MB/s တို့ဖြင့်အလုပ်လုပ်ပေးမှာပဲဖြစ်ပါသည်။ Zinc alloy + ABS + UDP တို့ဖြင့်ပြုလုပ်ပေးထားတာကြောင့် အကြမ်းခံပြီး အသုံးပြုရာတွင်အဆင်ပြေစေပါသည်။

Hoco UD13 128GB USB 3.2 Stick
129,000 Ks

Hoco UD13 128GB USB 3.2 Stick လေးသည် Storage Capacity 128GB ပါဝင်တာကြောင့် data များများ သိုလှောင်ပေးထားနိုင်ပါသည်။ read speed ~200 MB/s နဲ့ write speed ~100 MB/s တို့ဖြင့်အလုပ်လုပ်ပေးမှာပဲဖြစ်ပါသည်။ USB 3.2 နဲ့မို့ Data များကူးပြောင်းရာတွင်လည်း လျင်မြန်သွက်လက်နေမှာပဲဖြစ်ပါသည်။

Hoco X120 Lightning Charging Data Cable
7,500 Ks

Hoco X120 Lightning Charging Data Cable လေးကတော့ USB to Lightning အသုံးပြုနိုင်ပြီး Output Current 3.0A နဲ့အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ကြိုးအရှည်  ၁မီတာရှည်ပြီး durable PVC outer layer  ကြိုးအသားဖြင့်ပြုလုပ်ထားတာကြောင့် အကြမ်းခံပါသည်။Charging နဲ့ Data Transfer နှစ်မျိုးလုံးအသုံးပြုနိုင်ပြီး transfer speeds  up to 480 Mbps ဖြစ်ပါသည်။

Hoco HC34 Mini TWS Bluetooth Speaker
65,000 Ks

Hoco ကနေ ထွက်ရှိထားတဲ့ HC34 Mini TWS Bluetooth Speaker လေးကတော့ Bluetooth version 5.4 ကိုအသုံးပြုပေးထားပါသည်။ Battery Capacity 1200mAh ပါဝင်တာဖြစ်ပြီး အား၂နာရီသွင်းထားရုံးနဲ့ ၄နာရီလောက်ပြန်လည်နားဆင်လို့ရမယ့် speaker လေးဖြစ်ပါသည်။ Blutooth အပြင် FM , TF, TWS mode များနဲ့လည်းချိတ်ဆက်အသုံးပြုလို့ရပါသည်။ 

Hoco X118 Lightning Charging Data Cable
17,000 Ks

Hoco X118 Digital Display Charging Data Cable ဟာ ဖုန်းအားသွင်းတဲ့အခါ ဘယ်နှစ်ဝပ် (Watt) နဲ့ အားဝင်နေလဲဆိုတာကို ကြိုးခေါင်းမှာရှိတဲ့ LED Screen ကနေ တိုက်ရိုက် ပြသပေးနိုင်တဲ့အတွက် လူကြိုက်များတဲ့ ကြိုးအမျိုးအစား ဖြစ်ပါတယ်။အားသွင်းနေစဉ် ဖုန်းထဲကို စွမ်းအင်  ဘယ်လောက်နဲ့ ဝင်နေလဲဆိုတာ LED စခရင်မှာ ရှင်းရှင်းလင်းလင်း မြင်တွေ့ရပါတယ်။ USB-A to Lightning ဗားရှင်း: အမြင့်ဆုံး 2.4A (12W) အထိ ပံ့ပိုးပေးပြီး ပုံမှန်အမြန်နှုန်းနဲ့ အားသွင်းပေးနိုင်ပါတယ်။ Type-C to Lightning (PD) ဗားရှင်း အမြင့်ဆုံး 27W PD Fast Charging အထိ ပံ့ပိုးပေးလို့ iPhone တွေမှာ Fast Charger ကောင်းကောင်း ရရှိမှာ ဖြစ်ပါတယ်။ ပြတ်တောက်လွယ်ခြင်း မရှိဘဲ ပိုမိုခိုင်ခံ့စေဖို့ နိုင်လွန်ကြိုးကျစ်အမျိုးအစားကို သုံးထားပါတယ်။အပူဒဏ်ခံနိုင်ပြီး ရေရှည်အသုံးခံတဲ့ Aluminum Alloy ခေါင်းကို သုံးပေးထားပါတယ်။အားသွင်းရုံတင်မကဘဲ ဖုန်းနဲ့ ကွန်ပျူတာကြား Data (အချက်အလက်) ကူးပြောင်းရာမှာလည်း အသုံးပြုနိုင်ပါတယ်။

Hoco X119 Lightning Charging Data Cable
9,500 Ks

Hoco X119 Lightning Charging Data Cable သည် iPhone၊ iPad အစရှိသည့် Apple device များအတွက် ထုတ်လုပ်ထားပြီး နေ့စဉ်သုံးဖို့ အကြမ်းခံပြီး စျေးနှုန်းသက်သာတဲ့ Cable စီးရီးတစ်ခု ဖြစ်ပါတယ်။ပုံမှန်အားဖြင့် 2.4A သို့မဟုတ် မော်ဒယ်ခွဲအလိုက် 2.1A ထွက်ရှိတာကြောင့် iPhone များကို ပုံမှန်ထက် ပိုမိုမြန်ဆန်စွာ အားပြည့်စေနိုင်ပါတယ်။အပြင်ဘက်ကို အကြမ်းခံ Braided Wire (နိုင်လွန်ကြိုးကျစ်) ပုံစံမျိုးဖြင့် ပြုလုပ်ထားပြီး ခေါင်းပိုင်းကို Zinc Alloy (ဇင့်အလွိုင်း) သို့မဟုတ် အကြမ်းခံ ပလတ်စတစ်ဖြင့် အားဖြည့်ထားလို့ ကြိုးခေါက်ခြင်း၊ ပြတ်တောက်ခြင်းနှင့် သံချေးတက်ခြင်းတို့မှ ကာကွယ်ပေးပါတယ်။ကြိုးအရှည် 1 Meter (1M) ရှိလို့ ရုံးခန်း၊ အိမ် သို့မဟုတ် Power Bank နှင့် တွဲသုံးရာတွင် အရှည်အတားအဆီးမရှိ သက်တောင့်သက်သာ သုံးနိုင်ပါတယ်။အားသွင်းရုံတင်မကဘဲ ကွန်ပျူတာနှင့် ချိတ်ဆက်ပြီး Data Transfer (အချက်အလက် ကူးပြောင်းခြင်း) အတွက်ပါ စိတ်ချရစွာ အသုံးပြုနိုင်ပါတယ်။အားသွင်းနေစဉ် ဖုန်းအပူလွန်ကဲခြင်းနှင့် Voltage မငြိမ်ခြင်းတို့မှ ကာကွယ်ပေးမယ့် Smart Chip ပါဝင်လို့ ဖုန်းဘက်ထရီ ထိခိုက်မှုကို လျှော့ချပေးပါတယ်။

Hoco X117 Type-C to Type-C Charging Data Cable
15,000 Ks

Hoco X117 Type-C to Type-C Charging Data Cable သည် Design လှလှပပနဲ့ တောင့်တောင့်တင်းတင်း ထုတ်လုပ်ထားတဲ့ Type-C အချင်းချင်း ချိတ်ဆက်ရတဲ့ Cable ကြိုး ဖြစ်ပါတယ်။Hoco ရဲ့ Star Series ဖြစ်တဲ့အတွက် ပုံမှန်ရိုးရိုး Cable တွေထက် ကာလာနဲ့ အသွင်အပြင် ဒီဇိုင်းပိုင်း ပိုမိုသေသပ်လှပပြီး ဖုန်းနဲ့ ကွန်ပျူတာကြားထဲမှာ Data Sync လုပ်ပြီး ဖိုင်တွေ အကူးအပြောင်းလုပ်ဖို့အတွက်လည်း စိတ်ချရပြီး တည်ငြိမ်တဲ့ High-speed Data Transfer ကို ရရှိမှာပဲဖြစ်ပါတယ်။

Hoco C109 QC3.0 Type-C Fast Charger Set
22,000 Ks

Hoco C109 QC3.0 Type-C Fast Charger Set သည် QC 3.0 Fast Charging ကိုထောက်ပံ့ပေးသော 18W USB-A Charger နှင့် 1m USB-A to Type-C Cable ပါဝင်သည့် Charger Set ဖြစ်ပြီး၊ QC3.0, QC2.0, FCP နှင့် AFC Fast Charging Protocol များကို Support လုပ်ပေးသဖြင့် တွဲဖက်အသုံးပြုနိုင်သော Android စမတ်ဖုန်းများနှင့် အခြား USB-C Devices များကို လျင်မြန်စွာအားသွင်းနိုင်ပါသည်။ Flame-retardant PC Material ဖြင့်ပြုလုပ်ထားပြီး Overcurrent နှင့် Overheating Protection များပါဝင်သဖြင့် နေ့စဉ်အသုံးပြုရန် လုံခြုံစိတ်ချရပြီး အိမ်၊ ရုံးနှင့် ခရီးသွားရာတွင် အဆင်ပြေစွာ အသုံးပြုနိုင်ပါသည်။

Hoco C109 Type-C to Type-C Charger Set
22,000 Ks

Hoco C109 Type-C to Type-C Charger Set လေးကတော့ iPhone, Samsung, Xiaomi အပါအဝင် Type-C နဲ့ Fast Charging Support လုပ်တဲ့ စမတ်ဖုန်းများအားလုံးကို မြန်ဆန်စွာ အားသွင်းပေးနိုင်ပါတယ်။Type-C (PD 20W) နဲ့ USB-A (QC 18W) Dual Port ပါဝင်တဲ့ C109 Variant တွေမှာ ဖုန်းနှစ်လုံး ပြိုင်တူ အားသွင်းနိုင်သလို Quick Charge, FCP, AFC စတဲ့ Protocol မျိုးစုံကို ထောက်ပံ့ပေးပါတယ်။ 

Hoco W53 Plus ANC Wireless Headphone
138,000 Ks

Hoco W53 Plus ANC Wireless Headphone သည် Active Noise Cancellation (ANC) ပါဝင်သော Wireless Headphone တစ်ခုဖြစ်ပြီး ပြင်ပအသံများကို လျှော့ချပေးကာ သီချင်းနားထောင်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်းနှင့် ဖုန်းခေါ်ဆိုရာတွင် ပိုမိုကြည်လင်သော အသံအရည်အသွေးကို ပေးစွမ်းပါသည်။ Bluetooth 5.4 နည်းပညာနှင့် Bluetrum AB8822C Chip ကို အသုံးပြုထားသောကြောင့် ချိတ်ဆက်မှုမြန်ဆန်တည်ငြိမ်ပြီး စွမ်းအင်သုံးစွဲမှုလည်း သက်သာပါသည်။

Hoco W53 Wireless Headphone
125,000 Ks

Hoco W53 Wireless Headphone သည် Bluetooth 5.4 နည်းပညာဖြင့် မြန်ဆန်တည်ငြိမ်သော ချိတ်ဆက်မှုကို ပေးစွမ်းနိုင်သော Wireless Headphones ဖြစ်ပြီး Hi-Fi Stereo Sound ဖြင့် ကြည်လင်ပြတ်သားသော Treble နှင့် အားကောင်းသော Bass အသံကို ခံစားနိုင်ပါသည်။ ပေါ့ပါးသော Over-Ear Design၊ နူးညံ့သော Ear Cushions နှင့် Adjustable Headband တို့ကြောင့် အချိန်ကြာကြာ အသုံးပြုရာတွင်လည်း သက်တောင့်သက်သာရှိစေပါသည်။

Hoco DC122 18W Type-C Charger Set
23,000 Ks

Hoco DC122 18W Type-C Charger Set သည် နေ့စဉ်အသုံးပြုရန် အဆင်ပြေသော Fast Charging Charger Set တစ်ခုဖြစ်ပါသည်။ QC3.0 Fast Charging ကို ထောက်ပံ့ပေးပြီး 18W Max Output ဖြင့် Compatible ဖြစ်သော Smartphone နှင့် Digital Devices များကို လျင်မြန်စွာ အားသွင်းနိုင်ပါသည်။ Charger တွင် Single USB Port ပါဝင်ပြီး USB-A to Type-C 1M Charging Cable ကိုလည်း တစ်ပါတည်း ထည့်သွင်းပေးထားပါသည်။ AC 100–240V, 50/60Hz Wide Voltage Input ကို ထောက်ပံ့ပေးသောကြောင့် နေရာအမျိုးမျိုးတွင် အသုံးပြုရန် အဆင်ပြေပါသည်။

Hoco K24 Anti-Shake 3-Axis Gimbal Tripods
418,000 Ks

Hoco K24 Anti-Shake 3-Axis Gimbal Tripods သည် Smartphone ဖြင့် ဓာတ်ပုံနှင့် Video ရိုက်ကူးရာတွင် ပိုမိုတည်ငြိမ်ချောမွေ့စေရန် အသုံးပြုနိုင်သော Smart Gimbal တစ်ခုဖြစ်ပါသည်။ 3-Axis Anti-Shake Stabilization စနစ်ပါဝင်သောကြောင့် လှုပ်ရှားနေစဉ် ရိုက်ကူးရာတွင် ဖြစ်ပေါ်တတ်သော တုန်ခါမှုများကို လျှော့ချပေးနိုင်ပါသည်။ Bluetooth 5.2 ချိတ်ဆက်မှုနှင့် App အသုံးပြုမှုကိုလည်း ထောက်ပံ့ထားပါသည်။ 4.5–7.0 inches အရွယ် Smartphone များနှင့် အသုံးပြုနိုင်ပြီး Phone Clamp Range မှာ 55–90mm ဖြစ်ပါသည်။ 3600mAh (1800mAh × 2) Battery ပါဝင်ကာ Charging Time ခန့်မှန်း 3 Hours နှင့် Usage Time 8 Hours ခန့် အသုံးပြုနိုင်ပါသည်။ အားသွင်းရန် USB-C Port အသုံးပြုထားပါသည်။

Hoco Y27 Smart Watch
121,000 Ks

Hoco Y27 Smart Watch လေးသည် 1.95-inch TFT Full Touch Screen Display ကို အသုံးပြုထားသောကြောင့် စာများ၊ Notification များ၊ Call Information များနှင့် Health Data များကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့နိုင်ပါသည်။ ကြီးမားသော Screen Size ကြောင့် Menu များကို အလွယ်တကူ အသုံးပြုနိုင်ပြီး Touch Response ကလည်း Smooth ဖြစ်စေပါသည်။ Bluetooth 5.0 Connectivity ပါဝင်သောကြောင့် Smartphone နှင့် လွယ်ကူစွာ ချိတ်ဆက်နိုင်ပြီး Incoming Calls များကို Watch မှတစ်ဆင့် ကြည့်ရှုနိုင်သလို Bluetooth Calling Function ဖြင့် ဖုန်းကို အမြဲလက်ထဲမကိုင်ဘဲ ဆက်သွယ်နိုင်ပါသည်။ အားကစားနှင့် Fitness လေ့ကျင့်ခန်းများ ပြုလုပ်သူများအတွက် Multiple Sports Modes ပါဝင်ထားပြီး Walking, Running, Cycling နှင့် အခြား Workout Activities များကို မှတ်တမ်းတင်ပေးနိုင်ပါသည်။ IPX4 Water Resistance Rating ပါဝင်သောကြောင့် နေ့စဉ်အသုံးပြုရာတွင် ချွေးစိုခြင်း၊ ရေစင်ခြင်းများမှ ကာကွယ်ပေးနိုင်ပါသည်။ Battery Optimization ကောင်းမွန်သောကြောင့် တစ်နေ့တာလုံး အသုံးပြုနိုင်ပြီး Charging မကြာခဏ လုပ်စရာမလိုဘဲ Smart Features များကို အပြည့်အဝ အသုံးပြုနိုင်ပါသည်။

Hoco L14 Audio Wired Lavalier Microphone
24,000 Ks

Hoco L14 Audio Wired Lavalier Microphone သည် အသံဖမ်းယူမှုအတွက် အရည်အသွေးကောင်းမွန်သော Clip-On Microphone တစ်ခုဖြစ်ပြီး Vlog ရိုက်ကူးခြင်း၊ Facebook Live လွှင့်ခြင်း၊ Online Meeting ပြုလုပ်ခြင်းနှင့် Video Content ဖန်တီးခြင်းများအတွက် သင့်တော်ပါသည်။ 360° HD Pickup နည်းပညာဖြင့် အသံကို ဘက်စုံမှ ကြည်လင်ပြတ်သားစွာ ဖမ်းယူပေးနိုင်ပြီး စကားသံကို သဘာဝကျစွာ ရရှိစေပါသည်။ 3.5mm Audio Plug ဖြင့် Smartphone, Tablet, Laptop နှင့် PC များတွင် အလွယ်တကူ ချိတ်ဆက်အသုံးပြုနိုင်ပါသည်။ 2 Meter အရှည်ရှိ Cable ကြောင့် Recording ပြုလုပ်ရာတွင် ပိုမိုလွတ်လပ်စွာ အသုံးပြုနိုင်ပြီး Clip-On Design ကြောင့် အဝတ်အစားပေါ်တွင် တပ်ဆင်အသုံးပြုရ အဆင်ပြေစေပါသည်။

Hoco L14 Lightning Wired Lavalier Microphone
68,000 Ks

Hoco L14 Lightning Wired Lavalier Microphone လေးကတော့ iPhone/iPad  user တွေအတွက် ရှင်းလင်းပြတ်သားသော အသံကို စိတ်ကြိုက် ရိုက်ကူးနိုင်ရန် ဒီဇိုင်းထုတ်ထားသည့် Clip-on မိုက် ဖြစ်ပါတယ်။ 2 meters ကြိုးပါဝင်သည့်အတွက် ရိုက်ကူးရာတွင် လွတ်လပ်စွာ လှုပ်ရှားနိုင်သည်။အသံကို ၃၆၀ ဒီဂရီ ပတ်လည် ပတ်ဝန်းကျင်မှ ကြည်လင်ပြတ်သားစွာ ဖမ်းယူပေးနိုင်သည်။ အင်္ကျီ သို့မဟုတ် ကော်လာတွင် ချိတ်ဆွဲအသုံးပြုနိုင်သည့် Clip အသေးပါဝင်သည်။