Philips GC2998 Steam Iron
Philips GC2998 Steam Iron လေးသည် 2400W high-power steam iron တစ်လုံးဖြစ်ပြီး vertical steaming ပါဝင်တဲ့ model တစ်ခုဖြစ်ပါသည်။ Power 2400W က အချိန်ခဏလေးအတွင်း အပူဒဏ်ကိုပေးစွမ်းပြီး wrinkle ဖြစ်တဲ့ ထူတဲ အဝတ်ထည်များကိုလည်း ထိထိရောက်ရောက် ပြန့်ပြူးစေပါသည်။ Hard water သုံးစွဲသူများမှ scale buildup ကိုထိန်းသိမ်းရန် integral slider ပါဝင်ပါသည်။ Water tank 320ML ထိထည့်သွင်းပြီး အသုံးပြုနိုင်ပါသည်။ အားကောင်းသော ရေနွေးငွေ့ပါဝင်မှုကြောင့် မီးပူရဲ့ အောက်ခြေရှိ U-shaped groove အထိစီးဆင်းသွားပြီး soleplate တစ်ခုလုံးပျံ့နံ့သွားတဲ့အတွက် အချိန်တိုအတွင်းအဝတ်များကို ပေါ့ပေါ့ပါးပါးတိုက်နိုင်ပါတယ်။
Philips HD9395 Kettle (1.7L)
Philips ကထုတ်လုပ်ထားတဲ့ HD9395 Kettle လေးသည် Capacity 1.7Liters ဝင်ဆန့်ပြီး အချိန်တိုအတွင်း ရေကိုဆူပွက်အောင် တည်ပေးနိုင်ပါသည်။ ရေမရှိပါက မီးဖွင့်ခြင်းကို အလိုအလျှောက် ပိတ်ပေးတဲ့ Strix controller ပါဝင်ပြီး မီးဖွင့်နေစဉ် လျှပ်စစ်အန္တရာယ်များမှ ကာကွယ်ပေးနိုင်ပါသည်။ ရေထည့်ရန် နှင့် သန့်ရှင်းရေးလုပ်ရန်အတွက် ဖွင့်ပေါက်ကျယ်သော ဒီဇိုင်းဖြင့်ဖန်တီးပြုလုပ်ပေးထားပါသည်။ 360‑degree Pirouette Base ဖြစ်တာကြောင့် အောက်ခြေပြားကို 360 ဒီဂရီလှည့်ပြီး အသုံးပြုနိုင်ပါသည်။
Philips HD3064 Rice Cooker (0.54L)
Philips ကထုတ်ထားတဲ့ HD3064 Rice Cooker လေးသည် Capacity 0.54Liters ဝင်ဆန့်ပြီး ထမင်းအိုးတည်တာအပြင် Soup(ဟင်းချို) ၊Steam (ပေါင်းမယ်) ၊Stew(စွပ်ပြုတ်) ၊ ၊Cake (ကိတ်မုန့်ဖုတ်မယ်)၊Congee (ဆန်ပြုတ်) စတဲ့ Function များကိုလည်း အသုံးပြုနိုင်ပါသည်။ Dual Temperature Sensor များပါဝင်ပြီး Fast‑cooking mode ထည့်သွင်းပေးထားတာကြောင့် ၃၀ မိနစ်အတွင်း ထမင်းကိုညီညာစွာကျက်စေပါသည်။ LCD screen (timer & clock) ပါဝင်တာကြောင့် ကျက်ပြုတ်ရာတွင်လည်း အဆင်ပြေစေပါသည်။
Philips HR2874 Portable Blender (0.6L)
Philips ကထုတ်လုပ်ထားတဲ့ HR2874 Portable Blender လေးသည် Capacity 0.6Liters ဝင်ဆန့်ပြီး Power 350W နဲ့အလုပ်လုပ်ပေးမှာပဲဖြစ်ပါသည်။ ဓားသွားကို ခိုင်ခန့်မာကျောပြီး အရည်အသွေးကောင်းတဲ့ “Stainless Steel” အစစ်သုံးပေးထားတာကြောင့် သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ ရေခဲတို့ကို လွယ်လွယ်ကူကူ ကြိတ်ချေပေးနိုင်ပါသည်။ အလွယ်တကူ ဖြုတ်နိုင်တပ်နိုင်လို့ ဆေးကြော သန့်ရှင်းဖို့အတွက် လွယ်ကူစေပြီး အိမ်ရှင်မတို့အကြိုက်တွေ့စေမှာပဲဖြစ်ပါသည်။