70MAI M300 Dash Cam (NPL-8/2022)
70MAI M300 Dash Cam ကတော့ ပုံမှန် 1080 Dash Cam တွေထက် (၁) ဆခွဲ ပိုမိုကြည်လင်တဲ့ 1296P camera နဲ့အတူ 140° မြင်ကွင်းကျယ်ကြောင့် လမ်းကြောတစ်လျောက် တိကျတဲ့ပုံရိပ်တွေကို ဖမ်းယူပေးနိုင်ပါတယ်။ 3D Noise Reduction နည်းပညာက ညဖက်အလင်းရောင်နည်းတဲ့အချိန်တွေမှာ မလိုအပ်တဲ့ Pixels တွေကို လျှော့ချပေးပြီး Exposure Level ကိုချိန်ညှိပေးတာကြောင့် ပုံရိပ်များကို ကြည်လင်ချောမွေ့စွာ ဖမ်းယူပေးမှာဖြစ်ပါတယ်။ Built-in ပါတဲ့ G-sensor က 70mai Hardwire Kit ဖြင့် ချိတ်ဆက်ကာ (၂၄) နာရီ စောင့်ကြည့်ပေးခြင်းဖြင့် သင့်ကားရဲ့ ရုတ်တရက် ထိခိုက်မှုအဖြစ်အပျက်များကို အမိအရမှတ်တမ်းတင်ပေးပြီး အသံသတိပေးချက်ဖြင့်လည်း အကြောင်းကြားပေးမှာဖြစ်ပါတယ်။စုံလင်တဲ့ Recording စနစ်များဖြင့် ဗီဒီယိုအထောက်အထားများကို 70Mai App နဲ့ ချိတ်ဆက်ချိန်ညှိကာ လိုအပ်သလို ဖမ်းယူကြည်ရှု့နိုင်ပြီး Memory Storage ကို MicroSD 16GB မှ 128GB အထိ အသုံးပြုနိုင်ပါတယ်။