TZE M-660 15" Active Speaker with battery
TZE M-660 15" Active Speaker လေးကတော့ အသံပါဝါအင်အားအတော်လေးကောင်းတဲ့ 15 လက်မ Speaker အမျိုးအစားဖြစ်ပါတယ်။ 120W အထိ ထွက်တာကြောင့် အသံက တကယ့်ကို အားကောင်းပါတယ်။Wireless Mic (၂) လုံး ပါဝင်ပြီးတော့ Speaker မှာ Mic သိမ်းဖို့ နေရာ (Holder) ပါဝင်တာကြောင့် သိမ်းဆည်းရလွယ်ကူပါတယ်။Bluetooth, USB, SD Card, FM နဲ့ AUX input ပါဝင်ပါတယ်။ လက်ကိုင်နဲ့ Universal Wheel လေးတွေပါဝင်လို့ သွားလေရာ အလွယ်တကူသယ်ဆောင်သွားနိုင်မှာပဲဖြစ်ပါတယ်။
TZE 12'' X2 Active Speaker with battery S33
TZE 12'' X2 Active Speaker with battery S33 လေးသည် သယ်ဆောင်ရလွယ်ကူပြီး အသံပါဝါကောင်းမွန်တဲ့အတွက် အိမ်တွင်းအိမ်ပြင် ပွဲလမ်းသဘင်တွေမှာ အသုံးများတဲ့ Speaker အမျိုးအစားဖြစ်ပါသည်။ ဘီးလေးတွေနဲ့ လက်ကိုင် (Trolley handle) ပါဝင်တဲ့အတွက် ခရီးသွားရင်း ဒါမှမဟုတ် အပြင်ပွဲတွေမှာ အလွယ်တကူ သယ်ဆောင်သွားနိုင်ပါသည်။ Built-in Rechargeable Battery ပါဝင်လို့ မီးမရရှိတဲ့နေရာတွေမှာတောင် အချိန်အတော်ကြာအသုံးပြုနိုင်ပါသည်။ Bluetooth, USB, SD Card, FM Radio နဲ့ AUX ကြိုးတွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်ပြီး ဖုန်း၊ ကွန်ပျူတာ၊ TV တို့နဲ့ အလွယ်တကူ အသုံးပြုနိုင်ပါသည်။
TZE M-990 15" Active Speaker with Battery
TZE ကထုတ်လုပ်ထားတဲ့ M-990 Active Speaker လေးသည် 15 လက်မ Woofer ပါဝင်သည့်အတွက် Bass သံ အလွန်ထွက်ပြီး ကျယ်ဝန်းသော ကွင်းပြင်များ သို့မဟုတ် ခန်းမကျယ်ကြီးများတွင် အသံလွှမ်းမိုးနိုင်စွမ်း ရှိပါသည်။ အလှူအတန်း၊ မင်္ဂလာဆောင်၊ မွေးနေ့ပွဲများနှင့် ဆိုင်ဖွင့်ပွဲများတွင် Background Music ဖွင့်ရန် သို့မဟုတ် အခမ်းအနားမှူး ပြောရန်အတွက် အကောင်းဆုံးဖြစ်သည်။ အရွယ်အစားကြီးသော်လည်း Trolley Handle နှင့် ဘီးများပါဝင်၍ လွယ်ကူစွာ ရွှေ့ပြောင်းနိုင်ပြီး ကိုယ်ထည်ကို ပိုမိုခိုင်ခံ့အောင် ပြုလုပ်ထားပါသည်။ Built in Battery ပါဝင်တာကြောင့် မည်သည့်နေရာတွင်မဆို အချိန်ကြာမြင့်စွာ အသုံးပြုနိုင်ပါသည်။ Wireless Microphones နှစ်ခုပါဝင်ပြီး Bluetooth, USB, FM, Mic Input, TWS တို့နဲ့ချိတ်ဆက်အသုံးပြုနိုင်တာကြောင့် ပွဲလမ်းသဘင်များ၊ စားသောက်ဆိုင်များအတွက် အထူးဒီဇိုင်းထုတ်လုပ်ထားသည့် Speaker လေးဖြစ်ပါသည်။
TZE TON-216 12" Active Speaker with Battery
TZE ကထုတ်ထားတဲ့ TON-216 Active Speaker လေးသည် 12inches ရှိပြီး AC တိုက်ရိုက်အသုံးပြုလို့ရတဲ့ speaker လေးဖြစ်ပါသည်။ Bluetooth နဲ့ ချိတ်ဆက်အသုံးပြုနိုင်ပြီး USB, SD Card နှင့် FM Radio တို့နဲ့လည်း ချိတ်ဆက်အသုံးပြုနိုင်ပါသည်။ 240V , 50/80Hz ကောင်းမွန်ပြီး စည်းချက်ကျတဲ့ bass သံကို ပေးစွမ်းနိုင်မှာဖြစ်ပါသည်။ ကိုယ်ထည်တွင် လက်ကိုင်နှင့် ဘီးများ (Trolley design) ပါဝင်တာကြောင့်သွားလေရာကို အလွယ်တကူ သယ်ဆောင်သွားလို့ရပါသည်။ ကာရာအိုကေ ကြိုက်သူတွေအတွက် MIC -2 လုံးပါဝင်တာဖြစ်လို့ စိတ်ကြိုက်ဟဲချင်သူတွေအတွက် အဆင်ပြေစေမှာဖြစ်ပြီး Guitar input လည်းပါဝင်ပါသည်။
TZE JB-555 15" Bluetooth Speaker
TZE JB-555 Bluetooth Speaker လေးကတော့ အရွယ်အစား ၁၅လက်မရှိပြီး သွားလေရာ သယ်ယူသွားဖို့အတွက် လက်ကိုင် ကိုင်းလေးပါဝင်ပါသည်။ LED RGB Light လေးပါဝင်ပြီး remote နဲ့ အလွယ်တကူ control ပြုလုပ်လို့ရပါသည်။ Battery 3600mAh ပါဝင်တာဖြစ်လို့ အားတစ်ခါသွင်းထားရင် အချိန်ကြာကြာ ပြန်လည်နားထောင်လို့ရမှာဖြစ်ပါသည်။
TZE JB-877 8" Bluetooth Speaker
TZE JB-877 8" Bluetooth Speaker လေးသည် အရွယ်အစား ၈လက်မရှိပြီး အသံအရည်အသွေးကောင်းမွန်စွာ ပေးစွမ်းနိုင်သော အဆင့်မြင့် Portable Speaker တစ်လုံးဖြစ်ပါသည်။ 8-inch Woofer နှစ်လုံး (8"x2) နှင့် Tweeter ပါဝင်ထားသောကြောင့် Bass သံအားပြင်းပြီး Treble သံကြည်လင်ပြတ်သားစွာ နားဆင်နိုင်ပါသည်။ LED RGB Light ပါဝင်ထားပြီး သီချင်းဖွင့်တဲ့အခါ အလင်းရောင်တွေက အတူတူလှုပ်ရှားပေးတာကြောင့် Party များ၊ Event များမှာ ပိုပြီးမိုက်တဲ့ အတွေ့အကြုံကို ဖန်တီးပေးနိုင်ပါသည်။ TF Card နှင့် USB Input Support ပါဝင်ထားလို့ သီချင်းတွေကို အလွယ်တကူ တိုက်ရိုက်ဖွင့်နိုင်ပြီး Remote Control ပါဝင်သောကြောင့် အဝေးကနေ ထိန်းချုပ်နိုင်ပါသည်။ 12V / 5A Lead-acid Battery ပါဝင်ထားပြီး Portable အသုံးပြုနိုင်တာကြောင့် မီးမရှိတဲ့နေရာတွေမှာပါ အသုံးပြုနိုင်ပါသည်။ Wireless UHF Microphone နှစ်လုံး ပါဝင်ပြီး Microphone Priority Function ပါရှိသောကြောင့် Karaoke၊ Presentation၊ Announcement တို့တွင် အသုံးပြုရန်အဆင်ပြေစေပါသည်။