TCL TWA85-F307GM Fully Auto 8.5Kg
TCL ကထုတ်လုပ်ထားတဲ့ TWA85-F307GM မှာတော့ Fully Auto အသုံးပြုနိုင်ပြီး Washing Capacity 8.5 kg အသုံးပြုနိုင်မှာဖြစ်ပါတယ်။Spin Dry ဖြစ်တာကြောင့် အချိန်ခဏအတွင်း အဝတ်မှာ စိုထိုင်းမှုကင်းပြီး ခြောက်သွေ့မှုကို တွေ့ရမှာဖြစ်ပါတယ်။
TCL Aircon (TAC-12CSA/XA81) 1.5HP Non Inverter Split Type
TCL Aircon လေးကတော့ Non-Inverter Split Type ဖြစ်ပြီး 1.5 HP ရရှိနိုင်မှာဖြစ်ပြီး အချိန်ခဏလေးမှာ အခန်းတွင်းကို အေးမြအောင် လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ Capacity 12000 Btu/h ကိုအသုံးပြုပေးထားသောကြောင့် အေးမြမှုမြန်ဆန်စေပါသည်။ R410A Gas က လျှပ်စစ်မီတာခများကို သက်သာစေပြီး အပူချိန်ကို တင်းကျပ်စွာ ထိန်းသိမ်းထားနိုင်ရန် ဒီဇိုင်းထုတ်ထားသည်။
TCL TV Remote (STL438P8M)
TCL TV Remote ကတော့ STL438P8M မော်ဒယ်လေးနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
TCL Non-Smart TV Remote
TCL Non-Smart TV Remote လေးကတော့ TCL Non-Smart TV အတွက် အသုံးပြုရအဆင်ပြေစေသော Remote လေးဖြစ်ပါသည်။
SMASH TCL L1508v Multifunction LCD TV Remote
SMASH TCL L1508v လေးကတော့ Multifunction ရပြီး LCD TV များအတွက် အဆင်ပြေစေမည့် remote လေးဖြစ်ပါသည်။
TCL 32S4500A 32 inch Andriod TV
TCL 32S4500A 32inch သည် FHD Resolution ဖြစ်တာကြောင့် ရုပ်ထွက်ကြည်လင်ကောင်းမွန်ပြီး အမိုက်စား Feature တွေ ပါဝင်တဲ့ TCL TVလေးပဲဖြစ်ပါသည်။ Android TV ဖြစ်တာကြောင့် ဖုန်းနဲ့ချိတ်ဆက်အသုံးပြုလို့ရသလို Wifi နဲ့ ချိတ်ဆက်ပြီး Google Play Music, Google Play Movie, YouTube, Netflix စတဲ့ Apps တွေကို အဆင်ပြေပြေ အလွယ်တကူ အသုံးပြုနိုင်မှာဖြစ်ပါသည်။ Google Chrome Cast ကို Built- in ထည့်သွင်းပေးထားတဲ့အတွက် မိမိဖုန်း မျက်နှာပြင်ကနေ တီဗွီမျက်နှာပြင်ပေါ်မှာ အလွယ်တကူ ချိတ်ဆက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
TCL Aircon TAC-12CSD/TPH21I 1.5HP Inverter R32
TCL ကထုတ်လုပ်ထားတဲ့ TAC-12CSD/TPH21I လေးသည် Capacity 1.5HP နဲ့ဖြစ်ပြီး အချိန်ခနလေးအတွင်း အခန်းတွင်းအပူချိန်ကို နူးညံ့တဲ့အထိအတွေ့နဲ့ သဘာ၀အတိုင်းအေးမြစေမှာပဲဖြစ်ပါသည်။ သဘာဝရေမော်လီကျူးများဖြင့် သန့်စင်ပေးနိုင်တာကြောင့် ညစ်ညမ်းမှု့အားလုံးကို အလွယ်တကူဖယ်ရှားပေးနိုင်ပါသည်။ ခလုတ်တစ်ချက်နှိပ်လိုက်ရုံဖြင့် သန့်ရှင်းလတ်ဆက်သောလေကိုရရှိနိုင်ပါသည်။ 1-Smart Airflow ကသဘာဝအတိုင်း အေးမြစွာ မျက်နှာကျက်မှ ဖြေးဖြေးချင်းလေညှင်းလှိုင်းများရွေ့သကဲ့သို့ သက်တောင့်သက်သာနဲ့အေးမြမှု့ကိုခံစားစေပါသည်။ 2-Smart Airflow က ပူနွေးမှု့ကို အောက်မှအပေါ်သို့ စိုထိုင်းမှု့ထိန်းညှိပေးပြီး နွေးထွေးသည့်လေများကို ကြမ်းပြင်မှတစ်ဆင့် ညီညာစွာ အပေါ်သို့ပြန်လည်မြှင့်တင်ပေးပါသည်။ Filter သန့်ရှင်းရေးပြုလုပ်ရမည့်အချိန်တွင်လည်း စက်မျက်နှာပင်ပေါ်တွင် Filter သန့်ရှင်းရေးလုပ်ရန်ပေါ်လာမည်ဖြစ်ပြီး TCL Home App တွင်လည်း အသိပေးချက်ရရှိမည် ဖြစ်ပါသည်။ အိပ်ပျော်စေမည့် အထူးမုဒ် အိပ်ချိန်အလိုအလျောက်စနစ်ဖွင့်လိုက်သည်နှင့် လျှပ်စစ်ဓာတ်အားသက်သာစေပြီး ညအချိန်တစ်လျှောက် အပူချိန်ညီညာမှု့ကို ထိန်းသိမ်းပေးနိုင်ပြီး တိတ်ဆိတ်ငြိမ်သက်စွာ အနှောက်အယှက်မရှိ အိပ်စက်နိုင်ပါသည်။ အပူဒဏ်ဘယ်လောက်ပြင်းပြင်း အေးအေးဆေးဆေးနဲ့ အအေးစွမ်းရည်ပေးနိုင်မယ့် E-box လေအေးစနစ်က ၆၀°C အထိပူပြင်းသော ပတ်ဝန်းကျင်တွင်ပါ အဆက်မပြတ်အေးမြစေပြီး ၅၀°C တွင် 100% အအေးစွမ်းရည်အပြည့်ဖြင့် အလုပ်လုပ်ပေးပါသည်။ Filter ကို အထူးဒီဇိုင်းဖြင့် ထုတ်လုပ်ထားတာကြောင့် လွယ်ကူစွာထုတ်ယူနိုင်ပြီး အလွယ်တကူသန့်စင်နိုင်ပါသည်။
TCL Aircon TAC-09CSD/TPH21I 1HP Inverter R32
TCL Aircon TAC-09CSD/TPH21I ကတော့ Inverter စနစ်သုံးတာဖြစ်တဲ့အတွက် လိုအပ်တဲ့ အပူချိန်ကို အမြဲတမ်းထိန်းညှိပေးပြီး လျှပ်စစ်ဓာတ်အားကို ၆၀% အထိ ချွေတာပေးနိုင်ပါတယ်။ ဒါ့အပြင် အပူချိန်ကို မြန်မြန်ဆန်ဆန် လျှော့ချပေးနိုင်ပါတယ်။အပြင်ဘက် ယူနစ် (outdoor unit) မှာ ပါဝင်တဲ့ Golden Fin ဆိုတဲ့ အလွှာက သံချေးတက်တာနဲ့ ပတ်ဝန်းကျင်ဒဏ်ကို ကာကွယ်ပေးတာကြောင့် အဲယားကွန်းရဲ့ သက်တမ်းကို ပိုမိုရှည်ကြာစေပါတယ်။အဝေးထိန်းခလုတ် (remote) မှာ ပါတဲ့ I Feel လုပ်ဆောင်ချက်က အသုံးပြုသူရဲ့ ပတ်ဝန်းကျင်က အပူချိန်ကို တိုင်းတာပေးပြီး ပိုမိုသက်တောင့်သက်သာဖြစ်စေမယ့် အပူချိန်ကို အလိုအလျောက် ချိန်ညှိပေးပါတယ်။R32 အအေးပေးဓာတ်ငွေ့ကို အသုံးပြုထားတာကြောင့် ပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းပြီး စွမ်းအင်ပိုမိုသက်သာစေပါတယ်။
TCL 43S5K 43" QLED FHD Google TV
TCL 43S5K ကတော့ QLED နည်းပညာကို အသုံးပြုထားသောကြောင့် သာမန် LED TV များထက် ပိုမို တောက်ပသော၊ စိုပြည်သော အရောင်များ (Vivid Color) နှင့် ကျယ်ပြန့်သော အရောင်အသွေး (Ultra-Wide Color Gamut) ကို ပေးစွမ်းနိုင်ပါတယ်။Resolution မှာ Full HD (1920 x 1080) ဖြစ်တဲ့အတွက် ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်ကို ခံစားရမှာဖြစ်ပြီး High Dynamic Range စနစ်ကို ထောက်ပံ့ပေးတဲ့အတွက် အလင်းရောင် အတိုးအလျှော့ (Contrast) ကို ကောင်းမွန်စွာ ချိန်ညှိပေးပြီး ပုံရိပ်အသေးစိတ်ကို ပိုမိုထင်ရှားစေပါတယ်။Google TV စနစ်ကို အသုံးပြုထားသောကြောင့် သင်၏ စိတ်ကြိုက် Streaming Apps (ဥပမာ- Netflix၊ YouTube၊ Prime Video၊ Disney+ Hotstar) များကို လွယ်ကူစွာ အသုံးပြုနိုင်ပါတယ်။HDMI ၂ ခု၊ USB ၁ ခု ပါဝင်ပြီး Bluetooth 5.0 ဖြင့် Soundbar၊ နားကြပ် စသည်တို့ကို ချိတ်ဆက်နိုင်ပါတယ်။ဂိမ်းကစားရာတွင် ပုံရိပ်နောက်ကျခြင်း (Input Lag) ကို လျှော့ချပေးတဲ့ Game Mode လည်း ပါဝင်ပါတယ်။
TCL TAC-09CSD/XA73 Split Type Aircon (1HP,R32,Non-Inverter)
TCL TAC-09CSD/XA73 ကတော့ Split Type Air Conditioner အမျိုးစားဖြစ်ပြီး Outdoor Unit ရှိ Fin များသည် Golden Fin နည်းပညာဖြစ်သောကြောင့် သာမန် Fin များထက် သံချေးတက်ခြင်းနှင့် ဆွေးမြေ့ပျက်စီးခြင်းတို့ကို ပိုမိုခံနိုင်ရည်ရှိသည်။ ဘက်တီးရီးယားများ ပေါက်ပွားမှုကိုလည်း လျှော့ချပေးနိုင်သည်။အခန်းကို လျင်မြန်စွာ အေးမြစေရန် အမြင့်ဆုံး ပန်ကာအမြန်နှုန်း (fan speed) ဖြင့် လေအေးကို လျှင်မြန်စွာ မှုတ်ထုတ်ပေးနိုင်သည်။R32 အအေးပေးဓာတ်ငွေ့ကို အသုံးပြုထားတာကြောင့် ပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းပြီး စွမ်းအင်ပိုမိုသက်သာစေပါတယ်။
TCL TAC-12CSD/XA73 Split Type Aircon 1.5HP
TCL TAC-12CSD/XA73 Split Type Aircon 1.5HP ကတော့ အခန်းငယ်/အလတ်စား (ခန့်မှန်းခြေ 15 - 23 စတုရန်းမီတာ သို့မဟုတ် 160 - 250 စတုရန်းပေခန့်) အတွက် သင့်လျော်ပါသည်။Compressor သည် လိုအပ်သော အပူချိန်ရောက်သည်အထိ အမြင့်ဆုံးမြန်နှုန်းဖြင့် အလုပ်လုပ်ပြီး၊ ထို့နောက် လုံးဝရပ်တန့်သွားကာ ပြန်ပူလာမှသာ ပြန်စလည်ပတ်ပါသည်။R32 Gas ကိုသုံးပေးထားသောကြောင့် ပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းသော၊ စွမ်းအင်သက်သာပြီး အအေးပေးနိုင်စွမ်း ကောင်းမွန်သော ဓာတ်ငွေ့အမျိုးအစား ဖြစ်ပါသည်။ညဘက် အိပ်စက်ချိန်မှာ သက်တောင့်သက်သာရှိစေရန် အပူချိန်ကို ဖြည်းဖြည်းချင်း ချိန်ညှိပေးပြီး ဆူညံသံကို လျှော့ချပေးသည်။အဝေးထိန်းခလုတ် (Remote Control) ထဲမှာ အပူချိန်တိုင်း ကိရိယာ (Sensor) ပါဝင်တဲ့အတွက် အဝေးထိန်းခလုတ်ရှိတဲ့ နေရာက အပူချိန်ကို အခြေခံပြီး လေအေးပေးစက်ကို ချိန်ညှိပေးနိုင်ပါသည်။