Epson LQ-310 Dotmatrix Printer
1,550,000 Ks

Epson LQ-310 Dotmatrix Printer သည် Mono Chrome Dot-Matrix အမျိုးအစားဖြစ်ပြီး Printing Speed အနေဖြင့် 416 cps ပါရှိပါသည်။ Print Only ကို A4, Legal အရွယ်အစားထိအရည်အသွေးပြည့်ဝစွာထုတ်နိုင်ပါသည်။ 12 CPI ဖြင့် တစ်စက္ကန့်လျှင် အက္ခရာ 416 လုံးအထိ မြင့်မားသော ပုံနှိပ်ခြင်းအမြန်နှုန်းကို ရရှိနိုင်ပါသည်။ Built-in USB၊ Serial နှင့် Parallel Interface ရွေးချယ်မှုများဖြင့် မည်သည့် Output Device နှင့်မဆို ချိတ်ဆက်အသုံးပြုနိုင်ပါသည်။

Epson A3 Inkjet Paper
20,000 Ks

Epson A3 Inkjet Paperသည်လိုအပ်သောစာရွက်စာတမ်းများကိုသက်ရောက်မှုရှိစေရန်းအထူးထိတွေ့ခြင်းအတွက်အကောင်းဆုံးဖြစ်သည်။မျက်နှာပြင်သည်အသေးစိတ်နှင့်အရောင်တောက်ပမှုအကြားကောင်းမွန်သောချိန်ညှိမှုရှိသည်။အထွေထွေရုံးသုံးပစ္စည်းများအတွက်အရည်အသွေးကောင်းမွန်သောစက္ကူဖြစ်ပါသည်၊၊

Epson L200 664 Original Refill
52,000 Ks

Original ဆေးဘူးဖြစ်သဖြင့် မိမိ printer အတွက်ထိခိုက်မှုလျော့နည်းစေပါသည်။ စာရွက်ရေ 4000 ခန့်အသုံးပြုနိုင်သဖြင့်ကြာရှည်ခံသောဆေးရည်တစ်မျိုးဖြစ်ပါသည်။

Epson 673 Original Refill
58,500 Ks

Original ဆေးရည်ဖြစ်သဖြင့် မိမိ ၏ printer အတွက်ထိခိုက်မှုမရှိနိုင်မှာဖြစ်ပါသည်။ စာရွက်ရေ ၇၀၀၀ခန့်ကိုအသုံးပြုထားသဖြင့်ကြာကြာအသုံးခံသောဆေးရည်ဖြစ်ပါသည်။

Epson L4150,4160 Original Refill (001)
62,500 Ks

Original ဆေးရည်ဖြစ်သဖြင့်မိမိ၏ printer အတွက်ထိခိုက်မှုမရှိနိုင်မှာဖြစ်ပါသည်။ စာရွက်ရေ ၆၀၀၀ခန့်ကိုအသုံးပြုထားသဖြင့်ကြာကြာအသုံးခံသောဆေးရည်ဖြစ်ပါသည်။

Epson Original Refill (003)
46,500 Ks

Epson Original Refill မှာတော့ Epson L3250/ L3260/ L5290/ L3210/ L3256/ L3150/ L3215/ L3216/ L5190/ L3200/ L3251/ L3252/ L3110/ L3151/ L3152/ L3156/ L3116/ L3115/ L3101/ L3100/ L3255/ L3211/ L3212/ L1110/ L1250 Printer များ အတွက်အသုံးပြုရအဆင်ပြေစေတဲ့ Refill လေးဖြစ်ပါသည်။ Original ဆေးရည်ဖြစ်သဖြင့်မိမိ၏ printer အတွက် ထိခိုက်မှုမရှိနိုင်မှာဖြစ်ပါသည်။ စာရွက်ရေ ၇၀၀၀ခန့်ကိုအသုံးပြုထားသဖြင့် ကြာကြာအသုံးခံသောဆေးရည်ဖြစ်ပါသည်။

Epson Double Photo Paper
16,500 Ks

Epson Double Photo Paper ကိုသန့်စင်၍ဖြူဖွေးတောက်ပသောအဖြူရောင်ဖြင့် matte finish ကိုပြုလုပ် ထားပါသည်။ Ink Jet Printer အားလုံးနှင့် အသုံးပြုနိုင်ရန်အာမခံပေးနိုင်ပြီး ၇၂နှစ်တိုင်အောင်အချိန်ကာလာ ကြာရှည်စွာပုံရိပ်များကိုထင်ကျန်နေစေမှာပဲဖြစ်ပါသည်။

Epson Sticker Photo Paper
15,000 Ks

Epson Sticker Photo Paper လေးသည် Bright White Glossy Surface ပါဝင်သောကြောင့် ပုံနှိပ်ထားသော ဓာတ်ပုံများကို အရောင်တောက်ပစွာ၊ ကြည်လင်ပြတ်သားစွာ ထုတ်ပေးနိုင်ပါသည်။ A4 အရွယ်အစား (210mm x 297mm / 8.3” x 11.7”) ဖြစ်ပြီး စာရွက် 20 Sheets ပါဝင်ပါသည်။ Epson Stylus Color နှင့် Epson Stylus Photo Printer မျိုးစုံနှင့် Compatible ဖြစ်သောကြောင့် အိမ်သုံး၊ ရုံးသုံး နှင့် ဓာတ်ပုံပုံနှိပ်လုပ်ငန်းများအတွက် အဆင်ပြေစွာ အသုံးပြုနိုင်ပါသည်။

Epson L15150 Ori Refill (008)
115,000 Ks

Epson L15150 Refill BK(008)လေးကတော့ Original ဆေးရည်ဖြစ်သဖြင့် မိမိ၏ printer အတွက်ထိခိုက်မူမရှိ အသုံးပြုနိုင်မှာဖြစ်ပါသည်။

Epson L3250 Inkjet Printer (Print,Copy,Scan,Wifi,4 Colour)
1,300,000 Ks

Epson L-3250 မှာတော့ 4Colour ၊Printing Resolution 5760 x 1440 DPI နဲ့ဖြစ်ပြီး ကျစ်လစ်တဲ့ ဒီဇိုင်းနဲ့ ဓာတ်ပုံဆရာတွေအတွက်လဲ အဆင်ပြေတဲ့ Printer လေးဖြစ်ပါသည်။Multifunction (3-in-1): Print, scan, copy ပြုလုပ်နိုင်တဲ့အပြင် Wifi Direct ဖြစ်တာကြောင့် Wireless အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။

Epson L-3210 Printer (Print,Copy,Scan) NW
930,000 Ks

Epson L-3210 Printer သည် Color Printer အမျိုးအစားဖြစ်ပြီး Print Resolution 5760 x 1440 dpi ပါဝင် ပါသည်။ Printing Speed အနေဖြင့် Approx 5.0 ipm ပါရှိပြီး Print, Scan, Copy တို့ကို A4, Legal အရွယ်အစား ထိအရည်အသွေးပြည့်ဝစွာထုတ်နိုင်တာကြောင့် အရည်သွေးကောင်း တဲ့ Printer လေးဖြစ်ပါသည်။

Epson 057 Ink Refill
70,000 Ks

EPSON L8050, EPSON L18050, L8150W တွေနဲ့ အသုံးပြုနိုင်ပြီး အရည်သွေးကောင်းတဲ့ Refill လေးဖြစ်ပါတယ်။

Epson L8050 Inkjet Printer (Print Only,6 Colour)
2,380,000 Ks

Epson L-8050 မှာတော့ 6Colour ၊Printing Resolution 5760 x 1440 DPI နဲ့ဖြစ်ပြီး ကျစ်လစ်တဲ့ ဒီဇိုင်းနဲ့ ဓာတ်ပုံဆရာတွေအတွက်လဲ အဆင်ပြေတဲ့ Printer လေးဖြစ်ပါသည်။ ဒီဇိုင်းဆွဲမှု့၊ ဓာတ်ပုံများနှင့် DVD/CD နှင့် PVC/ID ကတ်ပုံနှိပ်ခြင်းကဲ့သို့သော စွယ်စုံသုံးမီဒီယာပုံနှိပ်ခြင်းများအတွက် ကုန်ကျစရိတ်သက်သာစေပါသည်။ 8.0 ipm (A4) အထိ လျင်မြန်သော ပရင့်အမြန်နှုန်းဖြင့် အရောင် 6 ရောင် ဖန်တီးထားသော သာလွန်အရည်အသွေးရှိသော ဓာတ်ပုံများကိုထုတ်ပေးနိုင်ပါသည်။ Epson Heat-Free Technology ဖြင့်ပါဝါသုံးစွဲမှု နည်းပါးချိန်တွင် မှင်ထုတ်သည့် လုပ်ငန်းစဉ်တွင် အပူမလိုအပ်သောကြောင့် မြန်နှုန်းမြင့်ပုံနှိပ်ခြင်းကို ရရှိစေပါသည်။ 

Epson L14150 A3 Inkjet Printer NW (Print,Copy,Scan,Duplex,Fax,4 Colour)
3,530,000 Ks

Epson L-14150 မှာတော့ Printing Resolution 4800 x 1200DPI နဲ့ဖြစ်ပြီး ရေစိုခံ Black မင်ဘူး (၁)ဘူးလျှင် ရွက်ရေ (၇၅၀၀) ၀န်းကျင်အထိ print ထုတ်နိုင်ပြီးတော့ ကာလာ(၃)ရောင်ပေါင်း ရွက်ရေ (၆၀၀၀)၀န်းကျင် print ထုတ်ပေးနိုင်သော အမျိုးအစား ဖြစ်ပါတယ်။ Epson ရဲ့ Heat-Free Technology ကို အသုံးပြုထားတဲ့အတွက်ကြောင့်လျှပ်စစ်မီးသုံးစွဲမှု အလွန်သက်သာစေသည့်အပြင်မိတ္တူကူးကူး၊ စကင်ပဲဖတ်ဖတ် အလွယ်တကူ အသုံးပြုရန်အတွက် (2.7”) Color LCD Touch Screenထည့်သွင်းပေးထားပရင်တာအမျိုးအစားအသစ်ဖြစ်ပါတယ်။

Epson L15150 A3 All In One Inkjet Printer
5,320,000 Ks

Epson EcoTank L15150 သည် A3+ အရွယ်အစားနှင့် Wi-Fi, Duplex စွမ်းဆောင်ရည်များပါဝင်သည့် All-in-One Ink Tank Printer တစ်ခုဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းများနှင့် အိမ်သုံးရုံးများအတွက် အထူးသင့်လျော်ပါသည်။ISO/IEC 24734 အရ၊ အနက်ရောင် 25 စာမျက်နှာ/မိနစ်၊ အရောင် 12 စာမျက်နှာ/မိနစ် အထိ ပုံနှိပ်နိုင်ပါသည်။4,800 x 2,400 dpi အထိ အရည်အသွေးမြင့် ပုံနှိပ်နိုင်ပြီး၊ DURABrite™ ET pigment အရောင်များကို အသုံးပြုထားသည်။ပုံနှိပ်၊ စကင်၊ ကူးယူနှင့် ဖက်စ်လုပ်ငန်းများကို အားပေးပါသည်။ A3+ (329 x 483 mm) အထိ ပုံနှိပ်နိုင်ပါသည်။ A3 အရွယ်အစားအထိ စာရွက် 50 စာရွက် ထည့်သွင်းနိုင်ပါသည်။33.6 kbps အထိ ဖက်စ်လုပ်ငန်းများကို ပံ့ပိုးပါသည်။USB, Ethernet, Wi-Fi, Wi-Fi Direct စသည်ဖြင့် ချိတ်ဆက်နိုင်ပါသည်။Epson iPrint အက်ပ်၊ Apple AirPrint စသည်ဖြင့် မိုဘိုင်းပုံနှိပ်ခြင်းကို ပံ့ပိုးပါသည်။

Epson DS-530 II Scanner
3,870,000 Ks

Epson ကနေထုတ်ထားတဲ့ DS-530 II Scanner လေးသည် စာရွက်စာတမ်းများကို အလွယ်တကူ scan ဖတ်နိုင်ပြီး စာမျက်နှာ အရွက်၅၀ အထိအလိုအလျှောက် ADF စနစ်ဖြင့် စကန်ဖတ်ပေးနိုင်ပါသည်။ လုပ်ငန်းနှင့်ရုံးသုံးတွေအနေနဲ့လည်း နေ့စဉ်စာရွက်ထိ  4000 ထိအမြင့်ဆုံးအသုံးပြုနိုင်ပါသည်။  (ထိုအပြင် TWAIN နှင့် ISIS Driver များကို ထောက်ပံ့ပေးထားသဖြင့် စာရွက်စာတမ်းစီမံခန့်ခွဲမှု Software များနှင့်လည်း လွယ်ကူစွာ တွဲဖက်အသုံးပြုနိုင်ပါသည်။ ) Features  အနေနဲ့ ဗလာစာမျက်နှာများအလိုအလျောက်လှည့်ခြင်း ၊ ဖြတ်တောက်ခြင်း များပြုလုပ်ပေးပါသည်။ 

Epson Perfection V370 Photo Scanner
840,000 Ks

Epson Perfection V370 Photo Scanner ကတော့ ဓာတ်ပုံတွေ၊ စာရွက်စာတမ်းတွေ၊ အထူးသဖြင့် ဖလင်နဲ့ slide တွေကို scan ဖတ်ဖို့အတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ Flatbed Scanner တစ်လုံး ဖြစ်ပါတယ်။ 4800 x 9600 dpi optical resolution နဲ့ scan ဖတ်နိုင်တာကြောင့် ဓာတ်ပုံတွေကို အရည်အသွေးမြင့်မားစွာနဲ့ အသေးစိတ် ဖမ်းယူနိုင်ပါတယ်။ဒီ scanner ရဲ့ အဓိက ထူးခြားချက်တစ်ခုကတော့ သူ့ရဲ့အဖုံးမှာ Transparency Unit (TPU) ပါဝင်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် 35mm ဖလင်ပြား (6 frames အထိ) နဲ့ mounted slide (4 frames အထိ) တွေကို တိုက်ရိုက် scan ဖတ်နိုင်ပြီး၊ ဒီဂျစ်တယ်ပုံစံ (digital format) အဖြစ် ပြောင်းလဲ သိမ်းဆည်းနိုင်ပါတယ်။ReadyScan® LED နည်းပညာ ကြောင့် scanner ကို ဖွင့်ပြီးတာနဲ့ ချက်ချင်း အလုပ်လုပ်နိုင်ပြီး warm-up (နွေးစရာ) မလိုပါဘူး။scanner ရဲ့ အဖုံးကို မြင့်တင်နိုင်တဲ့ စနစ်ကြောင့် ထူထဲတဲ့ စာအုပ်တွေ၊ မဂ္ဂဇင်းတွေ၊ ဒါမှမဟုတ် သုံးဖက်မြင် ပစ္စည်းအသေးလေးတွေကိုပါ scan ဖတ်နိုင်ပါတယ်။Document Capture ဆော့ဖ်ဝဲလ်ကို အသုံးပြုပြီး scan ဖတ်ထားတဲ့ ပုံတွေကို cloud storage services တွေဆီ တိုက်ရိုက် တင်နိုင်ပါတယ်။One-touch ခလုတ်တွေကို အသုံးပြုပြီး စာရွက်စာတမ်းတွေကို PDF ဖိုင်အဖြစ် ပြောင်းလဲနိုင်သလို၊ ရှာဖွေနိုင်တဲ့ PDF (Searchable PDF) ဖိုင်တွေလည်း ဖန်တီးနိုင်ပါတယ်။

Epson L6390 Inkjet Printer (Print,Copy,Scan,Fax,Duplex,WiFi,4 Colour)NW
2,360,000 Ks

Epson L6390 Inkjet Printer လေးသည် Print, Scan, Copy, Fax အသုံးပြုလို့ရတဲ့ All in One Printer လေးဖြစ်ပါသည်။ ADF (Automatic Document Feeder) ပါဝင်သောကြောင့်အလုပ်မရှုပ်စေတော့ဘဲ စာရွက်များကို စနစ်တကျ Scan ဖတ်နိုင်ပါသည်။ Automatic duplex printing ပါဝင်တဲ့အပြင် (Wi-Fi, Wi-Fi Direct) + Ethernet ပါတာကြောင့် ဖုန်းနဲ့ချိတ်ပြီး Print ထုတ်နိုင်ပါသည်။ A4, A5, A6, B5, Letter, Legal, envelopes များကို‌ 4,800 × 1,200 dpi ဖြင့် အရည်အသွေးပြည့်ဝစွာဖြင့် ထုတ်နိုင်ပါသည်။

Epson EB-E12 LCD Projector (XGA) NW
2,160,000 Ks

Epson EB-E12 LCD Projector ဟာ Epson ရဲ့ လုပ်ငန်းသုံးနဲ့ ပညာရေးသုံးအတွက် ထုတ်လုပ်ထားတဲ့ Entry-Level Projector တစ်လုံး ဖြစ်ပါတယ်။Brightness: အလင်းအား 3,600 Lumens ရှိတဲ့အတွက် အလင်းရောင် အသင့်အတင့်ရှိတဲ့ အခန်းတွေမှာတောင် ပုံရိပ်ကို တောက်တောက်ပပ မြင်ရပါတယ်။။ ဒီပမာဏက ရုံးခန်းတွေ၊ စာသင်ခန်းတွေ ဒါမှမဟုတ် အလင်းရောင် အသင့်အတင့်ရှိတဲ့ နေရာတွေမှာ Presentation တွေနဲ့ ဗီဒီယိုတွေကို ကြည်လင်ပြတ်သားစွာ ပြသနိုင်ဖို့ လုံလောက်ပါတယ်။Resolution: XGA (1024 x 768) ဖြစ်တဲ့အတွက် Presentation စာသားတွေ၊ ပုံတွေကို ကြည်ကြည်လင်လင် ပြသပေးနိုင်ပါတယ်။Epson ရဲ့ မူပိုင် 3LCD စနစ်ကို သုံးထားလို့ ပုံရိပ်ရဲ့ အရောင်အသွေးတွေက သဘာဝအတိုင်း မှန်ကန်ပြီး Rainbow Effect (အရောင်ပြန့်တာ) မဖြစ်စေပါဘူး။HDMI နဲ့ VGA Port တွေ ပါဝင်လို့ Laptop၊ PC တွေနဲ့ အလွယ်တကူ ချိတ်ဆက်နိုင်ပါတယ်။Eco Mode နဲ့ သုံးမယ်ဆိုရင် မီးသီးသက်တမ်းက နာရီပေါင်း (12,000 Hours) အထိ ခံပါတယ်။

Epson EB-E12 LCD Projector (XGA)
2,980,000 Ks

Epson EB-E12 LCD Projector ကတော့ အဓိကအားဖြင့် ရုံးခန်းတွင်း Meeting များ၊ သင်တန်းကျောင်းများနှင့် စာသင်ခန်းများ (Business & Education) အတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ လုပ်ဆောင်ချက်ကောင်းမွန်ပြီး တန်ဖိုးသင့်တင့်တဲ့ Model တစ်ခု ဖြစ်ပါတယ်။Epson ရဲ့ နာမည်ကြီး 3LCD နည်းပညာကို သုံးထားလို့ တခြား DLP Projector တွေထက် အရောင်အသွေး ပိုမိုစိုပြည် တောက်ပပြီး သဘာဝကျကျ မြင်တွေ့ရမှာ ဖြစ်ပါတယ်။အလင်းပမာဏ 3,600 Lumens ရှိတာကြောင့် နေ့ခင်းဘက်ဖြစ်စေ၊ မီးလင်းနေတဲ့ အခန်းထဲမှာဖြစ်စေ ဝေဝေဝါးဝါးမဖြစ်ဘဲ စာသားနဲ့ ပုံရိပ်တွေကို ကြည်လင်ပြတ်သားစွာ ပရိုဂျက်တာ ဆွဲနိုင်ပါတယ်။Aspect Ratio 4:3 ဖြစ်ပြီး Standard ရုံးသုံး/ကျောင်းသုံး Presentation slides တွေ၊ စာသားတွေနဲ့ Chart တွေကို သေသပ်ပြတ်သားစွာ ပြသပေးနိုင်ပါတယ်။Contrast Ratio 15,000:1 ရှိလို့ အမည်းရောင်နဲ့ အဖြူရောင် ကွာခြားမှုကို သေချာခွဲခြားပြသပေးနိုင်ပါတယ်။Eco Mode အသုံးပြုပါက မီးသီးသက်တမ်း နာရီ ၁၂,၀၀၀ (12,000 Hours) အထိ ခံပြီး၊ Normal Mode မှာတော့ နာရီ ၆,၀၀၀ အထိ အသုံးခံပါတယ်။

Epson DS 410 Duplex Document Scanner
3,445,000 Ks

Epson WorkForce DS-410 Duplex Document Scanner ကတော့ ရုံးလုပ်ငန်းသုံးနဲ့ လုပ်ငန်းခွင်တွေမှာ စာရွက်စာတမ်းတွေကို အချိန်တိုအတွင်း Speed အမြန်ဆုံးနဲ့ Digital ပြောင်းလဲသိမ်းဆည်းရောင်းချင်သူတွေအတွက် အထူးသင့်လျော်တဲ့ Sheet-fed (အချပ်လိုက်ဆွဲ) Scanner အမျိုးအစားဖြစ်ပါတယ်။စာရွက်တစ်ရွက်ရဲ့ ရှေ့မျက်နှာပြင်ရော နောက်မျက်နှာပြင်ပါ (အပေါ်/အောက်) ကို တစ်ခါတည်း တစ်ပြိုင်နက် Scan ဖတ်ပေးနိုင်တဲ့အတွက် အချိန်ကုန်သက်သာစေပါတယ်။A4 Size အထိပဲ တိုက်ရိုက်ဖတ်လို့ရပေမယ့် A3 စာရွက်ကို အလယ်ကနေ ခေါက်ပြီး Scan ဖတ်ရင် Software ကနေ အလိုအလျောက် ပုံပြန်ဆက်ပေးနိုင်တဲ့ Feature ပါဝင်ပါတယ်။စာရွက်နှစ်ရွက် ပူးကပ်ပါသွားတာမျိုး ဒါမှမဟုတ် စာရွက်ညှပ်ပြီး ပျက်စီးသွားတာမျိုး မဖြစ်အောင် ကာကွယ်ပေးတဲ့ စနစ် ပါဝင်ပါတယ်။Scan ဖတ်လိုက်တဲ့ File တွေကို ပုံမှန် Image အပြင် စာသားတွေကို ပြန် Copy ကူးလို့ရမယ့် Searchable PDF ဒါမှမဟုတ် Word, Excel File တွေအဖြစ်ပါ ပြောင်းလဲသိမ်းဆည်းနိုင်ပါတယ်။