Marshall Major V Wireless Headphone
Marshall ရဲ့ Major V လေးကတော့ Bluetooth Version 5.3 နဲ့ ချိတ်ဆက်မှုမြန်ဆန်စေပြီး အားကောင်းတဲ့ Bass သံကိုပေးစွမ်းမှာဖြစ်ပါသည်။ ပိုမိုကောင်းမွန်သော အရည်အသွေးအတွက် LE နည်းပညာပါသော အနက်ရောင်ကြိုးမဲ့နဲ့ Major V ဖြင့် ထာဝရ Hi-Fi Marshall အသံကိုနားဆင်နိုင်မှာဖြစ်ပါသည်။ အားပြင်းသော 40mm ဒရိုက်ဘာများနှင့် စွဲမက်ဖွယ်ကောင်းသော နာရီ 100 ဘက်ထရီသက်တမ်းတို့နှင့်အတူ တစ်နေကုန် နားထောင်းခြင်းအတွက် ပြီးပြည့်စုံသောအဖော်ဖြစ်ပါသည်။
Marshall Acton III Bluetooth Speaker
Marshall Acton III က Marshall ရဲ့ Home Lineup ထဲမှာ အရွယ်အစား အငယ်ဆုံးနဲ့ လူကြိုက်အများဆုံး Bluetooth Speaker တစ်ခုဖြစ်ပါတယ်။Acton III မှာ Tweeters တွေကို အပြင်ဘက်ကို အနည်းငယ် စောင်းပေးထားတဲ့အတွက် အသံက အခန်းထဲမှာ ပိုပြီး ပျံ့နှံ့စေပါတယ်။Dynamic Loudness Feature ကြောင့် အသံအတိုးအကျယ် ဘယ်လောက်ပဲထားထား Bass, Mid နဲ့ Treble Balance ကို အလိုအလျောက် ညှိပေးလို့ အသံမကွဲဘဲ ကြည်ကြည်လင်လင် ထွက်ပါတယ်။Woofer အတွက် 30 Watt Class D Amp တစ်ခုနဲ့ Tweeters တွေအတွက် 15 Watt Class D Amps နှစ်ခု ပါဝင်တဲ့အတွက် စုစုပေါင်း 60 Watts ထွက်ပါတယ်။ အခန်းလတ်တစ်ခုစာအတွက် အသံအကျယ်ကြီး ထွက်နိုင်ပါတယ်။အပေါ်ဘက်မှာ Volume, Bass, Treble အတွက် နာမည်ကြီး Analog Knob လှည့်ခလုတ်တွေ ပါဝင်ပါတယ်။
Marshall Emberton III Portable Bluetooth Speaker
Marshall Emberton III Portable Bluetooth Speaker သည်Marshall ရဲ့ ကိုယ်ပိုင်နည်းပညာဖြစ်တဲ့ 360° အသံစနစ်ပါဝင်လို့ ဘယ်ဘက်ကပဲ နားထောင်နားထောင် အသံ တညီတည်း ထွက်ပေါ်စေပါတယ်။အသံအတိုးအကျယ်အပေါ် မူတည်ပြီး Bass နဲ့ Treble ကို အလိုအလျောက် ချိန်ညှိပေးလို့ အသံအေးအေးနားထောင်ချိန်မှာရော အသံကျယ်ကျယ်ဖွင့်ချိန်မှာပါ အသံမကွဲဘဲ ကြည်လင်နေမှာပါ။တစ်ခါအားသွင်းထားရင် ၃၂ နာရီကျော် အထိ အဆက်မပြတ် သုံးနိုင်ပါတယ်။အရေးပေါ်သုံးချင်ရင် ၂၀ မိနစ် အားသွင်းရုံနဲ့ ၆ နာရီ ကြာ ပြန်ဖွင့်လို့ရပါတယ်။ အားအပြည့်သွင်းဖို့အတွက်တော့ ၂ နာရီ ဝန်းကျင်ပဲ ကြာပါတယ်။