LG Non-Smart TV Remote
20,000 Ks

LG Non-Smart TV Remote လေးကတော့ LG Non-Smart TV အတွက် အသုံးပြုရအဆင်ပြေစေသော Remote လေးဖြစ်ပါသည်။

LG GVB242PLGB Two Refrigerator (243L)
2,399,000 Ks

LG GVB242PLGB Two Door Refrigerator လေးသည် Gross(storage) Total: 263 L၊ Net Total: 243L ဝင်ဆံ့ပါသည်။ Door Cooling+™, Multi‑Air Flow စနစ်များ ဖြင့် အအေးမြန်ဆန်ပြီး Total No‑Frost system နှင့် Refrigerant R600a ကိုအသုံးပြုပေးထားပါသည်။ တံခါးမပိတ်ထားလျှင် အသံသတိပေးသံထုတ်ပေးသည့် Door Alarm ပါဝင်ပါသည်။ ဟင်းသီးဟင်းရွက်၊ အသားငါးတွေကို အေးခဲလွန်ပြီး မလတ်မဆတ်ဖြစ်ခြင်း၊ အဟာရလျော့နည်းသွားခြင်းတို့ကို ကာကွယ်ပေးပြီး မူလအရသာတိုင်းလတ်ဆတ်စွာ ထိန်းသိမ်းပေးထားနိုင်မည့် Refrigerator လေးဖြစ်ပါသည်။

LG S3Q12JAPAL Split Type Aircon (1.5HP, R32, Inverter)
2,799,000 Ks

LG S3Q12JAPAL Split Type Aircon လေးသည် Capacity 1.5HP နဲ့ဖြစ်ပြီး အိပ်ခန်းကျယ်ကျယ် ဒါမှမဟုတ် ဧည့်ခန်း အလတ်စား (၁၅၀ မှ ၂၀၀ စတုရန်းပေ ပတ်ဝန်းကျင်) အတွက် အထူးသင့်လျော်ပါသည်။ Dual Inverter နည်းပညာကို အသုံးပြုထားတာကြောင့် စွမ်းအင်ချွေတာမှုမှာရော အအေးမြန်ဆန်မှုမှာပါ အလွန်ကောင်းမွန်ပါသည်။ Dual Inverter Compressor ဖြစ်တာမို့ သာမန် Inverter တွေထက် ပိုမိုမြန်ဆန်စွာ အေးမြစေပြီး လျှပ်စစ်မီးကို ၇၀% ထိ ချွေတာပေးနိုင်သလို ဆူညံသံကိုလည်း အနိမ့်ဆုံးအထိ လျှော့ချပေးနိုင်ပါသည်။ R32 Refrigerant က သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု့နည်းစေတဲ့အပြင် မီးအား အတက်အကျရှိတဲ့ နေရာတွေမှာ အဲကွန်းပျက်စီးမှုကို ကာကွယ်ပေးနိုင်တဲ့ Safe Voltage Range ပါဝင်ပါသည်။ Gold Fin™ Condenser နဲ့ပြုလုပ်ထားတာကြောင့် အပြင်ပိုင်းကွိုင်တွေကို သံချေးတက်ခြင်းနဲ့ တိုက်စားခြင်းများကနေ ကာကွယ်ပေးတာကြောင့် ရေရှည်အသုံးပြုရာတွင် အဆင်ပြေစေမည့်ပစ္စည်းလေးဖြစ်ပါသည်။

LG OLED77G5PSA 77" QLED AI Processor 4K Smart TV
35,490,000 Ks

LG OLED77G5PSA TV ဟာ LG ရဲ့ ၂၀၂၅ ခုနှစ်ထွက် အကောင်းဆုံးနဲ့ အမြင့်ဆုံး Gallery Series TV အမျိုးအစား ဖြစ်ပါတယ်။  အဆင့်မြင့် OLED နည်းပညာကို အသုံးပြုထားတာဖြစ်လို့ Pixel တစ်ခုချင်းစီက အလင်းကို အပိတ်အဖွင့် လုပ်နိုင်စွမ်းရှိပါတယ်။ ဒါကြောင့် အမည်းရောင်ကို စစ်စစ်အတိုင်း မြင်တွေ့ရမှာဖြစ်သလို ကာလာအရောင်အသွေးတွေကလည်း အလွန်တောက်ပပြီး သဘာဝကျလှပါတယ်။ အထူးသဖြင့် LG ရဲ့ နောက်ဆုံးပေါ် α11 AI Processor 4K ကို ထည့်သွင်းပေးထားလို့ ရုပ်ထွက်နဲ့ အသံပိုင်းကို AI က အလိုအလျောက် အကောင်းဆုံးဖြစ်အောင် ပြုပြင်ပေးနိုင်ပြီး ယခင်မော်ဒယ်တွေထက် ပိုမိုမြန်ဆန် စမတ်ကျလာတာကို တွေ့ရမှာပါ။

LG GNB262PQSF Two Door Refrigerator (266L)
3,299,000 Ks

LG GNB262PQSF Two Door Refrigerator (266L) သည် LG ရဲ့ Inverter နည်းပညာကြောင့် အအေးနှုန်းကို လိုအပ်သလို အလိုအလျောက် ထိန်းညှိပေးနိုင်ပါတယ်။မီးအားစားသက်သာပြီး ဆူညံသံနည်းပါးပါတယ်။ရေခဲသေတ္တာအတွင်းပိုင်း နေရာအနှံ့ကို အအေးဓာတ်ညီတူညီမျှ ရောက်ရှိစေလို့ အစားအသောက်တွေကို ပိုမိုလတ်ဆတ်စေပါတယ်။အသီးအရွက်အကန့်မှာ စိုထိုင်းဆကို ထိန်းညှိပေးတဲ့အတွက် အသီးအနှံတွေ ပုပ်သိုးလွယ်ခြင်းမှ ကာကွယ်ပေးပါတယ်။