Midea FZ10 18TRB Tower Fan
Midea FZ10 18TR Tower Fan လေးကတော့ 3 Speeds နဲ့ ချိန်ညှိအသုံးပြုနိုင်ပြီး Remote Control နဲ့မို့ အဆင်ပြေစေမှာဖြစ်ပါတယ်။ 7 Hour Timer ပါဝင်ပြီး အသုံးပြုရ အဆင်ပြေတဲ့ Fan လေးဖြစ်ပါတယ်။
Midea MID-M100B 1.5L Vacuum Cleaner
ခိုင်ခံ့သောစွမ်းအားနှင့် Multi-filtration စနစ်သည် ဖုန်မှုန့်များနှင့် အမှုန်များကို ပိုမိုဖမ်းယူနိုင်ပြီးသင့်၏အိမ် သို့မဟုတ် ရုံးခန်း အလုပ်ရုံများအား အမှန်တကယ်သန့်ရှင်းစေပါသည်။ လေထဲမှဖုန်မှုန့်များကိုလည်း ဖယ်ရှားနိုင်ပါသည်။
Midea MID-YL1631S Top Load Water Dispenser (Normal, Hot, Cold)
Midea MID-YL1631S သည် Hot normal & cool ရရှိသောစက်လေးပဲဖြစ်ပါတယ်။ အပူနဲ့အအေးရရှိမှာဖြစ် လို့ ရာသီဥတုမရွေး အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ ရေနွေးဘဲ သောက်မလား ရေအေးလေးဘဲ သောက်မလား လုံး၀ကိုအဆင်ပြေစေမဲ့ပစ္စည်းလေဆိုတာကတော့သေချာပါတယ်။ Cooling power အနေနဲ့ကတော့ 100W ရှိမှာ ဖြစ်ပြီး heating power ကတော့ 420W ရရှိမှာဖြစ်ပါတယ်။အားသာချက်အနေနဲ့ကတော့စွမ်းအင်ချွေတာခြင်း အလေးချိန်နည်းခြင်း ရေရှည်ခံခြင်း စတာတွေပဲဖြစ်ပါတယ်။
Midea C100R Vacuum Cleaner
အလေးချိန်ပေါ့ပါးကျစ်လစ်၍အသုံးပြုရလွယ်ကူစေပါသည်။ကြမ်းခင်းနှင့်ကော်ဇောအတွက်အထူးသင့်တော်သည်။ Power 1200W ဖြစ်သဖြင့် စုတ်ယူမူအားကောင်းခြင်းသာမက ဆူညံသံများကိုလဲလျော့ချပေးပါသည်။
Midea YL1732S-W Top Load Water Dispenser (Normal, Hot, Cold)
Midea ကထွက်ရှိထားတဲ့Midea water dispenser လေးက တော့ အပူ အအေးနှစ်မျိုး စလုံးကို ရရှိမှာဖြစ်ပါတယ်။ Power အနေနဲ့ကHeating Power 420 W, Cooling Power 100W ကိုသုံးပေးထားတာကြောင့်အသုံးပြုရအဆင်ပြေစေမည့်ပစ္စည်းလေးဖြစ်ပါသည်။ YL1732SW သည် အလွန်အသုံးဝင်သော ပစ္စည်းဖြစ်ပြီး အအေး၊ အလယ်အလတ်နှင့် ရေနွေးတို့ကို ထောက်ပံ့ပေးတဲ့အပြင် ကျန်းမာရေးနဲ့ ညီညွတ်မှုရှိပြီး ဘတ်တီးရီးယား ပိုးမွှားတွေကို သန့်စင်ပေးသည်။
Midea Storage Water Heater(D100-15VH1)100Liter
Midea Storage Water Heater(D100-15VH1)ကတော့ Capacity 100Literဖြစ်ပြီး အပူချိန်ကို 75°C အထိ အချိန်ကြာမြင့်စွာ ထိန်းထားနိုင်တဲ့အပြင် ကြွေရည်စိမ်ထားတဲ့ Tank ကို အသုံးပြုထားတဲ့အတွက် ထုံးဓာတ်တိုက်စားခြင်းကိုလည်း ခံနိုင်ပါတယ်။ရေအပူချိန်ကို အလွယ်တကူချိန်ညှိပေးနိုင်တဲ့ Controller ပါတဲ့အပြင်အရည်အသွေးမြင့် Stainless Steel ကို အသုံးပြုပြီးအပူပေးတာကြောင့် အိမ်တိုင်းမှာ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။
Midea FW40-6H 16" AC Wall Fan
Midea Wall Fan လေးကတော့ Power 60W, Voltage 220V နဲ့ အလုပ်လုပ်ပေးမှာဖြစ်ပါတယ်။အေးမြမှုကို အပြည့်အဝ ခံစားနိုင်မှာဖြစ်ပြီး အမြန်နှုန်း သုံးဆင့်ဖြင့် ပြုလုပ်ပေးနိုင်တာကြောင့် လူကြီးမင်းတို့ အကြိုက် တွေ့နိုင်မှာ ဖြစ်ပါတယ်။
Midea Gas Strove (T211G)
Midea Gas Strove လေးမှာတော့ 4.7 kW နဲ့ အလုပ်လုပ်ပေးမှာဖြစ်လို့ လျင်မြန်စွာ ချက်ပြုတ်နိုင်မှာဖြစ်ပါတယ်။ Gas သုံးစွဲမှု ၂၀ ရာခိုင်နှုန်းလျော့နည်းပြီး သန့်ရှင်းရလွယ်ကူတာကြောင့် သုံးရအဆင်ပြေစေတဲ့ ပစ္စည်းလေးဖြစ်ပါတယ်။
Midea VTW21A15T-A Vacuum Cleaner
Midea Vacuum Cleaner လေးမှာတော့ Power 1600W နဲ့ Blower Function အလုပ်လုပ်ပေးမှာဖြစ်ပါတယ်။ အလွယ်တကူရွေ့လျားနိုင်ပြီး အသုံးပြုရအဆင်ပြေတာကြောင့် အရည်သွေးကောင်းတဲ့ ပစ္စည်းလေးဖြစ်ပါတယ်။
Midea CupBoard (MXV-ZLP30T11S-R) Sterilizer 35Liter
Midea CupBoard (MXV-ZLP30T11S-R) Sterilizer 35Liter မှာတော့ ဝင်ဆန့်ပြီး သေးငယ်ပေါ့ပါးတဲ့ အရွယ်အစားကြောင့် နေရာ လည်း အရမ်းမယူသလို ရွေ့ပြောင်းရလည်း လွယ်ကူစေပါတယ်။ဆေးကြောပြီးသား ပန်းကန်တွေကို စက်ထဲထည့်ပြီး timer ပေးထားရုံနဲ့ ပိုးသတ်တာရော၊ အခြောက်ခံတာပါ လုပ်ဆောင်ပေးသွားမှာဖြစ်တာကြောင့် အသုံးပြုရ အဆင်ပြေစေမှာဖြစ်ပါတယ်။
Midea Storage Water Heater(D80-15A)
Midea Storage Water Heater D80-15A Model မှာတော့ Capacity 80Liter ရှိပြီး Power 1000Wနဲ့ အလုပ်လုပ်ပေးမဲ့အပြင် Batteries တွေကိုပါ သန့်စင်ပေးမှာဖြစ်တာကြောင့် အဆင်ပြေစေမှာပဲဖြစ်ပါသည်။ Capacity များများပါတဲ့အတွက် မိသားစုအရေအတွက်များတဲ့ နေအိမ်များတွင်သာမက Hotel လုပ်ငန်းတွေအတွက်ပါ အသုံးပြုနိုင်ပါသည်။ Hygiene AG+ နဲ့ တပ်ဆင်ထားတာကြောင့် ဘက်တီးရီးယားတွေနဲ့ ပိုးမွှားတွေကို သန့်စင်ပေးနိုင်ပြီးတော့ ရေကို ကြာရှည်စွာကြည်လင်နေစေပါသည်။ Water Tank ကိုလည်း Titanium အလွှာ ၃ခုဖြင့် ပြုလုပ်ထားတာကြောင့် ရေအပူချိန်ကို အချိန်ကြာမြင့်စွာ ထိန်းထားနိုင်ပါသည်။
Midea (MSAG-09CRDN8) 1HP
Midea Aircon မှာတော့ မှာတော့ Inverter အမျိုးအစားဖြစ်ပြီး မီးအားစားသက်သာစေမှာဖြစ်ပါတယ်။ဆူညံမှုမရှိဘဲ အလုပ်လုပ်ပေးပြီး စွမ်းအင်သုံးစွဲမှုလဲ လျော့နည်းတာဖြစ်တာကြောင့် အဆင်ပြေစေမှာဖြစ်ပါတယ်။ R-32 refrigerant Gas ကို အသုံးပြုပေးထားတာဖြစ်ပါတယ်။ Four way air flow system နဲ့ အလုပ်လုပ်ပေးမှာဖြစ်ပြီး Diamond cabinet design နဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ပတ်ဝန်းကျင်အတွက် ပိုမိုကောင်းမွန်စေရန်၊ လျှပ်စစ်မီတာခများကို သက်သာစေပြီး အပူချိန်ကို တင်းကျပ်စွာ ထိန်းသိမ်းထားနိုင်ရန် ဒီဇိုင်းထုတ်ထားသည်။
Midea C100B Vacuum Cleaner
အလေးချိန်ပေါ့ပါးကျစ်လစ်၍အသုံးပြုရလွယ်ကူစေပါသည်။ကြမ်းခင်းနှင့်ကော်ဇောအတွက်အထူးသင့်တော်သည်။ Power 1200W ဖြစ်သဖြင့် စုတ်ယူမှုအားကောင်းခြင်းသာမက ဆူညံသံများကိုလဲလျော့ချပေးပါသည်။
Midea VTW21A15T Vacuum Cleaner
Midea VTW21A15T Vacuum Cleaner မှာတော့ Dust Capacity 21 Liters ဝင်ဆန့်မှာဖြစ်တာကြောင့် ဖုန်မှုန့်နှင့်အညစ်အကြေးများကို မကြာခဏစွန့်ပစ်ပေးစရာမလိုပဲ သိုလှောင်ထားလို့ရပါသည်။ အမှိုက် အစို/အခြောက် စတဲ့ အရာများကိုလဲ စုတ်ယူပေးနိုင်ပါသည်။ HEPA Filter ကိုအသုံးပြုပေးထားပြီး Blower Function ကြောင့် လက်လှမ်းမမီနိုင်သော နေရာများကိုတောင် အလွယ်တကူသန့်ရှင်းပေးနိုင်ပါသည်။
Midea Aircon (MSAG-18CRN8 )Non-Inverter Type
Midea Aircon (MSAG-18CRN8 ) သည် capacity 2hp ရှိပြီး အလွယ်တကူသန့်ရှင်းရေးလုပ်နိုင်ပြီး Faster Cooling ကြောင့် အခန်းတွင်းအပူချိန်ကိုလဲ အချိန်ခဏအတွင်းမှာ လျော့ ချနိုင်မှာဖြစ်ပါတယ်။R32 Gas နဲ့ဖြစ်ပြီး အသုံးပြုရ အဆင်ပြေစေမှာဖြစ်ပါတယ်။18000 BTU ဖြစ်ပါတယ်။ ဒါဟာ ခန့်မှန်းခြေအားဖြင့် 180 စတုရန်းပေမှ 280 စတုရန်းပေအထိ (သို့) ပေ ၁၅ x ၁၅ မှ ၁၈ x ၁၈ ခန့်ရှိတဲ့ အခန်းများအတွက် အသုံးပြုရန် သင့်တော်ပါတယ်။လျှင်မြန်စွာ အအေးပေးနိုင်သော လုပ်ဆောင်ချက် ပါဝင်ပါတယ်။အဝေးထိန်းခလုတ် (remote) ရှိရာ နေရာကို အာရုံခံနိုင်ပြီး အပူချိန်ကို အလိုက်သင့် ချိန်ညှိပေးပါတယ်။
Midea Storage Water Heater (D50-15VH1) 50 Liter
Midea Storage Water Heater(D50-15VH1)ကတော့ Capacity 50Literဖြစ်ပြီး အပူချိန်ကို 75°C အထိ အချိန်ကြာမြင့်စွာ ထိန်းထားနိုင်တဲ့အပြင် ကြွေရည်စိမ်ထားတဲ့ Tank ကိုအသုံးပြုထားတဲ့အတွက် ထုံးဓာတ်တိုက်စားခြင်းကိုလည်း ခံနိုင်ပါသည်။ ရေအပူချိန်ကို အလွယ်တကူချိန်ညှိပေးနိုင်တဲ့ Controller ပါတဲ့အပြင်အရည်အသွေးမြင့် Stainless Steel ကိုအသုံးပြုပြီး အပူပေးတာကြောင့် အိမ်တိုင်းမှာ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်သောပစ္စည်းလေးဖြစ်ပါသည်။
Midea MSAF-09CRN1 Split Type Aircon (1HP, R410a, Non-Inverter)
Midea ကထုတ်လုပ်ထားတဲ့ MSAF-09CRN1 Aircon မှာတော့ 1Hp နဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 410 refrigerant gas နဲ့သုံးပေးထားတဲ့ အပြင် Four way air flow system နဲ့မို့ အချိန်ခဏအတွင်းမှာ အခန်းတွင်းအပူချိန်ကို လျော့ချပေးမှာဖြစ်ပြီး အေးမြစေမှာဖြစ်ပါတယ်။
Midea MSAG-12CRDN8 Aircon 1.5Hp
Midea ကထုတ်လုပ်ထားတဲ့ MSAG-12CRDN8 Aircon မှာတော့ 1.5Hp နဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။R-32 refrigerant gas နဲ့သုံးပေးထားတဲ့ အပြင် Four way air flow system နဲ့မို့ အချိန်ခဏအတွင်းမှာ အခန်းတွင်းအပူချိန်ကို လျော့ချပေးမှာဖြစ်ပြီး အေးမြစေမှာဖြစ်ပါတယ်။
Midea MDDM-20DEN7 Dehumidifer (R-290 Gas)
Midea ကထုတ်လုပ်ထားတဲ့ MDDM-20DEN7 မှာတော့ Water tank volume 20liters ရှိပြီး အခန်းတွင်း ရေခိုးရေငွေ့ စိုစွတ်မှုများ လျှော့ချနိုင်ပေးတာကြောင့် သက်တောင့်သက်သာရှိတဲ့ အခန်းတွင်းအပူချိန်ရရှိစေပြီး လေထုကိုသန့်စင်စေပါသည်။ မိမိတို့ရဲ့တန်ဖိုးရှိပစ္စည်းများ အစိုပြန်ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်တဲ့အပြင် သုံးစွဲရလွယ်ကူပြီး မီးအားစားသက်သာတာကြောင့် အသုံးစရိတ်လည်း သက်သာစေပါသည်။
Midea D30-25VD1 storage water heater
Midea D30-25VD1 storage water heater ကတော့ Capacity 30 Liter ဖြစ်ပြီး Power 2500 W ပါဝင်ပါသည်။ ELCB စနစ်ကြောင့် လျှပ်စစ်ယိုစိမ့်မှုများကို အလိုအလျောက်ဖြတ်တောက်ပေးနိုင်ပြီး IP25 စနစ်ကလည်း ရေပူစက်အတွင်းသို့ရေများ စိမ့်ဝင်ခြင်းကို အပြည့်အဝကာကွယ်ပေးထားပါသည်။ Body ပိုင်းကိုတော့ နိုင်လွန်ဖိုက်ဘာမှန်ကို အသုံးပြုထားတာမို့ အစိုပြန်ပျက်စီးမှုတွေ မဖြစ်စေပဲလွယ်ကူအဆင်ပြေစွာ အသုံးပြုနိုင်ပါသည်။
Midea FZ10-17K Tower Fan
Midea FZ10-17K Tower Fan မှာတော့ Power 45W နဲ့အလုပ်လုပ်ပေးမှာဖြစ်ပြီး လေအား အဆင့် ၃ဆင့်နဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Timer ပေးအသုံးပြုလို့ရပြီး ဆူညံသံကင်းကင်းနဲ့မို့ အဆင်ပြေမှာဖြစ်ပါတယ်။
Midea MF-CN55D2 Air Fryer
Midea MF-CN55D2 Air Fryer မှာတော့ Capacity 4.7 L နဲ့ ဖြစ်ပြီး 1700W နဲ့ အလုပ်လုပ်ပေးမှာဖြစ်ပါတယ်။ Adjustable temperature 200 ℃ ထိ ချိန်ညှိနိုင်ပြီး အသုံးပြုရ အဆင်ပြေတဲ့ ပစ္စည်းလေးဖြစ်ပါတယ်။
Midea MA200-W130D 13kg Fully Auto Washing Machine
Midea Washing Machine MA200-W130D လေးဟာ အဝတ်များကို သန့်စင်တောက်ပြောင်ပြီးပျက်စီးမှုမရှိအောင် လျှော်ဖွတ်ပေးနိုင်ပါတယ်။Turbo စနစ်ပါလို့ အချိန်တိုတိုအတွင်း ရေအားပြင်းပြင်းနဲ့ ရေဖွတ်နိုင်ပါတယ်။Function (8)မျိုးထိ ရွေးချယ်လျှော်ဖွတ်နိုင်ပြီး အတွင်းပိုင်း Filter ကိုလည်းအလွယ်တကူ ဖြုတ်တပ်ဆေးကြောနိုင်ပါတယ်။
Midea FS40-19K Stand Fan
Midea ကထုတ်ထားတဲ့ FS40-19K လေးကတော့ Stand Fan ကော Table Fan အဖြစ်ပါ mode နှစ်မျိုးပြောင်းသုံးလို့ရတဲ့ 2 in 1 Fan လေးဖြစ်ပါသည်။ ပန်ကာလည်သံကို လျှော့ချပေးထားတာကြောင့် ဆူညံမှုနည်းပါးစေပြီး အနားယူချိန်တွေမှာပါ စိတ်အနှောင့်အယှက်မဖြစ်စေပဲ အသုံးပြုရာတွင်အဆင်ပြေစေမှာပဲဖြစ်ပါသည်။ တပ်ဆင်ရလွယ်ကူစေသောဒီဇိုင်းဖြင့် ပြုလုပ်ဖန်းတီးပေးထားပြီး အရည်အသွေးကောင်းမွန်သော ပစ္စည်းလေးဖြစ်ပါသည်။
Midea D100-15A6 100 Liter Storage Water Heater
Midea ကထုတ်ထားတဲ့ D100-15A6 Storage Water Heater လေးကတော့ Capacity 100Liters ဝင်ဆန့်ပြီး အပူချိန်ကို 75°C အထိအချိန်ကြာမြင့်စွာ ထိန်းထားနိုင်ပါသည်။ Power 1500Watt နဲ့အလုပ်လုပ်ပေးမှာဖြစ်ပြီး အရည်အသွေးမြင့် Stainless Steel ကို အသုံးပြုပြီး အပူပေးတာကြောင့် အိမ်တိုင်းမှာ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါသည်။
Midea MSMT2-12HRFN8 1.5HP Split Type Cooling & Heating (Inverter)
Midea ကထုတ်ထားတဲ့ MSMT2-12HRFN8 1.5HP Split Type Cooling & Heating (Inverter) လေးသည် မြင်းကောင်ရေအား 1.5HP နဲ့ဖြစ်တာကြောင့် အခန်းအတွင်းအပူချိန်ကို အချိန်ခနလေးအတွင်း အေးမြစေပါသည်။ Cooling Power Input 12300Btu/h နဲ့အအေးနှုန်းကို မြန်ဆန်စေပါသည်။ R32 Gasကြောင့် မီးစားသက်သာစေပါသည်။ လေထုညစ်ညမ်းမှုများကင်းပြီး ကောင်းမွန်သောအအေးဓာတ်ကိုထုတ်လွှတ်ပေးနိုင်သောကြောင့် အသုံးပြုရအဆင်ပြေစေမည့်ပစ္စည်းလေးဖြစ်ပါသည်။
Midea MD100-A70 7kg Front Load Clothes Dryer
Midea ကထုတ်လုပ်ထားတဲ့ MD100-A70 လေးကတော့ Capacity 7kg ဝင်ဆန့်ပြီး အပူချိန်ကို ၃၀ မိနစ်ထိထိန်းထားပြီး အဝတ်အထည်များကို ဗိုင်းရပ်စ်မရှိအောင် သန့်ရှင်းစွာထုတ်ပေးနိုင်ပါသည်။ Refresh function ကို အသုံးပြုပြီး အဝတ်များတွင် အနံ့ထွက်မှုများမရှိစေရန် လုပ်ဆောင်ပေးနိုင်ပါသည်။ Quick Dry mode ပါဝင်ပြီး အချိန်တိုအတွင်း အဝတ်အထည်များကို ခြောက်သွေ့အောင် ပြုလုပ်ပေးနိုင်ပါသည်။ နားရက်မှာ အဝတ်တွေ စုလျှော်တတ်တဲ့သူတွေအတွက် အလုပ်ရှုပ်သက်သာစေတဲ့အပြင် မိသားစုဝင်များတဲ့အိမ်တွေ၊ အဆောင်တွေ အတွက်လဲ အဆင်ပြေစေမည့် Front Load Clothes Dryer လေးဖြစ်ပါသည်။
Midea FT30-15HB Table Fan
Mide ကထုတ်ထားတဲ့ FT30-15HB လေးကတော့ အရွယ်အစား 12လက်မအရွယ်ရှိပြီး သယ်ဆောင်ရလွယ်စေပါသည်။ အဆင့် ၃ဆင့် (Low / Mid / High) ပြောင်းလဲအသုံးပြုနိုင်ပြီး Oscillation 180 degree လှည့်ပတ်ပေးနိုင်ပါသည်။ Power 40W က မြန်ဆန်တဲ့ အေးမြမှုပေးစွမ်းမှာဖြစ်ပြီး ဆိုင်သေးလေးမို့ အလွယ်တကူသိမ်းဆည်းထားနိုင်မှာဖြစ်ပါတယ်။ ဧည့်ခန်း ၊ စာရေးခင်းပေါ်မှာလည်း အလွယ်တကူထားနိုင်ပါသည်။
Midea YL-2436SW Water Dispenser( Hot & Cold )
Midea YL-2436SW ရေအေးစက် (Water Dispenser) ကတော့ ရေပူ၊ ရေအေး နှစ်မျိုးစလုံးရတဲ့ ရေဘူးကို အပေါ်ကတင်ပြီးသုံးရတဲ့ (top-loading) ပုံစံမျိုး ဖြစ်ပါတယ်။ ရေအေး (≤10°C) နဲ့ ရေပူ (≥85°C) နှစ်မျိုးလုံးကို လိုအပ်သလို သုံးနိုင်ပါတယ်။ခေတ်မီပြီး ကျစ်လျစ်တဲ့ပုံစံရှိတဲ့အတွက် အိမ် ဒါမှမဟုတ် ရုံးခန်းမျိုးစုံနဲ့ လိုက်ဖက်ပါတယ်။ရေပူခလုတ်မှာ ကလေးလုံခြုံရေးသော့ (child safety lock) ပါဝင်တာကြောင့် မတော်တဆထိမိပြီး ပူစပ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ရေပူနဲ့ ရေအေးအတွက် သံမဏိ (Stainless Steel) နဲ့ပြုလုပ်ထားတဲ့ တိုင်ကီတွေ ပါဝင်တာကြောင့် သန့်ရှင်းသပ်ရပ်ပြီး ရေရှည်ခံပါတယ်။ရေပူနဲ့ ရေအေးစနစ်တွေကို သီးခြားစီ ခလုတ်ဖွင့်/ပိတ်လုပ်လို့ရတာကြောင့် မလိုအပ်ဘဲ စွမ်းအင်ကုန်ကျမှုနည်းစေပါတယ်။ရေတွေ မဖိတ်ကျအောင် အောက်ခံဗန်း (drip tray) ပါဝင်ပြီး လွယ်လွယ်ကူကူ ဖြုတ်တပ်ဆေးကြောနိုင်ပါတယ်။
Midea MF100-W95B Front Load Washing Machine (9.5kg)
Midea MF100-W95B Front Load Washing Machine လေးကတော့ Smart Inverter Motor ဖြစ်တာကြောင့် မီးအားစားသက်သာစေပြီး တာရှည်ခံပါသည်။ Auto Pre‑Wash ပါဝင်ပြီး အထည်မှာ ကျန်ရှိနေသော အညစ်အကြေးများကို တခါတည်းသန့်စင်ပေးနိုင်ပါသည်။ Auto Restart ကြောင့် အသုံးပြုနေရင်းမီးပျက်သွားရင်တောင် ပြန်လည် ဖွင့်ချိန်တွင် စက်အလုပ်ကို မပြတ်တောက်ပဲ ဆက်လက်လည်ပတ်စေပါသည်။ အဝတ်လျှော်နေတုန်း ကျန်ခဲ့တဲ့ အဝတ်တွေကို ခေတ္တရပ်ပြီး ထည့်လို့ရတဲ့ Function ပါဝင်ပါတယ်။ 1200 RPM အဝတ်တွေကို ရေကုန်အောင် ကောင်းကောင်းညှစ်ပေးနိုင်ပါသည်။ အဝတ်တွေကို မလျှော်ခင် ရေနွေးငွေ့ (Steam) နဲ့ အပူပေးပြီး ပိုးသတ်ပေးတဲ့စနစ်ပါ။ ဘက်တီးရီးယားနဲ့ ပိုးမွှားတွေကို ၉၉.၉% အထိ ဖယ်ရှားပေးနိုင်လို့ အရေပြား ယားယံတတ်သူတွေနဲ့ ကလေးငယ်တွေရှိတဲ့ အိမ်အတွက် အထူးကောင်းမွန်ပါသည်။
Midea MFS180D0APKH AC/DC Rechargeable Stand Fan
Midea MFS180D0APKH Rechargeable Stand Fan ဟာ မီးလာနေချိန်မှာ ပုံမှန်ပန်ကာလို သုံးရင်း အားသွင်းထားနိုင်ပြီး၊ မီးပျက်သွားရင် ဘက်ထရီနဲ့ အလိုအလျောက် ပြောင်းလဲအလုပ်လုပ်ပေးပါတယ်။အားအပြည့်သွင်းထားရင် (အနိမ့်ဆုံး Speed နဲ့ဆိုရင်) ၈ နာရီကနေ ၁၀ နာရီ ဝန်းကျင်အထိ ခံတတ်ပါတယ်။ အမြင့်ဆုံး Speed နဲ့ဆိုရင်တော့ ၂ နာရီခွဲ ကနေ ၃ နာရီခွဲ ဝန်းကျင်လောက်ပဲ ခံနိုင်ရည်ရှိပါတယ်။လေအားကို ၃ ဆင့် (Low, Medium, High) ချိန်လို့ရပါတယ်။