Alpha ALTF120BT 12" T-Fan
Alpha ALTF120BT T-Fan သည် မီးပျက်ပြီး ပူအိုက်တဲ့ရာသီဥတုအတွက်အသင့်တော်ဆုံး အားသွင်းပန်ကာလေးပဲဖြစ်ပါတယ် ။၁၂ လက်မ ရှိပြီAC/DC စနစ်ပါ၀င်လို့ လျှပ်စစ်မီးပြတ်တောက်သွားတဲ့အခါ DC ဆိုတဲ့ခလုတ်ကိုပြောင်းလိုက်ရုံနဲ့ အေးမြမှုကိုဆက်လက်ရရှိနိုင်ပြီး မီးပြတ်သည့်အခါတွင်လည်း ၇ နာရီတိုင်အား အသုံးပြုနိုင်ပါသည်။
Alpha AC500 Pro Air Cooler
Alpha AC500 Pro Air Cooler သည် ရေပမာဏ (၅၁)လီတာထိ ထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်ပါသည်။ရေကိုကြာကြာထိန်းပေးနိုင်တဲ့ (၃)ဖက်ပါတဲ့ပျားအုံဇကာ ၊Auto Swing၊ Ice Chamber သီးသန့်ပါဝင်ပါတယ်။ ဘီးလုံးလေးတွေပါဝင်တာကြောင့် တစ်နေရာနဲ့ တစ်နေရာအလွယ်တကူရွေ့ပြောင်းနိုင်မှာဖြစ်ပါတယ်။ Inverter နဲ့လည်းအသုံးပြုနိုင်ပါသည်။
Alpha ALSD-1000 Portable Clothes Dryer
Alpha ကထုတ်ထားတဲ့ ALSD-1000 Portable Clothes Dryer လေးကတော့ အ၀တ်ခြောက်မလွယ်တဲ့ မိုးတွင်း/ ဆောင်းတွင်းကာလတွေမှာ အချိန်တိုအတွင်းအ၀တ်တွေကို လျှင်မြန်စွာခြောက်သွေ့စေတဲ့အပြင် မှိုနံ့စွဲပြီး အနံ့ထွက်တဲ့ပြဿနာများ မရှိအောင်ကူညီပေးနိုင်မည့် Clothes Dryer လေးဖြစ်ပါသည်။ ဆန်းသစ်တဲ့ ဒီဇိုင်းနဲ့အတူ သေးသေးကျစ်ကျစ်လေးနဲ့ဆိုတော့ သွားလေရာအလွယ်သယ်ယူသွားလို့လည်းရပြီး အဝတ်အထည်တွေ မွှေးနေစေဖို့ အမွှေးနံ့ထည့်လို့ရတဲ့ Fragrance box လေးလည်းပါဝင်ပါသည်။ ဖြုတ်ရ၊ တပ်ရ လွယ်တဲ့အလူမီနီယံတိုင်များကို သုံးထားပေးတဲ့အပြင် စိတ်ကြိုက် Timer သတ်မှတ်နိုင်မယ့် အရည်အသွေးကောင်းမွန်တဲ့ အဆင့်မြင့်အပူပေးကိရိယာများ အသုံးပြုပေးထားပါသည်။ Drying Capacity ကလည်း 4kg ဖြစ်ပြီး အဝတ်အထည် 8~10 ထည်ထိ အခြောက်ခံနိုင်လို့ ခရီးသွားတာပဲဖြစ်ဖြစ် တစ်ကိုယ်တည်းသမားတွေအတွက်ပဲဖြစ်ဖြစ် အဆင်ပြေစေမည့်ပစ္စည်းလေးဖြစ်ပါသည်။
Alpha ALSD-1200 Portable Clothes Dryer
Alpha ကထုတ်ထားတဲ့ ALSD-1200 Portable Clothes Dryer လေးသည် သစ်လွင်တဲ့ ဒီဇိုင်း ၊ တပ်ဆင်ရလွယ်ကူပြီး အပေအတေခံတဲ့အရောင်လေးနဲ့ထုတ်လုပ်ထားပါသည်။ အ၀တ်ခြောက်မလွယ်တဲ့ မိုးတွင်း/ဆောင်းတွင်းကာလတွေမှာ အချိန်တိုအတွင်းအ၀တ်တွေကိုလျှင်မြန်စွာ ခြောက်သွေ့စေတဲ့အပြင် မှိုနံ့စွဲပြီး အနံ့ထွက်တဲ့ပြဿနာများမှလဲကာကွယ်ပေးနိုင်ပါသည်။ တပ်ဆင်ရလွယ်ကူပြီး အရည်အသွေးကောင်းမွန်တဲ့ အဆင့်မြင့် အပူပေးကိရိယာများ အသုံးပြုပေးထားပါသည်။ စိတ်ကြိုက်ရွေးချယ်ဖို့ Timer ( 60 မှ 180 မိနစ် ) အထိပါဝင်ပြီး အကြမ်းခံတဲ့ မိုးကာသားအထူကို အသုံးပြုပေးထားပါသည်။ အလူမီနီယံတိုင်များကို အသုံးပြုပေးထားပြီး အောက်ခြေမှာ ဘီးလုံးလေးတွေ ပါရှိတာကြောင့် သယ်ဆောင်ရလည်းလွယ်ကူစေပါသည်။ အဝတ်အထည်များကို ထည့်ဖို့ အကန့် ၂ ထပ်တောင် ပါပေးထားပြီး Drying Capacity ကလည်း အများဆုံး 10kg ထိတောင်အသုံးပြုနိုင်တာဆိုတော့ မိသားစုတွေအတွက် အဆင်ပြေစေမည့် clothes dryer လေးဖြစ်ပါသည်။
Alpha RAC250BT ACDC Air Cooler
Alpha RAC250BT Aircooler လေးသည် AC/ DC အသုံးပြုနိုင်ပြီး မီးလာချိန်မှာအားအပြည့်သွင်းထားပြီ မီးပျက်ချိန်မှာ 7 နာရီဝန်းကျင်လောက်အေးဆေး ပြန်လည်အသုံးပြုလို့ရပါသည်။ Water tank 25L ဖြစ်ပြီး ထိထည့်သွင်းအသုံးပြုနိုင်ပြီး ရေထွက်အား 40W ဖြင့်အလုပ်လုပ်ပေးမှာဖြစ်ပါသည်။ Air Flow - 12 speed ဖြင့် ရွေးချယ်အသုံးပြုနိုင်တာဆိုတော့ အသုံးပြုရအဆင်ပြေစေမယ့် Air cooler လေးတစ်လုံးဖြစ်ပါသည်။
Alpha Smart TV Remote
Alpha Smart TV Remote လေးကတော့ Smart TV အတွက် အသုံးပြုရအဆင်ပြေစေသော Remote လေးဖြစ်ပါသည်။
Alpha RAC200BT AC/DC Aircooler (20L, 50W)
Alpha RAC200BT AC/DC Aircooler လေးသည် Power 50W နဲ့မို့ လေထွက်အားကောင်းပြီး အချိန်ကြာကြာအေးမြမှု့များကိုပေးစွမ်းနိုင်ပါသည်။ Water Tank 20L ထည့်သွင်းအသုံးပြုနိုင်တဲ့အပြင် AC-110-240V / DC 24V ရတာမို့ မီးအားမစားပဲ အသုံးပြုရအဆင်ပြေစေသည့် Air Cooler လေးဖြစ်ပါသည်။ Air Flow - 12 speed ဖြင့် ရွေးချယ်အသုံးပြုနိုင်တာဆိုတော့ အသုံးပြုရအဆင်ပြေစေမယ့် Air cooler လေးတစ်လုံးဖြစ်ပါသည်။ အမြင့်ဆုံး Speed နဲ့အသုံးပြုမယ်ဆိုရင် 4 Hours ၊ အနိမ့်ဆုံးSpeed နဲ့ဆိုရင် 7 Hours ထိအသုံးပြုလို့ရပါသည်။ ကျန်းမားရေးအတွက် လေကောင်းလေသန့် ရရှိစေပြီး အခန်းတွင်းအပူချိန်ကို လျော့ချပေးသည့် Air cooler လေးဖြစ်ပါသည်။
- : 12V 4.5Ah ရှိတဲ့ Rechargeable Lead-Acid Battery ကို အသုံးပြုထားလို့ အားခံရုံတင်မကဘဲ တာရှည်အသုံးခံပါသည်။ Low Speed: (၃၀) နာရီဝန်းကျင်၊ Medium Speed: (၆) နာရီဝန်းကျင်၊ High Speed: (၂.၅) နာရီဝန်းကျင် အသုံးပြုလို့ရပါသည်။ LED Light ပါဝင်ပြီး မီးအလင်းရောင်သက်သက်ဆိုရင်တော့ (၄၅) နာရီအထိ သုံးလို့ရပါသည်။ အရွယ်အစား: 420x420x1320 mm ရှိတာကြောင့် နေရာစားသက်သာပြီး အသုံးပြုရာတွင် အကြိုက်တွေ့စေမည့် ပစ္စည်းလေးဖြစ်ပါသည်။" data-item-price="280,000 Ks" data-item-avail="" data-item-availdesc="">
Alpha ALSF160BT 16" AC/DC Stand Fan
Alpha ကထုတ်လုပ်ထားတဲ့ ALSF160BT 16" AC/DC Stand Fan လေးသည် မီးခဏခဏပျက်တဲ့အချိန်တွေမှာ အေးမြတဲ့လေညင်းကို ပေးစွမ်းနိုင်သလို အလင်းရောင်အတွက်ပါ အားကိုးရတဲ့ 2-in-1 Rechargeable Fan ပဲဖြစ်ပါသည်။ Battery: 12V 4.5Ah ရှိတဲ့ Rechargeable Lead-Acid Battery ကို အသုံးပြုထားလို့ အားခံရုံတင်မကဘဲ တာရှည်အသုံးခံပါသည်။ Low Speed: (၃၀) နာရီဝန်းကျင်၊ Medium Speed: (၆) နာရီဝန်းကျင်၊ High Speed: (၂.၅) နာရီဝန်းကျင် အသုံးပြုလို့ရပါသည်။ LED Light ပါဝင်ပြီး မီးအလင်းရောင်သက်သက်ဆိုရင်တော့ (၄၅) နာရီအထိ သုံးလို့ရပါသည်။ အရွယ်အစား: 420x420x1320 mm ရှိတာကြောင့် နေရာစားသက်သာပြီး အသုံးပြုရာတွင် အကြိုက်တွေ့စေမည့် ပစ္စည်းလေးဖြစ်ပါသည်။
Alpha ALIF26STRI2 Industrial Tripod Fan
Alpha ကထုတ်ထားတဲ့ ALIF26STRI2 Industrial Tripod Fan လေးသည် အောက်ခြေကို ဒေါက်တိုင် ၃ ခု (Tripod) နဲ့ ခိုင်ခိုင်မာမာ ထောက်ထားတာကြောင့် လည်ပတ်နေစဉ်အတွင်း တုန်ခါမှုနည်းပြီး လဲကျဖို့ ခဲယဉ်းပါသည်။ ပန်ကာဒလက် ၃ ခု ပါဝင်ပြီး လေကို ဝေးဝေးရောက်အောင် တွန်းပို့ပေးနိုင်တဲ့ အနက်ရောင် ဒလက်အမာစားတွေကို အသုံးပြုထားပါသည်။ ပတ်ပတ်လည်ကို သံကွက်စိပ်စိပ်နဲ့ ကာရံထားလို့ ဘေးအန္တရာယ်ကင်းရှင်းစေပြီး ပန်ကာဒေါက်တိုင်မှာ အရပ်အနိမ့်အမြင့် ညှိလို့ရတဲ့ ခလုတ် (Adjustable knob) ပါဝင်တာကြောင့် လိုအပ်သလို မြှင့်နိုင်၊ နှိမ့်ချနိုင်ပါသည်။ အိမ်သုံးသာမက ဆိုင်ခန်းတွေ၊ ဂိုဒေါင်တွေနဲ့ ဟောခန်းကျယ်တွေမှာ အသုံးပြုဖို့ ဒီဇိုင်းထုတ်လုပ်ပေးထားပါသည်။
Alpha ALIF26S2 26" AC Industrial Stand Fan
Alpha ကထုတ်လုပ်ထားတဲ့ ALIF26S2 26" AC Industrial Stand Fan လေးသည် Power: 187W ဖြင့် အလုပ်လုပ်ပေးမှာဖြစ်တာကြောင့် လေအား ပြင်းထန်ပြီး နေရာကျယ်များအတွက် သင့်လျော်ပါသည်။ ပန်ကာ အကာအရံနှင့် ဒလက်များကို သံထည် (သို့မဟုတ်) အမာစား ပစ္စည်းများဖြင့် ပြုလုပ်ထားသောကြောင့် တာရှည်ခံပါသည်။ ဒလက် ၃ ခု ပါဝင်သော စက်မှုလုပ်ငန်းသုံး အမျိုးအစားဖြစ်သည့်အတွက် လေအားကို ဝေးဝေးနှင့် ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိစေနိုင်ပါသည်။ ဆိုင်ခန်းများ၊ ဂိုဒေါင်များ၊ စက်ရုံများနှင့် လူစုလူဝေးရှိသော ဟောခန်းကျယ်များတွင် တစ်နေ့လုံး အသုံးပြုရန် အထူးသင့်လျော်သော Fan လေးဖြစ်ပါသည်။
Alpha ALTF123BT AC/DC Rechargeable Table Fan
Alpha ALTF123BT AC/DC Rechargeable Table Fan လေးသည် 3.7V/6000mAh ရှိတဲ့ Lithium Battery ကို အသုံးပြုထားပြီး အားအပြည့်သွင်းဖို့ ၆ နာရီကနေ ၈ နာရီ အထိ ကြာပါသည်။ DC 5V နဲ့ အားသွင်းရမှာဖြစ်လို့ ဖုန်းအားသွင်းခေါင်း (Adapter) တွေ ဒါမှမဟုတ် Power Bank တွေနဲ့ပါ အားသွင်းလို့ရနိုင်ပါသည်။ High Speed: 2.5Hours, Medium Speed:5Hours, Low Speed:10Hours အထိအသုံးပြုနိုင်ပြီး မီးအလင်းဆုံး Strong Light: 75Hours, Weak Light: 250Hours အထိရက်အတော်ကြာ အသုံးခံပါသည်။ အရွယ်အစား: 338 x 261 x 503 mm ရှိတာကြောင့် စားပွဲတင်အသုံးပြုဖို့အတွက်လည်း သင့်လျော်ပါသည်။
Alpha ALWF160 16" AC Wall Fan
Alpha ALWF160 16" AC Wall Fan ကတော့ ခေတ်မီတဲ့ ဒီဇိုင်းနဲ့ အားကောင်းတဲ့ စွမ်းဆောင်ရည် ပေါင်းစပ်ထားတဲ့ နံရံကပ်ပန်ကာ အမျိုးအစား ဖြစ်ပါတယ်။ ၁၆ လက်မ အရွယ်အစားရှိတဲ့ ဒလက်တွေကနေ လေအားကို အားကောင်းကောင်းနဲ့ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်စေတဲ့အတွက် အခန်းကျယ်တွေနဲ့ ဧည့်ခန်းတွေမှာ သုံးစွဲဖို့ အထူးသင့်တော်ပါတယ်။ အသုံးပြုရတာ လွယ်ကူစေဖို့အတွက် ကြိုးဆွဲစနစ် (Double Pull Cord) ကို ထည့်သွင်းပေးထားပြီး လေတိုက်နှုန်းကို ၃ ဆင့်အထိ စိတ်ကြိုက်ပြောင်းလဲနိုင်သလို ဘယ်ညာဝေ့တာကိုလည်း အလွယ်တကူ ထိန်းချုပ်နိုင်ပါတယ်။
Alpha ALIF26W2 26" AC Industrial Wall Fan
Alpha ALIF26W2 (၂၆ လက်မ) Industrial Wall Fan သည် အကျယ်အဝန်းကြီးမားသော နေရာများအတွက် အထူးထုတ်လုပ်ထားသည့် စက်မှုသုံး နံရံကပ်ပန်ကာ အမျိုးအစား ဖြစ်ပါသည်။ ၎င်းတွင် အားကောင်းသော 230W High-Efficiency Motor ကို အသုံးပြုထားပြီး ဒလက်များကို ပေါ့ပါးခိုင်ခံ့သည့် အလူမီနီယမ်ဖြင့် ပြုလုပ်ထားသောကြောင့် လေထွက်နှုန်း အလွန်ပြင်းထန်ကာ အဝေးထိ ရောက်ရှိစေပါသည်။ လေတိုက်နှုန်းကို အနှေး၊ အမြန် ၃ ဆင့်အထိ စိတ်ကြိုက်ချိန်ညှိနိုင်ပြီး ဘယ်/ညာ ဝေ့ယမ်းပေးနိုင်သော စနစ်ကြောင့် ခန်းမကြီးများ၊ စားသောက်ဆိုင်များ၊ စက်ရုံများနှင့် ဂိုဒေါင်များတွင် လေဝင်လေထွက် ကောင်းမွန်စေရန်အတွက် အလွန်ထိရောက်ပါသည်။
Alpha ALW150A Top Load Washing Machine (15kg)
Alpha ALW150A Top Load Washing Machine လေးသည် Capacity 15kg ဝင်ဆံ့ပြီး စောင်၊ ခြင်ထောင် ကဲ့သို့သော အဝတ်အထည်အကြီးစားများကို လျှော်ဖွတ်ရန် အထူးသင့်လျော်ပါသည်။ အဝတ်လျှော်ချိန်တွင် 580W နှင့် အခြောက်ခံချိန်တွင် 450W တို့ဖြင့် အလုပ်လုပ်ပေးမှာဖြစ်ပါသည်။ IPX4 အဆင့်ရှိသောကြောင့် အဝတ်လျှော်စက်အနီးတွင် ရေစင်ခြင်း၊ ရေပက်ခြင်းတို့အတွက် စိုးရိမ်စရာမလိုဘဲ စိတ်ချလက်ချ အသုံးပြုနိုင်ပါသည်။