Wacom One Pen Display 12 Tablet(WA-DTC121W0C)
Wacom One Pen Display 12 Tablet လေးကတော့ လိုင်း အထူ၊ အပါးဆွဲဖို့ ဖိဆွဲတာ ဖော့ဆွဲတာတွေကို သိပြီး pen ကလည်းခဲတံထိပ်လိုမျိုးမို့ တကယ်စာရွက်ပေါ်မှာ ရေးဆွဲနေရသလို ခံစားရစေမှာပါ။ USB ကြိုးတွေ၊ HDMI ကြိုးတွေနဲ့ ချိတ်ဆက်စရာမလိုဘဲ USB C တစ်ကြိုးထဲနဲ့ အဆင်ပြေပြေချိတ်ဆက်နိုင်ပါတယ်။Wacom One Pen Display က အရင် Wacom One ထက်စာရင် ပုံဆွဲလိုရတဲ့ ဧရိယာပိုများသွားလို့ Project ကြီးကြီးနဲ့ဆွဲတဲ့သူတွေ အတွက် အဆင်ပြေသွားပါတယ်။ပြီးတော့ Resolution ပိုများသွားလို့ ပုံတွေက ပိုကြည်လင်ပြတ်သား သွားပါတယ်။ Wacom One Pen Display 12 က Wacom Pen ရဲ့ နည်းပညာကြောင့် သဘာဝကျကျ ပုံဆွဲရတဲ့ အရသာကိုရမှာဖြစ်ပြီး Pressure Sensitivity မှာလည်း ၂ ဆ ဖြစ်သွားတဲ့အတွက် အဖိအဖော့တွေမှာ အရမ်းသိသာပါတယ်။Mac, PC, Android တိုနဲ့ပါ သုံးနိုင်တာဆိုတော့ ဘယ် Device ရှိရှိ သုံးနိုင်ပါတယ်။Pen ကလည်း Battery Free Pen တွေမို သီးသန့် အားသွင်းစရာလည်းမလိုတာမို့ တော်တော်လေး အဆင်ပြေတဲ့ Wacom Drawing Pad ဖြစ်ပါသည်။
Wacom One By Creative Pen Tablet 6" (WA-CTL-4110WL)
Wacom One Pen Tablet Small မှာတော့ လိုင်း အထူ၊ အပါးဆွဲဖို့ ဖိဆွဲတာ ဖော့ဆွဲတာတွေကို သိပြီး pen ကလည်းခဲတံထိပ်လိုမျိုးမို့ တကယ်စာရွက်ပေါ်မှာ ရေးဆွဲနေရသလို ခံစားရစေမှာပါ။Pen ကလည်း Battery Free Pen တွေမို့ သီးသန့် အားသွင်းစရာလည်းမလိုတာမို့ Drawing ကျင့်မယ့်သူတွေ၊ Online ကနေ စာသင်မယ့် ဆရာဆရာမ တွေအတွက်လဲ သင့်တော်စေမယ့် Wacom Tablet လေးဖြစ်ပါသည်။
Wacom One By Creative Pen Tablet 10.4" (WA-CTL-6100WL)
CTL-6100WL ဟာ တကယ်တော့ Wacom Intuos Medium (Bluetooth) အမျိုးအစားဖြစ်ပါတယ်။ အရွယ်အစား 10.4 x 7.8 x 0.35 inch (Medium Size) ရှိပြီး တော်တော်လေး ပါးလွှာပေါ့ပါးပါတယ်။8.5 x 5.3 inch ရှိပါတယ်။ ဒါဟာ Laptop screen တွေနဲ့ အသုံးပြုဖို့ အချိုးအစား အကိုက်ညီဆုံးနဲ့ အသုံးအများဆုံး အရွယ်အစားဖြစ်ပါတယ်။4,096 Levels ရှိတဲ့အတွက် ခဲတံဖြင့် ဆွဲရသကဲ့သို့ ဖိအားအနည်းအများအလိုက် လိုင်းအထူအပါးကို အနုစိတ် ထိန်းချုပ်နိုင်ပါတယ်။Bluetooth စနစ်ပါဝင်လို့ ကြိုးမလိုဘဲ Wireless အသုံးပြုနိုင်သလို၊ USB ကြိုးဖြင့်လည်း ချိတ်ဆက်နိုင်ပါတယ်။Tablet ပေါ်မှာ စိတ်ကြိုက် Shortcut သတ်မှတ်နိုင်တဲ့ ခလုတ် ၄ ခု ပါဝင်ပါတယ်။Bluetooth နဲ့ သုံးရင် အားတစ်ခါသွင်းထားရုံနဲ့ အနည်းဆုံး ၁၅ နာရီ အထိ အသုံးခံပါတယ်။Windows, macOS နဲ့ Android (OTG သုံး၍) တို့မှာ အသုံးပြုနိုင်ပါတယ်။