Wacom Intuos M Black Bluetooth Creative Pen Tablet
Graphic designer တွေနဲ့ ပုံဆွဲလေ့ကျင့်ချင်တဲ့သူတွေအတွက် အဖက်ဖက်က ပြီးပြည့်စုံတဲ့ Wacom ရဲ့ creative drawing tablet လာပါပြီ။ပုံဆွဲဖို pen လေးပါဝင်ပြီး မျက်နှာပြင်ကို လက်နဲ့ထိတွေ့ရင် အလုပ်လုပ်မှာမဟုတ်ပဲ သူ့ရဲ့ pan နဲ့ဆွဲမှပဲ အလုပ်လုပ်မှာဖြစ်လို့ လက်နဲ့ထိမိ တာကြောင့် မဲသွားတာတွေ မဖြစ်နိုင်တော့ပါဘူး။သူ့ရဲ့Size ကတော့ 210 x 146 x 8.7 mm / 8.3 x 5.7 x 0.3 inches ရှိပြီး ပုံဆွဲဖို့ ကောင်းကောင်းလုံလောက်တဲ့အရွယ်အစားမှာရှိပါတယ်၊၊ သူ့ရဲ့မျက်နှာပြင်မှာ ပါဝင်တဲ့ အစက်လေးတွေကြောင့်လည်း ပုံဆွဲတဲ့နေရာမှာ ချိန်ဆဖို့ပိုမိုလွယ်ကူ စေပါတယ်၊၊တပ်ဆင်ဖို့အတွက် USB cable ပါဝင်ပြီး Window နဲ့ Mac platform နှစ်ခုစလုံးမှာ အလုပ်လုပ်နိုင်ပါသည်။
Wacom One Pen Display 12 Tablet(WA-DTC121W0C)
Wacom One Pen Display 12 Tablet လေးကတော့ လိုင်း အထူ၊ အပါးဆွဲဖို့ ဖိဆွဲတာ ဖော့ဆွဲတာတွေကို သိပြီး pen ကလည်းခဲတံထိပ်လိုမျိုးမို့ တကယ်စာရွက်ပေါ်မှာ ရေးဆွဲနေရသလို ခံစားရစေမှာပါ။ USB ကြိုးတွေ၊ HDMI ကြိုးတွေနဲ့ ချိတ်ဆက်စရာမလိုဘဲ USB C တစ်ကြိုးထဲနဲ့ အဆင်ပြေပြေချိတ်ဆက်နိုင်ပါတယ်။Wacom One Pen Display က အရင် Wacom One ထက်စာရင် ပုံဆွဲလိုရတဲ့ ဧရိယာပိုများသွားလို့ Project ကြီးကြီးနဲ့ဆွဲတဲ့သူတွေ အတွက် အဆင်ပြေသွားပါတယ်။ပြီးတော့ Resolution ပိုများသွားလို့ ပုံတွေက ပိုကြည်လင်ပြတ်သား သွားပါတယ်။ Wacom One Pen Display 12 က Wacom Pen ရဲ့ နည်းပညာကြောင့် သဘာဝကျကျ ပုံဆွဲရတဲ့ အရသာကိုရမှာဖြစ်ပြီး Pressure Sensitivity မှာလည်း ၂ ဆ ဖြစ်သွားတဲ့အတွက် အဖိအဖော့တွေမှာ အရမ်းသိသာပါတယ်။Mac, PC, Android တိုနဲ့ပါ သုံးနိုင်တာဆိုတော့ ဘယ် Device ရှိရှိ သုံးနိုင်ပါတယ်။Pen ကလည်း Battery Free Pen တွေမို သီးသန့် အားသွင်းစရာလည်းမလိုတာမို့ တော်တော်လေး အဆင်ပြေတဲ့ Wacom Drawing Pad ဖြစ်ပါသည်။
Wacom One Pen Tablet Small(WA-CTL-4110WL)
Wacom One Pen Tablet Small မှာတော့ လိုင်း အထူ၊ အပါးဆွဲဖို့ ဖိဆွဲတာ ဖော့ဆွဲတာတွေကို သိပြီး pen ကလည်းခဲတံထိပ်လိုမျိုးမို့ တကယ်စာရွက်ပေါ်မှာ ရေးဆွဲနေရသလို ခံစားရစေမှာပါ။Pen ကလည်း Battery Free Pen တွေမို့ သီးသန့် အားသွင်းစရာလည်းမလိုတာမို့ Drawing ကျင့်မယ့်သူတွေ၊ Online ကနေ စာသင်မယ့် ဆရာဆရာမ တွေအတွက်လဲ သင့်တော်စေမယ့် Wacom Tablet လေးဖြစ်ပါသည်။