Philips HD3064 Rice Cooker (0.54L)
Philips ကထုတ်ထားတဲ့ HD3064 Rice Cooker လေးသည် Capacity 0.54Liters ဝင်ဆန့်ပြီး ထမင်းအိုးတည်တာအပြင် Soup(ဟင်းချို) ၊Steam (ပေါင်းမယ်) ၊Stew(စွပ်ပြုတ်) ၊ ၊Cake (ကိတ်မုန့်ဖုတ်မယ်)၊Congee (ဆန်ပြုတ်) စတဲ့ Function များကိုလည်း အသုံးပြုနိုင်ပါသည်။ Dual Temperature Sensor များပါဝင်ပြီး Fast‑cooking mode ထည့်သွင်းပေးထားတာကြောင့် ၃၀ မိနစ်အတွင်း ထမင်းကိုညီညာစွာကျက်စေပါသည်။ LCD screen (timer & clock) ပါဝင်တာကြောင့် ကျက်ပြုတ်ရာတွင်လည်း အဆင်ပြေစေပါသည်။
Philips FC9351 Vacuum Cleaner (1900W)
Philips ကထုတ်ထားတဲ့ FC9351 Vacuum Cleaner လေးသည် အိမ်အတွင်းပိုင်းနဲ့ ချောင်ကြိုချောင်ကြားတွေမှာ တင်ကျန်နေတဲ့ ဖုန်တွေ၊ သဲတွေကို ရှင်းလင်းဖို့အတွက် အသုံးပြုသင့်သော ပစ္စည်းလေးဖြစ်ပါသည်။ ခေါင်းအကြီးနဲ့ စုပ်ရခက်တဲ့နေရာတွေကို စုပ်ဖို့အတွက်ခေါင်းအကျဉ်း Nozzle ခေါင်းလည်းပါပါတယ်။ ဖုန်စုပ်စက် ပါဝါအား 1900W နဲ့ ပေါ့ပါးပြီး သယ်ရလွယ်ကူသော စက်ဖြစ်ပါတယ်။ ခိုင်ခံ့သောစွမ်းအားနှင့် Multi-filtration စနစ်သည် ဖုန်မှုန့်များနှင့် အမှုန်များကို ပိုမိုဖမ်းယူနိုင်ပြီးသင့်၏အိမ် သို့မဟုတ် ရုံးခန်း အလုပ်ရုံများအား အမှန်တကယ်သန့်ရှင်းစေပါသည်။
Philips FC8083 Vacuum Cleaner (1500W)
Philips FC8083 Vaccum Cleaner (1500W) သည် ဖုန်များကို သိုလှောင်ရန်လွယ်ကူပြီး သေးငယ်သောအရွယ်အစားကြောင့်လွယ်ကူစွာကိုင်တွယ်နိုင်သည်။ဆူညံသံများမထွက်ဘဲ သန်ရှင်းရေးလုပ်ပေးနိုင်မှာဘဲ ဖြစ်ပါတယ်။
Philips HD6320 Electric Table Grill
Philips မှထုတ်လုပ်ထားတဲ့ HD6320 Electric Table Grill လေးကတော့ Electric charcoal grill အမျိုးအစားဖြစ်ပြီးတော့ အသီးအနှံ၊ငါး၊ ပင်လယ်စာ စသည့် အစားအစာများကို ကင်နိုင်မှာပဲဖြစ်ပါတယ်။ လှည့်နိုင်တဲ့ Duo Plate ပါရှိပြီး Non-stick plate ဖြစ်တာကြောင့် အသုံးပြုရအဆင်ပြေစေပါသည်။ Dishwasher-safe removable plate ဖြစ်တဲ့အတွက် သန့်ရှင်းရေးပြုလုပ်ရလွယ်ကူစေပါသည်။Adjustable thermostat ပါပြီး အပူချိန်ကို 70°C – 230°C အတွင်း ချိန်ညှိအသုံးပြုနိုင်ပါသည်။
Philips MMS2260B/94 Bluetooth 2.1 Speaker
Philips MMS2260B/94 ဟာ အိမ်သုံးအတွက်ဖြစ်စေ၊ ကွန်ပျူတာနဲ့ တွဲသုံးဖို့ဖြစ်စေ အလွန်လူကြိုက်များတဲ့ 2.1 Channel Speaker အမျိုးအစားဖြစ်ပါတယ်။ 60W ထွက်တဲ့အတွက် Bass သံ (ဘေ့စ်သံ) ကို အားရပါးရ ကြားရမှာဖြစ်ပြီး သီချင်းနားထောင်တာ၊ ရုပ်ရှင်ကြည့်တာတွေအတွက် အလွန်အဆင်ပြေပါတယ်။Bluetooth နဲ့ ဖုန်းကနေ ချိတ်ဆက်နိုင်သလို၊ USB Stick စိုက်ပြီးလည်း တိုက်ရိုက်နားထောင်လို့ ရပါတယ်။ ကွန်ပျူတာ (PC/Laptop) နဲ့ TV တွေမှာလည်း RCA (သို့) 3.5mm နဲ့ ချိတ်သုံးလို့ရပါတယ်။အနက်ရောင် Glossy Finish နဲ့ ခေတ်မီတဲ့ ပုံစံရှိလို့ ဧည့်ခန်း ဒါမှမဟုတ် စားပွဲပေါ်မှာ တင်ထားရင် အလွန်ကြည့်ကောင်းပါတယ်။
Philips MMS2143B/94 Bluetooth 2.1 Speaker
Philips MMS2143B/94 ဟာ အိမ်တွင်းဖျော်ဖြေရေးအတွက် အလွန်အဆင်ပြေတဲ့ 2.1 Channel Multimedia Speaker အမျိုးအစားဖြစ်ပါတယ်။Philips ရဲ့ နည်းပညာကြောင့် Bass သံကို တုန်ခါမှုအားကောင်းကောင်းနဲ့ ရရှိစေမှာဖြစ်လို့ ရုပ်ရှင်ကြည့်တဲ့အခါ ပိုပြီးရသမြောက်ပါတယ်။အရွယ်အစားက သိပ်မကြီးလှဘဲ ကျစ်ကျစ်လျစ်လျစ်ရှိလို့ စားပွဲခုံပေါ် ဒါမှမဟုတ် TV စင်ပေါ်မှာ နေရာအများကြီးမယူဘဲ ခန့်ခန့်ညားညားရှိနေမှာပါ။အဝေးထိန်း Remote ပါဝင်တဲ့အတွက် ထိုင်ရာမထ အသံအတိုးအကျယ်နဲ့ Mode ပြောင်းတာတွေကို လုပ်နိုင်ပါတယ်။Bluetooth ပါတဲ့ ဘယ် Device နဲ့မဆို အလွယ်တကူ Pairing လုပ်နိုင်ပါတယ်။Bluetooth: ဖုန်း၊ တက်ဘလက်တွေနဲ့ ကြိုးမဲ့ချိတ်ဆက်နိုင်ပါတယ်။Direct USB slot ပါဝင်လို့ သီချင်းတွေတိုက်ရိုက်ဖွင့်လို့ရပါတယ်။3.5mm jack နဲ့ ကွန်ပျူတာ၊ TV တွေမှာ ချိတ်သုံးနိုင်ပါတယ်။ရေဒီယိုနားထောင်သူတွေအတွက် Built-in FM ပါဝင်ပါတယ်။
Philips MMS2580B/94 Bluetooth 2.1 Speaker
Philips MMS2580B/94 Bluetooth 2.1 Speaker ဟာ အိမ်မှာ ရုပ်ရှင်ကြည့်တာ၊ သီချင်းနားထောင်တာနဲ့ ဂိမ်းဆော့တာတွေအတွက် အသံပိုင်းဆိုင်ရာ အတွေ့အကြုံသစ် ပေးနိုင်တဲ့ အဆင့်မြင့် Multimedia Speaker စနစ်တစ်ခု ဖြစ်ပါတယ်။ 2.1 system ဖြစ်တဲ့အတွက် Bass သံအတွက် သီးသန့် Subwoofer တစ်လုံးပါဝင်လို့ အနိမ့်သံ (Bass) ကို ကောင်းကောင်းပေးနိုင်ပါသည်။ Bluetooth, USB, SD Card Slot, FM Radio နဲ့ Audio-in (AUX) တို့ ပါဝင်ပါတယ်။အဝေးကနေ အသံအတိုးအချဲ့နဲ့ mode ပြောင်းတာတွေလုပ်ဖို့ Remote ပါဝင်ပါသည်။ 20W output က ကောင်းမွန်တဲ့ bass သံကို ပေးစွမ်းမှာ ဖြစ်ပါသည်။