Tronsmart Element T6 Max 60W Home Wireless Speaker
Tronsmart Element T6 Max 60W Home Wireless Speaker လေးကတော့ Bluetooth version 5.0 ဖြစ်ပြီးတော့ Output 60W ပါဝင်မှာဖြစ်ပါတယ်။ Battery 12000mAh ပါဝင်ပြီး နာရီ ၂၀ကြာအောင်သီချင်းနားထောင်လို့ရမှာဖြစ်ပါတယ်။
Tronsmart Halo 100 Portable Party Speaker (60W)
Tronsmart ကထုတ်လုပ်ထားတဲ့ Halo 100 Portable Party Speaker လေးကတော့ သေးငယ်လို့သွားလေရာကို သယ်ဆောင်သွားနိုင်ခြင်း၊ အသံထွက်ကောင်းမွန်ခြင်း၊ အချိန်ကြာကြာဖွင့်နိုင်ခြင်းနဲ့ ရေစိုခံခြင်းတို့ကြောင့် အထူးသင့်တော်သောပစ္စည်းလေးဖြစ်ပါသည်။ Bluetooth Version 5.3 ကိုအသုံးပြုထားတာမို့ ဖုန်းနဲ့ချိတ်ဆက်မှုကိုမြန်ဆန်စေပြီး အသံနောက်ကျခြင်းမရှိပဲ ကြည်လင်တဲ့အသံထွက် Quality ကိုရရှိစေပါသည်။ Bluetooth အပြင် USB Stick, TF, Micro SD card, AUX cable တွေနဲ့ပါ တွဲဖက်အသုံးပြုနိုင်ဦးမှာဖြစ်တာမို့ Platform အစုံကနေ ကိုယ့်စိတ်ကြိုက်သီချင်းတွေကိုအသံကျယ်ကျယ်နဲ့ နားဆင်နိုင်ပါသည်။ လက်ကိုင်ပါသော Ultra Portable လေးဖြစ်တာမလို့ သယ်ဆောင်ရတာလည်းအဆင်ပြေစေမှာပဲဖြစ်ပါသည်။
Tronsmart Halo 300 240W Portable Party Speaker
Tronsmart ကနေ ထွက်ရှိထားတဲ့ Halo 300Portable Party Speaker လေးကတော့ outpur power 240W ဖြင့် သံစဉ်များကို နားဆင်နိုင်မှာဖြစ်ပါသည်။ အိမ်မှာအနားယူရင်း သီချင်းလည်းဆိုတာဘဲဖြစ်ဖြစ်၊ ဘော်ဒါတွေနဲ့စုပြီး ဟဲချင်တာမျိုးဘဲဖြစ်ဖြစ် Halo 300 လေးကအထူးသင့်တော်တဲ့ speaker လေးတစ်လုံးဖြစ်ပါသည်။Bluetooth 5.3 ကချိတ်ဆက်မှုမြန်ဆန်စေပြီး Bass တွေ Treble အသံတွေကိုလည်း ချိန်ညှိလို့ရတဲ့အပြင် ဘက်ထရီအားကလည်းကြာရှည်ခံမို့အလန်းစား Bluetooth Box လေးတခုပဲဖြစ်ပါသည်။ သွားလေရာကို အလွယ်တကူသယ်ယူနိုင်စေရန်အတွက် အောက်ခြေလေးမှာ ဘီးလေးတွေလည်းပါဝင်ပါသည်။ Battery Capacity 27000mAH ပါဝင်ပြီနာရီ ၂၀ လောက် အေးဆေးဖွင့်ထားလို့ရမှာဘဲဖြစ်ပါသည်။ Ports တွေအနေနဲ့ Micx2, USB, AUX, Guitar, XlR ports များပါဝင်တာဖြစ်လို့ function အစုံအသုံးပြုလို့ရမယ့် speaker လေးဖြစ်ပါသည်။
Tronsmart Trip 2 Portable Bluetooth Speaker (10W)
Tronsmart Trip 2 Portable Bluetooth Speaker ကတော့ ချိတ်ဆက်မှုကောင်းတဲ့ Bluetooth 5.3 ကိုအသုံးပြုပေးထားပါသည်။ IPX7 ဖြစ်လို့ ရေစိုလည်းခံတာမလို့ ရေချိုးခန်းထဲမှာ Mode အပြည့်နဲ့ သီချင်းနားဆင်တတ်သူတွေအတွက်အဆင်ပြေစေပါသည်။ Wireless အပြင် TF card စိုက်ပြီးလည်းအသုံးပြုလို့ရပါသည်။ အား ၃နာရီခွဲသွင်းထားရုံးနဲ့ up to 20hours လောက်ပြန်လည်းအသုံးပြုလို့ရမယ့် speaker လေးဖြစ်ပါသည်။