Reyee RG-RAP52-OD AC1300 Dual-Band Gigabit Wireless Access Point
570,000 Ks

Reyee RG-RAP52-OD AC1300 Dual-Band Gigabit Wireless Access Pointလေးသည် Dual-band Wi-Fi (2.4GHz + 5GHz)ပေးစွမ်းနိုင်တဲ့အတွက် အင်တာနက်အလွန်မြန်ဖို့ လိုအပ်တဲ့ လုပ်ငန်းခွင်တွေနဲ့ လူအများအပြား တစ်ပြိုင်နက်အသုံးပြုတဲ့ နေရာတွေအတွက် အထူးသင့်တော်ပါတယ်။ 10/100/1000 Base-T အပေါက် ပါဝင်တဲ့အတွက် Internet Speed မြင့်မြင့်ကို အပြည့်အဝ ပေးပို့နိုင်ပါတယ်။  Mesh စနစ်ကို လွယ်လွယ်ကူကူ ချိတ်ဆက်နိုင်ပြီး Access Point တွေကို တစ်ခုနဲ့တစ်ခု ကြိုးမဲ့ (Wireless) ချိတ်ဆက်ပြီး အသုံးပြုနိုင်ပါသည်။ 

Reyee RG-EG105G V3 5-Port Gigabit Cloud Managed Router
469,000 Ks

Reyee RG-EG105G V3 ကတော့ လူကြိုက်များတဲ့ အိမ်သုံး၊ ရုံးသုံးနဲ့ SOHO (Small Office/Home Office) လုပ်ငန်းတွေအတွက် အထူးထုတ်လုပ်ထားတဲ့ 5-Port Gigabit Cloud Managed Router တစ်ခု ဖြစ်ပါတယ်။ 5-Port ပါဝင်ပြီး အားလုံးက 10/100/1000 Mbps (Gigabit) အမြန်နှုန်းကို ထောက်ပံ့ပေးပါတယ်။ပုံမှန်အားဖြင့် LAN Port ၄ ခု၊ WAN Port ၁ ခု ပါဝင်ပေမဲ့ လိုအပ်ရင် WAN Port ကို ၄ ခုအထိ ချဲ့ပြီး Multi-WAN Router အဖြစ် သုံးလို့ရပါတယ်။ အင်တာနက်လိုင်း ၂ လိုင်း၊ ၃ လိုင်း ခွဲသုံးချင်သူတွေအတွက် အဆင်ပြေပါတယ်။128MB RAM နဲ့ 16MB Flash ပါဝင်တာကြောင့် တစ်ပြိုင်နက်တည်း Client များစွာ ချိတ်ဆက်ရင်လည်း ကြန့်ကြာမှု မရှိစေပါဘူး။600 Mbps အထိ Bandwidth ကို ကောင်းကောင်း Handle လုပ်ပေးနိုင်ပါတယ်။အင်တာနက်ကို တစ်ပြိုင်နက်တည်း သုံးစွဲသူ (Concurrent Users) ၁၀၀ ကျော် အထိ တည်တည်ငြိမ်ငြိမ် ထိန်းကျောင်းပေးနိုင်စွမ်း ရှိပါတယ်။ဒီ Router ရဲ့ အမိုက်ဆုံးအချက်က Ruijie Cloud App နဲ့ ချိတ်ဆက်ပြီး ဘယ်နေရာကနေမဆို ဖုန်းနဲ့ လှမ်းပြီး Manage လုပ်လို့ရတာ ပါပဲ။ ရုံးမှာ၊ ဆိုင်မှာ ဘာပြဿနာတက်လဲဆိုတာ အဝေးကနေ စစ်ဆေး၊ ပြင်ဆင်နိုင်ပါတယ်။

Reyee RG-POE-AF15 POE Adapter (52V 0.3A)
98,000 Ks

Reyee RG-POE-AF15 POE Adapter လေးသည် access point များနှင့် အခြားသော ကွန်ရက်စက်ပစ္စည်းများသို့ တည်ငြိမ်ပြီး စွမ်းဆောင်ရည်မြင့်မားသော ပါဝါထောက်ပံ့မှု့ကိုရရှိစေရန် လုပ်ဆောင်ပေးနိုင်သော Adapter လေးဖြစ်ပါသည်။ 52V output နှင့်0.3A အဆင့်သတ်မှတ်ချက်တွင် လည်ပတ်ပြီး 1Gbps မြန်နှုန်းအထိ Data လွှဲပြောင်းမှု့ကို ပံ့ပိုးပေးနိုင်ပါသည်။

Reyee RG-ES124GD 24-Port 10/100/1000Mbps Gigabit Unmanaged Metal Switch
375,000 Ks

Reyee RG-ES124GD 24-Port 10/100/1000Mbps Gigabit Unmanaged Metal Switch သည် RG-ES100 Series ခလုတ်များကို ပါဝါဖွင့်ပြီး IP ကင်မရာများ၊ ဒစ်ဂျစ်တယ်ဗီဒီယိုအသံဖမ်းစက်(DVRs) များသို့ ခလုတ်များကို မှန်ကန်စွာ ချိတ်ဆက်ခြင်းဖြင့် ဗီဒီယိုစောင့်ကြည့်ထုတ်လွှင့်မှုကွန်ရက်တစ်ခုကိုပေးစွမ်းနိုင်ပါသည်။ အလွန်တည်ငြိမ်မှုအတွက် စံနှုန်းမြင့်သော အလင်းကာကွယ်မှုဒီဇိုင်းဖြင့်ပြုလုပ်ထားပြီး PoE switches များ၏ ports များအတွက် 6 kV lightning protection အထိနှင့် PoE မဟုတ်သော switches များ၏ port များအတွက် 4 kV lightning protection အထိပံ့ပိုးပေးပါသည်။ အထူးကောင်းမွန်သော အရည်အသွေးနှင့် တည်ငြိမ်မှုအတွက် မြင့်မားသောရွေးချယ်မှုစံနှုန်းများကိုပေးစွမ်းနိုင်သော ပစ္စည်းလေးဖြစ်ပါသည်။

Reyee RG-ES206GS-P 4-Port Gigabit Smart Cloud Managed PoE Switch
375,000 Ks

Reyee RG-ES206GS-P 4-Port Gigabit Smart Cloud Managed PoE Switch လေးသည် ယုံကြည်စိတ်ချရပြီး အရည်အသွေးမြင့်မားမှု့ကို သေချာစေပြီး Switching capacity 12 Gbps နဲ့အလုပ်လုပ်ပေးမှာပဲဖြစ်ပါသည်။ အိမ် သို့မဟုတ် ရုံးများတွင် ကွန်ရက်ကိုချဲ့ထွင်ရန်အတွက် ပြီးပြည့်စုံသော POE Switch လေးဖြစ်ပါသည်။ 10 / 100 / 1000  Mbps : 4 LAN & PoE ports + 2 Uplink ports များပါဝင်ပါသည်။

Reyee RG-ES220GS-P 16 port Gigabit cloud Managed POE Switch
986,000 Ks

Reyee RG-ES220GS-P 16 port Gigabit cloud Managed POE Switch သည် တစ်ခုဖြစ်ပြီး Gigabit PoE (Power over Ethernet) စနစ်ဖြစ်ပြီး Reyee Cloud မှတစ်ဆင့်Managed လုပ်နိုင်သည်။ PoE ပံ့ပိုးမှု အနေနဲ့ IEEE 802.3af/at စံနှုန်းများနှင့် ကိုက်ညီပြီး၊ တစ်ခုချင်းစီတွင် အများဆုံး 30W အထိ ပံ့ပိုးနိုင်ပြီး စုစုပေါင်း PoE Powerအများဆုံး 230W အထိ ပံ့ပိုးနိုင်သည်။အထူးကောင်းမွန်သော အရည်အသွေးနှင့် တည်ငြိမ်မှုအတွက် မြင့်မားသောရွေးချယ်မှုစံနှုန်းများကိုပေးစွမ်းနိုင်သော ပစ္စည်းလေးဖြစ်ပါသည်။

Reyee RG-ES224GC-V2 24-Port Gigabit Cloud Managed Switch
613,000 Ks

Reyee RG-ES224GC-V2 Switch လေးသည် Gigabit PoE (Power over Ethernet) စနစ်ဖြစ်ပြီး Reyee Cloud မှတစ်ဆင့်Managed လုပ်နိုင်သည်။ တစ်ချိန်တည်းတွင် VLAN 16 ခုအထိကို ( 4K ID VLAN ) ဖြင့် ချိတ်ဆက်အသုံးပြုနိုင်ပါသည်။ Switch ကို web နှင့် cloud မှတဆင့် စီမံခန့်ခွဲပေးပါသည်။ 

Reyee RG-RAP62-OD AX3000 Dual-Band Gigabit Wireless Outdor Access Point
615,000 Ks

Reyee RG-RAP62-OD AX3000 Dual-Band Gigabit Wireless Access Point လေးသည် Outdoor အသုံးပြုရန်အတွက် ဒီဇိုင်းထုတ်ထားသော Wireless Access Point တစ်ခုဖြစ်ပါသည်။ IP65 ရေစိုဒဏ်နှင့် ဖုန်ဒဏ်ကာကွယ်မှုပါဝင်သောကြောင့် ပြင်ပပတ်ဝန်းကျင်များတွင် စိတ်ချစွာ အသုံးပြုနိုင်ပါသည်။Wi-Fi 6 နည်းပညာကို အသုံးပြုထားပြီး 2.4GHz band တွင် 574 Mbps နှင့် 5GHz band တွင် 2402 Mbps အထိ မြန်နှုန်းပေးစွမ်းနိုင်သောကြောင့် လူများများအသုံးပြုသောနေရာများတွင်လည်း တည်ငြိမ်ပြီး မြန်ဆန်သော Wireless Network ကို ပေးစွမ်းနိုင်ပါသည်။ AP Mesh နှင့် AP Standalone Portal စနစ်များကို ထောက်ပံ့ပေးထားသောကြောင့် Network ချဲ့ထွင်တပ်ဆင်ရာတွင် လွယ်ကူစေပြီး Cloud Management ကိုလည်း Lifetime Free ဖြင့် အသုံးပြုနိုင်ပါသည်။ 

Reyee RG-EG105G-P V3 5Ports Gigabit Cloud Managed POE Router
525,000 Ks

Reyee RG-EG105G-P V3 Router ဟာ Small to Medium Business (SMB) တွေ၊ ရုံးခန်းတွေ၊ စားသောက်ဆိုင်တွေနဲ့ Home Office (SOHO) တွေအတွက် အထူးထုတ်လုပ်ထားတဲ့ 5-Port Gigabit Cloud Managed PoE Router တစ်ခုဖြစ်ပါတယ်။Reyee RG-EG105G-P V3 Router ဟာ Small to Medium Business (SMB) တွေ၊ ရုံးခန်းတွေ၊ စားသောက်ဆိုင်တွေနဲ့ Home Office (SOHO) တွေအတွက် အထူးထုတ်လုပ်ထားတဲ့ 5-Port Gigabit Cloud Managed PoE Router တစ်ခုဖြစ်ပါတယ်။LAN Port ၄ ခု၊ WAN Port ၁ ခုအနေနဲ့ လာပေမယ့် လိုအပ်ရင် WAN Port ၄ ခုအထိ (Multi-WAN) ပြောင်းလဲသတ်မှတ်နိုင်ပါတယ်။ အင်တာနက်လိုင်း ၂ လိုင်း သို့မဟုတ် ၃ လိုင်းကို တစ်ပြိုင်နက်ထဲ ချိတ်ဆက်ပြီး Backup အနေနဲ့ဖြစ်စေ၊ ခွဲဝေပြီးဖြစ်စေ သုံးနိုင်ပါတယ်။Port ၅ ခုထဲက Port ၁ ကနေ ၄ အထိက PoE+ ကို Support ပေးပါတယ်။ စုစုပေါင်း PoE Power Budget က 54W ရှိလို့ Ruijie Reyee ရဲ့ Access Point (AP) တွေနဲ့ IP Camera တွေကို Network ကြိုးတစ်ချောင်းထဲနဲ့ Data ရော ပါဝါပါ တစ်ခါထဲ ပေးနိုင်ပါတယ်။အင်တာနက်အမြန်နှုန်း 600 Mbps အထိကို အေးဆေး တည်ငြိမ်စွာ ကိုင်တွယ်နိုင်ပါတယ်။ရုံးခန်းထဲမှာ တစ်ယောက်ယောက်က file တွေ အကြီးအကျယ် Download ဆွဲနေရင်တောင် အခြားသူတွေ အင်တာနက်နှေးမသွားအောင် Bandwidth ကို အလိုအလျောက် မျှတစွာ ခွဲဝေပေးပါတယ်။

Reyee RG-RAP62 AX1800 Dual Band Celling Mount Access Point
600,000 Ks

Reyee RG-RAP62 AX1800 Dual Band Celling Mount Access Point သည် မြန်ဆန်တည်ငြိမ်သော Wi-Fi ချိတ်ဆက်မှုကို ပေးစွမ်းနိုင်ပြီး Hotel, Office နှင့် Commercial Environment များအတွက် အထူးသင့်လျော်ပါသည်။ Reyee Mesh နှင့် AI Wireless Optimization (WIO) ကို Support ပေးထားသောကြောင့် Network Coverage ကို ပိုမိုကောင်းမွန်စေပါသည်။ Compact Size နှင့် Modern Circular Design ကြောင့် Hotel Decoration Style များနှင့် လိုက်ဖက်ညီစွာ တပ်ဆင်အသုံးပြုနိုင်ပါသည်။

Reyee RG-EW3000GX AX3000 Dual Band Gigabit Mesh Router
460,000 Ks

Reyee RG‑EW3000GX  AX3000 လေးကတော့ Wi‑Fi 6 (802.11ax) နည်းပညာနှင့် Dual‑Band တွင် 160 MHz bandwidth ကိုsupport ပေးသည့် AX3000  router လေး ဖြစ်ပါတယ်။2.4 GHz မှာ 574 Mbps၊ 5 GHz မှာ 2402 Mbps speed ဖြင့်အလုပ်လုပ်ပေးမှာဖြစ်ပြီး LAN 3 Port ဖြင့်အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။DC 12V/1.5A ဖြစ်ပြီး လုပ်ငန်းသုံး/ကျောင်းသုံး/အိမ်သုံး အသုံးပြုရအဆင်ပြေသော Router လေးဖြစ်ပါသည်။

Reyee RG-EW3000 GX Pro Gigabit Gaming Router (Wi-Fi6)
598,000 Ks

Reyee RG-EW3000 GX Pro Gigabit Gaming Router (Wi-Fi6) လေးသည် Wi-Fi 6 (802.11ax) နည်းပညာအသစ်ကို အသုံးပြုထားသော AX3000 Dual-Band Gaming Router ဖြစ်ပြီး အိမ်သုံး၊ Gaming နှင့် Office အသုံးပြုမှုများအတွက် မြန်နှုန်းမြင့် network performance ကို ပေးစွမ်းနိုင်ပါသည်။ Wi-Fi Speed စုစုပေါင်း 3000 Mbps အထိ မြန်နှုန်းပေးနိုင်ပြီး 160 MHz Channel Width ဖြစ်တာကြောင့် Data transfer ပိုမြန်ပါသည်။ 

Reyee RG-EST350G Dual Band Gigabit Wireless Bridge
861,000 Ks

Reyee RG-EST350G Dual Band Gigabit Wireless Bridge သည် Wi-Fi 5 (802.11ac) ကို အသုံးပြု၍ 5GHz frequency band တွင် 867Mbps အမြန်နှုန်းဖြင့် အချက်အလက်များကို ပို့ဆောင်နိုင်ပါသည်။ လုံခြုံသော အချက်အလက်ပို့ဆောင်မှုအတွက် 5km အကွာအဝေးအထိ အသုံးပြုနိုင်ပြီး Built-in 16dBi directional antenna ဖြင့် အချက်အလက်များကို တိကျစွာ ပို့ဆောင်ပေးနိုင်ပါသည်။ LAN devices များကို ချိတ်ဆက်ရန် Gigabit Ethernet ports 3 ခု ပါရှိပြီး Zero configuration ဖြင့် Point-to-Point (PTP) pairing ကို အလိုအလျောက်ပြုလုပ်နိုင်ပါသည်။ Surveillance systems, building-to-building connectivity, campus & industrial networks စသည့် နေရာများတွင် အသုံးပြုရန်အတွက် အဆင်ပြေစေမည့် ပစ္စည်းလေးဖြစ်ပါသည်။

Reyee RG-RAP1200(F) Wall Mount Access Point
245,000 Ks

Reyee RG-RAP1200(F) Wall Mount Access Point လေးကတော့ (Dual-radio) design ပါရှိပြီး 2.4 GHz + 5 GHz ရှိသော Wi-Fi စနစ်ကို ထောက်ပံ့ပေးနိုင်ပါသည်။ 802.11ac Wave2 (WiFi 5) ပံ့ပိုးမှုရှိပြီး MU-MIMO ထောက်ပံ့ခြင်းဖြင့် စွမ်းဆောင်ရည်ပိုမိုကောင်းမွန်စေပါသည်။ Cloud များမှ စီမံခန့်ခွဲနိုင်သော စနစ်ဖြစ်ပြီး၊ Ruijie Reyee App/Ruijie Cloud စနစ်များမှ စီမံခန့်ခွဲနိုင်ပါသည်။ တပ်ဆင်မှုလွယ်ကူသော wall-plate design ဖြစ်ပြီး၊ ရုံး၊ဟိုတယ်၊ကော်ဖီဆိုင်၊အိမ်သုံးစသည့်နေရာများအတွက် အသုံးပြုရာတွင် အဆင်ပြေစေမည့် ပစ္စည်းလေးဖြစ်ပါသည်။

Reyee RG-RAP2260(H) AX6000 Dual Band Gigabit Ceiling Mount Access Point (WiFi 6)
1,450,000 Ks

Reyee RG-RAP2260(H) ဟာ စွမ်းဆောင်ရည်မြင့်မားတဲ့ AX6000 Wi-Fi 6 Ceiling Mount Access Point တစ်ခုဖြစ်ပြီး၊ စုစုပေါင်း Wireless Speed 5.95 Gbps အထိ ပေးစွမ်းနိုင်တဲ့အတွက် အင်တာနက်အလွန်မြန်ဖို့ လိုအပ်တဲ့ လုပ်ငန်းခွင်တွေနဲ့ လူအများအပြား တစ်ပြိုင်နက်အသုံးပြုတဲ့ နေရာတွေအတွက် အထူးသင့်တော်ပါတယ်။ ၎င်းမှာ 2.5 Gbps Multi-Gigabit Port နှစ်ခုပါဝင်တာကြောင့် Network bandwidth အကျပ်အတည်းမဖြစ်ဘဲ ဒေတာစီးဆင်းမှု မြန်ဆန်စေတဲ့အပြင်၊ 4x4 MU-MIMO နည်းပညာကြောင့် Device ပေါင်း ၅၀၀ ကျော်အထိ ချိတ်ဆက်အသုံးပြုနိုင်စွမ်း ရှိပါတယ်။ ထူးခြားချက်အနေနဲ့ Ruijie Cloud ကနေတစ်ဆင့် ဘယ်နေရာကမဆို အခမဲ့ အဝေးထိန်းစီမံခန့်ခွဲနိုင်ပြီး၊ Seamless Roaming စနစ်ကြောင့် အဆောက်အဦးအတွင်း လမ်းလျှောက်သွားလာရင်း သုံးစွဲရာမှာလည်း လိုင်းပြတ်တောက်မှုမရှိဘဲ အမြဲချောမွေ့နေမှာ ဖြစ်ပါတယ်။ တပ်ဆင်ရလွယ်ကူပြီး ကိုယ်ပိုင် Mesh စနစ်ကိုလည်း ထောက်ပံ့ပေးထားတာကြောင့် ရုံးခန်းကြီးများ၊ ဟိုတယ်များနှင့် ခေတ်မီစမတ်အိမ်ရာများအတွက် ယုံကြည်စိတ်ချရတဲ့ High-end Wi-Fi Solution တစ်ခုပဲ ဖြစ်ပါတယ်။

Reyee RG-EW6000GX AX6000 Mesh Router (WiFi 6)
660,000 Ks

Reyee RG-EW6000GX AX6000 Mesh Router (WiFi 6)  သည် 2.4 GHz မှာ 1147 Mbps နဲ့ 5 GHz မှာ 4804 Mbps အထိ အမြန်နှုန်းပေးနိုင်လို့ စုစုပေါင်း 6000 Mbps နီးပါး ရရှိမှာ ဖြစ်ပါတယ်။WiFi 6 ရဲ့ ထူးခြားချက်ဖြစ်တဲ့ 160MHz လိုင်းအကျယ်ကို ထောက်ပံ့ပေးတဲ့အတွက် Data စီးဆင်းမှု ပိုမိုမြန်ဆန်ပါတယ်။2.0 GHz Quad-core CPU ပါဝင်လို့ Device အများကြီး ချိတ်ဆက်ထားရင်လည်း လိုင်းထစ်တာ၊ ကျတာမျိုး မဖြစ်ဘဲ တည်ငြိမ်ပါတယ်။

Reyee RG-EG305GH-P-E V1 5Ports Gigabit With 4 POE + Cloud Managed Router
1,376,000 Ks

Reyee ကနေထွက်ရှိလားတဲ့ RG-EG305GH-P-E V1 Router  လေးကတော့ 5Ports Gigabit With 4 POE + Cloud Managed ပါဝင်သော router လေးဖြစ်ပါသည်။ PoE Port ၄ ခု ပါတဲ့အတွက် IP Camera ၄ လုံးကို Switch ထပ်ဝယ်စရာမလိုဘဲ တိုက်ရိုက် ပါဝါကျွေးပြီး သုံးနိုင်ပါသည်။ Network ကို အဝေးကနေ ဖုန်းနဲ့ အမြဲ စောင့်ကြည့် ပြုပြင်ချင်တဲ့ Content Creator တွေ၊ လုပ်ငန်းရှင်တွေနဲ့ ITသမားတွေအတွက် အလုပ်ရှုပ်သက်သာစေမယ့် Device မျိုး ဖြစ်ပါသည်။