Nippon 96" x 96" Wallmount Projector Screen
Nippon 96x96 Wallmount တွင် mountig brackets ပါဝင်တဲ့ အတွက်ကြောင့် celling များတပ်ဆင်ရလွယ်ကူပါသည်။မျက်နှာပြင် အရွယ်အစားကတော့ ၈ပေ ပတ်လည် ဖြစ်ပါတယ်။
Nippon 144" x 144" Motorized Projector Screen
Nippon 144 x 144 Motorized Projector Screen လေးသည် တပ်ဆင်ရလွယ်ကူသည့်အတွက် ကျောင်းသုံး အတွက်သာမက ရုံးသုံးများအတွက်ပါ အဆင်ပြေစေသော motorized ဖြစ်ပါသည်။
Nippon 96" x 96" Tripod Projector Screen
Tripod Projector Screen သည် Nipponအမှတ်တံဆိပ်ဖြစ်ပြီးအရွယ်အစားမှာ 96x96 ဖြစ်၍အဖြူရောင်ဖြစ်တာကြောင့်သန့်ရှင်းစင်ကြယ်သောမျက်နှာပြင် တင်ပြချက်များနှင့်အိမ်တွင်းရုပ်ရှင်ရုံများအတွက်သင့်လျော်မည့်Tripod Screen လေးဖြစ်ပါသည်။
Nippon SC-568 Wired Barcode Scanner (2D)
Nippon SC-568 2D Scanner လေးကတော့ Barcode Scanner လေးဖြစ်ပြီး Scan Speed မှာ 500 scans per second ဖြစ်ပါသည်။ CMOS Image Capture ကြောင့် လျှင်မြန်စွာ scan ဖတ်ပေးနိုင်ပါသည်။Scan Mode အနေဖြင့် Manual နှင့် Auto Scan ပါဝင်ထားပါသည်။
Nippon ST01-60 Projector Wall Mount
Nippon ST01-60 Projector Wall Mount လေးကတော့ ခိုင်ခံ့သော အလူမီနီယမ်ဖြင့် ဖန်တီးပြုလုပ်ပေးထားသောကြောင့် အသုံးပြုရာတွင် အဆင်ပြေစေပြီး အရည်အသွေးကောင်းမွန်သော ပစ္စည်းလေးဖြစ်ပါသည်။
Nippon NP-801B AC Bill Counter
Nippon ကထုတ်ထားတဲ့ NP-801B AC Bill Counter သည် ငွေစက္ကူ size မျိုးစုံကို တိကျစွာရေတွက်ပေးနိုင်သော ငွေရေစက်လေးဖြစ်ပါသည်။ AC (220 V±10 %, 50 Hz) ဖြင့်အသုံးပြုနိုင်ပြီး စက်အတွင်း Battery ပါရှိသောကြောင့် လျှပ်စစ်မရှိတဲ့နေရာများတွင်လည်း အသုံးပြုရအဆင်ပြေစေပါသည်။ Portable ဖြစ်တာကြောင့် သွယ်ဆောင်ရလည်း လွယ်ကူစေပါသည်။ MMK, USD, EUR စတာတွေ ရေတွက်နိုင်ပြီး တစ်မိနစ်ကို 1000 ပေါက်စာ (pcs/min) အထိ ရေတွက်နိုင်ပါသည်။
Nippon NP-929 AC Bill Counter
Nippon NP-929 AC Bill Counter လေးသည် ဘဏ်လုပ်ငန်း၊ စားသောက်ဆိုင်များ၊ စီးပွားရေးအဖွဲ့အစည်းများ တို့တွင် သက်တောင့်သက်သာ၊ မြန်ဆန်ပြီး တိကျစွာ ငွေစက္ကူများကို ရေတွက်ရန်အသုံးဝင်သော Bill Counter လေးဖြစ်ပါသည်။ MMK, USD, CNY, JPY, INR, KRW, THB, SGD, MYR, EUR, GBP, TWD စတာတွေ ရေတွက်နိုင်ပြီး တစ်မိနစ်ကို 800, 1000, 1200 ပေါက်စာ (pcs/min) အထိ ရေတွက်နိုင်ပါသည်။
Nippon PB-S100 Aluminum Projector Ceiling Mount Bracket (Fixed 4")
Nippon PB-S100 Aluminum Projector Ceiling Mount Bracket ကတော့ Aluminum Alloy နဲ့ ပြုလုပ်ထားတဲ့အတွက် ပေါ့ပါးပြီး ခိုင်ခံ့မှုရှိပါတယ်။ သံချေးတက်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။အလျားအတိုအရှည် အနိမ့်အမြင့် ညှိလို့မရတဲ့ Fixed Type ဖြစ်ပြီး မျက်နှာကြက်ကနေ ၄ လက်မ (4 inches) ခန့်သာ ကွာဝေးပါတယ်။ မျက်နှာကြက် နိမ့်တဲ့နေရာတွေနဲ့ သပ်သပ်ရပ်ရပ် ရှိစေချင်တဲ့ နေရာတွေအတွက် အထူးသင့်တော်ပါတယ်။ခြေထောက် ၄ ချောင်းပါဝင်ပြီး Projector အမျိုးအစား တော်တော်များများ (Epson, Sony, Acer, BenQ စသည်) နဲ့ အံဝင်ခွင်ကျ ဖြစ်အောင် ညှိပြီး တပ်ဆင်နိုင်ပါတယ်။
Nippon NP-200-2U Thermal Receipt Printer (USB)
Nippon ကထုတ်လုပ်ထားတဲ့ NP-200-2U Thermal Receipt Printer လေးသည် Paper Width 80mm နဲ့အသုံးပြုနိုင်ပြီး Receipt စာလုံးအကြီးအသေးကိုလည်း လိုအပ်သလို ချိန်ညှိအသုံးပြုနိုင်ပါသည်။ Printing Speed က 160mm/sec အထိရရှိတာကြောင့် ဘောင်ချာများကို လျင်မြန်စွာထုတ်ပေးနိုင်ပါသည်။ USB Interface ပါဝင်တာကြောင့် Computer / POS System များနဲ့လွယ်ကူစွာ ချိတ်ဆက်အသုံးပြုနိုင်ပြီး Installation လုပ်ရာတွင်လည်း အဆင်ပြေလွယ်ကူစေပါသည်။ Auto Cutter ပါဝင်တဲ့အတွက် Receipt စာရွက်ကို အလိုအလျောက်ဖြတ်ပေးနိုင်ပြီး အသုံးပြုရတာ ပိုမိုမြန်ဆန်စေတာကြောင့် ဆိုင်လုပ်ငန်း၊ Mini Mart၊ Restaurant၊ Café၊ Pharmacy၊ Mobile Shop နဲ့ POS System အသုံးပြုတဲ့ လုပ်ငန်းများအတွက် အဆင်ပြေစေမည့် Printer လေးဖြစ်ပါသည်။
Nippon NP-950A AC Bill Counter
Nippon POS NP-950A Mixed Value Money Counter သည် စီးပွားရေးလုပ်ငန်းများ၊ ဘဏ်များ၊ ငွေလဲကောင်တာများနှင့် Cash Counter များတွင် အသုံးပြုရန်အတွက် ဒီဇိုင်းထုတ်ထားသော Professional Grade ငွေစက္ကူရေတွက်စက်တစ်လုံးဖြစ်ပါသည်။ မြန်နှုန်းမြင့် Counting System ပါဝင်သောကြောင့် တစ်မိနစ်လျှင် အများဆုံး 1,200 ရွက်အထိ တိကျလျင်မြန်စွာ ရေတွက်နိုင်ပြီး အဆင့်မြင့် UV (Ultraviolet), MG (Magnetic), MT (Magnetic Thread) နှင့် Image Detection နည်းပညာများကို ထည့်သွင်းထားသောကြောင့် ငွေစက္ကူအတုများ၊ နှစ်ရွက်ကပ်ခြင်း (Double Note)၊ အရွယ်အစားမတူသော ငွေစက္ကူများနှင့် အခြား Error များကို လျင်မြန်တိကျစွာ စစ်ဆေးပေးနိုင်ပါသည်။ USB, RS-232 နှင့် RJ-11 Interface များပါဝင်သောကြောင့် External Display၊ Printer နှင့် အခြား POS System များနှင့် ချိတ်ဆက်အသုံးပြုနိုင်ပါသည်။ ခိုင်ခံ့သော ကိုယ်ထည်ဒီဇိုင်း၊ တိကျမြန်ဆန်သော ရေတွက်စနစ်နှင့် အဆင့်မြင့် Fake Detection Technology များကြောင့် Retail Shop များ၊ Supermarket များ၊ Bank များ၊ Money Exchange လုပ်ငန်းများ၊ Accounting Office များနှင့် Cash Handling လုပ်ငန်းတိုင်းအတွက် ယုံကြည်စိတ်ချရသော ငွေစက္ကူရေတွက်စက် ဖြစ်ပါသည်။
Nippon NP-6000 AC Bill Counter
Nippon NP-6000 AC Bill Counter သည် ငွေစက္ကူများကို လျင်မြန်တိကျစွာ ရေတွက်နိုင်ရန် ဒီဇိုင်းထုတ်ထားသော Money Counting Machine တစ်လုံးဖြစ်ပါသည်။ ဘဏ်၊ ငွေလဲကောင်တာ၊ စတိုးဆိုင်၊ Supermarket၊ Office နှင့် နေ့စဉ် ငွေသားအဝင်အထွက်များသော လုပ်ငန်းများတွင် အသုံးပြုရန် သင့်တော်ပါသည်။ 4-Digit Counting Display ပါဝင်သဖြင့် ရေတွက်ထားသော အရေအတွက်ကို အလွယ်တကူ ကြည့်ရှုနိုင်ပါသည်။ USD ငွေစက္ကူများအတွက် ငွေစက္ကူအတု စစ်ဆေးနိုင်သည့် Function ပါဝင်ပြီး ငွေစက္ကူများ ရေတွက်ရာတွင် ပိုမိုစိတ်ချရစေပါသည်။