New
DJI OSMO Pocket 4 Creator Combo Vlogging Camera
2,970,000 Ks

DJI OSMO Pocket 4 Creator Combo Vlogging Camera ကတော့ Vlogger တွေနဲ့ Content Creator တွေကြားမှာ အရမ်းရေပန်းစားတဲ့ အိတ်ဆောင် Gimbal Camera အမျိုးအစားဖြစ်ပါတယ်။လင်းရောင်အားနည်းတဲ့အချိန်မှာတောင် ရုပ်ထွက်ကြည်လင်စေဖို့ 1-inch CMOS Sensor ကို အသုံးပြုထားပါတယ်။4K/120fps အထိ ရိုက်ကူးနိုင်တဲ့အတွက် အသေးစိတ်ကျတဲ့ Slow-motion ဗီဒီယိုတွေကို အရည်အသွေးမြင့်မြင့် ရရှိစေမှာပါ။ပြင်ကို ဒေါင်လိုက် (Vertical) ကော အလျားလိုက် (Horizontal) ပါ လှည့်လို့ရတဲ့အတွက် TikTok၊ Reels စတဲ့ Social Media format တွေအတွက် အဆင်ပြေပါတယ်။3-Axis mechanical stabilization ပါဝင်လို့ လမ်းလျှောက်ရင်း ဒါမှမဟုတ် လှုပ်ရှားရင်းရိုက်ရင်တောင် ဗီဒီယိုက ငြိမ်သက်နေမှာပါ။အသံအရည်အသွေး ကောင်းမွန်စေဖို့ Wireless Mic တစ်လုံး ပါဝင်ပါတယ်။ကင်မရာကို ကိုင်ရတာ ပိုအဆင်ပြေစေသလို ဘက်ထရီသက်တမ်းကိုလည်း ပိုရှည်စေပါတယ်။ရိုက်ကွင်းကို ပိုကျယ်ကျယ်မြင်ရအောင် တပ်ဆင်နိုင်တဲ့ မှန်ဘီလူးအပို၊ကင်မရာကို ငြိမ်ငြိမ်ချထားပြီး ရိုက်ချင်တဲ့အခါ အသုံးပြုဖို့ နဲ့ ပစ္စည်းအားလုံးကို စနစ်တကျ ထည့်သွားနိုင်မယ့် အိတ်ငယ်ပါဝင်ပါတယ်။

DJI Mic Mini 2 Compact Wireless Microphone
640,000 Ks

DJI Mic Mini 2 ဟာ Vloggers၊ Mobile Content Creators နဲ့ Mirrorless Camera အသုံးပြုသူတွေအတွက် အထူးထုတ်လုပ်ထားတဲ့ သေးငယ်ပေါ့ပါးပြီး အရည်အသွေးမြင့် စွမ်းဆောင်ရည်ရှိတဲ့ မျိုးဆက်သစ် Compact Wireless Microphone စနစ်တစ်ခု ဖြစ်ပါတယ်။Microphone Transmitter (အသံဖမ်းစက်) တစ်ခုချင်းစီရဲ့ အလေးချိန်ဟာ 11g ဝန်းကျင်ပဲ ရှိတာကြောင့် အင်္ကျီမှာ ကလစ်နဲ့ညှပ်ထားရင်တောင် အလေးချိန်ကို လုံးဝသတိမထားမိစေဘဲ စတိုင်ကျကျ တပ်ဆင်ထားနိုင်ပါတယ်။Mic Mini 2 ရဲ့ ထူးခြားချက်ကတော့ ရှေ့မျက်နှာပြင်အဖုံးတွေကို မိမိစိတ်ကြိုက် အရောင်မျိုးစုံ (ဥပမာ - Obsidian Black, Glaze White) အပြင် တခြား Graphic ဒီဇိုင်းဆန်းလေးတွေနဲ့ပါ လဲလှယ်အသုံးပြုနိုင်လို့ အဝတ်အစားနဲ့ လိုက်ဖက်အောင် ဆင်မြန်းနိုင်ပါတယ်။Magnetic Clip ပါဝင်လို့ အင်္ကျီမှာ သံလိုက်နဲ့ ကပ်မလား၊ ကလစ်နဲ့ ညှပ်မလား အဆင်ပြေပြေ တပ်ဆင်နိုင်ပြီး အသံလာရာဘက်ကို ချိန်ညှိဖို့ ကလစ်ကို လှည့်လို့ရပါတယ်။48kHz, 24-bit Omnidirectional Recording စနစ်ပါဝင်လို့ အသံကို ပတ်ပတ်လည်ကနေ သဘာဝကျကျနဲ့ ကြည်လင်ပြတ်သားစွာ ဖမ်းယူပေးနိုင်ပါတယ်။စကားပြောတဲ့ လေယူလေသိမ်းနဲ့ ပတ်ဝန်းကျင်အခြေအနေပေါ် မူတည်ပြီး ရွေးချယ်နိုင်ဖို့ Regular, Rich, နဲ့ Bright ဆိုပြီး အသံ Preset ၃ မျိုး ပါဝင်ပါတယ်။ဆူညံသံတွေကို ဖျောက်ပေးမယ့် ANC စနစ်မှာ အိမ်တွင်း/ရုံးခန်းထဲအတွက် Basic နဲ့ အပြင်ဘက် ဆူညံတဲ့ လမ်းမတွေပေါ်အတွက် Strong ဆိုပြီး အဆင့် ၂ ဆင့် ခွဲခြားပြီး အသုံးပြုနိုင်ပါတယ်။အသံတွေ ရုတ်တရက် ကျယ်လောင်သွားတဲ့အခါ အသံကွဲအက် (Audio Clipping) မဖြစ်သွားအောင် စနစ်က အလိုအလျောက် ထိန်းညှိပေးပါတယ်။