Osten XQN 818 Mosquito (2W)
Osten XQN 818 Mosquito Killer ဟာ ခြင်တွေနဲ့ အခြားပျံသန်းတတ်တဲ့ ပိုးမွှားတွေကို ဖမ်းဆီးသတ်ဖြတ်ဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ လျှပ်စစ်ခြင်ဖမ်းစက် (electric insect killer) အမျိုးအစား ဖြစ်ပါတယ်။ခြင်တွေကို ဆွဲဆောင်ဖို့ 395nm လှိုင်းအလျားရှိတဲ့ ခရမ်းရောင် LED မီးလုံး (၅) လုံးကို အသုံးပြုထားပါတယ်။ ဒီလှိုင်းအလျားဟာ ခြင်တွေအတွက် ဆွဲဆောင်မှု အရှိဆုံးလို့ သိရပါတယ်။Simulated CO2 Device (အတုပြုလုပ်ထားသော ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လုပ်စနစ်) ဒါကတော့ Osten XQN 818 ရဲ့ ထူးခြားတဲ့ အားသာချက်တစ်ခု ဖြစ်ပါတယ်။ ခြင်တွေဟာ လူတွေနဲ့ တိရစ္ဆာန်တွေက ထုတ်လွှတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို လိုက်ပြီး ရှာဖွေတတ်ပါတယ်။ ဒီစက်မှာ အတုပြုလုပ်ထားတဲ့ CO2 ထုတ်လွှတ်မှုစနစ် ပါဝင်တာကြောင့် ခြင်တွေကို ပိုမိုထိရောက်စွာ ဆွဲဆောင်နိုင်ပါတယ်။မီးရောင်ကြောင့် ရောက်လာတဲ့ ခြင်တွေကို လျှပ်စစ်ဓာတ်အားရှိတဲ့ ဇယားကွက် (electric grid) ကနေ လျှပ်စစ်ရှော့ခ်ရိုက်ပြီး သတ်ဖြတ်ပါတယ်။1200mAh ဘက်ထရီ ပါဝင်ပြီး Type-C အားသွင်းပေါက်နဲ့ အားသွင်းနိုင်ပါတယ်။ အားအပြည့်သွင်းဖို့ ၃-၄ နာရီခန့် ကြာပြီး အားသွင်းထားရင် တစ်ညတာ အသုံးပြုနိုင်ပါတယ်။
Osten U8 Mosquito Lamp (3W)
Osten U8 Mosquito Lamp ဟာလည်း ခြင်တွေကို နှိမ်နင်းဖို့အတွက် ထုတ်လုပ်ထားတဲ့ လျှပ်စစ်ခြင်ဖမ်းစက် (Electric Mosquito Killer Lamp) အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ Osten U8 ဟာ ခြင်တွေကို ဆွဲဆောင်ဖို့အတွက် ခရမ်းရောင် LED မီးလုံး (UV light) တွေကို အသုံးပြုပါတယ်။ ဒီမီးလှိုင်းက ခြင်တွေကို ဆွဲဆောင်နိုင်တဲ့အတွက် မီးရောင်ရှိရာကို ခြင်တွေ လာရောက်စေပါတယ်။ခြင်တွေ မီးလုံးအနီးကို ရောက်လာတဲ့အခါ အောက်ခြေကနေ ပါဝါပြင်းတဲ့ ပန်ကာ (suction fan) ကနေ လေကို စုပ်ယူလိုက်ပြီး ခြင်တွေကို စက်ရဲ့ အတွင်းပိုင်းက အကန့် (collection tray) ထဲကို ဆွဲသွင်းပါတယ်။ ဒီစနစ်က ခြင်တွေ လျှပ်စစ်ဇယားကွက်နဲ့ တိုက်ရိုက်ထိတွေ့ပြီး သေဆုံးစေတာမျိုး မဟုတ်ဘဲ၊ လေခြောက်သွေ့မှု (dehydration) ကြောင့် သေဆုံးစေတာမျိုး ဒါမှမဟုတ် ထွက်ပြေးလို့မရအောင် ပိတ်မိစေတာမျိုး ဖြစ်ပါတယ်။USB ကြိုးနဲ့ ပါဝါရယူတာဖြစ်တဲ့အတွက် လျှပ်စစ်ပလပ်ပေါက်၊ ကွန်ပျူတာ၊ ပါဝါဘဏ် (power bank) စတာတွေကနေတဆင့် အားသွင်းပြီး အသုံးပြုနိုင်ပါတယ်။
Osten FS40-10B 16-inch Stand Fan
Osten ရဲ့ FS40-10B Stand Fan လေးကတော့ အရွယ်အစား ၁၆လက်မထိရှိတာဖြစ်လို့ အေးမြပီး သက်တောင့်သက်သာရှိတဲ့ ပတ်ဝန်းကျင်လေးကို ဖန်တီးပေးနိုင်မှာပဲဖြစ်ပါသည်။ 40W စွမ်းအင်နဲ့ အဆင့် 3 ဆင့်ထိ လေတိုက်နှုန်းကို ထိန်းညှိနိုင်တာကြောင့် လေအားကောင်းကောင်းရနိုင်ပြီး အခန်းကို အေးမြစေဖို့ အသုံးဝင်ပါတယ်။Speed 3 ဆင့် ထိန်းချုပ်နိုင်ပါတယ်။
Osten Telescopic Floding Fan
Osten Telescopic Floding Fan လေးသည် Retro Style စားပွဲတင်ပန်ကာလေးဖြစ်တာကြောင့် ရုံးမှာပဲသုံးသုံး၊ အိမ်မှာပဲသုံးသုံး အဆင်ပြေစေပါသည်။ ၉၀ ဒီဂရီ Auto ခေါင်းလှည့်လို့ရပြီး ကိုယ်လိုချင်ရာကို ချိန်ညှိပြီးသုံးလို့ရပါသည်။ပန်ကာဒလက် (၃) ခုနဲ့ဖွဲ့စည်းထားပြီး လေအားပေါ်မူတည်ပြီး (၃)နာရီမှ (၈)နာရီအထိအသုံးပြုနိုင်ပါသည်။အလွယ်တကူခေါက်သိမ်းလို့ရတာကြောင့် ပေါ့ပေါ့ပါးပါးနဲ့ သွားလေရာသယ်ဆောင်သွားနိုင်မှာပဲဖြစ်ပါတယ်။
Osten 16-inch AC/DC Stand Fan
Osten 16-inch AC/DC Stand Fan သည် လျှပ်စစ်မီး (AC - Alternating Current) နှင့် ဘက်ထရီ/DC ပါဝါ (DC - Direct Current) နှစ်မျိုးလုံးဖြင့် အသုံးပြုနိုင်သော ထူးခြားသည့် ပန်ကာတစ်မျိုး ဖြစ်ပါသည်။ပုံမှန် လျှပ်စစ်မီး (AC) ဖြင့်လည်းအသုံးပြုနိုင်သည်။မြန်နှုန်း ထိန်းချုပ်မှု (Low, Medium, High) ၃ မျိုး အသုံးပြုနိုင်သည်။၉၀ ဒီဂရီ ဝန်းကျင် လည်ပတ်နိုင်သည်။
Osten CP-51 Electric Barbecue Grill
Osten ကထုတ်ထားတဲ့ CP-51 Electric Barbecue Grill လေးသည် အိမ်မှာပဲ မိသားစုနဲ့ TV ကြည့်ရင်း အေးဆေးအကင်ကင်စားမလား၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ စကားပြောရင်းနဲ့ကင်စားကြမလား အဆင်ပြေစေမှာပဲဖြစ်ပါသည်။ Non-Stick Coating နဲ့ပြုလုပ်ထားတာကြောင့် အသားငါးတွေကပ်ခြင်းမဖြစ်စေဘဲ ဆေးကြောရာတွင်လည်း အဆင်ပြေလွယ်ကူစေမည့် ပစ္စည်းလေးဖြစ်ပါသည်။
Osten YS-K1600 Electric Barbecue Grill
Osten ကထုတ်ထားတဲ့ YS-K1600 Electric Barbecue Grill လေးသည် အိမ်မှာပဲ မိသားစုနဲ့ TV ကြည့်ရင်း အေးဆေးအကင်ကင်စားမလား၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ စကားပြောရင်းနဲ့ကင်စားကြမလား အဆင်ပြေစေမှာပဲဖြစ်ပါသည်။ Nan Stick ကို အသုံးပြုထားခြင်းကြောင့် အိုးသား မတူး/မကပ်ဘဲ အသုံးပြုနိုင်ပြီး ဆေးကြောရာတွင်လည်း လွယ်ကူစေပါသည်။
Osten FT40-15 16-inch Table Fan
Osten FT40-15 16-inch Table Fan သည် အရွယ်အစား 16 လက်မအရွယ်ရှိပြီး သယ်ဆောင်ရလွယ်စေပါသည်။ အဆင့် ၃ဆင့် (Low / Mid / High) ပြောင်းလဲအသုံးပြုနိုင်ပြီး Oscillation 180 degree လှည့်ပတ်ပေးနိုင်ပါသည်။ Voltage 220V , Frequency - 50HZ က မြန်ဆန်တဲ့ အေးမြမှုပေးစွမ်းမှာဖြစ်ပြီး ဆိုဒ်သေးလေးမို့ အလွယ်တကူသိမ်းဆည်းထားနိုင်မှာဖြစ်ပါတယ်။ ဧည့်ခန်း ၊ စာရေးခင်းပေါ်မှာလည်း အလွယ်တကူထားနိုင်ပါသည်။