Golden Field S360B ARGB AIO Liquid Cooling Fan
Golden Field STARS S360 AIO CPU Water Cooler ARGB CPU Fan လေးသည် Pump နှင့် water block ကိုခွဲခြားပေးနိုင်ပြီး စွမ်းဆောင်ရည်မြင့်မားသောအပူစုပ်ယူမှုကို ပေးစွမ်းနိုင်ပါသည်။ Pump Speed: 5200RPM + 10% RPM နဲ့ဖြစ်ပြီး အလန်းစား RGB မီးအရောင်တွေနဲ့ အအေးပေးမှာပဲဖြစ်ပါသည်။
Golden Field Q25 Casing
Golden Field Q25 Casing သည် ရုံးသုံး၊ အိမ်သုံးနဲ့ ပုံမှန် Normal Build တွေအတွက် အဓိကရည်ရွယ်ထုတ်လုပ်ထားတဲ့ Budget-friendly Mid-Tower Casing တစ်ခု ဖြစ်ပါတယ်။ ဈေးနှုန်းသက်သာပြီး ရိုးရှင်းတဲ့ဒီဇိုင်းနဲ့ လာတာကြောင့် ရုံးသုံး PC တွေနဲ့ အခြေခံကွန်ပျူတာတွေအတွက် အသုံးများပြီး Standard Power Supply တစ်ခါတည်း ပါဝင်ပါတယ်။အနောက်ဘက် မှာ 80mm Cooling Fan တစ်လုံး သီးသန့် အဆင်သင့် ပါဝင်သည့်အပြင် ကြည်လင်တဲ့ မှန်မဟုတ်ဘဲ အကြမ်းခံတဲ့ Solid Metal Side Panel ဖြစ်ပြီး CPU နဲ့ GPU အအေးပေးရလွယ်ကူအောင် လေဝင်ပေါက်လေးတွေ ဖောက်ပေးထားပါတယ်။
Golden Field 1076B Casing
Golden Field 1076B Casing သည် သာမန်ရုံးသုံး၊ ကျောင်းသုံးနဲ့ အခြေခံ Desktop PC ဆင်မယ့်သူတွေအတွက် Budget သက်သာပြီး လူကြိုက်များတဲ့ Standard Mid-Tower Casing တစ်ခု ဖြစ်ပါတယ်။ရိုးရှင်းသေသပ်တဲ့ အနက်ရောင် Matte Finish ဒီဇိုင်းနဲ့ လာပြီး ရှေ့မျက်နှာစာမှာ ဆန်းသစ်တဲ့ လိုင်းအလှတွေနဲ့ ပုံဖော်ထားပြီး အကြမ်းခံတဲ့ ပစ္စည်းနဲ့ တည်ဆောက်ထားပါတယ်။ရှေ့ Panel မှာ အသုံးများတဲ့ Power Button, Reset Button တွေအပြင် USB Ports တွေနဲ့ Audio Jack တို့ ပါဝင်လို့ ခေါင်းအနောက်ဘက်ကို လှမ်းစိုက်စရာမလိုဘဲ အလွယ်တကူ အသုံးပြုနိုင်မှာဖြစ်ပြီး Airflow ကောင်းမွန်စေဖို့အတွက် standard အနေနဲ့ အနောက်ဘက်မှာ cooling fan တပ်ဆင်နိုင်သလို၊ ဘေးအဖုံး မှာလည်း လေဝင်လေထွက်ပေါက်များ ပါဝင်ပါတယ်။
Golden Field Q2B Casing
Golden Field Q2B Casing သည် ရုံးသုံး၊ အိမ်သုံးနဲ့ Entry-level PC Build တွေအတွက် အဓိကရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ စွမ်းဆောင်ရည်ကောင်းသော Mid-Tower Casing အမျိုးအစား ဖြစ်ပါတယ်။Mechanical ပိုင်း ခိုင်ခိုင်ခံ့ခံ့ ရှိအောင် တည်ဆောက်ထားပြီး တပ်ဆင်ရတာ အဆင်ပြေစေဖို့ အနားသတ်တွေကို အဝိုင်းပုံစံ လုပ်ပေးထားလို့ ကိုင်တွယ်တဲ့အခါ လက်ရှနာတာမျိုး မဖြစ်စေပါဘူး။ရုံးသုံး၊ ကျောင်းသုံး သုံးမယ့်သူတွေအတွက် အကြမ်းခံပြီး ရိုးရိုးရှင်းရှင်းနဲ့ နေရာသိပ်မယူတဲ့ ပုံစံမျိုး ဖြစ်ပြီးအရှေ့ဘက်နဲ့ ဘေးဘက် Panel တွေမှာ လေဝင်လေထွက် ကောင်းမွန်အောင် Meshed ပုံစံ နဲ့ ပြုလုပ်ပေးထားပါတယ်။
Golden Field Q14B Casing
Golden Field Q14B Casing သည် standard ရုံးသုံး၊ အိမ်သုံးနဲ့ ပုံမှန် specification ရှိတဲ့ PC အားလုံးအတွက် သင့်တော်ပြီး ဈေးနှုန်းအသင့်အတင့်နဲ့ ရနိုင်တဲ့ Mid Tower အမျိုးအစား Casing တစ်ခု ဖြစ်ပါတယ်။Casing ရဲ့ ဘေးဖုံး နဲ့ အနောက်ဘက် မှာ Airflow အတွက် Cooling Fan တွေ ထပ်တိုးတပ်ဆင်နိုင်သည့်အပြင် HDD 3.5" နဲ့ SSD 2.5" တပ်ဆင်ဖို့ နေရာလွတ်တွေ ပါဝင်မှာပဲဖြစ်ပါတယ်။ ရိုးရိုး Standard Tower တွေထက် Size ပိုသေးလို့ စာပွဲခုံပေါ်မှာ နေရာအများကြီး မယူသည့်အပြင် အလှမီးတွေ မပါဝင်ဘဲ ရိုးရှင်းတဲ့အတွက် ရုံးခန်းပတ်ဝန်းကျင်တွေမှာ သုံးဖို့ အဆင်ပြေစေမှာဖြစ်ပါတယ်။