Toshiba RWF-W1917TMM Water Dispenser
Toshiba RWF-W1917TMM မှာတော့ R134a gas ကိုအသုံးပြုပေးထားပါသည်။ Top Load နဲ့တွဲဖက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Cold Power-100W,Hot Power -550W, Total -650Watt နဲ့အလုပ်လုပ်ပေးမှာဖြစ်ပါတယ်။ Frequency 220~240V နဲ့ အချိန်ကြာကြာအသုံးပြုနိုင်မျာဖြစ်ပါသည်။ အခြား functions တွေအနေနက် Buttom လုပ်ဆောင်ချက်၊ LED အကန့်အညွှန်းများ၊ အလွန်မြင့်မားသော ရေဖြန့်ဝေပေးခြင်းများပါဝင်ပါသည်။
Toshiba TWH-45MXNMM Instant Water Heater
Toshiba TWH-45MXNMM Instant Water Heaterလေးကတော့ Dual Heating Element ပါဝင်တာကြောင့် အခုဖွင့်တာနဲ့ အခုချက်ချင်းနွေးသွားစေမှာမို့ ရေချိုးချိန်တိုင်းမှာ သက်သောင့်သက်သာရှိစေမှာပါ။
Toshiba RWF-W1830UVBMM Water Dispenser
Toshiba RWF-1830UVBMM ရေသန့်စက်ဟာ အိမ်သုံးအတွက် အလွန်အဆင်ပြေပြီး ခေတ်မီတဲ့ ရေသန့်စက်တစ်မျိုး ဖြစ်ပါတယ်။ သူရဲ့ အဓိကထူးခြားချက်ကတော့ ရေပုလင်းကို အပေါ်ကနေမတင်ရဘဲ အောက်ခြေကနေ လွယ်လင့်တကူ ထည့်သွင်းနိုင်တဲ့ Bottom Loading ဒီဇိုင်း ဖြစ်ပါတယ်။ရေစက်အတွင်းမှာ UV LED မီးစနစ် ပါဝင်တာကြောင့် ရေကန်ထဲမှာရှိတဲ့ ဗက်တီးရီးယားတွေကို ၉၉.၉၉% အထိ သန့်စင်ပေးနိုင်ပြီး သောက်ရေကို အမြဲတမ်း သန့်ရှင်းလတ်ဆတ်နေအောင် ထိန်းသိမ်းပေးပါတယ်။ရေအေး (6-9°C)၊ သာမန်ရေ နဲ့ ရေနွေး (85-90°C) စတဲ့ အပူချိန် ၃ မျိုးကို အလွယ်တကူ ရွေးချယ် အသုံးပြုနိုင်ပါတယ်။အလင်းရောင် အားနည်းတဲ့ ညဘက်မျိုးမှာ အပူပေးစနစ်ကို အလိုအလျောက် ပိတ်ပေးတဲ့ Eco Mode ပါဝင်တာကြောင့် လျှပ်စစ်မီးဖိုးကို ၂၀% အထိ သက်သာစေပါတယ်။ရေနွေးခလုတ်ကို ကလေးငယ်တွေ မတော်တဆ နှိပ်မိခြင်းမှ ကာကွယ်ပေးတဲ့ လော့ခ်စနစ် ပါဝင်တာကြောင့် စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။ရေယိုစိမ့်မှုရှိတဲ့အခါ၊ ဒါမှမဟုတ် ရေကုန်သွားတဲ့အခါမျိုးမှာ စက်အလိုအလျောက် ပိတ်တဲ့စနစ်တွေလည်း ပါဝင်ပါတယ်။ရေနဲ့ တိုက်ရိုက်ထိတွေ့တဲ့ အစိတ်အပိုင်းတွေကို သံမဏိ (Stainless Steel) နဲ့ ပြုလုပ်ထားတဲ့အတွက် ကြာရှည်ခံပြီး သန့်ရှင်းရေးလုပ်ရလည်း လွယ်ကူပါတယ်။
Toshiba KT-17DR1NM Double Layer Kettle
Toshiba KT-17DR1NM Double Layer Kettle က သံမဏိနှစ်ထပ်ကြောင့် အပေါ်ယံပူမှုကိုလျှော့ပေးပြီး၊ လုံခြုံမှု၊ သန့်ရှင်းမှု၊ အမြန်ပူမှုထောက်ပံ့မှုတွေနဲ့ အိမ်ထောင်သုံး kettle ဖြစ်ပါသည်။ Strix thermostat နဲ့ boil‑dry, overheat protection တပ်ဆင်ထားတာ ဥပဒေမကျေအလှည့်မှာ မီးလောင်ခြင်းကိုကာကွယ်ပေးပါသည်။ Capacity 1.7Liters ဝင်ဆန့်ပြီး 1800–2150 W high‑power heating base နဲ့အလုပ်လုပ်ပေးမှာဖြစ်ပါသည်။ Triple current protection သည်ရေနွေးအိုးခန်းခြောက်သွားပါက သို့မဟုတ် ရေဆူမှတ်သို့ရောက်ရှိပါက ရေနွေးအိုးကို အလိုအလျောက်ပိတ်ပေးပါသည်။
Toshiba RC-18DH1NM Digital Multi Rice Cooker (1.8L)
Toshiba RC-18DH1NM Rice Cooker ကတော့ 1.8 လီတာ (Liters) နဲ့အသုံးပြုနိုင်မှာဖြစ်ပြီး .2 မီလီမီတာအထူရှိပြီး အလွှာ (၅) လွှာပါဝင်တဲ့ Non-stick Coating အတွင်းခံအိုးဖြစ်ပါတယ်။ ပျားလပို့ပုံစံဒီဇိုင်းကြောင့် အပူကို ပိုမိုပြန့်နှံ့စေပြီး ထမင်းကိုညီညာစွာကျက်စေပါတယ်။ထမင်းအမျိုးအစား (၅) မျိုးအပါအဝင် မီနူး (၁၁) မျိုးအထိ ရွေးချယ်ချက်ပြုတ်နိုင်ပါတယ်။ချက်ပြုတ်ချိန်ကို (၂၄) နာရီအထိ ကြိုတင်သတ်မှတ်ထားနိုင်ပါတယ်။ချက်ပြုတ်ပြီးစီးတဲ့အခါ ထမင်းကို (၆) နာရီအထိ နွေးနေအောင် အလိုအလျောက် ထိန်းထားပေးပါတယ်။LED မျက်နှာပြင်ပါရှိပြီး မီနူးနဲ့ အခြေအနေတွေကို ရှင်းလင်းစွာပြသပေးပါတယ်။အတွင်းဖုံးကို ဖြုတ်ပြီး သန့်ရှင်းရေးလုပ်နိုင်ပါတယ်။ပါဝါ 760W-904W ရှိပါတယ်။
Toshiba TWH-45EXNMM Instant Water Heater
Toshiba ကထုတ်လုပ်ထားတဲ့ TWH-45EXNMM Instant Water Heater လေးသည် Digital Display နဲ့ Touch Screen ပါဝင်တဲ့ အမိုက်စား Instant Water Heater လေးဖြစ်ပါသည်။ Auto Flow Sensor ပါဝင်လို့ စွမ်းအင်ချွေတာပြီး အပူလွန်ကဲခြင်းတွေကနေ ကာကွယ်ပေးနိုင်တဲ့အပြင် ရေပူမြန်မြန်ရရှိစေတဲ့ Dual Heating Element ပါဝင်ပါသည်။ အဆင့်မြင့်နည်းပညာတွေပါဝင်တာကြောင့် အရည်အသွေးပိုင်းမှာကောင်းမွန်ပြီး ကြာရှည်စွာအသုံးပြုနိုင်မည့်ပစ္စည်းလေးဖြစ်ပါသည်။
Toshiba MWP-MM20P Solo Microwave (20L)
Toshiba MWP-MM20P Solo Microwave (20L) သည် အစားအစာ အမျိုးအစားပေါ်မူတည်ပြီး အပူချိန်ကို (၅) ဆင့်အထိ ချိန်ညှိနိုင်ပါတယ်။ အေးခဲနေတဲ့ အသား၊ ငါးတွေကို အချိန်တိုအတွင်း ပြန်နူးသွားအောင် (Defrost) လုပ်ပေးနိုင်တဲ့ Function ပါဝင်ပါတယ်။ Digital Screen တွေ၊ Menu တွေအများကြီးနဲ့ ရှုပ်မနေဘဲ ခလုတ်နှစ်ခု (အချိန်နဲ့ အပူချိန်) ကို လှည့်ရုံပဲမို့ သုံးရတာ အရမ်းအဆင်ပြေပါတယ်။ နေရာ သိပ်မယူတာကြောင့် မီးဖိုချောင်ကျဉ်းတဲ့ အိမ်တွေ၊ ရုံးခန်းတွေနဲ့ Hostels တွေအတွက် အထူးသင့်တော်ပါသည်။ ခလုတ်အသုံးပြုပုံက ရိုးရှင်းပြီး အလွယ်တကူ လှည့်ပြီး အသုံးပြုနိုင်တဲ့ Control Knobs များ ပါဝင်ပါသည်။
Toshiba MM-EM23P Solo Microwave (23L)
Toshiba ကထုတ်လုပ်ထားတဲ့ MM-EM23P Solo Microwave လေးသည် Capacity 23Liters ဝင်ဆံ့ပြီး အစားအစာများကို အလွယ်တကူ ပြန်ပူစေခြင်း များကို လျင်မြန်စွာ လုပ်ဆောင်နိုင်ပါသည်။ Power 800Watt ပါဝင်ပြီး အစားအစာများကို အချိန်တိုအတွင်း အပူပေးနိုင်ပါသည်။ ရေခဲဖယ်ရှားခြင်း လုပ်ဆောင်မှု့ပါဝင်ပြီး အသုံးပြုရ လွယ်ကူစေမည့် Auto cooking function, အချိန်ညှိနိုင်သော timer function, နှင့် အပူချိန်ညှိနိုင်သော လုပ်ဆောင်ချက်များ ပါဝင်ပါသည်။