Gadget Max GM2020 3A Micro Quick Charger Set
Gadget Max GM2020 မှာတော့ 3A ဖြစ်တာကြောင့် QUICK CHARGER ရရှိမှာဖြစ်ပါတယ်။ Input-AC100-240V 50/60Hz 0.5A နဲ့ အလုပ်လုပ်ပေးပြီး Output-DC 3.6V-6.5V (3A) (18W) နဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Gadget Max GM2021 3A Type-C Quick Charger Set
Gadget Max GM2021 Type-C 3A Charger သည် ၁ မိနစ်ကို ၁% နှုန်း အားအဝင်မြန်တာမို့... အချိန်တိုတိုလေးအတွင်း ဖုန်းအားပြည့်သွားစေပြီး ဘေးကင်းစိတ်ချစွာ အသုံးပြုနိုင်တဲ့ ကြိုးခေါင်းတွဲ ညဘက် ဖုန်းအားသွင်းရင်း အိပ်ပျော်သွားရင်လည်း ဖုန်းဘက်ထရီမထိခိုက်စေဘူး..ကြိုးအရှည် ၁ မီတာနဲ့ ခိုင်ခန့်အကြမ်းခံတဲ့ ABS Material ကို သုံးထားပြီး အားသွင်းတာရော ဒေတာကူးတာရော လျင်မြန်စေတယ်။
GADGET MAX New Ray 20000mAh
GADGET MAX New Ray (20000mAh) Power Bank လေးသည် Made in thailand ဖြစ်ပြီးတော့ Fast Charge 2.0A ကိုမှ USB Output (၂)ခုနဲ့ ထွက်ရှိလာပြီး Input အနေနဲ့တော့ Micro USB / Type-C တို့နဲ့အားပြန်သွင်းနိုင်ပါသည်။Power Button နဲ့ဖြစ်ပြီး LED မီးသီး (၄)ခု နဲ့ဆိုတော့ Battery Level တိတိကျကျသိရမှာဖြစ်ပါသည်။
Gadget Max New Ray 10000mAh
GADGET Max 10000mAh New Ray Power Bank လေးသည် ရိုးရိုးရှင်းရှင်းနဲ့ အကြည့်ခံဒီဇိုင်းလေးက သေသပ်လှပါသည်။ဖုန်းနဲ့တွဲပြီး ကိုင်ဆောင်သွားရင်တောင် လေးတယ်လို့ မထင်ရဘူး။ Fast Charge 2.0A ကိုမှ USB Output (၂)ခုနဲ့ ထွက်ရှိလာပြီး Input အနေနဲ့တော့ Micro USB / Type-C တို့နဲ့အားပြန်သွင်းနိုင်ပါသည်။ထိထိမိမိရှိတဲ့ Power Button နဲ့ဖြစ်ပြီး LED မီးသီး (၄)ခု နဲ့ဆိုတော့ Battery Level တိတိကျကျသိရမှာဖြစ်ပါသည်။
Gadget Max GM-S10 SC10610(PD,QC3.0,5USB and 1 TypeC)Power Socket
Gadget Max GM S10 Extension ကတော့ ဝန်အားခံနိုင်ရည်ရှိစေတဲ့ ကြိုးလုံးအထူနဲ့ အပူဒဏ် ခံနိုင်ရည်ရှိတဲ့Material တွေကိုသာ သုံးထားတဲ့အပြင် Safety Protection IC တွေ ပါဝင်ပြီးအဆော့လွန်တဲ့ ကလေးငယ်တွေ ပလပ်ပေါက်ထဲ လက်ထည့်လို့မရအောင် Child Safety Door တွေနဲ့ ကာကွယ်ပေးထားပါသေးတယ်။ အရွယ်အစားကလည်း အနေတော်ပဲမို့ နေရာလည်းသိပ်မယူဘူး။ အားဝင်မြန်စနစ်တွေလည်း ပါဝင်ပြီး ပလပ်ပေါက်တွေ အများကြီးပါလို့ ဖုန်းအားသွင်းမလား/ Electronic Devices တွေသွင်းမလား အဆင်ပြေတဲ့ ပစ္စည်းလေးဖြစ်ပါတယ်။
Gadget Max Ray Hanger 30000mAh
GadgetMax Ray Hanger သည် 30000mAh ဖြစ်တာကြောင့် တစ်ရက်မက အားလက်ကျန်ကိုလှည့်ကြည့်စရာမလိုပဲ အေးဆေးအသုံးပြုနိုင်မှာပဲဖြစ်ပါသည်။ ဒါ့အပြင်လက်ကိုင်ကွင်းလေးလည်းတပ်ဆင်ထားတာကြောင့်လက်နဲ့ပဲဆွဲသွား သွား၊ချိတ်ပဲသွားသွားအသုံးပြုနိုင်ပါသည်။ထိုင်းနိုင်ငံထုတ် ဖြစ်ပြီး ဒီဇိုင်းအနေနဲ့ ကိုင်လို့ကောင်းစေတဲ့ Texture Design ကို သုံးပေးထားပြီး ကျစ်လစ်တဲ့အသားနဲ့မို့ အကြမ်းခံနိုင်ပါတယ်။ဖုန်းအားသွင်းဖို့အတွက် Fast Charge 2.4A ရနိုင်တဲ့ Output USB (၂) ပေါက်ကနေ ဖုန်း(၂)လုံးပြိုင်တူအားသွင်းနိုင်မှာပါ။သူ့ကို အားပြန်သွင်းဖို့အတွက် Input အနေနဲ့ MICRO နဲ့ TYPE-C တို့ကို ထည့်သွင်းပေးထားပါတယ်။အားလက်ကျန်ကိုတော့ LED Indicator ကနေပြသပေးမှာပါ။
Gadget Max GM14 Business Bluetooth Headset
Gadget Max GM14 လေးသည် ကြည်လင်ပြတ်သားသောအသံများကိုပေးစွမ်းနိုင်သော ပစ္စည်းလေးဖြစ်ပါသည်။စီးပွားရေးလုပ်ငန်းသုံးနှင့် ကားမောင်းသူများအတွက် အထူးသင့်လျော်သော တစ်ဖက်တည်းသုံး (Single) Bluetooth နားကြပ် ဖြစ်ပါသည်။ ဖုန်းခေါ်ဆိုမှုများ (Calls) ကို လွယ်ကူစွာ လက်ခံဖြေကြားနိုင်ရန် ဒီဇိုင်းထုတ်ထားပါသည်။တစ်ခါအားအပြည့်သွင်းထားရုံဖြင့် ၆ နာရီခန့် စကားပြောခြင်း သို့မဟုတ် သီချင်းနားထောင်ခြင်းကို ဆောင်ရွက်နိုင်သောကြောင့် လုပ်ငန်းဆောင်တာများအတွက် အဆင်ပြေစေပါသည်။
Gadget Max GC02 iPhone 2.4A
မြန်ဆန်သွက်လက်တဲ့ အားအထွက်နဲ့ 2.4A USB အားသွင်းခေါင်း GC02 2.4A Single USB Port Charger ကျစ်လစ်သေသပ်တဲ့ဒီဇိုင်းလေးနဲ့ 2 Pin ခေါင်လေးနဲ့ဆိုတော့ ပလပ်ခုံမရွေးတော့ဘူးနော်... Android ဖုန်းနဲ့ဖြစ်ဖြစ် iPhone နဲ့ဖြစ်ဖြစ် အားသွင်းချင်တယ်ဆိုရင်လည်း အသုံးပြုလို့ရမှာဖြစ်ပါသည်။
Gadget Max GC02 Type-C 2.4A
မြန်ဆန်သွက်လက်တဲ့ အားအထွက်နဲ့ 2.4A USB အားသွင်းခေါင်း GC02 2.4A Single USB Port Charger ကျစ်လစ်သေသပ်တဲ့ဒီဇိုင်းလေးနဲ့ 2 Pin ခေါင်လေးနဲ့ဆိုတော့ ပလပ်ခုံမရွေးတော့ဘူးနော်... Android၊Type C နဲ့ဖြစ်ဖြစ် iPhone နဲ့ဖြစ်ဖြစ် အားသွင်းချင်တယ်ဆိုရင်လည်း အသုံးပြုလို့ရမှာဖြစ်ပါသည်။
Gadget Max GMCC-01 FM Transmitter Wireless Car Charger
Gadget Max GMCC-01 သည်အားဝင်မြန်စေနိုင်ပြီး FM လိုင်းများကိုလည်း လွယ်ကူစွာဖမ်းယူနားဆင်နိုင်မည်ဖြစ်ပါသည်။ bluetooth 5.0 ဖြစ်သောကြောင့် လွယ်ကူစွာချိတ်ဆက်နိုင်ပြီး ဖုန်း ခေါ်ဆိုမူများကိုလည်း အသုံးပြုနိုင်ပါသည်။
Gadget Max GM02 Outdoor Wireless Speaker 30W (8")
Gadget Max GM02 သည် ဆူညံသံများကိုလျော့ချပေးပြီးတိကျပြတ်သားပြီး ကြည်လင်ပြတ်သားသောအသံကိုရရှိနိုင်ပါသည်။လက်ကိုင်ရန်းပါဝင်သောကြောင့် သယ်ဆောင်ရလွယ်ကူစေပြီး Bluetooth,FM,USB,TF တို့နှင့်လည်းလွယ်ကူစွာချိတ်ဆက်အသုံးပြုနိုင်ပါသည်။ karaoke ဆိုချင်သူများ၊အလှုူပွဲများအတွက်လည်းပိုမိုသင့်တော်သောပစ္စည်းလေးဖြစ်ပါသည်။
Gadget Max GM06 Clear Sound Wired 3.5mm Earphone
ဆူညံမူကိုလျော့ချပေးနိုင်ပြီး ကြည်လင်ပြတ်သားအသံကိုရရှိနိုင်ပါသည်။ ဖုန်းပြောသည့်အခါတွင်လည်း တစ်ဖက်မှအသံကိုလည်းကြည်လင်ပြတ်သားစွားကြားနိုင်ပါသည်။
Gadget Max GX12 Fast Charging Data Cable For Type-C
ဂိမ်းဆော့ကောင်းတုံး Low Battery လို့တက်လာတဲ့အခါအားသွင်းကြိုးတပ်ပြီးအသုံးပြုသူများအတွက်180 Degree ကြိုက်သလိုလှည့်လို့ရတာမို့ ဂိမ်းဆော့ရင်းပဲဖြစ်ဖြစ်၊ ဇာတ်ကားကြည့်ရင်းပဲဖြစ်ဖြစ်ကြိုက်တဲ့ဘက်ကိုလှည့်ပြီးအသုံးပြုနိုင်သောCable လေးဖြစ်ပါသည်။
Gadget Max GX12 Fast Charging Data Cable For Lighting
ဂိမ်းဆော့ကောင်းတုံး Low Battery လို့တက်လာတဲ့အခါအားသွင်းကြိုးတပ်ပြီးအသုံးပြုသူများအတွက်180 Degree ကြိုက်သလိုလှည့်လို့ရတာမို့ ဂိမ်းဆော့ရင်းပဲဖြစ်ဖြစ်၊ ဇာတ်ကားကြည့်ရင်းပဲဖြစ်ဖြစ် ကြိုက်တဲ့ဘက်ကိုလှည့်ပြီးအသုံးပြုနိုင်ပါသည်။
Gadget Max GM05 Earphone
ကြည်လင်ပြတ်သားအသံ ကိုရရှိနိုင်ပြီး Frequency Response: 20Hz-20KHz နဲ့အလုပ်လုပ်ပေးမှာဖြစ်ပြီး ကြိုးအရှည် 1200mm ရှည်လျားပါသည်။
Gadget Max GH03 iPhone
Gadget Max GH03 iPhone conductor လေးသည် အရည်သွေးကောင်းမွန်ပြီး အသုံးပြုရအဆင်ပြေလွယ်ကူစေသောပစ္စည်းလေးဖြစ်ပါသည်။
Gadget Max GM10 Wired Contorl Earphone
Gadget Max ကထုတ်လုပ်ထားတဲ့ GM10 လေးကတော့ သီချင်းနားထောင်ရာတွင်ကြည်လင်ပြတ်သားသော အသံများကိုပေးစွမ်းနိုင်ပါသည်။Aluminum Alloy+ABS+TPE နှင့်ပြုလုပ်ပေးထားပြီး ကြိုးအရှည် 1.2m ရှည်လျား ပါသည်။
Gadget Max GX20 USB To 5A Type C Power Display Cable
Gadget Max GX20 မှာတော့ USB to Type-C ဖြစ်ပြီး 5A ဖြစ်တာကြောင့်အားဝင်မြန်ဆန်စေမှာပဲဖြစ်ပါသည်။ ကြိုးအရှည် ၁.၂မီတာရှည်လျားပြီး အသုံးပြုရအဆင်ပြေစေသောပစ္စည်းလေးဖြစ်ပါသည်။
Gadget Max GX 3IN1 3.5A Xtreme 3 IN 1 Nylon Braided Cable
Gadget Max GX လေးကတော့ 3 in 1 ဖြစ်တာကြောင့် iPhone/Type-C/Micro Charger ဖုန်းများအတွက်အသုံးပြုနိုင်ပါသည်။ တောင့်တင်းခိုင်မာတဲ့ကျစ်ကြိုးဖြင့်ပြုလုပ်ထားပြီး ကြိုးအရှည် 1.4meter ရှည်လျားပါသည်။
Gadget Max GX15 Fast Charging Cable
Gadget Max GX15 Fast Charging Cable လေးကတော့ Type-C To Type-C ဖြစ်ပြီး Fast Charging နဲ့အသုံးပြုနိုင်မှာပဲဖြစ်ပါသည်။ nylon weave နဲ့ပြုလုပ်ထားသောကြောင့်ခိုင်ခံ့အကြမ်းခံပြီး ကြိုးအရှည် ၁.၂မီတာရှည်လျားပါသည်။
Gadget Max GC02 2.4A Single USB Port Speedy Charger
Gadget Max GC02 လေးသည် Output: 2.4A နဲ့အားအဝင်မြန်စေပြီး အရည်အသွေးကောင်းမွန်သောပစ္စည်းလေးဖြစ်ပါသည်။
Gadget Max GM20 Pro EW51 True Wireless and Noice Education Headset
Gadget Max GM20 Pro EW51 လေးသည်း ထိမိသော touch sensor များစွာပေါင်းစပ်ပြုလုပ်ထားပါသည်။ ဒါပြင် နားကြပ်ကိုအပြင်ထုတ်လိုက်ရုံဖြင့် အလိုလျှောက် ပါဝါပွင့်နေစေမည်ဖြစ်ပြီး အထဲပြန်သွင်းရင်လည်း အလိုအလျှောက် ပါဝါပိတ်နေမှာဖြစ်ပါတယ်။
Gadget Max GM23 Tiny Cube TWS Earbuds
Gadget Max GM23 Tiny Cube TWS Earbuds လေးသည် ကြည်လင်ပြတ်သားသောအသံကို ရရှိနိုင်မည်ဖြစ်ပြီး အရွယ်အစားသေငယ်သောကြောင့်တပ်ဆင်အသုံးပြုရာတွင် လွတ်လပ် ပေါ့ပါးစေနိုင်ပါသည်။ ဒါ့အပြင် battery life များစွာပါဝင်သောကြောင့် အချိန်ကြာမြင့်စွာအသုံးခံနိုင်ပါသည်။
Gadget Max GI08 Business Wired Keyboard & Mouse
Gadget Max GI08 Business Wired Keyboard & Mouse လေးသည် ရုံးသုံးကျောင်းသုံး အဆင်ပြေစေသည့်ပစ္စည်းလေးဖြစ်ပါသည်။
Gadget Max GX05 Micro 2.4A Auto Disconnect Data Cable
Gadget Max GX05 Micro အားသွင်းကြိုးလေးကတော့ Android ဖုန်းများအတွက် အားပြည့်တာနဲ့ Auto ဖြတ်တောက်ပေးမှာဖြစ်ပါသည်။ အားပြည့်တာကိုလည်း ဖုန်းပွင့်စရာမလိုပဲ အားသွင်းခေါင်းကို ကြည့်လိုက်တာနဲ့ သိနိုင်ပါတယ်။အားသွင်းခေါင်းမှာ LED Indicator ပါဝင်လို့ အားသွင်းချိန် မီးလင်းမယ် ၊ အားပြည့်ရင် မီးပိတ်သွားမယ် ခိုင်ခံ့ကျစ်လစ်တဲ့ ကြိုးအရှည် (၁.၂မီတာ) ဖြစ်ပြီး 2.4A Output အားအထွက်နဲ့ Data ကူးမယ်ဆိုလည်း အိုခေတယ်
Gadget Max GX25 60W 3A Max Cozy Silcone Type C To Type C
Gadget Max GX25 လေးကတော့ 60W နဲ့အထက် အားသွင်းကြိုးတွေဖြစ်လို့ ဖုန်းတွေကို အမြန်ဆုံးနှုန်းနဲ့အားသွင်းနိုင်ရုံသာမက MacBook နဲ့ Laptop တွေကိုပါအားသွင်းနိုင်တယ်။Quality ကောင်းတဲ့ Material တွေကို အသုံးပြုထားတာကြောင့် အကြမ်းခံပြီးကြာရှည်လည်းအသုံးခံမှာဖြစ်ပါတယ် ။
Gadget Max GB23 15000mAh
Gadget Max ကထုတ်ထားတဲ့ GB23 လေးကတော့ 15000mAh Battery ပါဝင်ပြီး Power Bank လိုရော Charger ရော ပုံစံနှစ်မျိုးအသုံးပြုလို့ရပါသည်။ PD ရော QC ပါ Support လုပ်တာကြောင့် ဖုန်းတိုင်းကိုအမြန်ဆုံးနှုန်းနဲ့ အားသွင်းနိုင်ပါသည်။ Type-C နဲ့ iPhone ကြိုးနှစ်ချောင်း Built-in ပါဝင်ပြီး 22.5W USB တစ်ပေါက် PD 20W Type-C တစ်ပေါက်ပါဝင်လို့ ဖုန်း(၃)လုံးကို တစ်ပြိုင်တည်းအားသွင်းနိုင်ပါသည်။ Power Bank ကို Type-C ပေါက်ကနေ အမြန်ဆုံးနှုန်းနဲ့ အားပြန်သွင်းနိုင်တဲ့အပြင် ကြိုးမလိုပဲအားသွင်းနိုင်ဖို့ ခေါက်သိမ်းလို့ရတဲ့ 2 Pin ခေါင်းလည်း ထည့်ပေးထားတယ်အားလက်ကျန်ကို LED Display နဲ့ ကြည့်နိုင်ပြီး အားသွင်းရင်းဖုန်းသုံးတာ ၊ ရုပ်ရှင်ကြည့်တာတွေ အတွက် ဖုန်း Holder လေးတစ်ခုလည်း ထည့်ပေးထားတာကြောင့် အသုံးပြုရအဆင်ပြေစေမည့် PowerBank လေးဖြစ်ပါသည်။
Gadget Max 10000mAh Ray PD
Gadget Max ကထုတ်လုပ်ထားပြီး Battery Capacity 10000mAh ပါဝင်ပါသည်။ ကျစ်လစ်ပြီးအကြမ်းခံတဲ့ကိုယ်ထည်နဲ့ပြုလုပ်ထားပြီး Qualityကောင်းမွန်သောပစ္စည်းလေးဖြစ်ပါသည်။ ရှင်းလင်းတိကျတဲ့ LED Digital Display နဲ့ စိတ်ကြိုက် တစ်ပြိုင်နက်အားသွင်းဖို့ Dual USB Output နဲ့အားအဝင်/အထွက်ရတဲ့ Type-C ပေါက်ပါဝင်ပြီး အားပြန်သွင်းဖို့ Micro Input ပါဝင်ပါသည်။ အားအမြန်ဝင်ဖို့ Fast Charge လည်းရပြီး 22.5W ဆိုတော့ မြန်မြန်ဆန်ဆန်အားသွင်းနိုင်မှာပဲဖြစ်ပါသည်။
Gadget Max GMSC03 2500W 3USB And 3 AV outlets Multi-Socket Extension
Gadget Max ကထုတ်လုပ်ထားတဲ့ GMSC03 လေးကတော့ ပလက်(၃) ပေါက်နဲ့ USB (၃) ပေါက်ပါပြီး ပလက်ပေါက်မလောက်မငှဖြစ်တဲ့ ပြသနာကိုဖြေရှင်းဖို့အတွက် အသုံးပြုရန်အဆင်ပြေစေသည့်ပစ္စည်းလေးဖြစ်ပါသည်။
Gadget Max GC03 PD 33W Super PD Charger Set (Type-C to Type-C)
Gadget Max ကထုတ်လုပ်ထားတဲ့ GC03 Super PD Charger Set လေးကတော့ ကြိုးရော ခေါင်းပါ 33W output ထွက်လို့ဖုန်းတွေကို အမြန်ဆုံးနှုန်းအားနဲ့ဖြည့်သွင်းနိုင်ပါသည်။ Portable ဖြစ်တဲ့ charger ခေါင်းလေးဖြစ်တာကြောင့်သယ်ဆောင်ရလွယ်ကူပြီး Type-C to Type-C ကြိုးလေးနဲ့ ဘယ်သွားသွားယူသွားလို့အဆင်ပြေစေပါသည်။ Quality ကောင်းတဲ့ Material တွေကိုအသုံးပြုထားတာကြောင့် အပူဒဏ်ခံနိုင်ပြီး စိတ်ချလက်ချအသုံးပြုလို့ရမည့်ပစ္စည်းလေးဖြစ်ပါသည်။
Gadget Max 30000mAh Ray PD
Gadget Max ကထုတ်လုပ်ထားတဲ့ 22.5W Ray PD Power Bank လေးကတော့ Battery Capacity 30000mAh ပါဝင်ပြီး အရည်အသွေးကောင်းမွန်သောကြောင့်အသုံးပြုရအဆင်ပြေစေမည့်ပစ္စည်းလေးဖြစ်ပါသည်။
Gadget max GB-50 Pro 50000mAh
Gadget max ကထုတ်ထားတဲ့ GB-50 Pro လေးကတော့ Battery သိုလှောင်နိုင်အား 50000mAh ပါဝင်ပြီး Novel brand battery ကိုအသုံးပြုထားလို့ stable ပိုဖြစ်ပါသည်။ အားသွင်းကြိုးသက်သက်ယူစရာမလိုအောင် lighting ကြိုးတစ်ချောင်းနဲ့ Type-C ကြိုးတစ်ချောင်းပါဝင်ပြီး Battery လက်ကျန်ကို LED Display ကနေကြည့်နိုင်တဲ့အပြင် အရေးပေါ်သုံး emergency light လေးပါထည့်သွင်းပေးထားပါသည်။
Gadget Max GMSC04 2500W PD+QC Fast Charging 5AC Power Socket Extension
Gadget Max ကထုတ်ထားတဲ့ GMSC04 လေးမှာတော့ Output Port အနေနဲ့ (5AC Sockets),(3 USB),(1 Type-C) တို့ပါဝင်ပါသည်။ Fast Charging PD20W အားထွက်နိုင်မယ့် Type-C ၊ 18W Quick Charge ရရှိနိုင်မယ့် USB (1) ပေါက်နဲ့ 12W အားအများဆုံးထွက်ပေးနိုင်မယ့် USB (2) ပေါက်တို့နဲ့ မြန်မြန်ဆန်ဆန်အားသွင်းနိုင်ပါသည်။ Total Ouput (2500W) ထွက်ရှိပြီးတော့ 10A အများဆုံးအားအထွက်နဲ့ AC Sockets (5) ပေါက်တို့ပါပါသည်။ အိမ်မှာ လက်ဆော့တတ်တဲ့ ကလေးငယ်တွေဘေးကင်းဖို့အတွက် Child Safety Door လေးထည့်သွင်းထားတာကြောင့်စိတ်ချလက်ချ အသုံးပြုနိုင်ပါသည်။ ကြိုးအရှည် (၆ပေခွဲ) ရှိပြီး မတိုလွန်းမရှည်လွန်းတဲ့ အနေအထားကိုမှ Power အဖွင့်အပိတ်အတွက် Button (၁)ခုထဲနဲ့ အသုံးပြုနိုင်မယ့် Power Socket လေးတစ်ခုဖြစ်ပါသည်။
Gadget Max GM27 Flow Series TWS Earbuds
Gadget Max ကထုတ်ထားတဲ့ GM27 Flow Series TWS Earbuds လေးသည် ဒီဇိုင်းပိုင်းရိုးရိုးရှင်းရှင်းနဲ့ ကြည်လင်ပြတ်သားသောအသံများကို ပေးစွမ်းနိုင်ပါသည်။ Bluetooth Version 5.3 နဲ့မို့ချိတ်ဆက်မှု့အပိုင်းမှာလဲ လျင်မြန်ပြီး Transmission Range 10m ထိအသုံးပြုနိုင်ပါသည်။ Charging Case Battery 320mAh နဲ့ Earbuds Battery 30mAh ပါဝင်ပါသည်။ Charging Time ၁နာရီအားသွင်းထားရုံနဲ့ Talking Time ၃နာရီဝန်းကျင်အသုံးပြုလို့ရပါသည်။ Charging Port Type-C နဲ့ဖြစ်ပြီး အားသွင်းရာတွင်လည်း လွယ်ကူစေပါသည်။
Gadget Max GB11 Pro 60000mAh
Gadget Max ကထုတ်ထားတဲ့ GB11 Pro လေးကတော့ Pro ဆန်တဲ့ Design နဲ့ပြုလုပ်ဖန်တီးထားပြီး 60000mAh ဖြစ်တာကြောင့် အားကြီးပြီး အကြာကြီး အသုံးပြုနိုင်မှာပဲဖြစ်ပါသည်။ Fast Charge 22.5W အားအထွက်နဲ့ device အစုံ အားသွင်းနိုင်စေဖို့ USB (၄)ပေါက်နဲ့ PD သမားတွေအတွက် PD20W ထွက်ပေးတဲ့ Type-C Output ပါဝင်တဲ့အပြင် Power bank ကို မြန်မြန်ဆန်ဆန် အားပြန်ဖြည့်နိုင်ဖို့အတွက် 18W Type-C input ပါဝင်ပါသည်။ ညအခါ အမှောင်ထဲမှာ အလင်းအားကောင်းနေစေဖို့ ခပ်ကြီးကြီး LED flashlight (၂)လုံးလည်းပါပြီး အားဝင်ပမာဏ % တင်မကပဲ Watt , Voltage တွေကို အသေးစိတ် ပြပေးနေမယ့် LED Digital Display ပါဝင်ပါသည်။ တောင့်တင်းတဲ့ လက်ကိုင်ကြိုးပါလို့ သယ်ဆောင်ရလဲလွယ်ကူစေပါသည်။
Gadget Max GB101 10000mAh
Gadget Max ကထုတ်ထားတဲ့ Alpha GB101 လေးသည် Battery Capacity 10000mAh ပါဝင်ပြီး 2*USB Output : 5V-2A (10W)နဲ့ Type-C Input : 5V-2A (10W) တို့ဖြင့်အလုပ်လုပ်ပေးမှာပဲဖြစ်ပါသည်။ အားအဝင်အထွက်ပုံမှန်လေးနဲ့ အရွယ်အစားသေးငယ်ပြီး သယ်ဆောင်ရလွယ်ကူသော ပစ္စည်းလေးဖြစ်ပါသည်။
Gadget Max GM25 Gaming TWS Earbuds
Gadget Max GM25 လေးသည် Bluetooth Version 5.3 နဲ့ ချိတ်ဆက်မှုမြန်ဆန်စေမယ့် Earbubs လေးဖြစ်ပါသည်။ Game ဆော့တဲ့ အချိန်လှုပ်ရှားမှုတိုင်းအတွက် အသံနောက်ကျမှု အနည်းဆုံးဖြစ်စေမယ့် 60ms Low Latency Gaming Mode ပါဝင်တာကြောင့် In Game သံနောက်ကျတာမျိုးအတွက် စိတ်ပူစရာမလိုတော့ဘဲကြည်လင်ပြတ်သားတဲ့ အသံထွက်ကိုရရှိစေပါသည်။ ENC Mic နှစ်လုံးပါဝင်တဲ့အပြင်ကိုမှ Game ဆော့တဲ့အခါ Gaming Vibe အပြည့်ရရှိစေမယ့် Lighting Effect လည်းပါဝင်ပါသည်။ Charging Case Battery အနေနဲ့ 320mAh ပါဝင်လာပြီးတော့ Earbuds Battery အနေနဲ့ 40mAh ပါတာကြောင့် အချိန်ကြာကြာအသုံးပြုနိုင်ပါသည်။
Gadget Max GB102 20000mAh
Gadget Max Alpha GB102 လေးကတော့ အားလက်ကျန် အတိအကျ ကြည့်လို့ရမယ့် LED Degital Display ၊USB Port 2ခု ပါတာဖြစ်လို့ IOS , Android User 2မျိုးသုံးလို့ရပါတယ်။Power Button ခလုတ်လေး ပါဝင်ပြီး5V Type-c input နဲ အားအမြန်ပြန်သွင်းလို့ရပြီး၊USB to Type-c ကြိုးတိုတစ်ချောင်းပါတာမို့ အသုံးပြုရ လွယ်ကူစေမှာပါ 20000mAh ဆိုပေမဲ့ ပေါ့ပေါ့ပါးပါးဖြစ်လို့ သယ်ရတာလည်း လွယ်ကူစေပါသည်။
Gadget Max 60000mAh Ray PD
Gadget Max ရဲ့ Ray PD လေးကတော့ 60000 mAh ပါဝင်ပြီး အားအကြာကြီးခံတဲ့အပြင် အားဝင်လည်း မြန်စေပါသည်။ Input အနေနဲ့ 18WFast Charging Type-C နဲ့ Lightning Input လေးရော ပါတာမလို့ အားသွင်းရာမှာလည်း ပုံမှန်ထက်ပိုမြန်ဆန်နေမှာဖြစ်ပါသည်။ Built in cable အနေနဲ့လည်း 22.5W Type C Cable နဲ့ 20W Lightning Cable ရော တခါတည်းပါတာမလို့ အားသွင်းကြိုးလည်း သပ်သပ်ဆောင်မရာမလိုဘဲ အလွယ်တကူအသုံးပြုလို့ရပါသည်။ အားလက်ကျန်လေးကိုလည်း Digital Display လေးနဲ့ပြပေးတဲ့အပြင် လက်ကိုင်ကိုင်းလေးလည်းပါဝင်ပါသည်။
Gadget Max 80000mAh Ray PD
Gadget Max ရဲ့ Ray PD လေးကတော့ 80000 mAh ပါဝင်ပြီး အားအကြာကြီးခံတဲ့အပြင် အားဝင်လည်း မြန် စေပါသည်။ Input အနေနဲ့ 18WFast Charging Type-C နဲ့ Lightning Input လေးရော ပါတာမလို့ အားသွင်းရာ မှာလည်း ပုံမှန်ထက်ပိုမြန်ဆန်နေမှာဖြစ်ပါသည်။ Built in cable အနေနဲ့လည်း 22.5W Type C Cable နဲ့ 20W Lightning Cable ရော တခါတည်းပါတာမလို့ အားသွင်းကြိုးလည်း သပ်သပ်ဆောင်မရာမလိုဘဲ အလွယ်တကူ အသုံးပြုလို့ရပါသည်။ အားလက်ကျန်လေးကိုလည်း Digital Display လေးနဲ့ပြပေးတဲ့အပြင် လက်ကိုင်ကိုင်းလေး လည်းပါဝင်ပါသည်။
Gadget Max GM30 Pro Smart Touch Display TWS Earbuds
Gadget Max ကထုတ်ထားတဲ့ GM30 Pro Smart Touch Display TWS Earbuds လေးကတော့ Bluetooth version 5.3 နဲ့အလုပ်လုပ်ပေးမှာဖြစ်ပြီး ANC( Active Noise Cancellation) mode ပါဝင်ပါသည်။ Function အနေနဲ့ကလည်း သီချင်းတွေကို Next ,Previous, Play ,Pot လုပ်နိုင်ခြင်း၊ Volume အတိုးအလျော့ပါဝင်ခြင်း၊NORMAL,ANC,TRANSPARENCY Mode သုံးမျိုးသုံးနိုင်ခြင်း၊ Equalizer ပါဝင်တာကြောင့် ကိုယ်ကြိုက်တဲ့ Mode နဲ့ပြောင်းပြီးနားထောင်နိုင်ခြင်း၊ ဘာသာစကားလဲကိုယ်သုံးချင်တာပြောင်းလို့ရခြင်း၊ TWS SCREEN LOCK ပြောင်းလဲနိုင်ခြင်း၊ Find My Earphone လေးပါဝင်တာကြောင့် နားကြပ်တစ်ဖက်ချင်းစီ ပြန်ရှာလို့ရခြင်း၊ အချိန်နဲ့ Date ပါခြင်း၊ Silicon ဖော့စွပ်အပို 3 စုံ ပါဝင်ခြင်းစတဲ့ Function 13ခုတောင်ပါဝင်ပါသည်။
Gadget Max CA1K 10000mAh
Gadget Max CA1K 10000mAh 20W+22.5W Power Bank လေးကတော့ output power 20W+22.5w နဲ့အသုံးပြုနိုင်မှာဖြစ်ပြီ Quick Charge Support ပေးတဲ့အပြင်အားလက်ကျန် ပြပေးတဲ့ Digital Display ပါဝင်တာကြောင့် အသုံးပြုရအဆင်ပြေစေမည့်ပစ္စည်းလေးဖြစ်ပါသည်။
Gadget Max GX27 TPE Series Data Cable For Micro( 1M )
Gadget Max ကထုတ်ထားတဲ့ GX27 လေးကတော့ 2.4A Output Watt များများနဲ့ Fast Charging အားသွင်းနိုင်မှာပဲ ဖြစ်ပါသည်။ Data Transmission ပါအသုံးပြုလို့ရပြီး Wire Shock ဖြစ်နိုင်ခြေအနည်းဆုံး PVC အသားမျိုးသုံးပေးထားပါသည်။ အကြမ်းခံပြီး အရည်အသွေးပိုင်းမှာပါစိတ်ချရသော cable လေးဖြစ်ပါသည်။
Gadget Max GX27 TPE Series 1m Lightning Data Cable
Gadget Max ကထုတ်ထားတဲ့ GX27 လေးကတော့ 2.4A Output Watt များများနဲ့ Fast Charging အားသွင်းနိုင်မှာပဲ ဖြစ်ပါသည်။ Data Transmission ပါအသုံးပြုလို့ရပြီး Wire Shock ဖြစ်နိုင်ခြေအနည်းဆုံး PVC အသားမျိုးသုံးပေးထားပါသည်။ အကြမ်းခံပြီး အရည်အသွေးပိုင်းမှာပါစိတ်ချရသော cable လေးဖြစ်ပါသည်။
Gadget Max GX27 TPE Series Data Cable For Type-C( 1M )
Gadget Max ကထုတ်ထားတဲ့ GX27 လေးကတော့ 3.0A Output Watt များများနဲ့ Fast Charging အားသွင်းနိုင်မှာပဲ ဖြစ်ပါသည်။ Data Transmission ပါအသုံးပြုလို့ရပြီး Wire Shock ဖြစ်နိုင်ခြေအနည်းဆုံး PVC အသားမျိုးသုံးပေးထားပါသည်။ အကြမ်းခံပြီး အရည်အသွေးပိုင်းမှာပါစိတ်ချရသော cable လေးဖြစ်ပါသည်။
Gadget Max GX27 C-C PD 60W TPE Series For Type-C To Type-C( 1M )
Gadget Max ကထုတ်ထားတဲ့ GX27 လေးကတော့ Type-C To Type-C အသုံးပြုလို့ရပြီး Output Watt 60W နဲ့အတူ Fast Charging ပါရတာကြောင့် အားသွင်းရာတွင် မြန်ဆန်စေမှာပဲဖြစ်ပါသည်။ ကြိုးအရှည် 1m ရှည်လျားပြီး Wire Shock ဖြစ်နိုင်ခြေအနည်းဆုံး PVC အသားမျိုးသုံးပေးထားတာကြောင့် အကြမ်းခံပြီး အရည်အသွေးပိုင်းမှာပါစိတ်ချရသော cable လေးဖြစ်ပါသည်။
Gadget Max GX29 Woven Series Data Cable For Micro
Gadget Max ကထုတ်ထားတဲ့ GX29 Woven Series Data Cable လေးကတော့ USB to Micro အသုံးပြုလို့ရပြီး Output Power: 2.4 A နဲ့အလုပ်လုပ်ပေးမှာပဲဖြစ်ပါသည်။ Fast charging ရတာကြောင့် အားသွင်းမြန်ဆန်စေတဲ့အပြင် data transfer အသုံးပြုလို့ရတာကြောင့် Data များလဲ ကူးပြောင်းလို့ရပါသည်။ Nylon ကျစ်ကြိုးနဲ့ပြုလုပ်ထားတာကြောင့် အကြမ်းခံပြီး အရည်အသွေးကောင်းမွန်သော ပစ္စည်းလေးဖြစ်ပါသည်။
Gadget Max GX29 C-C Woven Series For Type-C To Type-C
Gadget Max ကထုတ်ထားတဲ့ GX29 Woven Series Cable လေးကတော့ Type-C To Type-C အသုံးပြုလို့ရပြီး Output Power - 60W နဲ့အလုပ်လုပ်ပေးမှာပဲဖြစ်ပါသည်။ Nylon ကျစ်ကြိုးနဲ့ပြုလုပ်ထားတာကြောင့် အကြမ်းခံပြီး အရည်အသွေးကောင်းမွန်သော ပစ္စည်းလေးဖြစ်ပါသည်။
Gadget Max GX29 Woven Series Data Cable For iPhone
Gadget Max ကထုတ်ထားတဲ့ GX29 Woven Series Cable လေးကတော့ USB To Lightning အသုံးပြုလို့ရပြီး Output Power -2.4A နဲ့အလုပ်လုပ်ပေးမှာပဲဖြစ်ပါသည်။ Nylon ကျစ်ကြိုးနဲ့ပြုလုပ်ထားတာကြောင့် အကြမ်းခံပြီး အရည်အသွေးကောင်းမွန်သော ပစ္စည်းလေးဖြစ်ပါသည်။
Gadget Max GM39 POP CHANGE TWS Wireless Earbuds
Gadget Max GM39 POP CHANGE TWS Wireless Earbuds ကတော့ Bluetooth 5.4 နောက်ဆုံးပေါ် နည်းပညာဖြစ်တာကြောင့် ချိတ်ဆက်မှု ပိုမိုမြန်ဆန်ပြီး တည်ငြိမ်စေပါတယ်။နားကြပ်တစ်ခုတည်းက ၆ နာရီနားဆင်နိုင်ပြီး Charging Case နဲ့ဆိုရင် ပိုကြာရှည်စွာ အသုံးပြုနိုင်ပါတယ်။လက်ရှိခေတ်စားနေတဲ့ Type-C ပေါက်ကို အသုံးပြုထားတာကြောင့် အားသွင်းရ လွယ်ကူပါတယ်။
Gadget Max GM37 POP 2 TWS Wireless Earbuds
Gadget Max ကထုတ်ထားတဲ့ GM37 POP 2 TWS Wireless Earbuds လေးသည် အပေါ့ပါးဆုံးနဲ့ ချစ်စရာကောင်းတဲ့ ဒီဇိုင်းပုံစံပြုလုပ်ထားပြီး ချိတ်ဆက်ရလွယ်ရစေဖို့အတွက်နောက်ဆုံး version ဖြစ်တဲ့ Bluetooth Version 5.4 ကိုသုံးပေးထားပါသည်။ ရိုးရိုးရှင်းရှင်းနဲ့ ပေါ့ပါးတာကြောင့် သယ်ဆောင်ရလွယ်ကူစေပါသည်။ IPX4 Waterproof ဖြစ်တာကြောင့် အားကစားလုပ်ရင်း သီချင်းနားထောင်တဲ့အခါ ရေစိုချွေးစိုခံနိုင်ပါသည်။ Case Battery 320mah ပါဝင်ပြီး တခါအားသွင်းထားရုံနဲ့ ၅နာရီလောက် အသုံးပြုလို့ရပါသည်။
Gadget Max GM70 ANC Bud 1 TWS Wireless Earbuds
Gadget Max ကနေထွက်ရှိထားတဲ့ GM70 ANC Bud 1 TWS Wireless Earbuds လေးဟာဆိုရင် Bluetooth version 5.4 ဖြင့် ချိတ်ဆက်မှုမြန်ဆန်စေမှာဖြစ်ပါသည်။ ANC နားကြပ်လေးဖြစ်တာမို့ ဘေးပတ်ဝန်းကျင်က အသံတွေကို ဖယ်ရှာပေးမှာဖြစ်ပြီး ဖုန်းပြောတာ ၊ ဂိမ်းကစားတာ ၊ သီချင်းနားထောင်တာတွေအတွက်အထူးသင့်တော်ပါသည်။ Battery Capacity 400mAh နဲ့ဖြစ်ပြီး Type-C Port က 2hours အားသွင်းထားရုံနဲ့ အချိန်ကြာကြာ ပြန်လည်အသုံးပြုလို့ရမှာ ဖြစ်ပါသည်။
Gadget Max MF01 10000mAh
Gadget Max MF01 ကတော့ MagSafe ကလည်း ကပ်အားကောင်းလို့ iPhone Users တွေ အကြိုက်တွေ့စေမယ့် Power Bank လေးဖြစ်ပါတယ်။𝟏𝟓𝐖 𝐌𝐚𝐠𝐬𝐚𝐟𝐞 𝐖𝐢𝐫𝐞𝐥𝐞𝐬𝐬 𝐂𝐡𝐚𝐫𝐠𝐢𝐧𝐠 နဲ့ 𝐏𝐃 𝟐𝟎𝐖 𝐓𝐲𝐩𝐞 𝐂 တစ်ပေါက် ပါလို့ နှစ်မျိုး အားသွင်းနိုင်ပြီး ပါဝါဘဏ်ကို 𝟏𝟖𝐖 အားအ၀င်နဲ့ 𝐓𝐲𝐩𝐞 𝐂 ပေါက်ကနေ အားပြန်သွင်းလို့ရတယ်။𝐋𝐄𝐃 𝐈𝐧𝐝𝐢𝐜𝐚𝐭𝐨𝐫 က 𝐁𝐚𝐭𝐭𝐞𝐫𝐲 လက်ကျန် အပြင် 𝐖𝐢𝐫𝐞𝐥𝐞𝐬𝐬 𝐂𝐡𝐚𝐫𝐠𝐢𝐧𝐠 ပါဝင်ပါတယ်။
Gadget Max GB104 10000mAh
Gadget Max Alpha GB104 Power Bank ကတော့ ဘက်ထရီပမာဏ 10000mAh ပါဝင်ပြီး PD (Power Delivery) နှင့် QC (Quick Charge) စနစ်များကို ထောက်ပံ့ပေးသည်။Power Bank ကို အားသွင်းရန်အတွက် Type C Input: 5V-3A / 9V-2A / 12V-1.5A (18W Max) နဲ့ Type C Output: 5V-3A / 9V-2.22A / 12V-1.67A (20W Max) ဖြင့်အလုပ်လုပ်ပေးမှာဖြစ်ပါတယ်။
Gadget Max GM35 POP 1 TWS Wireless Earbuds
Gadget Max ကထုတ်ထားတဲ့ GM35 POP 1 TWS Wireless Earbuds လေးသည် ဆန်းပြားတဲ့အရောင် ကောင်းမွန်တဲ့အသံထွက်နဲ့ ဒီဇိုင်းပြုလုပ်ထားပါသည်။ Silicone ဖော့စွတ်ပါဝင်တာကြောင့် Passive Noise Cancellation ကောင်းမွန်တာကြောင့် ပိုကောင်တဲ့ Music experience ကိုရရှိစေပါသည်။ Bluetooth Version 5.4 နဲ့မို့ ချိတ်ဆက်ရတာလွယ်ကူမြန်ဆန်စေပါသည်။ Transmission Range 10m ထိအသုံးပြုနိုင်ပြီး Type-C port နဲ့အားသွင်းအသုံးပြုနိုင်ပါသည်။ Charging Time ၁နာရီလောက်အားသွင်းထားရုံနဲ့ Talking Time:3Hours/ Music Time:6Hours အသုံးပြုနိုင်ပါသည်။
Gadget Max GM90 AND Bud 2 Dual ENC TWS Wireless Earbuds
Gadget Max ကထုတ်လုပ်ထားတဲ့ GM90 AND Bud 2 Dual ENC TWS Wireless Earbuds လေးသည် Bluetooth Version 5.4 နဲ့မို့ ချိတ်ဆက်မှု့အပိုင်းမှာလဲ မြန်ဆန်ပြီး bass အသံငြိမ်ငြိမ်နဲ့သံစဉ်များကို နားဆင်ပေးနိုင်မှာပဲဖြစ်ပါသည်။ ANC Mode/ ENC Dual Mic တို့ပါဝင်တဲ့အပြင် Transparency Mode တို့လည်းပါဝင်ပါသည်။ Charging Time 2Hours သွင်းထားရုံနဲ့ 4Hours ဝန်းကျင်အသုံးပြုလို့ရပါသည်။ LED Digital Display ပါဝင်ပြီး အားလက်ကျန်ကိုလည်း ကြည့်ရှုလို့ရပါသည်။
Gadget Max STS-01 Sleeping Wireless Earbuds
Gadget Max ကထုတ်ထားတဲ့ STS-01 Sleeping Wireless Earbuds လေးသည် ဒီဇိုင်းပုံစံဆန်းဆန်းလေးနဲ့ နှစ်ချိုက်စွာ အိပ်စက်အနားယူဖို့ ငြိမ့်ညောင်းတဲ့သံစဉ်တွေကိုပေးစွမ်းနိုင်ပါသည်။ Bluetooth Version 5.4 ကိုအသုံးပြုပေးထားတာကြောင့် ချိတ်ဆက်ရတာ လွယ်ကူလျင်မြန်ဆန်စေပါသည်။ Earbuds တစ်ခုလုံးကို Silicone အပျော့သားလေးတွေနဲ့ အုပ်ပေးထားလို့ အိပ်နေရင်းသီချင်းနားထောင်တဲ့ခါ နားမနာစေဘဲအသုံးပြုရာတွင် အဆင်ပြေစေမှာပဲဖြစ်ပါသည်။
Gadget Max GB106 30000mAh
Gadget Max ကထုတ်ထားတဲ့ GB106 Power Bank လေးသည် Battery Capacity 30000mAh ပါဝင်ပြီး ဖုန်း ၅လုံးလောက်အားအပြည့်သွင်းလို့ရပါသည်။ Dual USB & Type-C Output, Dual Type-C 18W Max Input တို့ပါဝင်တဲ့အပြင် 22.5W Fast Charge Input support ပေးတာကြောင့် အားသွင်းရာတွင်လည်း မြန်ဆန်စေပါသည်။ Digital Display ပါဝင်ပြီး အားလက်ကျန်ကိုလည်း ကြည့်ရှု့လို့ရပါသည်။
Gadget Max GC05 27W Super PD Type-C toType C Charger Set
Gadget Max ကထုတ်ထားတဲ့ GC05 27W Super PD Type-C to Type-C Charger Set လေးသည် PD 27W ဖြစ်တာကြောင့် မြန်ဆန်လန်ထွက်နေတဲ့ Charging Speed နဲ့ အားသွင်းရာတွင် လျင်မြန်နေမှာပဲဖြစ်ပါသည်။ ကျစ်လစ်ခိုင်ခံ့တဲ့ ချည်ကျစ်ကြိုးနဲ့ ထုတ်လုပ်ပေးထားတာကြောင့် Haevy တွေသုံးရင်တောင် အပူဒဏ်များမှကာကွယ်ပေးနိုင်ပါသည်။ Type-C to Type-C အသုံးပြုလို့ရပြီး 27W အထိ support ပေးတဲ့အပြင် Data Transfer အသုံးပြုလို့ရပါသည်။
Gadget Max GX55 1.2m 60W Type-C to Type-C Aluminum Braided Cable
Gadget Max ကထုတ်ထားတဲ့ GX55 လေးသည် Type-C to Type-C အသုံးပြုနိုင်သော Cable လေးဖြစ်ပြီး PD 60W Output နဲ့မို့အားသွင်းရာတွင် မြန်ဆန်စေပါသည်။ Aluminum & Nyion Braided နဲ့ပြုလုပ်ထားတာကြောင့် အပူဒဏ်များမှခံနိုင်ရည်ရှိပါသည်။ ကြိုးအရှည် ၁.၂မီတာရှည်လျားပြီး အရည်အသွေးကောင်းမွန်သောပစ္စည်းလေးဖြစ်ပါသည်။
Gadget Max GX30 USB A To Type-C Fast Charging Cable
Gadget Max ကထုတ်ထားတဲ့ GX30 လေးကတော့ USB A To Type-C အသုံးပြုလို့ရပြီး 3A Fast Charging နဲ့မို့အားသွင်ရာတွင် အချိန်ခနအတွင်း အားအပြည့်ဖြစ်စေပါသည်။ Silicon Cable လေးဖြစ်တာကြောင့် သုံးရတာအဆင်ပြေစေပြီး ကြိုးအရှည် 1မီတာရှည်လျားပါသည်။
Gadget Max GX30 Type-C To Lighting Charging Data Cable
Gadget Max ကထုတ်ထားတဲ့ GX30 လေးသည် Type-C To Lightning အသုံးပြုလို့ရသော Cable လေးဖြစ်ပါသည်။ 27W Fast Charge ဖြစ်တာကြောင့် အားသွင်းရာတွင် အချိန်ခနအတွင်း အားအပြည့်ဖြစ်စေပြီး Data Cable လေးဖြစ်တာကြောင့် Data အကူအပြောင်းလုပ်ရာတွင်လည်း မြန်ဆန်စေပါသည်။ Silicon Cable လေးဖြစ်တာကြောင့် သုံးရတာအဆင်ပြေစေပြီး ကြိုးအရှည် 1မီတာရှည်လျားပါသည်။
Gadget Max GX30 Type-C To Type-C Charging Data Cable
Gadget Max ကထုတ်ထားတဲ့ GX30 လေးသည် Type-C to Type-C အသုံးပြုလို့ရသော Cable လေးဖြစ်ပါသည်။ 60W Fast Charge နဲ့မို့ အားသွင်းရာတွင် မြန်ဆန်စေပြီး Data Cable လေးဖြစ်တာကြောင့် Data အကူးအပြောင်းလုပ်ရာတွင်လည်း အဆင်ပြေစေပါသည်။ Silicon Cable လေးဖြစ်တာကြောင့် သုံးရတာအဆင်ပြေစေပြီး ကြိုးအရှည် 1မီတာရှည်လျားပါသည်။
Gadget Max GB24 15000mAh
Gadget Max GB24 Power Bank မှာ Wall Plug (AC Plug) ပါဝင်တာကြောင့် အားသွင်းခေါင်း (Adapter) သီးသန့် မလိုဘဲ နံရံက ပလပ်ပေါက်မှာ တိုက်ရိုက်ထိုးပြီး အားပြန်သွင်းနိုင်ပါတယ်။Type-C ကြိုးတစ်ချောင်းနဲ့ iPhone အတွက် Lightning ကြိုးတစ်ချောင်း Built-in ပါဝင်ပြီးသားမို့လို့ ကြိုးအပိုသယ်ဖို့ မေ့တတ်သူတွေအတွက် အရမ်းအဆင်ပြေပါတယ်။လက်က ကိုင်ရလွယ်ကူအောင် ကြိုးလေး (Strap) ပါဝင်သလို၊ ဖုန်းတင်ကြည့်လို့ရတဲ့ Holder လေးလည်း ပါဝင်တတ်ပါတယ်။15000mAh (ဖုန်းတစ်လုံးကို ၂ ကြိမ်မှ ၃ ကြိမ်ခန့် အားအပြည့် သွင်းနိုင်ပါတယ်။) PD 20W အထိ ထွက်ပါတယ်။12W (Peak) ထိ ရပါတယ်။ PD 20W Fast Charging Support လုပ်ပါတယ်။AC Plug ကနေ အားသွင်းနိုင်သလို Type-C Port (18W) ကနေလည်း အားပြန်သွင်းနိုင်ပါတယ်။
Gadget Max MF02 10000mAh
Gadget Max ကထုတ်ထားတဲ့ MF02 လေးသည် Capacity 10000mAh ပါဝင်ပြီး Charging နည်းလမ်းပေါင်းစုံကို တစ်ခုတည်းနဲ့ အသုံးပြုနိုင်တဲ့ 6 in 1 Magsafe Power Bank တစ်မျိုးဖြစ်ပါသည်။ ကြိုးနဲ့ရော ကြိုးမဲ့ပါ အားသွင်းနိုင်တဲ့အပြင် Apple Watch အတွက်ပါ သီးသန့် Magnetic Charger ပါဝင်လို့ ခရီးဆောင်သွားရာမှာ အလွန်အဆင်ပြေစေပါသည်။ iPhone 12/13/14/15/16 Series တွေမှာ ဖုန်းနောက်ကျောကို ကပ်လိုက်တာနဲ့ အားသွင်းပေးမယ့် Magsafe စနစ်ပါဝင်ပြီး သံလိုက်ဓာတ်အားကောင်းလို့ ပြုတ်ကျတာမျိုးမရှိစေဘဲ အဆင်ပြေပြေအသုံးပြုနိုင်ပါသည်။ Power bank မှာ အားသွင်းကြိုး (Type-C နဲ့ Lightning) ပါပြီးသားဖြစ်လို့ ကြိုးအပိုသယ်ဆောင်စရာမလိုဘဲ အားသွင်းနိုင်ပါသည်။ ဖုန်းအားသွင်းရာမှာ အပူလွန်ကဲတာ၊ Volt အတက်အကျဖြစ်တာတွေကနေ ကာကွယ်ပေးမယ့် Safety Chips တွေ ပါဝင်ပြီး iPhone အပြင် Android နဲ့ အခြား Accessory တွေကိုပါ အဆင်ပြေပြေ အားသွင်းနိုင်အောင် ဒီဇိုင်းထုတ်လုပ်ပေးထားပါသည်။
Gadget Max GC04 20W Super PD Type-C to Type-C Charger Set
Gadget Max ကထုတ်ထားတဲ့ GC04 Super PD Type-C to Type-C Charger Set လေးသည် PD 20W ဖြစ်တာကြောင့် မြန်ဆန်လန်ထွက်နေတဲ့ Charging Speed နဲ့ အားသွင်းရာတွင် လျင်မြန်နေမှာပဲဖြစ်ပါသည်။ ကျစ်လစ်ခိုင်ခံ့တဲ့ ချည်ကျစ်ကြိုးနဲ့ ထုတ်လုပ်ပေးထားတာကြောင့် Haevy တွေသုံးရင်တောင် အပူဒဏ်များမှကာကွယ်ပေးနိုင်ပါသည်။ Type-C to Type-C အသုံးပြုလို့ရပြီး 20W အထိ support ပေးတဲ့အပြင် Data Transfer အသုံးပြုလို့ရပါသည်။
Gadget Max GX57 Ace Series 6 in 1 Braided Cable
Gadget Max ကထုတ်ထားတဲ့ GX57 လေးသည် 6 in 1 Fast Charging Cable လေးဖြစ်တာကြောင့် ဖုန်း၊ Laptop နဲ့ အခြား Device မျိုးစုံကို စိတ်ကြိုက် အားသွင်းနိုင်မှာဖြစ်လို့ ခရီးသွားတဲ့အခါဖြစ်ဖြစ်၊ ရုံးမှာဖြစ်ဖြစ် အဆင်ပြေစေပါသည်။ Connector ခေါင်းမျိုးစုံ ပါဝင်တာကြောင့် USB-A မှ Type-C/Lightning/Micro သို့မဟုတ် Type-C မှ Type-C/Lightning/Micro စသဖြင့် ပုံစံ ၆ မျိုး ပြောင်းလဲအသုံးပြုနိုင်ပါသည်။ Power Delivery (PD) 100W အထိ Support ပေးတာကြောင့် Laptop တွေနဲ့ High-end Smartphone တွေကို အမြန်ဆုံးအားသွင်းပေးနိုင်ပါသည်။ Aluminum Alloy ခေါင်းနဲ့ ခိုင်ခံ့တဲ့ Braided Cable (ကျစ်ကြိုး) ကို အသုံးပြုထားလို့ ကြိုးပြတ်မှာ ဒါမှမဟုတ် ကြိုးခေါက်မှာကို စိတ်ပူစရာလိုဘဲ အသုံးပြုနိုင်ပါသည်။ ကြိုးအရှည် 1.2m ရှိတာကြောင့် အသုံးပြုရတာ အနေတော်ဖြစ်ပြီး သယ်ဆောင်ရလည်း လွယ်ကူပါသည်။
Gadget Max Zuma 10000mAh 22.5W Power Bank
Gadget Max ကထုတ်လုပ်ထားတဲ့ Zuma 22.5W Power Bank လေးသည် Capacity 10000mAh ပါဝင်ပြီး 22.5W အထိ Output ထွက်တာမို့ ဖုန်းတွေကို အချိန်တိုအတွင်း အားအပြည့်သွင်းပေးနိုင်ပါသည်။ Type-C (18W) နဲ့ Lightning (18W) Built-in ကေဘယ်ကြိုးနှစ်မျိုးလုံး Built in ပါဝင်ပါသည်။ Power Bank ကို အားပြန်သွင်းဖို့အတွက် Type-C Input (18W) ကို အသုံးပြုနိုင်တဲ့အပြင် Built-in Cable နဲ့လည်း 18W အမြန်နှုန်းနဲ့ အားပြန်သွင်းနိုင်ပါသည်။ LED Digital Display ပါဝင်ပြီး အားလက်ကျန်ကိုလည်း ကြည့်ရှု့နိုင်ပါသည်။
Gadget Max HP-103 Hyper 30000mAh Power Bank
Gadget Max ကထုတ်ထားတဲ့ HP-103 Hyper Power Bank လေးသည် Capacity 30000mAh ပါဝင်ပြီး ဖုန်း၊ Tablet နှင့် အခြား Device များကို အချိန်ကြာကြာအားသွင်းအသုံးပြုနိုင်ပါသည်။ LED Digital Display ပါဝင်လို့ Battery Level ကို တိတိကျကျ ကြည့်ရှုနိုင်ပါသည်။ Built-in Lightning Cable နှင့် Type-C Cable ပါဝင်တာကြောင့် Cable ထပ်မံသယ်ဆောင်စရာမလိုဘဲ အသုံးပြုရအဆင်ပြေစေပါသည်။ Type-C နှင့် USB Port များမှ Fast Charging Support ပေးထားပြီး အမြင့်ဆုံး 22.5W Output အထိ ရရှိနိုင်တာကြောင့် iPhone, Android Phone နှင့် အခြား Smart Device များကို မြန်ဆန်စွာ အားသွင်းနိုင်ပါသည်။ SB Port 4 ခုပါဝင်လို့ Device အများအပြားကို တပြိုင်နက်တည်း အားသွင်းနိုင်ပြီး ခရီးသွားချိန်၊ အလုပ်သွားချိန်နှင့် နေ့စဉ်အသုံးပြုရန် အထူးသင့်တော်သော Power Bank ဖြစ်ပါသည်။
Gadget Max HP-105 Hyper 50000mAh Power Bank
Gadget Max ကထုတ်ထားတဲ့ HP-105 Hyper Power Bank လေးသည် Capacity 50000mAh ပါဝင်ပြီး Lightning, Micro နဲ့ Type-C ကြိုးတွေ တစ်ခါတည်း ပါဝင်ပြီးသားမို့ ကြိုးအပိုသယ်စရာမလိုဘဲ အလွယ်တကူ အားသွင်းအသုံးပြုနိုင်ပါသည်။ 22.5W Max (USB-A) နဲ့မို့ ဖုန်းတွေကို အချိန်တိုအတွင်း အမြန်ဆုံး အားသွင်းပေးနိုင်ပါသည်။ LED Digital Display ပါတာကြောင့် ကျန်ရှိတဲ့ ဘက်ထရီရာခိုင်နှုန်းကို တိတိကျကျ ကြည့်ရှုနိုင်ပါသည်။ USB-A port ၄ ခု နဲ့ Type-C port ပါဝင်ပြီး အသုံးပြုရာတွင် အဆင်ပြေစေမည့် ပစ္စည်းလေးဖြစ်ပါသည်။
Gadget Max GM17 3.5MM Wired Headphone
Gadget Max GM17 Headphone သည် 3.5MM wired နားကြပ်လေးဖြစ်ပြီး ကြိုးအရှည် 1.2M ရှည်ပါသည်။ Controls အနေနဲ့ Built-in button for Play/Pause, Next/Previous Track, Answer/End Call စတာတွေကိုပြုလုပ်လို့ရမှာဖြစ်ပါသည်။
Gadget Max TC01 Type-C Wired Earphone
Gadget Max ကထုတ်ထားတဲ့ TC01 Type-C Earphone လေးသည် ဖုန်းပြောဆိုရာတွင်လည်းကောင်း၊ သီချင်းနားထောင်ရာတွင်လည်းကောင်း အကောင်းဆုံးစွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်ပါသည်။ Hi-Fi Audio System ပါဝင်သောကြောင့် အသံထွက် ကြည်လင်ပြတ်သားပြီး Quality ကောင်းမွန်ပါသည်။ 1.2m အရှည်ရှိသဖြင့် အသုံးပြုရာတွင် အဆင်ပြေစေပြီး ဖုန်းဖြေဆိုခြင်းနှင့် သီချင်း အဖွင့်/အပိတ် ပြုလုပ်နိုင်သည့် Single Function Key (Control ခလုတ်) ပါဝင်ပါသည်။
Gadget Max TC02 Type-C Wired Earphone
Gadget Max ကထုတ်ထားတဲ့ TC02 Type-C Wired Earphone လေးသည် နားထဲတွင် စွဲမြဲစွာ တပ်ဆင်နိုင်သည့် In-ear ဒီဇိုင်း ဖြစ်သောကြောင့် အပြင်ဆူညံသံများကို လျှော့ချပေးပြီး သီချင်းနားထောင်ရာတွင် ပိုမိုကောင်းမွန်သော ခံစားမှုကို ပေးစွမ်းနိုင်ပါသည်။ USB Type-C Connector ကို အသုံးပြုထားသောကြောင့် နောက်ဆုံးပေါ် Android ဖုန်းများ၊ Tablets များနှင့် အလွယ်တကူ အသုံးပြုနိုင်ပါသည်။ ဖုန်းဖြေဆိုခြင်း၊ ဖုန်းချခြင်းနှင့် သီချင်းများကို Play/Pause လုပ်နိုင်သည့် Single Function Key တစ်ခု ပါဝင်သောကြောင့် အသုံးပြုရ လွယ်ကူရိုးရှင်းသော နားကြပ်လေးဖြစ်ပါသည်။
Gadget Max 8M231 Mini PD 30W Type-C to Type-C Charger Set
Gadget Max 8M231 Mini PD 30W Type-C to Type-C Charger Set သည် "Mini" လို့ ခေါ်တဲ့အတိုင်း ပုံမှန် 30W အားသွင်းခေါင်းတွေထက် သိသိသာသာ သေးငယ်ပါတယ်။ ဒါကြောင့် ပလပ်ခုံမှာ နေရာမစားသလို အိတ်ကပ်ထဲ ထည့်ယူသွားဖို့လည်း လွယ်ကူပါတယ်။အရည်အသွေးကောင်းမွန်တဲ့ Type-C to Type-C ကြိုး တစ်ပါတည်း ပါဝင်လာတဲ့အတွက် နောက်ထပ်ကြိုးသီးသန့်ဝယ်စရာမလိုဘဲ အသင့်အသုံးပြုနိုင်ပါတယ်။
Gadget Max AI 140W Smart GaN Charger Adapter
Gadget Max AI 140W Smart GaN Charger Adapter လေးကတော့ Ai Smart Touch Display နဲ့ adapter လေးဖြစ်ပါသည်။ Total Watt 140W အထွက်နဲ့ အားသွင်းနိုင်မှာဖြစ်ပြီး Type-C port -3 , USB port -1 ပါဝင်ပါသည်။
Gadget Max AI 45W Smart GaN Charger Adapter
Gadget Max AI 45W Smart GaN Charger Adapter လေးကတော့ Ai Smart Touch Display နဲ့ adapter လေးဖြစ်ပါသည်။ Total Watt 45W အထွက်နဲ့ အားသွင်းမြန်ဆန်စေမှာဖြစ်ပါသည်။
Gadget Max GZ04 Alloy Series 36W Dual Port Car Charger
Gadget Max GZ04 Alloy Series Car Charger လေးကတော့ USB port နှစ်ခုပါဝင်ပြီး device နှစ်ခုကို တစ်ပြိုင်တည်းအားသွင်းလို့ရမယ့် car charger လေးဖြစ်ပါတယ်။ 18W (3A) နဲ့မို့ အားဝင်မြန်ဆန်စေမှာဖြစ်ပါသည်။
Gadget Max GZ03 Alloy Series Dual Port Car Charger
Gadget Max ကနေထွက်ရှိထားတဲ့ GZ03 Alloy Series Dual Port Car Charger လေးကတော့ PC Flame-Retardant ကိုအသုံးပြုပေးထားပြီး USB port နှစ်ခုပါဝင်တာဖြစ်လို့ device နှစ်ခုကို တစ်ပြိုင်တည်းအားသွင်းလို့ရပါတယ်။ 12W (2.4A) နဲ့မို့ အားသွင်းအသုံးပြုလို့ရမှာဖြစ်ပါသည်။
Gadget Max GMCC-02 Enjoy Series Wireless Car Charger
Gadget Max ကနေထွက်ရှိထားတဲ့ GMCC-02 Enjoy Series Wireless Car Charger လေးကတော့ ကားမောင်းရင်း ဖုန်းအားသွင်းတာအပြင် သီချင်းနားထောင်တာနဲ့ ဖုန်းပြောတာတွေကိုပါ တစ်ခါတည်းလုပ်ဆောင်နိုင်တဲ့ All-in-one Gadget တစ်ခုဖြစ်ပါတယ်။ Bluetooth / USB / TF Card တို့နဲ့လည်း ချိတ်ဆက်အသုံးပြုပြီး သီချင်းနားဆင်လို့ရမှာဖြစ်ပါသည်။ USB- 30W , USB- 15W ပါဝင်လို့ device နှစ်ခုကို တပြိုင်တည်း အားသွင်းအသုံးပြုလို့ရမှာဖြစပါသည်။
Gadget Max TC04 Type-C Wired Earphone
Gadget Max ကထုတ်ထားတဲ့ TC04 Type-C Wired Earphone လေးသည် 14mm Speaker ဖြင့် ကြည်လင်ပြတ်သားသော Sound Quality ကို ပေးစွမ်းနိုင်ပြီး Music နားထောင်ခြင်း၊ Gaming နှင့် Call ပြောဆိုခြင်းများအတွက် အထူးသင့်တော်ပါသည်။ TPE Material ဖြင့် ပြုလုပ်ထားသည့်အတွက် ကြိုးသားနူးညံ့ပြီး အသုံးပြုရာတွင် သက်တောင့်သက်သာရှိစေပါသည်။ Built-in Microphone Controller ပါဝင်သောကြောင့် Call ဖြေခြင်း၊ Music Play/Pause ပြုလုပ်ခြင်းတို့ကို Single-Key Control ဖြင့် လွယ်ကူစွာ အသုံးပြုနိုင်ပြီး ကြိုးအရှည် ၁မီတာရှည်လျားပါသည်။
Gadget Max MF03 6 in 1 10000mAh Magsafe Power Bank
Gadge Max ကထုတ်ထားတဲ့ MF-03 6 in 1 Power Bank လေးသည် modern lifestyle အတွက် အထူးဒီဇိုင်းထုတ်ထားတဲ့ MagSafe Power Bank တစ်ခုဖြစ်ပြီး Charging မြန်ဆန်မှုနဲ့ Cooling System ပါဝင်မှုကြောင့် gaming, streaming နဲ့ daily use အတွက် အထူးသင့်တော်ပါသည်။ MagSafe Support ပါဝင်တဲ့ iPhone များအတွက် magnetic wireless charging ကို 15W အထိ support ပေးနိုင်ပြီး Type-C Port မှတဆင့် PD 20W Fast Charging support ပေးထားလို့ အားသွင်းမြန်ဆန်ပြီး အချိန်ကုန်သက်သာစေပါသည်။ Cooling Fan ပါဝင်လို့ charging လုပ်နေစဉ် အပူချိန်ကို လျော့ချပေးနိုင်တဲ့အပြင် Apple Watch နဲ့ AirPods ကိုလည်း 2.5W wireless charging ဖြင့် အဆင်ပြေစွာ အသုံးပြုနိုင်ပါသည်။ Battery Percentage ကို LED Display နဲ့ တိတိကျကျ ကြည့်ရှုနိုင်ပါသည်။
Gadget Max GZ05 Alloy Series PD 38W Car Charger
Gadget Max GZ05 Alloy Series PD 20W Car Charger လေးကတော့ USB -1 , Type-C -1 နဲ့ဖြစ်လို့ ios ကော android ပါအသုံးပြုလို့ရမယ့် car charger လေးဖြစ်ပါတယ်။ TypeC-38W , USB-18Wနဲ့မို့ အားဝင်မြန်ဆန်စေမှာဖြစ်ပါသည်။
Gadget Max 8M501 Aio Travel 60W 3 in 1 Charging Cable
Gadget Max 8M501 Aio Travel 3 in 1 Charging Cable လေးကတော့ 60W Fast Charging Support လုပ်ပေးနိုင်ပြီး USB-C Laptop, Tablet, Smartphone များကို အမြန်အားသွင်းနိုင်သည်။ Travel Friendly Design ဖြစ်၍ ခရီးသွားရာတွင် Cable အများကြီးယူစရာမလိုဘဲ အသုံးပြုလို့ရပါသည်။ Type-C to Type-C 60W, Type-C to Lightning PD 27W အပြင် USB to Type-C ကို 3A အထိ Support ပေးတာမလို့ ဘယ်လို Port မျိုး ဘယ်လို Charger တုံး မျိုးနဲ့မဆို သုံးရအဆင်ပြေစေမယ့် travel kit လေး ဖြစ်တာကြောင့် ခရီးသွားရတဲ့ သူတွေ အကြိုက်တွေ့စေမယ့် cable လေးဖြစ်ပါသည်။
Gadget Max PD101 20W Type-C Single Port Charger
Gadget Max ကနေ ထွက်ရှိထားတဲ့ PD101 Type-C Single Port Charger လေးကတော့ PD 20W နဲ့အားဝင်မြန်ဆန်စေမှာ ဖြစ်ပါသည်။ Design သေးသေးလေးနဲ့ဖြစ်ပြီး သွားလေရာကို ပေါ့ပေါ့ပါးပါးနဲ့ သယ်ယူသွားနိုင်မှာဖြစ်ပါသည်။
Gadget Max PD101S PD 20W Type-C to Type-C Charger Set
Gadget Max PD101S PD 20W Type-C to Type-C Charger Set သည် 20W Power Delivery (PD) Fast Charging ကို Support ပေးသည့် Charger Set ဖြစ်ပြီး Type-C to Type-C Cable ပါဝင်သောကြောင့် ဖုန်း၊ Tablet နှင့် အခြား USB-C Device များကို မြန်ဆန်ပြီး တည်ငြိမ်စွာ အားသွင်းနိုင်ပါသည်။ ကျစ်လျစ်ပေါ့ပါးသော Design နှင့် AC 100–240V Wide Voltage Support ပါဝင်သဖြင့် အိမ်တွင်သာမက ခရီးသွားရာတွင်လည်း အဆင်ပြေစွာ အသုံးပြုနိုင်သော Charger Set တစ်ခုဖြစ်ပါသည်။
Gadget Max PD102 PD 25W Type-C to Type-C Charger Set
Gadget Max PD102 PD 25W Type-C to Type-C Charger Set သည် USB Power Delivery (PD) 25W Fast Charging ကိုထောက်ပံ့ပေးသည့် Charger Set ဖြစ်ပြီး၊ Type-C to Type-C Cable ပါဝင်သဖြင့် Smartphone၊ Tablet နှင့် USB-C စက်ပစ္စည်းများကို လျင်မြန်စွာနှင့် လုံခြုံစိတ်ချစွာ အားသွင်းနိုင်ပါသည်။ အရွယ်အစားကျစ်လစ်ပေါ့ပါး၍ သယ်ဆောင်ရလွယ်ကူပြီး AC 110–240V Wide Voltage ကိုထောက်ပံ့ပေးသောကြောင့် နေ့စဉ်အသုံးပြုရန်အတွက် အဆင်ပြေသည့် Charger Set တစ်ခုဖြစ်ပါသည်။ Output အမြင့်ဆုံး 25W နှင့် 2m Type-C to Type-C Cable ပါဝင်သည်။
Gadget Max PD102U PD 20W Type-C to Type-C Travel Charger Set
Gadget Max PD102U PD 20W Type-C to Type-C Travel Charger Set သည် USB Power Delivery (PD) 20W Fast Charging ကို Support ပေးသော Travel Charger Set ဖြစ်ပြီး၊ Type-C to Type-C Cable ပါဝင်သည့်အတွက် Android Smartphone၊ Tablet နှင့် USB-C Device များကို မြန်ဆန်ပြီး တည်ငြိမ်စွာ အားသွင်းနိုင်ပါသည်။ ကျစ်လစ်ပေါ့ပါးသော ဒီဇိုင်းကြောင့် သယ်ဆောင်ရလွယ်ကူပြီး နေ့စဉ်အသုံးပြုရန်နှင့် ခရီးသွားရာတွင် အဆင်ပြေစေပါသည်။ Built-in Safety Protection စနစ်များပါဝင်သောကြောင့် Over Voltage၊ Over Current နှင့် Overheating များမှ ကာကွယ်ပေးကာ လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ပါသည်။