JBL G04 Portable Waterproof Speaker
JBL Go 4 Portable Waterproof Speaker က JBL ရဲ့ နာမည်ကြီး Go စီးရီးထဲက နောက်ဆုံးထွက် speaker ဖြစ်ပါတယ်။ small but mighty ဆိုတဲ့အတိုင်း သူ့အရွယ်အစားနဲ့ မလိုက်အောင် အသံကောင်းပြီး ခရီးဆောင်ရလွယ်ကူတဲ့ portable speaker တစ်လုံး ဖြစ်ပါတယ်။Go 4 ဟာ သူ့ရဲ့သေးငယ်တဲ့အရွယ်အစားနဲ့ မမျှအောင် JBL Pro Sound ကို ပေးစွမ်းနိုင်ပြီး ပိုမိုအားကောင်းတဲ့ ဘေ့စ် (bass) အသံတွေလည်း ထွက်ပါတယ်။IP67 ရေစိမ်ခံနိုင်ခြင်းနှင့် ဖုန်မှုန့်ဒဏ်ခံနိုင်ခြင်း (Waterproof & Dustproof): ဒီအချက်က သူ့ရဲ့အဓိက အားသာချက်ပါ။ IP67 rating ဆိုတာ ရေထဲ ၁ မီတာအနက်အထိ မိနစ် ၃၀ ခန့် နှစ်မြှုပ်ခံနိုင်ပြီး ဖုန်မှုန့်တွေလည်း မဝင်နိုင်ဘူးလို့ ဆိုလိုပါတယ်။ ဒါကြောင့် ရေကူးကန်ဘေး၊ ကမ်းခြေ ဒါမှမဟုတ် မိုးထဲ လေထဲမှာတောင် စိတ်ပူစရာမလိုဘဲ အသုံးပြုနိုင်ပါတယ်။တစ်ခါအားသွင်းထားရင် ၇ နာရီအထိ သီချင်းဖွင့်နိုင်ပါတယ်။ ဒါ့အပြင် Playtime Boost feature ကို နှိပ်လိုက်ရင် နောက်ထပ် ၂ နာရီအထိ ဘက်ထရီသက်တမ်း ထပ်တိုးနိုင်ပါတယ်။ (အသံအတိုးအကျယ်ပေါ် မူတည်ပြီး ကွဲပြားနိုင်ပါတယ်။)
JBL Authentics 200 Portable Bluetooth Speaker (200W)
JBL Authentics 200 Portable Bluetooth Speaker လေးကတော့ power output watt 200W ဖြင့် စည်းချက်ညီပြီး bass သံ ကို ပေးစွမ်းမှာဖြစ်ပါသည်။ Retro Style ဖြစ်ပြီး Aluminum Material ကို အသုံးပြုပေးထားပါသည်။ Bluetooth version 5.3 နဲ့ချိတ်ဆက်အသုံးပြုနိုင်သလို Other function အနေနဲ့ Wifi , Aux တိုု့နဲ့ အသုံးပြုနိုင်ပါသည်။ Frequency 110 Hz ကစည်းချက်ကျတဲ့ သံစဉ်ကို ထုတ်လွှတ်ပေးမှာဘဲဖြစ်ပါသည်။ အသံအတိုး/အချဲ ၊ သီချင်းကျော်တာ/ရပ်တာကို အလွယ်တကူပြုလုပ်နိုင်မှာဖြစ်ပြီး သွားလေရာကို အလွယ်တကူယူသွားနိုင်ရန်အတွက် လက်ကိုင် ကိုင်းလေးလည်းပါဝင်တာမလို့ အရည်အသွေးပိုင်းကော design ပိုင်းပါမိုက်တဲ့ speaker လေးတစ်လုံးဖြစ်ပါသည်။
JBL Authentics 500 Portable Bluetooth Speaker (270W)
JBL Authentics 500 Portable Bluetooth Speaker လေးကတော့ power output watt (270W) Frequency 110 Hz ကစည်းချက်ကျတဲ့ သံစဉ်ကို ထုတ်လွှတ်ပေးမှာဘဲဖြစ်ပါသည်။ Bluetooth version 5.3 နဲ့ချိတ်ဆက်အသုံးပြုနိုင်သလို Other function အနေနဲ့ Auxiliary, Bluetooth, Ethernet, USB, Wi-Fi တို့နဲ့ အသုံးပြုနိုင်ပါသည်။ အသံအတိုး/အချဲ ၊ သီချင်းကျော်တာ/ရပ်တာကို အလွယ်တကူပြုလုပ်နိုင်မှာဖြစ်ပြီး သွားလေရာကို အလွယ်တကူယူသွားနိုင်ရန်အတွက် လက်ကိုင် ကိုင်းလေးလည်းပါဝင်တာမလို့ အရည်အသွေးပိုင်းကော design ပိုင်းပါမိုက်တဲ့ speaker လေးတစ်လုံးဖြစ်ပါသည်။
JBL Cinema SB550 3.1-Channel Sound Bar (250W) 3.1CH
JBL Cinema SB550 3.1-Channel Sound Bar လေးသည် Premium Quality 3.1 Channel Soundbar System တစ်ခုဖြစ်ပြီး ရုပ်ရှင်ကြည့်ခြင်း၊ သီချင်းနားထောင်ခြင်းနှင့် Gaming အသုံးပြုမှုများတွင် အလွန်ကောင်းမွန်သော အသံအတွေ့အကြုံကို ပေးစွမ်းနိုင်ပါသည်။ Wireless Subwoofer ပါဝင်ထားသောကြောင့် ဘေ့စ်အသံကို ပိုမိုအားကောင်းစွာ ထုတ်ပေးနိုင်ပြီး Cinema Hall တစ်ခုအတွင်းရှိသလို Surround Sound Effect ကို ခံစားနိုင်စေပါသည်။ HDMI Interface ပါဝင်သောကြောင့် Smart TV များနှင့် လွယ်ကူစွာ ချိတ်ဆက်အသုံးပြုနိုင်ပြီး USB Output Support လည်းပါဝင်သဖြင့် Music Playback များကို အဆင်ပြေစွာ အသုံးပြုနိုင်ပါသည်။
JBL 20H PartyBox Wireless Two Handel Mic
JBL 20H PartyBox Wireless Two Handel Mic ကတော့ JBL PartyBox Speaker တွေနဲ့ အဓိကတွဲသုံးဖို့ ထုတ်ထားတဲ့ Wireless မိုက်အမျိုးအစား ဖြစ်ပါတယ်။ မိုက်တစ်လုံးချင်းစီကို Built-in Rechargeable Type-C စနစ် ပြောင်းလဲပေးထားပြီး တစ်ခါအားပြည့်ရင် နာရီ ၂၀ အထိ အသုံးခံပါတယ်။ အရေးပေါ် အားကုန်ရင် ၁၀ မိနစ် အားသွင်းရုံနဲ့ ၂ နာရီ ပြန်သုံးလို့ရသလို၊ Speaker ရဲ့ Power Bank Port နဲ့ ချိတ်ပြီး သီချင်းဆိုရင်းပါ အားသွင်းလို့ ရပါတယ်။ဘေးပတ်ဝန်းကျင်က ဆူညံသံ (Noise) တွေကို အတတ်နိုင်ဆုံး ဖျောက်ပေးပြီး ဆိုတဲ့သူရဲ့ အသံကို ပိုမိုကြည်လင် ပြတ်သားစေပါတယ်။မိုက်ကို တစ်ယောက်နဲ့တစ်ယောက် လက်ပြောင်းကိုင်တဲ့အခါ ထွက်တတ်တဲ့ ဂျိမ်းဂျိမ်းဂျွမ်းဂျွမ်း အသံတွေကို လျှော့ချပေးတဲ့ Shock mount ပါဝင်သလို၊ လေမှုတ်သံ၊ အသက်ရှူသံတွေကို အလိုအလျောက် Filter လုပ်ပေးပါတယ်။.4GHz Digital Wireless စနစ်ကို သုံးထားလို့ မီတာ ၃၀ (ပေ ၁၀၀) အကွာအဝေးအထိ လိုင်းမထစ်ဘဲ အေးဆေး သုံးနိုင်ပါတယ်။