Wacom One Pen Display 12 Tablet(WA-DTC121W0C)
Wacom One Pen Display 12 Tablet လေးကတော့ လိုင်း အထူ၊ အပါးဆွဲဖို့ ဖိဆွဲတာ ဖော့ဆွဲတာတွေကို သိပြီး pen ကလည်းခဲတံထိပ်လိုမျိုးမို့ တကယ်စာရွက်ပေါ်မှာ ရေးဆွဲနေရသလို ခံစားရစေမှာပါ။ USB ကြိုးတွေ၊ HDMI ကြိုးတွေနဲ့ ချိတ်ဆက်စရာမလိုဘဲ USB C တစ်ကြိုးထဲနဲ့ အဆင်ပြေပြေချိတ်ဆက်နိုင်ပါတယ်။Wacom One Pen Display က အရင် Wacom One ထက်စာရင် ပုံဆွဲလိုရတဲ့ ဧရိယာပိုများသွားလို့ Project ကြီးကြီးနဲ့ဆွဲတဲ့သူတွေ အတွက် အဆင်ပြေသွားပါတယ်။ပြီးတော့ Resolution ပိုများသွားလို့ ပုံတွေက ပိုကြည်လင်ပြတ်သား သွားပါတယ်။ Wacom One Pen Display 12 က Wacom Pen ရဲ့ နည်းပညာကြောင့် သဘာဝကျကျ ပုံဆွဲရတဲ့ အရသာကိုရမှာဖြစ်ပြီး Pressure Sensitivity မှာလည်း ၂ ဆ ဖြစ်သွားတဲ့အတွက် အဖိအဖော့တွေမှာ အရမ်းသိသာပါတယ်။Mac, PC, Android တိုနဲ့ပါ သုံးနိုင်တာဆိုတော့ ဘယ် Device ရှိရှိ သုံးနိုင်ပါတယ်။Pen ကလည်း Battery Free Pen တွေမို သီးသန့် အားသွင်းစရာလည်းမလိုတာမို့ တော်တော်လေး အဆင်ပြေတဲ့ Wacom Drawing Pad ဖြစ်ပါသည်။