NexBeat NB-P06 Portable Bluetooth Speaker
580,000 Ks

NB-P06 Portable Bluetooth Speaker သည် Bluetooth 5.0 ဖြင့် လျင်မြန်တည်ငြိမ်စွာ ချိတ်ဆက်နိုင်ပြီး ကြည်လင်အားကောင်းသော အသံထွက်ကို ပေးစွမ်းနိုင်သော Portable Speaker တစ်လုံးဖြစ်ပါသည်။ ပေါ့ပါးကျစ်လစ်သော ဒီဇိုင်းကြောင့် အလွယ်တကူ သယ်ဆောင်နိုင်ပြီး အိမ်တွင်း၊ ခရီးသွားခြင်း၊ Picnic နှင့် Outdoor Activities များတွင် အဆင်ပြေစွာ အသုံးပြုနိုင်ပါသည်။ ထို့အပြင် Bluetooth အပြင် USB Drive၊ TF Card နှင့် AUX Input တို့ကိုလည်း ထောက်ပံ့ပေးထားသောကြောင့် Device မျိုးစုံဖြင့် လွယ်ကူစွာ သီချင်းနားဆင်နိုင်ပါသည်။

NexBeat NB-P28 Wireless Party Box Bluetooth Speaker Wireless Two Handel Mic
930,000 Ks

NexBeat NB-P28 လေးကတော့ အားကောင်းတဲ့ 80W Output Power နဲ့ ကြည်လင်ပြတ်သားတဲ့ အသံထွက်ကို ပေးစွမ်းနိုင်တဲ့ Portable Party Speaker တစ်လုံးဖြစ်ပါသည်။ Built-in Rechargeable Battery ပါဝင်လို့ မီးမရှိတဲ့နေရာတွေ၊ Outdoor Party၊ Birthday Party၊ Event၊ Karaoke နဲ့ Presentation တွေအတွက် အဆင်ပြေစွာ အသုံးပြုနိုင်ပါသည်။ Wireless Handheld Microphone (၂ လုံး) ပါဝင်တာကြောင့် Karaoke သီချင်းဆိုတာ၊ MC ပြောတာ၊ Event Hosting လုပ်တာတွေကို ကြိုးမလိုဘဲ လွတ်လပ်စွာ အသုံးပြုနိုင်ပါသည်။ Speaker ရဲ့ နောက်ဘက်မှာ USB Port, TF Card Slot, LINE IN (AUX), MIC 1, MIC 2 Input တွေ ပါဝင်တာကြောင့် USB Flash Drive၊ Memory Card၊ ဖုန်း၊ Laptop နဲ့ အခြား Audio Device မျိုးစုံကို အလွယ်တကူ ချိတ်ဆက်အသုံးပြုနိုင်ပါသည်။ အောက်ခြေမှာ ဘီး (Wheels) နဲ့ အပေါ်ဘက် လက်ကိုင် (Handle) ပါရှိတာကြောင့် သယ်ဆောင်ရလည်း လွယ်ကူအဆင်ပြေစေပါသည်။

NexBeat NB-128D Wireless Party Box Bluetooth Speaker Wireless Two Handel Mic
1,600,000 Ks

NexBeat NB-128D Wireless Party Box Bluetooth Speaker လေးကတော့ Output watt - 160W နဲ့ဖြစ်လို့ အားပြင်းပြီး စည်းချက်ကျတဲ့ bass သံကို ပေးစွမ်းနိုင်မှာဖြစ်ပါသည်။ 5200mAh ဘက်ထရီ ပါဝင်လို့ အပြင်သွားရင်းပဲ သယ်မလား၊ ပါတီပွဲတွေမှာပဲ သုံးမလား အကြာကြီး အသုံးခံပါတယ်။ 5V 1A Charging Out ပါဝင်လို့ ဖုန်းအားကုန်သွားရင်လည်း Speaker ကနေ Power Bank လိုမျိုး ပြန်ပြီး အားသွင်းလို့ရပါတယ်။ စိတ်ကြိုက်ဟဲဖို့အတွက် Mic 2 ပါဝင်ပြီး ကိုယ်တိုင် ဂစ်တာတီး ဖျော်ဖြေချင်သူတွေအကြိုက် guitar port ပါဝင်ပါသည်။ USB, TF Card, Bluetooth, AUX များနဲ့လည်း ချိတ်ဆက်နိုင်ပါသည်။ 

NexBeat NB-W06 Wireless Party Box Bluetooth Speaker Wireless Two Handel Mic
812,000 Ks

NexBeat NB-W06 Wireless Party Box Bluetooth Speaker သည် အားကောင်းသော အသံထွက်စွမ်းဆောင်ရည်နှင့် Wireless Handheld Microphone (၂) လုံးပါဝင်သော Portable Karaoke Speaker တစ်လုံးဖြစ်ပြီး အိမ်တွင်းဖျော်ဖြေရေး၊ Birthday Party၊ Event အသေးစားများနှင့် Outdoor Gathering များအတွက် အထူးသင့်တော်ပါသည်။ Bluetooth ဖြင့် ကြိုးမဲ့ချိတ်ဆက်နိုင်သည့်အပြင် USB၊ TF Card နှင့် AUX Input များကိုလည်း Support ပေးထားသောကြောင့် Device အမျိုးမျိုးနှင့် လွယ်ကူစွာ အသုံးပြုနိုင်ပါသည်။ LED Party Light Effect ပါဝင်ပြီး ပွဲတော်အငွေ့အသက်ကို ပိုမိုဖန်တီးပေးနိုင်သလို Built-in Rechargeable Battery နှင့် Portable Handle Design ကြောင့် နေရာမရွေး အလွယ်တကူ သယ်ဆောင်အသုံးပြုနိုင်ပါသည်။ Karaoke သီဆိုခြင်း၊ သီချင်းနားထောင်ခြင်းနှင့် မိသားစု၊ သူငယ်ချင်းများနှင့်အတူ ပျော်ရွှင်ဖွယ် အချိန်များကို ဖန်တီးပေးနိုင်သော Party Speaker တစ်လုံးဖြစ်ပါသည်။

NexBeat NB-P26 Wireless Party Box Bluetooth Speaker Wireless Two Handel Mic
700,000 Ks

NexBeat ကထုတ်လုပ်ထားတဲ့ NB-P26 Wireless Party Box Bluetooth Speaker လေးသည် အားကောင်းတဲ့ အသံထွက် 80W Output Power၊ နက်ရှိုင်းတဲ့ Bass Sound၊ လှပတဲ့ RGB LED Lighting Effect နဲ့အတူ Wireless Microphone (၂) လုံး ပါဝင်တာကြောင့် အိမ်မှာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ Gathering လုပ်တဲ့အချိန်မှာဖြစ်ဖြစ်၊ Outdoor Trip၊ Birthday Party၊ Family Karaoke၊ Event အသေးစားတွေမှာဖြစ်ဖြစ် အသုံးပြုနိုင်ပါသည်။ Bluetooth ချိတ်ဆက်မှုကို Support လုပ်ထားတာကြောင့် Smartphone၊ Tablet၊ Laptop စတဲ့ Device မျိုးစုံနဲ့ ကြိုးမလိုဘဲ လွယ်ကူစွာ ချိတ်ဆက်အသုံးပြုနိုင်တဲ့အပြင် USB Flash Drive၊ TF Card (Micro SD)၊ AUX IN တို့မှတစ်ဆင့် သီချင်းများကို တိုက်ရိုက်ဖွင့်နိုင်ပြီး MIC Input ပါဝင်တာကြောင့် လိုအပ်သလို Microphone ထပ်မံချိတ်ဆက်အသုံးပြုနိုင်ပါသည်။ Built-in Rechargeable Battery (7.4V / 6000mAh) ပါဝင်ပြီး Built-in Handle Design ပါဝင်တာကြောင့် သယ်ယူရလွယ်ကူအဆင်ပြေစေပါသည်။ Speaker အပေါ်ဘက်မှာ Control Panel ကိုထည့်ပေးထားပြီး Volume Control၊ Music Control၊ Mode Change၊ EQ Function စတာတွေကို လွယ်ကူစွာ ထိန်းချုပ်ပါသည်။ LED Display လည်း ပါဝင်တဲ့အတွက် Bluetooth Mode၊ Battery Status နဲ့ အသုံးပြုနေတဲ့ Mode တွေကို အလွယ်တကူ ကြည့်ရှုနိုင်ပါသည်။ 

NexBeat NB-570 Portable Bluetooth Speaker
109,000 Ks

NexBeat ကထုတ်လုပ်ထားတဲ့ NB-570 Portable Bluetooth Speaker လေးသည် 5000mAh Battery ပါဝင်တာကြောင့် တစ်ခါအားသွင်းထားရုံနဲ့ အချိန်ကြာကြာ သီချင်းနားဆင်နိုင်ပြီး Built-in Charging Cables (Lightning + USB Type-C) ပါဝင်ပါသည်။ RGB Light Strip ကိုလည်း စိတ်ကြိုက်ပြောင်းလဲအသုံးပြုနိုင်ပြီး Music နဲ့လိုက်ဖက်တဲ့ အလန်းစား Lighting Effect ကို ရရှိစေပါသည်။ Silicone Lanyard ပါရှိလို့သယ်ဆောင်ရာတွင်လည်း အဆင်ပြေလွယ်ကူစေပါသည်။ နေ့စဉ်အသုံးပြုဖို့ပဲဖြစ်ဖြစ်၊ ခရီးသွားတဲ့အချိန်၊ Camping၊ Picnic၊ Party နဲ့ Outdoor Activities တွေအတွက် အဆင်ပြေစေမယ့် Portable Bluetooth Speaker လေးဖြစ်ပါသည်။

New
NexBeat NB-30T Portable Bluetooth Speaker
220,000 Ks

NexBeat NB-30T Portable Bluetooth Speaker သည် သယ်ဆောင်ရလွယ်ကူပြီး နေ့စဉ်အသုံးပြုရန်အတွက် ဒီဇိုင်းထုတ်ထားသော Wireless Speaker တစ်လုံးဖြစ်ကာ Bluetooth ချိတ်ဆက်မှုဖြင့် စမတ်ဖုန်း၊ Tablet နှင့် Laptop များမှ သီချင်းများကို အလွယ်တကူ ဖွင့်နိုင်ပါသည်။ ကြည်လင်ပြတ်သားသော အသံထွက်နှင့် အားကောင်းသော Bass ကို ပေးစွမ်းနိုင်သည့်အပြင် USB Drive၊ TF Card နှင့် AUX Input တို့ကိုလည်း ထောက်ပံ့ပေးထားသောကြောင့် အသုံးပြုမှုအမျိုးမျိုးအတွက် အဆင်ပြေစေပါသည်။ အားပြန်သွင်းအသုံးပြုနိုင်သော Built-in Battery ပါဝင်ပြီး အိမ်တွင်း၊ အပြင်ခရီး၊ ပျော်ပွဲရွှင်ပွဲများနှင့် နေ့စဉ်ဖျော်ဖြေရေးအတွက် အဆင်ပြေသော Portable Bluetooth Speaker တစ်လုံးဖြစ်သည်။

New
NexBeat NB-265 Portable Bluetooth Speaker
360,000 Ks

NexBeat NB-265 Portable Bluetooth Speaker သည် အသံအရည်အသွေးကောင်းမွန်မှုနှင့် သယ်ဆောင်အသုံးပြုရလွယ်ကူမှုကို အဓိကထား ဒီဇိုင်းထုတ်ထားသော Premium Portable Bluetooth Speaker တစ်လုံးဖြစ်ပါသည်။ 40W အားကောင်းသော Output Power ဖြင့် နက်ရှိုင်းသော Bass၊ ကြည်လင်ပြတ်သားသော Vocal နှင့် Balanced Sound ကို ပေးစွမ်းနိုင်သည့်အပြင် Professional Acoustic Tuning နည်းပညာအသုံးပြုထားသောကြောင့် သီချင်းအမျိုးအစားမျိုးစုံကို သဘာဝကျပြီး အသေးစိတ်ကျသောအသံဖြင့် နားဆင်နိုင်ပါသည်။ Multi-device Stereo Pairing စနစ်ကို ပံ့ပိုးထားသဖြင့် တူညီသော Speaker များကို ချိတ်ဆက်အသုံးပြုကာ ပိုမိုကျယ်ပြန့်သော Stereo Sound Experience ကို ရရှိနိုင်ပြီး Wireless Bluetooth Connectivity ကြောင့် ဖုန်း၊ Tablet နှင့် Laptop များကို လွယ်ကူမြန်ဆန်စွာ ချိတ်ဆက်အသုံးပြုနိုင်ပါသည်။ 7.4V / 4000mAh Rechargeable Battery ပါဝင်သောကြောင့် အချိန်ကြာမြင့်စွာ သီချင်းနားဆင်နိုင်ပြီး USB-A Output (5V/1A Max) ပါရှိသဖြင့် အရေးပေါ်အချိန်တွင် အခြားစက်ပစ္စည်းများကို အားသွင်းရန်လည်း အသုံးပြုနိုင်ပါသည်။