Prolink IPS 1202 12V Pure Sine Wave Inverter
Prolink 1200 Inverter ကတော့ Battery ချိတ်ဆက်မှုအနေနဲ့ VRLA lead acid battery အမျိုးအစားကိုမှ Maximum Battery Capacity 65Ah ကနေ 250Ah အထိ အသုံးပြုနိုင်မှာဖြစ်ပါသည်။ Input Voltage 220-240VAC နဲ့ဖြစ်ပြီး Frequency 50Hz/60Hz (Auto Sansing) တို့ဖြင့် အလုပ်လုပ်ပေးမှာပဲဖြစ်ပါသည်။ Output Voltage 230VAC နဲ့အတူ Transfer Time 15-20ms typical,40ms max ဖြစ်ပါသည်။
Prolink PRT-7011L 4G LTE WiFi USB Modem
Prolink PRT -7011L အိတ်ဆောင် 4G LTE Wi-Fi သည် အမြန်နှုန်းမြင့် ဒေတာလွဲ ပြောင်းမှုကို 150 Mbps ထိ မတူညီသောစက်ပစ္စည်း ၁၀ခုထိ တစ်ပြိုင်နက်ထဲ အသုံးပြုနိုင်ပါ တယ်။ စက်ထဲတွင်ပါဝင်သော battery သည် အားတစ်ခါသွင်းပြီးလျှင် ၁၀နာရီထိ ဆက်တိုက် အသုံးပြုနိုင်ပါသည်။ မျက်နာပြင်တွင် LED Indicator ပါဝင်သောကြောင့် စက်၏အခြေအနေကို ကောင်းစွာသိနိုင်ပါသည်။ Prolink PRT -7011L သည် ကျစ်လစ်သိပ်သည်းပေါ့ပါးပြီး အရွယ်အစားသည်လည်း သေးငယ်သောကြောင့် မည်သည့်နေရာတွင်မဆိုလွယ်ကူစွာ ယူဆောင်၍အသုံးပြုနိုင်ပါသည်။ ခရီးသွားသူများအတွက် အလွန်အသုံးဝင်သော အိတ်ဆောင် wifi စက်လေးပဲဖြစ်ပါသည်။
Prolink DL-7203E 4G LTE WiFi USB Modem
Prolink DL-7203E 4G Mobile Router လေးသည် Wifi လွှင့်နိုင်တဲ့အပြင် Power Bank အဖြစ်လည်း အသုံးပြုလို့ရပါသည်။ Micro SIM Slot ပါဝင်လို့ Data Plan SIM card ထည့်သွင်းပြီး အသုံးပြုနိုင်သလိုLAN/WAN port ကနေ Fiber ကြိုးတပ်ဆင်ပြီးလည်းအသုံးပြုလို့ရပါသည်။အင်တာနက်အသုံးမလိုဘူးဆိုရင်တောင်မှ 300Mbps ရှိတဲ့ မြန်နှုန်းမြင့် Wi-Fi နဲ့Data တွေကို Wireless share လုပ်တာတွေ၊ SD Card ထည့်သွင်းပြီး Data တွေ သိမ်းဆည်းတာတွေ စသည်ဖြင့် ရုံးခန်းတိုင်းအတွက် အသုံးဝင်မယ် လုပ်ဆောင်မှုတွေကိုပြုလုပ်နိုင်မှာ ဖြစ်ပြီး သယ်ဆောင်ရလွယ်ကူသောကြောင့်အသုံးပြုရန်အဆင်ပြေစေသော ပစ္စည်းလေးတခုဖြစ်ပါသည်။
Prolink IPS2200 24V Pure Sine Wave Inverter
Prolink IPS2200 Inverter (2200VA)သည် အသုံးပြုရလွယ်ကူပြီး စွမ်းအင်ကုန်ကျစရိတ်လည်း သက်သာစေမယ့် ရေရှည်အတွက်အဆင်ပြေစေမယ့်ပစ္စည်းလေးဖြစ်ပါသည်။အိမ်၊ ရုံး နဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းတွေ၊ CCTV, Router ၊ Gaming PC တွေနဲ့၊ Table Fans တွေနဲ့ အခြားသော entertainment system တွေအတွက် အင်ဗာတာတစ်လုံးလို အသုံးပြုနိုင်ပါတယ်။Overload and short circuit protection ပါဝင်တာကြောင့် Inverter နဲ့ချိတ်ဆက်ထားတဲ့လျှပ်စစ်ပစ္စည်းတွေ မပျက်စီးစေရန် အကာအကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် LCD/LED Display Indicator ကနေလည်း Power နဲ့ ပတ်သတ်တဲ့Mode and Problem တွေကိုအလွယ်တကူကြည့်ရှုနိုင်ပါသည်။
Prolink DH-5102U AC650 Wireless USB Adapter
Prolink DH-5102U AC650 Wireless USB Adapter လေးကတော့ 802.11b/g/n/ac စံနှုန်းနှင့်အညီ လိုက်လျောညီထွေမှု့ရှိသော ချိတ်ဆက်မှုကို ပေးစွမ်းသည့် dual-band ကြိုးမဲ့ USB adapter လေးဖြစ်ပါသည်။ 5GHz ရှိ 433Mbps Wi-Fi အမြန်နှုန်းသည် HD ဗီဒီယိုကြည့်ရှုခြင်းနှင့် အွန်လိုင်းဂိမ်းဆော့ခြင်းအတွက် အဆင်ပြေစေပြီး 2.4GHz တွင် 200Mbps သည် နေ့စဥ်အသုံးပြုရန်အတွက် အဆင်ပြေပါသည်။
Prolink AX900 Wireless Dual Band USB Adapter (DH-5106U)
Prolink AX900 Wireless Dual Band USB Adapter (DH-5106U) ကတော့ Laptop သို့မဟုတ် Desktop PC တွေမှာ Wi-Fi Standard အသစ်ဖြစ်တဲ့ Wi-Fi 6 (802.11ax) နည်းပညာကို အလွယ်တကူ Upgrade လုပ်ပြီး အသုံးပြုနိုင်မယ့်အပြင် Compact ဖြစ်ပြီး သယ်ဆောင်ရလွယ်ကူတဲ့ USB Wi-Fi Dongle အမျိုးအစား ဖြစ်ပါတယ်။Wi-Fi 6 (802.11ax) အပြင် ယခင်ပေါ်ခဲ့တဲ့ Wi-Fi 4/5 (b/g/n/ac) Router တွေနဲ့လည်း Backwards Compatible ဖြစ်ပါတယ်။စုစုပေါင်း Speed က 900Mbps ဝန်းကျင်အထိ ပံ့ပိုးပေးနိုင်ပါတယ်။လိုင်းခွဲနှစ်ခု (2.4GHz ကော 5GHz ပါ) ချိတ်ဆက်နိုင်လို့ မိမိသုံးမယ့်အခြေအနေပေါ် မူတည်ပြီး ရွေးချယ်နိုင်ပါတယ်။သီးသန့် Driver ခွေ (CD) တွေ၊ Internet ကနေ လိုက်ရှာပြီး ဒေါင်းလုဒ်ဆွဲနေစရာ မလိုပါဘူး။ PC/Laptop မှာ စိုက်လိုက်တာနဲ့ Built-in ပါတဲ့ Driver က Pop-up တက်လာပြီး အလွယ်တကူ Setup လုပ်၊ တန်းသုံးရုံပါပဲ (Plug & Play ပုံစံမျိုးပါ)။
Prolink GK1006M Wired Keyboard
Prolink GK-1006M Wired Multimedia Keyboard သည် နေ့စဉ်ရုံးလုပ်ငန်းသုံးနဲ့ စာရိုက်တဲ့နေရာမှာ ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေပြေ သုံးနိုင်အောင် ထုတ်လုပ်ထားတဲ့ Full-size Keyboard အမျိုးအစား ဖြစ်ပါတယ်။Rubber Dome Membrane ရိုက်ရတာ ငြင်သာပြီး အသံဆူညံမှု နည်းပါးသည့်အပြင် USB Type-A စနစ်ဖြစ်လို့ ကွန်ပျူတာမှာ တပ်လိုက်ရုံနဲ့ Driver သွင်းစရာမလိုဘဲ တန်းသုံးနိုင်မှာပဲဖြစ်ပါတယ်။
Prolink PBV4FB 12V 8.2Ah UPS Battery
Prolink PBV4FB 12V 8.2Ah UPS Battery လေးသည် မီးအားပြတ်တောက်ချိန်တွင် စက်ပစ္စည်းများကို ဆက်လက်လည်ပတ်နိုင်စေရန် တည်ငြိမ်သော Backup Power ကို ပံ့ပိုးပေးနိုင်ပါသည်။ လုံခြုံစိတ်ချရသော Leak-Proof (အရည်မယိုစိမ့်သော) ဒီဇိုင်း ဖြင့် ထုတ်လုပ်ထားသောကြောင့် Maintenance အနည်းငယ်သာလိုအပ်ပြီး ရုံးသုံး၊ အိမ်သုံး၊ Network Device များနှင့် UPS System များတွင် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါသည်။