Logitech M171 Wireless Mouse
Logitech ကထုတ်ထားတဲ့ M171 Wireless Mouse လေးသည် USB Receiver လေးကို ကွန်ပျူတာမှာ တပ်လိုက်ရုံနဲ့ တန်းသုံးလို့ရပါသည်။ 10 meters (၃၃ ပေ) အကွာအဝေးအထိ အချက်ပြစနစ် ကောင်းကောင်း အလုပ်လုပ်ပေးပြီး 2.4 GHz wireless နည်းပညာကို သုံးထားလို့ သွက်လက်စွာအသုံးပြုနိုင်ပါသည်။ Mouse ရဲ့ ဘေးပတ်ပတ်လည်မှာ ပုံဖော်ထားတဲ့ (Textured) ရာဘာသားကြောင့် ကိုင်ရတာ ချောမထွက်ဘဲ သက်သောင့်သက်သာ ရှိစေပါသည်။ လှုပ်ရှားမှုအပိုင်းအနေဖြင့် 1000 dpi ကိုအသုံးပြုထားသောကြောင့် လှုပ်ရှားမှု မြန်ဆန်စေမည်ဖြစ်ပါသည်။ အရွယ်အစားက သေးသေးသွယ်သွယ်နဲ့ ကျစ်လျစ်တဲ့အတွက် ပေါ့ပေါ့ပါးပါး သုံးချင်သူတွေအတွက် အထူးသင့်တော် ပစ္စည်းလေးဖြစ်ပါသည်။
Logitech M331 Silent Wireless Mouse
Logitech M331 Wireless Mouse သည် wireless rate အနေဖြင့် 2.4Hz ကိုအသုံးပြုထားပြီး wireless အကွာအဝေးအနေဖြင့် 10m ကွာဝေးနိုင်ပါသည်။sensor resolution အနေဖြင့် 1000 dpi ကိုအသုံးပြုထားသောကြောင့် လှူပ်ရှားမူသွက်လျက်မူမြန်ဆန်စေမည်ဖြစ်ပါသည်။
Logitech C270 HD Webcam (720 )
Logitech C270 Webcam မှာတော့ 720p/30fps widescreen format နဲ့ ကြည့်ရှုနိုင်ပြီး MONO NOISE-REDUCING MIC ပါဝင်မှာဖြစ်လို့ ဆူညံသံတွေကို လျော့ချပေးပြီး ကြည်လင်ပြတ်သားစွာ ဖမ်းယူပေးမှာဖြစ်ပါတယ်။
Logitech Group LOG-960 Video Conferencing System
Logitech Video Conferencing Group (LOG-960) ကတော့ အစည်းအဝေးကျင်းပတဲ့အခါတွေမှာ လုံးဝ အဆင်ပြေပြေနဲ့အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်နဲ့ ကြည်လင်တဲ့ အသံတွေနဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး ပဲ့တင်သံပယ်ဖျက်ပြီး ဆူညံသံတွေကို လျှော့ချပေးမှာဖြစ်ပါတယ်။
Logitech H151 Stereo Headset
Logitech H151 Headphone သည် noiseများကိုလျော့ကျစေပြီး ကြည့်လင်ပြတ်သားသောအသံကိုရရှိနိုင်မှာ ဖြစ်ပါသည်။game ဆောသည့်အခါတွင်လည်း နောက်ကျမှုမရှိစေဘဲ မိမိလှုပ်ရှားမှုအတိုင်းသွက်လျက်မြန်ဆန်နေမည် ဖြစ်ပါသည်။
Logitech B100 Wired Mouse
Logitech B100 Mouse သည် mouse pad မလိုဘဲချောမွေ့စွာအသုံးပြုနိုင်ပြီး scroll wheel ကြောင့်သက်သောင့်သက်သာဖြင့် မိမိ၏အလုပ်များကို လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။
Logitech F710 Wireless Game Pad
Logitech F710Wireless သည်ကြိုးမဲ့ Game Padလေးပဲဖြစ်ပါသည်။အလွယ်တကူကစားနိုင်သည့်ခလုတ်ပုံစံ၊ ဂိမ်းကစားခြင်းနှင့်တုန်ခါမှုတုံ့ပြန်မှုများပါ ၀င်သည်။ပေါ့ပါးပြီး ကစားရာတွင်လည်းသက်သောင့်သက်သာဖြစ်စေမှာပဲဖြစ်ပါသည်။
Logitech G29 Gaming Racing Wheel PlayStation 5
နောက်ဆုံးထွက် ပြိုင်ကားပုံစံဖြင့်လက်တွေ့ဆန်သော စတီယာရင်နှင့် ခြေနင်းလုပ်ဆောင်ချက်များကြောင့်အစစ်မှန်တိုင်းရရှိစေနိုင်မည့်PlayStation လေးဖြစ်ပါသည်။Windows 10၊ 8.1၊ Windows 8,7, Mac OSတို့နှင့်လဲချိတ်ဆက်အသုံးပြုနိုင်ပါသည်။
Logitech G560 LightSync PC Gaming Speaker
G560 RGB Gaming Speaker လေးသည်Intelligence audio LightSync system ကြောင့် အသံအခြေအနေကိုလိုက်ပါပြောင်းလဲနိုင်တဲ့ RGB အလင်းရောင်တွေ ထုတ်ပေးနိုင်တာဖြစ်ပါတယ်။ကိုယ်ဆော့နေတဲ့ Game နဲ့ လိုက်ဖက်တဲ့ Screen ပေါ်ကအလင်းရောင်မျိုးပြောင်းလဲပေးနိုင်တာကြောင့် ကိုယ်ကိုယ်တိုင် Game ထဲက ကမ္ဘာထဲကိုရောက်နေသလို ခံစားရစေမှာပဲဖြစ်ပါတယ်။
Logitech H340 USB Head Phone
Logitech H340 USB ကတော့ Bi-directional Type နဲ့ဖြစ်ပြီး USB နဲ့မို့ PC တွေနဲ့ဖြစ်ဖြစ် Laptop တွေနဲ့ဖြစ်ဖြစ် အသုံးပြုရ အဆင်ပြေစေမှာဖြစ်ပါတယ်။
Logitech Z313 Speaker
Logitech Z313 Speaker ကတော့ Power 50W နဲ့ အမိုက်စား Bass သံနဲ့ နားဆင်နိုင်မှာဖြစ်ပါတယ်။ 15W Woofer နှစ်လုံးပါဝင်ပြီး အကြိုက်တွေ့စေမယ့် Speaker လေးဖြစ်ပါတယ်။
Logitech Driving Force Shifter (N/A-USB-AP)
Logitech Driving Force Shifter (N/A-USB-AP) သည် ဂီယာ 1→6 ကို H ပုံစံအတိုင်းရွှေ့နိုင်ပြီး၊ Reverse (ဒေါင်လိုက် ရှစ်တာ) အတွက် knob ကို ဖိချရမည့် push-down mechanism ပါဝင်ပါသည်။ စားပွဲခါး (desk) သို့မဟုတ် racing rig မှာ ခိုင်မာစွာထားနိုင်ရန် built-in clamps နှင့် bolt mounting points ပါဝင်သည်။ တီး (solid steel) ရှစ်တာအောက်ခံ shaft, knob နှင့် boot (ရှစ်တာကို ဖုံးအုပ်ထားသည့် တန်းသားအရည်အတွက်) မှာ အရည်အသွေးရှိတဲ့အထည် material အသုံးပြုထားတာကြောင့် အကြမ်းခံပြီး အသုံးပြုရာတွင် အကြိုက်တွေ့စေမှာဖြစ်ပါသည်။
Logitech Connect Conference Camera
Logitech Connect Conference Camera လေးသည် 1080p Full HD resolution ဖြင့် မြင့်မားသောပုံရိပ်များကိုရရှိစေပြီး 90° field of view (FOV) ကြောင့် group meeting တွေမှာလည်း သင့်လျော်တဲ့ wide view ပါဝင်ပါသည်။ 4× digital zoom + pan/tilt support ပေးတာကြောင့် အခန်းအတွင်းရှိ လူတွေ၊ presentation board၊ whiteboard စသည်တို့ကို ညီမျှမြင်နိုင်အောင် စနစ်ထောက်ပံ့ပေးနိုင်ပါသည်။ 360° speakerphone / Omni-directional microphones များဖြင့် အသံထွက်ကောင်းတဲ့ conferencing ကိုဖွဲ့စည်းပေးထားပါသည်။ Portable battery built-in ပါဝင်တာကြောင့် plug-in မလိုချင်တဲ့နေရာတွေအတွက်လည်း အသုံးပြုရန်အဆင်ပြေစေပါသည်။ Multi-device & USB plug-and-play ဖြစ်တာကြောင့် PC/Mac/Chromebook များအတွက် USB ကနေချိတ်ပြီး အသုံးပြုလို့ရပါသည်။ meeting room, huddle room, home office အတွက်သင့်တော်ပြီး ဘိုင်း device/tablet မှ content ကို screen mirror လုပ်ပြီး meeting participants နှင့် ပြသနိုင်ပါသည်။
Logitech BRIO 300 Webcam
Logitech BRIO 300 Webcam သည် Full HD 1080p ဖြင့် သင်၏မိတ်ဆွေများ၊ အလုပ်အစည်းအဝေးများ၊ အွန်လိုင်းသင်တန်းများကို ပိုမိုကြည်လင်ပြတ်သားစေမည့် Premium USB-C Webcam တစ်ခုဖြစ်သည်။ ကျယ်ပြန့်သော အရည်အသွေးနဲ့ auto light correction စနစ် (Right Light 2)ဖြင့် သဘာဝအလင်းမလုံလောက်သည့်အခါများတွင်တောင် ပတ်ဝန်းကျင်အတွင်းမှ ပုံရိပ်ကိုထင်ရှားစွာပြသပေးနိုင်ခြင်း၊ noise-reducing microphone ကဘေးသံကို လျှော့ချကာ ထင်ရှားသော အသံဖမ်းယူနိုင်ခြင်း၊ နှင့် privacy shutter ဖြင့် သင့်အလုပ်လုပ်နေသည့် ပတ်ဝန်းကျင်ကို ထိန်းချုပ်နိုင်ခြင်းတို့ပါဝင်သည်။ USB-C ဖြင့် Plug-and-play လုပ်နိုင်ပြီး, Windows, macOS, ChromeOS စတဲ့ စနစ်များနှင့် လွယ်ကူစွာ အသုံးပြုနိုင်ပါသည်။
Logitech M196 Bluetooth Mouse
Logitech M196 Bluetooth Mouse လေးသည် ရုံးသုံးပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် နေရာမရွေး အလွယ်တကူ အသုံးပြုနိုင်မယ့် Mouse လေးဖြစ်ပါသည်။ 1000 DPI Smooth Optical Tracking ကြောင့် Cursor ရွေ့လျားမှုက ငြိမ်သက်ပြီး ချောမွေ့စေပါသည်။ 10m အဝေးထိ အသုံးပြုနိုင်သလို၊ Long press pairing mode ပါဝင်လို့ Device တွေနဲ့ အမြန်ဆုံး ချိတ်ဆက်ပေးနိုင်ပါသည်။
Logitech R500s Wireless Presenter (Red)
Logitech R500s Wireless Presenter (Red) ဟာ Meeting, Training, Seminar နဲ့ Presentation ပြုလုပ်သူတွေအတွက် အထူးသင့်တော်တဲ့ Professional Presentation Remote တစ်ခုဖြစ်ပါတယ်။အနီရောင် Laser Pointer ပါဝင်ပြီး Slide ပေါ်က အရေးကြီးတဲ့အချက်တွေကို အလွယ်တကူညွှန်ပြနိုင်ပါတယ်။Laser Class 1 Safety Standard ဖြစ်ပြီး အသုံးပြုရာမှာ စိတ်ချရပါတယ်။ကွန်ပျူတာကနေ 20m (65ft) အကွာအဝေးအထိ အလုပ်လုပ်နိုင်ပါတယ်။Conference Room, Training Room, Classroom တွေအတွက် လုံလောက်တဲ့ Range ဖြစ်ပါတယ်။ Bluetooth / USB Receiver (2.4GHz Wireless) နည်းလမ်း ၂ မျိုးနဲ့ ချိတ်ဆက်နိုင်တာကြောင့် Laptop, Desktop, Tablet တွေနဲ့ အသုံးပြုရ အဆင်ပြေပါတယ်။
Logitech R400 Wireless Presenter (Red)
Logitech ကထုတ်လုပ်ထားတဲ့ R400 Wireless Presenter လေးကတော့ လေဆာမီး အနီရောင်နဲ့အသုံးပြုလို့ရမှာဖြစ်ပြီး Business Meeting တွေ၊ Project Meeting တွေမှာအရေးကြီးအချက်အလက်တွေကို ခလုတ်တစ်ချက်နှိပ်လိုက်ရုံနဲ့ ချက်ချင်းအလျင်အမြန် ညွှန်ပြဖော်ပြပေးနိုင်မှာပဲဖြစ်ပါသည်။