Jisulife Pro 1 Butterbear Handheld Fan (Gift Box Version)
Jisulife Pro 1 Butterbear Handheld Fan (Gift Box Version) သည် ပန်ကာရဲ့ အရောင်က နူးညံ့တဲ့ Creamy Yellow Colour ဖြစ်ပြီး ရှေ့မျက်နှာပြင်မှာ Butterbear ရဲ့ ရုပ်ပုံလေး ပါဝင်ပါတယ်။ပုံမှန် လက်ကိုင်ပန်ကာတွေနဲ့မတူဘဲ လေတိုးနှုန်း အရမ်းပြင်းပါတယ်။ မျက်နှာပြင်ပေါ်မှာ လေအေးအေးလေး တိုးနေအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။အထူးခြားဆုံးအချက်ကတော့ လေအားကို 1 to 100 အထိ စိတ်ကြိုက် scroll လှည့်ပြီး ချိန်ညှိနိုင်တာပါ။ပန်ကာရဲ့ ဘေးမှာ Battery percentage နဲ့ လေအား (wind speed) ကို ပြသပေးတဲ့ LED Display ပါဝင်ပါတယ်။5000mAh battery ပါဝင်ပြီး လေအားအနှေးဆုံးနဲ့ဆိုရင် နာရီပေါင်းများစွာ အသုံးခံပါတယ်။Type-C အားသွင်းပေါက်ကို အသုံးပြုထားလို့ အားပြန်သွင်းရတာ မြန်ဆန်ပါတယ်။
Jisulife Pro 1S 5000mAh Handheld Fan
Jisulife Pro 1S 5000mAh Handheld Fan လေးသည် တစ်စက္ကန့်ကို 9m/s အထိ လေတိုက်နှုန်း ပြင်းအားရှိလို့ ပူအိုက်တဲ့အချိန်မှာ အေးမြမှုကိုချက်ချင်းပေးစွမ်းနိုင်ပါသည်။ လေတိုက်နှုန်းကို အဆင့် ၁၀၀ အထိ စိတ်ကြိုက် အတိုး/အလျှော့ ပြုလုပ်နိုင်တဲ့ Scroll wheel ခလုတ်ပါဝင်ပါပြီး ပန်ကာရဲ့ လေတိုက်နှုန်း (Air Volume) နဲ့ ဘက်ထရီကျန်ရှိမှု (Power) ကို မျက်နှာပြင်မှာ ဂဏန်းနဲ့ အတိအကျကြည့်ရှုနိုင်ပါသည်။ အားအပြည့်သွင်းထားရင် အကြာဆုံး ၄၀ နာရီအထိ အသုံးခံတဲ့ဘက်ထရီစနစ် ပါဝင်တဲ့အပြင် အားပြန်သွင်းတဲ့အခါမှာလည်း 18W Fast Charging နဲ့ ဖြစ်လို့ အချိန်တိုအတွင်း အားပြန်ပြည့်စေပါသည်။ ကိုယ်ထည်ကို Aluminum Alloy Body နဲ့ ပြုလုပ်ထားလို့ ခိုင်ခံ့ပြီး လက်ထဲမှာကိုင်ရတာ ပရီမီယံဆန်တဲ့ ခံစားချက်ကိုပေးစွမ်းနိုင်ပါသည်။ အိတ်ထဲထည့်တဲ့အခါ ဒါမှမဟုတ် မသုံးတဲ့အခါ ပန်ကာအလိုအလျောက် ပွင့်မသွားအောင် လုံခြုံရေးခလုတ် (Safety Lock) ပါဝင်တာကြောင့် အသုံးပြုရာတွင် အဆင်ပြေစေမှာပဲဖြစ်ပါသည်။
Jisulife Ultra 2 9000mAh Handheld Fan
Jisulife Ultra 2 9000mAh Handheld Fan လေးကတော့ 9000mAh Battery ပါဝင်ပြီး Speed အနိမ့်ဆုံးမှာ ၂၅ နာရီအထိ ခံပါတယ်။ 18W Fast Charging Support ပေးတာကြောင့် အားအပြည့်သွင်းဖို့ ၂ နာရီခွဲကနေ ၃ နာရီခွဲပဲ ကြာပါတယ်။Speed အဆင့် ၁ ကနေ ၁၀၀ အထိ စိတ်ကြိုက် ချိန်ညှိနိုင်ပါတယ်။ Motor က 43,000 RPM အထိ လည်ပတ်နိုင်လို့ လေတိုက်နှုန်း အရမ်းပြင်းပါတယ်။အေးမြတဲ့လေကို ပေးစွမ်းနိုင်တယ်။ဖုန်းအားပြန်သွင်းလို့ရတဲ့ Emergency Power Bank အနေနဲ့ သုံးနိုင်ပါတယ်။အလင်းရောင် အဆင့် ၃ ဆင့်ပါတဲ့ မီးအိမ်အဖြစ် သုံးနိုင်သလို SOS မီးလည်း ပါပါတယ်။လေမှုတ်တံ (Nozzle) တွေပါလို့ Air Mattress ဒါမှမဟုတ် ရေကူးကွင်းတွေကို လေမှုတ်ရာမှာ သုံးနိုင်ပါတယ်။အမှုံစုပ်/မှုတ်တဲ့ နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။Aluminum Alloy Body နဲ့ ပြုလုပ်ထားလို့ ခိုင်ခံ့ပြီး ကိုင်ရတာ ကျစ်လျစ်ပါတယ်။ အရှေ့မှာ Battery Level နဲ့ Speed ကို ပြပေးတဲ့ LED Digital Display လည်း ပါပါတယ်။
Jisulife Pro 1 3600mAh Handheld Fan
Jisulife Pro 1 3600mAh Handheld Fan လေးကတော့ Aluminum Alloy Body ကိုအသုံးပြုပေးထားတာဖြစ်လို့ premium ဆန်ပြီး အထာကျစေမှာဖြစ်ပါသည်။ Battery 3600mAh ပါဝင်တာဖြစ်လို့ အချိန်ကြာကြာ အသုံးပြုလို့ရမှာဖြစ်ပါသည်။ အားလက်ကျန်ကို LED Smart Digital Display နဲ့ပြပေးမှာဖြစ်လို့ အားဘယ်လောက်ရှိလဲဆိုတာ အလွယ်တကူကြည့်လို့ရမှာဖြစ်ပါသည်။ လေထွက်မြန်နှုန်း 9 m/sဖြစ်လို့ အေးမြတဲ့လေကိုပေးစွမ်းမှာဖြစ်ပါသည်။ Small fan ဖြစ်ပေးမယ့် Battery ကြာကြာခံပြီး သွားလေရာကို အလွယ်တကူ သယ်ယူသွားလို့ရမယ့် fan လေးဖြစ်ပါသည်။
Jisulife Life 10S 5000mAh Handheld Fan
Jisulife Life 10S 5000mAh Handheld Fan သည် ဘက်ထရီပမာဏ 5000mAh ပါဝင်တဲ့အတွက် အားအပြည့်သွင်းထားရင် Speed အနိမ့်ဆုံးမှာ ၁၀ နာရီကနေ ၁၂ နာရီ ဝန်းကျင်အထိ ခံပါတယ်။ (Speed အမြင့်ဆုံးသုံးရင်တော့ အချိန်ပိုနည်းသွားပါလိမ့်မယ်)။Type-C နဲ့ပဲ အားသွင်းရတာဖြစ်လို့ အဆင်ပြေပါတယ်။လက်ထဲကိုင်ရတာ သေသပ်ပြီး အိတ်ထဲထည့်သွားရတာလည်း လွယ်ကူပါတယ်။လေအားပြင်းပေမယ့် ဆူညံသံကို အတတ်နိုင်ဆုံး လျှော့ချပေးထားတဲ့အတွက် ရုံးခန်း ဒါမှမဟုတ် စာကြည့်တိုက်တွေမှာ သုံးရင်တောင် သိပ်ပြီး အနှောင့်အယှက် မဖြစ်စေပါဘူး။LED display ပါဝင်တဲ့အတွက် လက်ကျန် Battery ရာခိုင်နှုန်းနဲ့ လေအားအဆင့် (Fan Speed) ကို အလွယ်တကူ ကြည့်နိုင်ပါတယ်။
Jisulife Life 9 Chrome Special Edition 5000mAh Handheld Fan
Jisulife Life 9 Chrome Special Edition 5000mAh Handheld Fan လေးသည် အရွယ်အစားသေးငယ်သော်လည်း အလွန်အားကောင်းသော လေအားကို ထုတ်လွှတ်ပေးနိုင်သည့် Handheld Fan လေးဖြစ်ပါသည်။ လေအားအဆင့်ကို (၁) မှ (၅) အထိ လိုအပ်သလို အလွယ်တကူ ပြောင်းလဲအသုံးပြုနိုင်ပြီး ကြီးမားသော 5000mAh Battery ပါဝင်တာကြောင့် တစ်ခါအားသွင်းထားလျှင် (၁၈) နာရီအထိ ကြာရှည်အသုံးပြုနိုင်ပါသည်။ Compact & Portable ဒီဇိုင်းပြုလုပ်ပေးထားတာကြောင့် လက်ထဲတွင် ကိုင်ရရုံသာမက အိတ်ထဲတွင်လည်း လွယ်ကူစွာ ထည့်သွားနိုင်ပါသည်။ အိတ်ထဲထည့်ထားစဉ် အမှတ်မထင် ခလုတ်နှိပ်မိပြီး ပန်ကာလည်ခြင်းမှ ကာကွယ်ရန် Safety Lock စနစ် ပါဝင်တာကြောင့် အသုံးပြုရာတွင် အကြိုက်တွေ့စေမည့်ပစ္စည်းလေးဖြစ်ပါသည်။
Jisulife GHA03G Lanyard Neck Strap
Jisulife GHA03G သည် အဓိကအားဖြင့် Jisulife အမှတ်တံဆိပ်မှ ထွက်ရှိထားသော Portable Handheld Fans (လက်ကိုင်ပန်ကာငယ်များ) နှင့် အခြားသော Electronic Gadgets များအတွက် အထူးဒီဇိုင်းထုတ်ထားသည့် လည်ပွဲချိတ် ကြိုး (Lanyard) ဖြစ်သည်။ကြိုးအရှည်ကို စိတ်ကြိုက် အတိုး/အလျှော့ ပြုလုပ်နိုင်သောကြောင့် မိမိနှစ်သက်သည့် အနေအထား (လည်ပင်းဆွဲ သို့မဟုတ် ပခုံးစောင်းဆွဲ) ဖြင့် အသုံးပြုနိုင်သည်။နူးညံ့ပြီး အရည်အသွေးမြင့်သည့် ပစ္စည်းဖြင့် ပြုလုပ်ထားသောကြောင့် လည်ပင်းတွင် ရေရှည်ဆွဲထားသော်လည်း ယားယံခြင်း သို့မဟုတ် အသားနာခြင်း မဖြစ်စေပါ။ခိုင်ခံ့သော ချိတ် (Hook) သို့မဟုတ် ကြိုးမျှင်ကလေး ပါဝင်သောကြောင့် အဖိုးတန်ပစ္စည်းများ ပြုတ်ကျခြင်းမှ ကာကွယ်ပေးသည်။Jisulife ပန်ကာများသာမက Phone Cases, IDs, Keys, နှင့် အခြားသော အပေါက်ပါသည့် Digital Devices များတွင်ပါ တွဲဖက် အသုံးပြုနိုင်သည်။
Jisulife Life 10 4000mAh Handheld Fan
Jisulife Life 10 Handheld Fan လေးသည် 4000mAh Battery Capacity ပါဝင်လို့ တစ်ခါအားသွင်းထားရုံနဲ့ ၂၂ နာရီ အထိအသုံးပြုလို့ရပါသည်။ 9-Blade Turbine Blade ဒီဇိုင်းကို အသုံးပြုထားပြီး 6m/s အထိ ပြင်းထန်တဲ့လေအားကို ပေးစွမ်းနိုင်ပါသည်။ လေအားကို မိမိစိတ်ကြိုက် Speed 5 ဆင့် အထိ ပြောင်းလဲအသုံးပြုနိုင်ပြီး Low-Noise DC Brushless Motor ကို သုံးထားလို့ အသုံးပြုနေစဉ် အသံဆူညံမှုများမှကင်းဝေးစေပါသည်။
Jisulife Life 5 4500mAh Neck Fan
Jisulife Life 5 4500mAh Neck Fan သည် လေထွက်ပေါက်တွေက လည်ပင်းတစ်ဝိုက်ကို ညီညီညာညာ အေးစေဖို့ စနစ်တကျ ဒီဇိုင်းထုတ်ထားပါတယ်။ပန်ကာဒလက်တွေကို အပြင်မှာ မမြင်ရဘဲ အတွင်းထဲမှာ ဝှက်ထားတဲ့အတွက် ဆံပင်ညှပ်မှာကို စိုးရိမ်စရာမလိုပါဘူး။လည်ပင်းမှာ ချိတ်ထားရင် လေးလံတာမျိုးမဖြစ်အောင် ပေါ့ပေါ့ပါးပါးနဲ့ ဝတ်ဆင်ရ သက်သေရှိအောင် ပြုလုပ်ထားပါတယ်။ဘက်ထရီပမာဏ 4500mAh ပါဝင်တဲ့အတွက် တစ်ခါအားသွင်းထားရင် Speed setting ပေါ်မူတည်ပြီး ၄ နာရီကနေ ၁၂ နာရီဝန်းကျင် အထိ အသုံးခံပါတယ်။လေအားကို အဆင့် ၅ ဆင့်အထိ စိတ်ကြိုက် ချိန်ညှိနိုင်ပါတယ်။
Jisulife Pro 1 5000mAh Neck Fan
Jisulife Neck Fan Pro1 (FA45) ဟာ Jisulife ရဲ့ နာမည်ကြီး Neck Fan Series ထဲက High-end model တစ်ခုဖြစ်ပါတယ်။ နွေရာသီ အပူဒဏ်အတွက် အပြင်သွားရင်းဖြစ်စေ၊ အလုပ်လုပ်ရင်းဖြစ်စေ အသုံးပြုနိုင်အောင် ဒီဇိုင်းထုတ်ထားတာပါ။5000mAh ဘက်ထရီပါဝင်တာကြောင့် အသုံးပြုတဲ့ Speed အပေါ်မူတည်ပြီး ၃ နာရီမှ ၁၅.၅ နာရီ အထိ ခံပါတယ်။Speed Level 1 to 100 (Stepless adjustment ဖြစ်လို့ ကိုယ်လိုချင်တဲ့ လေအားနှုန်းကို အတိအကျ ချိန်လို့ရပါတယ်။)LED Digital Display ပါဝင်လို့ Battery ဘယ်လောက်ကျန်လဲနဲ့ Speed ဘယ်လောက်လဲဆိုတာကို အလွယ်တကူ ကြည့်နိုင်ပါတယ်။အလေးချိန် ၃၂၂ ဂရမ် ခန့် ဖြစ်တာကြောင့် လည်ပင်းမှာ ဆွဲထားရင် သိပ်မလေးဘဲ သက်သောင့်သက်သာ ရှိပါတယ်။Type-C Port နဲ့ အားသွင်းရတာဖြစ်ပြီး ၂.၅ နာရီကနေ ၃ နာရီဝန်းကျင်ဆို အားအပြည့် ပြန်တက်ပါတယ်။
Jisulife Life 7 8000mAh Table Fan
Jisulife Life 7 (FA55) ဟာ Portable Fan တွေထဲမှာ Battery performance အကောင်းဆုံးနဲ့ စွမ်းဆောင်ရည်အမြင့်ဆုံး Model တစ်ခုဖြစ်ပါတယ်။ Table Fan (စားပွဲတင်) အနေနဲ့ရော၊ လိုအပ်ရင် လက်ကိုင် (Handheld) အနေနဲ့ပါ အသုံးပြုနိုင်အောင် Multi-functional ဖြစ်အောင် ထုတ်လုပ်ထားတာပါ။Battery Capacity 8,000mAh အမျိုးအစားတူ တခြား Fan တွေထက် Battery Size တော်တော်ကြီးပါတယ်။Usage Timeကတော့ လေအား အနိမ့်ဆုံးမှာထားရင် နာရီ ၂၀ ကျော် အထိ အသုံးခံပြီး၊ အမြင့်ဆုံး Speed မှာဆိုရင် ၆ နာရီခန့် အထိ အသုံးခံပါတယ်။လေအား ၅ ဆင့် (5 Levels) အထိ ချိန်ညှိနိုင်ပါတယ်။USB Type-C (Fast Charging support လုပ်လို့ Battery ကြီးပေမယ့် ၃ နာရီမှ ၄ နာရီအတွင်း အားအပြည့်သွင်းနိုင်ပါတယ်)။Brushless DC Motor ကို အသုံးပြုထားလို့ ငြိမ်ပြီး အသံဆူညံမှု နည်းပါတယ်။ပန်ကာခေါင်းကို အပေါ်အောက် ၁၆၀ ဒီဂရီ အထိ လိုသလို လှည့်လို့ရတာကြောင့် စားပွဲပေါ်တင်ထားတဲ့အခါ ကိုယ့်မျက်နှာဆီ လေရောက်အောင် ချိန်ရတာ အရမ်းလွယ်ပါတယ်။
Jisulife Ultra 1 13500mAh 4 in 1 Outdoor Fan
Jisulife Ultra 1 (FA55) ဟာ Jisulife ရဲ့ Fan Series တွေထဲမှာ Specs အမြင့်ဆုံးနဲ့ Powerful အဖြစ်ဆုံး Flagship Model တစ်ခုဖြစ်ပါတယ်။ Outdoor သွားလာသူတွေ၊ Camping ဝါသနာပါသူတွေနဲ့ မီးပျက်ချိန် အကြာကြီး သုံးချင်သူတွေအတွက် အထူးထုတ်လုပ်ထားတာပါ။Battery Capacity 13,500mAh တောင်ပါဝင်လို့ Jisulife ရဲ့ အခြား Model တွေထက် Battery အသာစီး ရပါတယ်။Usage Time ကတော့ လေအား အနိမ့်ဆုံးမှာ ၅၂ နာရီ (၂ ရက်ကျော်) အထိ အသုံးခံပြီး၊ အမြင့်ဆုံး Speed မှာတောင် ၆ နာရီခွဲခန့် အထိ အသုံးခံပါတယ်။လေအားကို ၁ ကနေ ၁၀၀ အထိ စိတ်ကြိုက် Stepless အတိုးအလျှော့ လုပ်နိုင်ပါတယ်။Outdoor သွားတဲ့အခါ သုံးနိုင်အောင် အလင်းအမှောင် ၃ ဆင့် ချိန်လို့ရတဲ့ မီးအိမ် (Camping Light) ပါဝင်ပါတယ်။ဖုန်းနဲ့ အခြား Gadget တွေကို အရေးပေါ် အားပြန်သွင်းနိုင်တဲ့ Power Bank အဖြစ် သုံးနိုင်ပါတယ်။
Jisulife Pro 3 10000mAh Table Fan
Jisulife Table Fan Pro 3 ဟာ Jisulife ရဲ့ Table Fan အမျိုးအစားတွေထဲမှာ အဆင့်မြင့်ဆုံးဖြစ်ပြီး အေးရုံတင်မကဘဲ လေကောင်းလေသန့်ပါ ပေးနိုင်တဲ့ 3-in-1 Premium Fan တစ်မျိုးဖြစ်ပါတယ်။Battery Capacity ကတော့ 10,000mAh (Battery အလွန်ကြီးလို့ အကြာကြီး အသုံးခံပါတယ်။)အသုံးပြုတဲ့ Speed အပေါ်မူတည်ပြီး ၂ နာရီခွဲကနေ ၁၃ နာရီ အထိ အသုံးခံပါတယ်။Speed Levels ၁ မှ ၁၀၀ အထိ (Stepless Adjustment) စိတ်ကြိုက် ချိန်ညှိနိုင်ပါတယ်။18W Fast Charging ကို Support လုပ်တဲ့အတွက် 10,000mAh ဖြစ်ပေမယ့် ၂ နာရီခွဲမှ ၃ နာရီခွဲအတွင်း အားအပြည့် သွင်းနိုင်ပါတယ်။ (Type-C Port)။ဘယ်ညာလှည့်တဲ့အခါမှာ ၄၅ ဒီဂရီ၊ ၉၀ ဒီဂရီ နဲ့ ၁၂၀ ဒီဂရီ ဆိုပြီး စိတ်ကြိုက် Angle ၃ မျိုး ရွေးချယ်နိုင်ပါတယ်။ အပေါ်အောက်ကိုတော့ Manual ၄၅ ဒီဂရီအထိ ချိန်လို့ရပါတယ်။ပန်ကာရဲ့ နောက်ဘက်မှာ အရောင် ၇ မျိုးပြောင်းလဲနိုင်တဲ့ LED မီးလေးတွေ ပါဝင်လို့ ညဘက်မှာ Night Light အနေနဲ့ သုံးရင် အရမ်းလှပါတယ်။
Jisulife Ultra 1 9000mAh Handheld Fan
Jisulife Handheld Fan Ultra 1 (FA53) ဟာ လက်ကိုင်ပန်ကာတွေထဲမှာတော့ "Supercar" လို့ တင်စားရလောက်အောင် စွမ်းဆောင်ရည်မြင့်တဲ့ Flagship Model တစ်ခုဖြစ်ပါတယ်။ သူက ပုံမှန်ပန်ကာတွေလို လေယပ်ပေးရုံတင်မဟုတ်ဘဲ High-speed turbine နည်းပညာကို သုံးထားတာပါ။9,000mAh (အရည်အသွေးမြင့် Li-ion Battery ကို သုံးထားပါတယ်။)လေအားအနိမ့်ဆုံးမှာ ၁၅ နာရီ ဝန်းကျင်အထိ ခံပြီး၊ အမြင့်ဆုံး (100%) မှာဆိုရင်တော့ ၁ နာရီကနေ ၂ နာရီ ကြား ခံပါတယ်။1 to 100 (Stepless adjustment) ဖြစ်လို့ ဘေးက Wheel လေးကို လှည့်ပြီး စိတ်ကြိုက် ချိန်နိုင်ပါတယ်။တစ်မိနစ်ကို အပတ်ရေ 75,000 RPM အထိ လည်ပတ်နိုင်တဲ့ သံလိုက်မော်တာကို သုံးထားပါတယ်။9,000mAh ဖြစ်ပေမယ့် 18W Fast Charge သွင်းလို့ရတဲ့အတွက် ၂.၅ နာရီ ဝန်းကျင်အတွင်းမှာ အားအပြည့် ပြန်တက်ပါတယ်။
Jisulife Life 9 5000mAh Handheld Fan
Jisulife Life 9 5000mAh Handheld Fan လေးသည် သယ်ဆောင်ရလွယ်ကူတဲ့ portable fan တစ်ခုဖြစ်ပြီး 5000mAh Lithium-ion battery ပါဝင်တဲ့အတွက် ကြာရှည်အသုံးပြုနိုင်ပါသည်။ ပန်ကာမှာ turbine fan blades (၉ခု) အသုံးပြုထားပြီး အမြန်နှုန်းမြင့် 40,000 RPM ထိ လှည့်နိုင်တာကြောင့် လေအားကောင်းပြီး အေးမြစေပါသည်။ Noise-reduction air duct နည်းပညာပါဝင်လို့ အသံနည်းပြီး အသုံးပြုရအဆင်ပြေစေပါသည်။ Fan speed ကို အဆင့် ၅ ဆင့်အထိ ချိန်ညှိနိုင်ပြီး လေအရှိန်အမြင့်ဆုံး 10 m/s ထိရရှိနိုင်ပါသည်။ Battery ကို 2.5 မှ 3.5 နာရီအတွင်း အားပြည့်စေပြီး အသုံးပြုချိန်မှာ 2 နာရီမှ 12 နာရီအထိအသုံးပြုနိုင်ပါသည်။
Jisulfie Life 5 Plus 4000mAh Handheld Fan
Jisulfie Life 5 Plus Handheld Fan လေးကတော့ Aluminum Alloy Body ကိုအသုံးပြုပေးထားတာဖြစ်လို့ premium ဆန်ပြီး အထာကျစေမှာဖြစ်ပါသည်။ Battery 4000mAh ပါဝင်တာဖြစ်လို့ အချိန်ကြာကြာ အသုံးပြုလို့ရမှာဖြစ်ပါသည်။ အားလက်ကျန်ကို LED Smart Digital Display နဲ့ပြပေးမှာဖြစ်လို့ အားဘယ်လောက်ရှိလဲဆိုတာ အလွယ်တကူကြည့်လို့ရမှာဖြစ်ပါသည်။ လေထွက်မြန်နှုန်း 9 m/sဖြစ်လို့ အေးမြတဲ့လေကိုပေးစွမ်းမှာဖြစ်ပါသည်။ Small fan ဖြစ်ပေးမယ့် Battery ကြာကြာခံပြီး သွားလေရာကို အလွယ်တကူ သယ်ယူသွားလို့ရမယ့် fan လေးဖြစ်ပါသည်။ Fan Speed -5 ဆင့်ပါလို့ စိတ်ကြိုက်လိုသလို အသုံးပြုလို့ရပါသည်။