Jeqang JM-318 Wired Gaming Mouse
Jeqang JM-318 Wired Gaming Mouse ကတော့ ဈေးနှုန်းသက်သာပြီး ပေါ့ပေါ့ပါးပါးနဲ့ ပုံမှန် Gaming ကစားမယ့်သူတွေ သို့မဟုတ် ရုံးလုပ်ငန်းသုံး၊ အထွေထွေသုံးအတွက် သင့်တော်တဲ့ ဘတ်ဂျက်မောက်စ် အမျိုးအစား ဖြစ်ပါတယ်။1200 DPI ရှိပြီး၊ Model ခွဲအလိုက် 800 - 1200 - 1600 DPI အထိ စိတ်ကြိုက်ပြောင်းလဲနိုင်တဲ့ DPI adjustment စနစ် ပါဝင်ပါတယ်။Standard USB 2.0 အသုံးပြုထားလို့ ကွန်ပျူတာ၊ Laptop တွေမှာ Plug-and-Play စနစ်နဲ့ တပ်ဆင်ရုံနဲ့ Driver တင်စရာမလိုဘဲ တန်းသုံးနိုင်ပါတယ်။ကြိုးအရှည် 1.5 မီတာ ရှိလို့ အသုံးပြုရ အဆင်ပြေစေပါတယ်။
Jeqang JM-600 Wired Mouse
Jeqang JM-600 Wired Gaming Mouse ကတော့ JM-318 ထက် ဒီဇိုင်းပိုင်း ပိုပြီးဆန်းသစ်သွားကာ ပေါ့ပေါ့ပါးပါးနဲ့ စတိုင်ကျကျ အသုံးပြုချင်သူတွေအတွက် ထုတ်လုပ်ထားတဲ့ ဘတ်ဂျက်မောက်စ် အမျိုးအစား ဖြစ်ပါတယ်။ Gaming Mouse တွေမှာ ခေတ်စားတဲ့ Honeycomb Ventilation Shell (အုံနာကွက် ပုံစံအပေါက်ဆန်းဆန်းလေးတွေ) နဲ့ ဒီဇိုင်းထုတ်ထားပါတယ်။ ဒါကြောင့် လက်ဖဝါးချွေးပြန်တတ်သူတွေအတွက် လေဝင်လေထွက်ကောင်းပြီး အပူဒဏ်သက်သာစေပါတယ်။Standard USB 2.0 အသုံးပြုထားပြီး ကြိုးအရှည် 1.5 မီတာ ခန့် ရှိကာ အကြမ်းခံ ABS Plastic နဲ့ ပြုလုပ်ထားပါတယ်။ Plug-and-Play စနစ်ဖြစ်လို့ ကွန်ပျူတာမှာ တပ်ရုံနဲ့ တန်းသုံးနိုင်ပါတယ်။
Jeqang JW-215 Wireless Mouse
Jeqang JW-215 Wireless Mouse သည် 2.4GHz Wireless Mouse တစ်ခုဖြစ်ပြီး ကြိုးမဲ့ဒီဇိုင်းဖြစ်သောကြောင့် အသုံးပြုရာတွင် ရှုပ်ထွေးမှုမရှိဘဲ လွတ်လပ်စွာ အသုံးပြုနိုင်ပါသည်။ 10 မီတာအထိ ချိတ်ဆက်အသုံးပြုနိုင်ပြီး တည်ငြိမ်သော Signal ကြောင့် Connection ပြတ်တောက်ခြင်းကို လျော့နည်းစေပါသည်။ High DPI Optical Sensor ပါဝင်သဖြင့် Cursor လှုပ်ရှားမှုကို တိကျမြန်ဆန်စွာ ထိန်းချုပ်နိုင်ပါသည်။ Ergonomic ဒီဇိုင်းဖြင့် ပြုလုပ်ပေးထားပြီး အချိန်ကြာကြာ အသုံးပြုရာတွင်လည်း သက်တောင့်သက်သာ ဖြစ်စေပါသည်။ Smart Sleep Mode ပါဝင်သောကြောင့် ဘက်ထရီသုံးစွဲမှုကို ချွေတာပေးပြီး အသုံးပြုချိန်ကို ပိုမိုကြာရှည်စေပါသည်။
Jeqang JW-AP03 Wireless Mouse
Jeqang JW-AP03 Wireless Mouse လေးသည် အသုံးပြုရလွယ်ကူမှုနှင့် သက်တောင့်သက်သာရှိမှုကို ပေါင်းစပ်ထားသော Wireless Computer Mouse တစ်ခုဖြစ်ပါသည်။ ကျစ်လစ်ပေါ့ပါးသော ဒီဇိုင်းကြောင့် Laptop Bag သို့မဟုတ် အိတ်ထဲတွင် အလွယ်တကူ သယ်ဆောင်နိုင်ပြီး ခရီးသွားနေစဉ်၊ ရုံးသုံးနှင့် နေ့စဉ်အသုံးပြုမှုများအတွက် အဆင်ပြေစေပါသည်။ Ergonomic ပုံစံဖြင့် ဒီဇိုင်းထုတ်ထားသောကြောင့် အချိန်အတော်ကြာအသုံးပြုရင်တောင် သက်တောင့်သက်သာရှိစေပါသည်။
Jeqang JM-016 Wired Mouse
Jeqang JM-016 Wired Mouse လေးသည် ရုံးသုံး၊ ကျောင်းသုံးနှင့် အိမ်သုံးအတွက် သင့်တော်သော ကြိုးတပ် Mouse တစ်မျိုးဖြစ်ပြီး အသုံးပြုရလွယ်ကူကာ တိကျမြန်ဆန်သော လှုပ်ရှားမှုကို ပေးစွမ်းနိုင်ပါသည်။ 2000 DPI Optical Sensor ပါဝင်သောကြောင့် Cursor လှုပ်ရှားမှုကို ချောမွေ့တိကျစွာ ထိန်းချုပ်နိုင်ပြီး နေ့စဉ် Computer အသုံးပြုမှုများအတွက် အဆင်ပြေစေပါသည်။ USB ကြိုးတပ်စနစ်ဖြစ်သောကြောင့် Plug & Play အနေဖြင့် Driver မလိုဘဲ ချက်ချင်း အသုံးပြုနိုင်သော Mouse လေးဖြစ်ပါသည်။
Jeqang JM-029 Wired Optical Mouse
Jeqang JM-029 Wired Optical Mouse သည် 850 DPI Optical Sensor ပါဝင်ပြီး တိကျမြန်ဆန်သော Cursor ထိန်းချုပ်မှုကို ပေးစွမ်းနိုင်သောကြောင့် နေ့စဉ်အလုပ်များ၊ ရုံးလုပ်ငန်းများ၊ Laptop အသုံးပြုမှုများနှင့် ပေါ့ပါးသော Gaming အသုံးပြုမှုများအတွက် သင့်တော်ပါသည်။ ခေတ်မီဒီဇိုင်းဖြင့် ပြုလုပ်ထားပြီး ကြာရှည်အသုံးပြုရာတွင်လည်း သက်တောင့်သက်သာ အသုံးပြုနိုင်ပါသည်။ Plug-and-Play စနစ်ဖြစ်သောကြောင့် တပ်ဆင်ပြီး ချက်ချင်းအသုံးပြုနိုင်ပါသည်။
Jeqang JM-018 Wired Optical Mouse
Jeqang JM-018 Wired Optical Mouse သည် နေ့စဉ် ကွန်ပျူတာအသုံးပြုမှုအတွက် ဒီဇိုင်းထုတ်ထားသော အသုံးပြုရလွယ်ကူပြီး ကိုင်တွယ်ရသက်တောင့်သက်သာရှိသည့် Wired Mouse တစ်ခုဖြစ်သည်။ Optical Sensor စနစ်အသုံးပြုထားပြီး Cursor ရွေ့လျားမှုကို တိကျစွာ ထိန်းချုပ်နိုင်ပါသည်။ 1000 DPI Resolution ပါဝင်ပြီး အလုပ်လုပ်ခြင်း၊ စာရိုက်ခြင်း၊ အင်တာနက်အသုံးပြုခြင်းနှင့် နေ့စဉ် Office အသုံးပြုမှုများအတွက် အဆင်ပြေစေမည့် Mouse လေးဖြစ်ပါသည်။
Jeqang JK-922 Wired Keyboard
Jeqang JK-922 "The Storm" Wired Keyboard ကတော့ ရိုးရိုးရှင်းရှင်း Standard ကီးဘုတ်တွေနဲ့ မတူဘဲ Rainbow Backlight (မီးလင်းရောင်စုံ) ပါဝင်တဲ့ Semi-Gaming (သို့မဟုတ်) Gaming-Style Keyboard တစ်ခု ဖြစ်ပါတယ်။ USB 2.0 Wired နဲ့ Plug & Play ဖြစ်တာကြောင့် တပ်ဆင်ရလွယ်ကူပါသည်။ Gaming & Business Keyboard Floating/Suspended Keycaps ဒီဇိုင်းပြုလုပ်ထားတာကြောင့် အသုံးပြုရာတွင် စိတ်ကျေနပ်မှု့ရစေမည့် ပစ္စည်းလေးဖြစ်ပါသည်။
Jeqang JK-939 Wired/Wireless Mechanical Keyboard
Jeqang JK-939 ကတော့ စျေးနှုန်းသက်သာပြီး Layout ပိုင်းမှာ နေရာသိပ်မယူတဲ့ Budget-friendly Mechanical Keyboard တစ်လုံးဖြစ်ပါတယ်။ ညာဘက်က Number Pad မပါတဲ့ Tenkeyless (TKL) Layout ဖြစ်လို့ စာရေးစားပွဲပေါ်မှာ နေရာအများကြီးမယူဘဲ Mouse ရွှေ့ရတာ ပိုပြီး လွတ်လပ်မှုရှိစေပါတယ်။ ကီးဘုတ်ရဲ့ ထူးခြားချက်က Keycap ပုံစံကို Typewriter စတိုင် လုံးဝန်းတဲ့ Punk Retro Round Keycaps ပုံစံမျိုး သုံးပေးထားပြီး အချို့ Edition တွေမှာတော့ Standard Keycap ပုံစံနဲ့လည်း လာတတ်ပါတယ်။ စာရိုက်တဲ့အခါ သိသိသာသာ တုံ့ပြန်မှုရမယ့် Blue Switch ကို သုံးထားပြီး Gaming ဆော့တဲ့အခါဖြစ်ဖြစ်၊ စာရိုက်ရတာ ဝါသနာပါသူတွေအတွက် အကြိုက်တွေ့စေမှာပဲဖြစ်ပါသည်။ မီးလင်းတဲ့စနစ် ပါဝင်ပြီး FN + INS Key ကို တွဲနှိပ်ပြီး Lighting Mode (၉) မျိုးခန့်အထိ ပြောင်းလဲလို့ရတဲ့အပြင် မီးအလင်းအမှောင် (Brightness) နဲ့ အမြန်နှုန်း (Breathing Speed) ကိုလည်း စိတ်ကြိုက် ချိန်ညှိနိုင်ပါသည်။
Jeqang JB-360 Bluetooth Keyboard
Jeqang JB-360 Bluetooth Mini Keyboard ကတော့ သယ်ဆောင်ရလွယ်ကူပြီး Smart ဖြစ်တဲ့ Bluetooth Keyboard အမျိုးအစား ဖြစ်ပါတယ်။ ဖုန်း၊ တက်ဘလက် သို့မဟုတ် လက်ပ်တော့ပ်တွေနဲ့ တွဲသုံးလို့ရပြီး စာရိုက်ရာတွင် သက်တောင့်သက်သာဖြစ်စေပါသည်။ ဆိုဒ်က တော်တော်လေး ကျစ်လျစ်ပြီး ပါးပါးလွှာလွှာ ပေါ့ပေါ့ပါးပါး ဒီဇိုင်းဖြစ်လို့ အိတ်ထဲထည့်ပြီး သယ်သွားရတာ အဆင်ပြေပါတယ်။ ဓာတ်ခဲဝယ်ထည့်စရာမလိုဘဲ အားပြန်သွင်း (Rechargeable) သုံးရတဲ့ အမျိုးအစားဖြစ်ပြီး Type-C သို့မဟုတ် Micro-USB ကြိုးနဲ့ အားအလွယ်တကူ အားပြန်သွင်းနိုင်ပါသည်။
Jeqang JB-828 Folding Bluetooth Keyboard
Jeqang JB-828 Folding Bluetooth Keyboard က ခရီးသွားရင်းဖြစ်ဖြစ်၊ အပြင်သွားရင်းဖြစ်ဖြစ် ဖုန်း၊ တက်ဘလက် သို့မဟုတ် လပ်တော့တွေနဲ့ တွဲဖက်ပြီး အလွယ်တကူ စာရိုက်နိုင်အောင် ဒီဇိုင်းထုတ်ထားတဲ့ ပေါ့ပါးကျစ်လျစ်တဲ့ ခေါက်သိမ်းနိုင်သော (Foldable) ကြိုးမဲ့ကီးဘုတ် အမျိုးအစား ဖြစ်ပါတယ်။ဘေးနှစ်ဖက်ကို အလယ်ကနေ ခေါက်သိမ်းလိုက်လို့ရတာကြောင့် အိတ်အသေးတွေထဲအထိ အလွယ်တကူ ထည့်ယူသွားနိုင်ပါတယ်။ အလေးချိန်ကလည်း 187 ဂရမ်ခန့်သာရှိလို့ သယ်ဆောင်ရတာ တကယ့်ကို ပေါ့ပါးအဆင်ပြေပါတယ်။ကြိုးမဲ့ချိတ်ဆက်မှုအတွက် Bluetooth 5.2 ဗားရှင်းကို သုံးထားလို့ လိုင်းမထစ်ဘဲ ၁၀ မီတာ (ပေ ၃၀ ကျော်) အကွာအဝေးအထိ တည်ငြိမ်စွာ အလုပ်လုပ်ပေးနိုင်ပါတယ်။140mAh Lithium battery ပါဝင်ပြီး ခေတ်မှီ Type-C port နဲ့ အားပြန်သွင်းရတဲ့အတွက် အားသွင်းရတာ မြန်ဆန်ပြီး ဓာတ်ခဲလဲရမယ့်အလုပ် ရှုပ်မနေတော့ပါဘူး။Android, iOS (iPhone/iPad/Mac) နဲ့ Windows OS အားလုံးနဲ့ အဆင်ပြေပြေ တွဲဖက်အသုံးပြုနိုင်ပါတယ်။
Jeqang JB-986 Bluetooth Keyboard & Mouse
Jeqang JB-986 3-in-1 Bluetooth Keyboard & Mouse Combo Set သည် ဖုန်း၊ တက်ဘလက်နှင့် ကွန်ပျူတာများတွင် တွဲဖက်သုံးရလွယ်ကူအောင် ထုတ်လုပ်ထားသော Compact ဖြစ်ပြီး သယ်ဆောင်ရလွယ်ကူစေသည့် Combo Set တစ်ခု ဖြစ်ပါသည်။Wireless Bluetooth Keyboardဖြစ်သည့်အတွက် ပေါ့ပါးကျစ်လျစ်ပြီး သယ်ရလွယ်ကူသည့် ကီးဘုတ်ဖြစ်ပါသည်။Wireless Mouseဖြစ်သောကြောင့် လက်ထဲတွင် ကိုင်ရအဆင်ပြေပြီး DPI အတိုးအလျှော့ လုပ်နိုင်တဲ့ မောက်စ်ဖြစ်ပါသည်။
Jeqang JB-391 Bluetooth Keyboard & Mouse
Jeqang JB-391 Dual-Mode Wireless Keyboard & Mouse Combo သည် ရုံးလုပ်ငန်းသုံးနှင့် Tablet/Laptop သမားများအတွက် အဆင်ပြေအောင် ထုတ်လုပ်ထားသော Budget မျှတပြီး သုံးရတာအဆင်ပြေစေမယ့် Combo Set တစ်ခုဖြစ်ပါသည်။Bluetooth နှင့်2.4GHz Wireless (USB Receiver) ပါဝင်သည့်အတွက် ဖုန်း၊ Tablet၊ Laptop နှင့် Desktop PC တွေကို စိတ်ကြိုက်ပြောင်းလဲ ချိတ်ဆက်အသုံးပြုနိုင်ပါသည်။ခလုတ်နှိပ်ရသည့်ပုံစံသည် Laptop keyboard တွေလိုပဲ Scissor design သုံးထားလို့ နှိပ်ရတာ ငြိမ့်ညောင်းပြီး အသံဆူညံမှု သက်သာစေပါသည်။Battery သီးသန့်ထည့်စရာမလိုဘဲ Type-C Port ကနေတစ်ဆင့် Fast Charging ပြန်သွင်းပြီး သုံးနိုင်တဲ့အတွက် စရိတ်သက်သာပြီး အဆင်ပြေပါသည်။Combo ထဲတွင်ပါသည့် Mouse သည် ရိုးရိုးရှင်းရှင်းပုံစံအပြင် RGB မီးလင်းတဲ့ ဒီဇိုင်းလေး ပါဝင်ပါသည်။Windows, macOS, Android နှင့်iOS (Tablet/iPad) စသည့် OS အစုံမှာ လွယ်လွယ်ကူကူ ချိတ်ဆက် (Plug and Play) အသုံးပြုနိုင်ပါသည်။
Jeqang JB-350 Bluetooth Keyboard & Mouse
Jeqang JB-350 Bluetooth Keyboard & Mouse Combo သည် ဖုန်း၊ တက်ဘလက်နဲ့ လက်ပ်တော့တွေမှာ အလွယ်တကူ ချိတ်ဆက်အသုံးပြုနိုင်အောင် ထုတ်လုပ်ထားသော ဘတ်ဂျက်သင့် Slim Type ကီးဘုတ်နဲ့ မောက်စ်တွဲရက် (Combo) အစုံလိုက် ဖြစ်ပါသည်။Compact Size ကီးခလုတ် ၇၈ ခုပါဝင်ပြီး ညာဘက်က နံပါတ်ခလုတ် Number Pad မပါဝင်တဲ့အတွက်ကြောင့် သယ်ဆောင်ရလွယ်ကူပါစေပါသည်။"Scissor" switches အမျိုးအစားဖြစ်သည့်အတွက် ရိုက်ရတာ ငြင်သာပြီး အသံတိုးတိုး ပဲ ထွက်ပါသည်။Bluetooth V5.0 စနစ်ကို အသုံးပြုထားပြီး ကိရိယာ ၃ ခု အထိ တစ်ပြိုင်နက် ချိတ်ဆက်ထားနိုင်ကာ ခလုတ်နှိပ်ရုံနဲ့ လျင်မြန်စွာ Switch လုပ်ပြီး ပြောင်းသုံးနိုင်ပါတယ်။အားပြန်သွင်းလို့ရတဲ့ Built-in Rechargeable Battery ပါဝင်ပြီး အားသွင်းဖို့အတွက် Type-C Port ကို အသုံးပြုထားပါသည်။
Jeqang JK-968 Wired Gaming Keyboard & Mouse
Jeqang JK-968 Wired Gaming Keyboard & Mouse Combo သည် ဈေးနှုန်းအသင့်အတင့်နဲ့ Performance ကောင်းကောင်းရနိုင်တဲ့ Budget-friendly (အိတ်စိုက်မစိုးရိမ်ရတဲ့) Gaming Set တစ်ခု ဖြစ်ပါတယ်။ ရုံးလုပ်ငန်းသုံးနဲ့ Casual Gaming (ပေါ့ပေါ့ပါးပါး ဂိမ်းကစားခြင်း) အတွက် အဆင်ပြေအောင် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။Body ကို Iron Plate (သံပြား) ခံပြီး ပြုလုပ်ထားလို့ Budget တန်းဝင်ပေမဲ့ ခိုင်ခံ့မှုရှိပြီး အလေးချိန် စီးစီးနင်းနင်း ရှိပါတယ်။Floating Keycap Design ဖြစ်လို့ သန့်ရှင်းရေးလုပ်ရ လွယ်ကူပြီး ရိုက်ရတဲ့ ခံစားချက်က Mechanical အစစ်မဟုတ်ပေမဲ့ Mechanical Feel (အိအိလေးနဲ့ တုံ့ပြန်မှုကောင်းတဲ့ ခံစားချက်) ကို ပေးစွမ်းနိုင်ပါတယ်။Full-Size နံပါတ်ခလုတ်များ ပါဝင်သော ကီးဘုတ်အပြည့် ဖြစ်ပြီး English Layout ဖြစ်ပါတယ်။RGB LED Backlit ပါဝင်ပြီး လှပတဲ့ Gaming Atmosphere ကို ပေးစွမ်းနိုင်ပါတယ်။ (သတိပြုရန်မှာ မီးစနစ်သည် Keycap စာလုံးထဲက လင်းခြင်းမျိုးထက် ကီးဘုတ်ဘောင်ဘေးပတ်လည် ပိုလင်းတာမျိုး ဖြစ်တတ်ပါတယ်။)
Jeqang JK-1905 Wired Keyboard & Mouse
Jeqang ကထုတ်လုပ်ထားတဲ့ JK-1905 Wired Keyboard & Mouse လေးသည် ရိုးရှင်းနဲ့ဒီဇိုင်းနဲ့ဖန်တီးပြုလုပ်ပေးထားပြီး နေ့စဉ် စာရိုက်ခြင်း၊ Office လုပ်ငန်းများ၊ Online Learning နဲ့ အင်တာနက်အသုံးပြုမှုတွေအတွက် သက်တောင့်သက်သာအသုံးပြုနိုင်သော ပစ္စည်းလေးဖြစ်ပါသည်။ Full-Size Layout ဖြစ်တဲ့အတွက် Numeric Keypad ပါဝင်ပြီး Mouse ကလည်း လက်ကိုင်အဆင်ပြေတဲ့ Ergonomic Design နဲ့ ပြုလုပ်ပေးထားပါသည်။
Jeqang AP-05 Wireless Mouse
Jeqang ကထုတ်ထားတဲ့ AP-05 Wireless Mouse လေးသည် Bluetooth + 2.4GHz Wireless + Multi-device Connection စနစ်ပါဝင်တာကြောင့် Laptop၊ Desktop၊ Tablet နဲ့ Smartphone များအကြား အလွယ်တကူပြောင်းလဲအသုံးပြုနိုင်ပါသည်။ Silent Click Design ကို အသုံးပြုထားတာကြောင့် Click အသံမထွက်ဘဲ Office၊ Library၊ Meeting Room စတဲ့ တိတ်ဆိတ်တဲ့နေရာတွေမှာ အခြားသူတွေကို မနှောင့်ယှက်ဘဲ အသုံးပြုနိုင်ပါသည်။ Desktop Shortcut Button ပါဝင်တဲ့အတွက် Button တစ်ချက်နှိပ်ရုံနဲ့ Desktop ကို ချက်ချင်းပြန်ရောက်နိုင်ပြီး အလုပ်လုပ်ရာမှာ ပိုမိုမြန်ဆန်စေပါသည်။ Type-C Fast Charging စနစ်ဖြင့် ၂ နာရီခန့်သာ အားသွင်းရပြီး အားတစ်ကြိမ်သွင်းထားလျှင် ရက်ပေါင်း ၆၀ အထိ အသုံးပြုနိုင်ပါသည်။ Built-in Battery Level Display Chip ပါဝင်တာကြောင့် လက်ကျန်အားကို အလွယ်တကူကြည့်ရှု့နိုင်ပါသည်။
Jeqang JW-D226 Wireless Mouse
Jeqang ကထုတ်လုပ်ထားတဲ့ JW-D226 Wireless Mouse လေးသည် 2.4GHz Wireless နဲ့ Bluetooth ချိတ်ဆက်မှု နှစ်မျိုးလုံးကို ထောက်ပံ့ပေးထားတာကြောင့် Laptop၊ Desktop၊ Tablet စတဲ့ Device မျိုးစုံနဲ့ အလွယ်တကူ ချိတ်ဆက်အသုံးပြုနိုင်ပါသည်။ Optical Sensor ကို အသုံးပြုထားပြီး 10 မီတာအထိ တည်ငြိမ်တဲ့ Wireless Signal ကို ပေးစွမ်းနိုင်ပါသည်။ 800 / 1200 / 1600 DPI အဆင့် (၃) မျိုးကို လိုအပ်သလို ပြောင်းလဲအသုံးပြုနိုင်တာကြောင့် Office Work၊ Browsing၊ Graphic Design နဲ့ နေ့စဉ်အသုံးပြုမှုတွေမှာ တိကျပြီး Smooth ဖြစ်တဲ့ Cursor Control ကို ရရှိစေပါသည်။ Built-in 400mAh Rechargeable Lithium Battery ပါဝင်ပြီး Battery အမြဲလဲနေစရာမလိုတော့ဘဲ Type-C Charging Port နဲ့ အလွယ်တကူ အားသွင်းနိုင်ပါသည်။ Battery သက်တမ်းကောင်းမွန်ပြီး ကြိုးရှုပ်စရာမလိုတဲ့ Wireless Design ကြောင့် အိမ်၊ Office နဲ့ ခရီးသွားရာမှာပါ သက်တောင့်သက်သာ အသုံးပြုနိုင်သော mouse လေးဖြစ်ပါသည်။