Anitech W226 Silent Wireless Mouse
Anitech W226 Silent Wireless Mouse သည် အလုပ်လုပ်ရာတွင်ဖြစ်စေ၊ စာကျက်ရာတွင်ဖြစ်စေ အသံဆူညံမှုမရှိဘဲ အေးအေးဆေးဆေး အသုံးပြုချင်သူများအတွက် အဆင်ပြေစေမည့် Dual-Function (Dual-Mode) ကြိုးမဲ့မောက်စ်အမျိုးအစား ဖြစ်ပါတယ်။USB Receiver ယူအက်စ်ဘီခေါင်းလေးကို ကွန်ပျူတာမှာ တပ်ပြီး သုံးနိုင်ပါတယ်။USB အပေါက်မပါတဲ့ Laptop တွေ၊ iPad သို့မဟုတ် Android Tablet တွေနဲ့ပါ တိုက်ရိုက် Bluetooth ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။မောက်စ်နှိပ်ရင် ထွက်တဲ့ "ကလစ် ကလစ်" ဆိုတဲ့ အသံကို အတတ်နိုင်ဆုံး လျှော့ချပေးထားလို့ ရုံးခန်းထဲမှာပဲဖြစ်ဖြစ်၊ ညဘက်စာကြည့်တိုက် ဒါမှမဟုတ် အိမ်မှာပဲဖြစ်ဖြစ် ဘေးလူကို စိတ်အနှောင့်အယှက် မဖြစ်စေပါဘူး။မောက်စ် cursor ရဲ့ အမြန်နှုန်း (Sensitivity) ကို 800 / 1200 / 1600 DPI ဆိုပြီး မိမိစိတ်ကြိုက် ၃ ဆင့် ပြောင်းလဲအသုံးပြုနိုင်ပါတယ်။AA ဓာတ်ခဲ တစ်လုံး သာ ထည့်သွင်းအသုံးပြုရပါတယ်။Windows (XP / Vista / 7 / 8 / 10 သို့မဟုတ် နောက်ပိုင်းထွက် ဗားရှင်းများ)၊ macOS 10.0 နှင့်အထက်၊ Linux၊ Chrome OS နှင့် Android System တွေမှာပါ သုံးနိုင်ပါတယ်။
Anitech W235GY Wireless & Ergonomic Mouse
Anitech W235GY Wireless & Ergonomic Mouse လေးကတော့ Nano USB 2.5GHz နဲ့ဖြစ်ပြီး working distance 10m အကွာအဝေးထိအသုံးပြုနိုင်ပါသည်။ click အသံ ဆူညံတာမကြိုက်တဲ့ သူတွေအတွက် အဆင်ပြေစေမည့် Silent mouse လေးဖြစ်ပါတယ်။ DPI Resolution အနေနဲ့ 800/1200/1600 အထိ ရွေးချယ်အသုံးပြုနိုင်ပြီး Battery ကိုတော့ AAA နှစ်လုံး ထည့်သွင်းပေးရမှာဖြစ်ပါသည်။ Forward/Backward Button, On/Off Switch တွေလည်းပါဝင်ပြီး Windows 98/2000/XP/7/8/10နဲ့ Mac OS တွေမှာပါ တွဲအသုံးပြုနိုင်ပါသည်။ ဒီဇိုင်းပိုင်းကလည်း ချစ်စရာကောင်းလွန်းပြီးအရုပ်လေးတွေ ပါဝင်တာမို့ လူငယ်ဆန်ဆန်နဲ့ အကြိုက်တွေ့စေမည့် Mouse လေးဖြစ်ပါသည်။
Anitech A92 Wireless Presenter (Green)
Anitech A92 Wireless Presenter လေးကတော့ Green Laser Pointer လေးဖြစ်ပြီး Presentation ပြုလုပ်စဉ် အရေးကြီးသော အချက်များကို အလွယ်တကူ ညွှန်ပြပေးနိုင်ပါသည်။ Wireless Control ဖြင့် Slide Next/Previous ကို အဝေးမှ ထိန်းချုပ်နိုင်ပြီး Page Control Function ပါတာကြောင့် စာမျက်နှာများကို ရှေ့/နောက် ပြောင်းလဲနိုင်ပါသည်။ Built-in Rechargeable Battery ပါဝင်ပြီး 200 Meter Laser Distance အထိ အသုံးပြုနိုင်ပါသည်။ Plug & Play ဖြစ်တာကြောင့် အသုံးပြုရာတွင် လွယ်ကူအဆင်ပြေစေမည့် ပစ္စည်းလေးဖြစ်ပါသည်။
Anitech W237 Wireless Mouse
Anitech W237 Wireless Mouse ကတော့ နေ့စဉ်ရုံးလုပ်ငန်းသုံးနဲ့ အထွေထွေသုံးအတွက် သင့်တော်ပြီး ဈေးနှုန်းသက်သာတဲ့ အခြေခံ Optical ကြိုးမဲ့မောက်စ် အမျိုးအစား ဖြစ်ပါတယ်။Reliable 2.4GHz Wireless စနစ်ဖြစ်ပြီး USB Nano Receiver (Dongle) လေးကို ကွန်ပျူတာမှာ တပ်ရုံနဲ့ တိုက်ရိုက်အသုံးပြုနိုင်ပါတယ်။၁၀ မီတာ (ပေ ၃၀ ဝန်းကျင်) အထိ အချက်ပြဖမ်းယူနိုင်စွမ်း ရှိပါတယ်။အသုံးပြုသူ စိတ်ကြိုက် DPI ၃ ဆင့် ပြောင်းလဲနိုင်ပါတယ် (800 / 1200 / 1600 DPI)။ ဒါကြောင့် ကာဆာအနှေးအမြန်ကို ကိုယ်တိုင် ညှိလို့ရပါတယ်။Left, Right, Scroll wheel အပြင် DPI ပြောင်းတဲ့ ခလုတ် အပါအဝင် စုစုပေါင်း ၄ ခု ပါဝင်ပါတယ်။AA Battery (ဓာတ်ခဲအကြီး) ၁ လုံးတည်းနဲ့ အသုံးပြုရတာ ဖြစ်ပါတယ်။
Anitech W224 Wireless Mouse
Anitech W224 Wireless Mouse ကတော့ နေ့စဉ်ရုံးလုပ်ငန်းသုံးနဲ့ သယ်ဆောင်ရလွယ်ကူမှုအတွက် အဓိကရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ Compact ဖြစ်ပြီး ရိုးရှင်းအသုံးဝင်တဲ့ အခြေခံအဆင့် မောက်စ်အမျိုးအစားဖြစ်ပါတယ်။2.4 GHz Wireless (USB Nano Receiver ပါဝင်ပြီး မောက်စ်ကိုယ်ထည်ထဲမှာ ထည့်သွင်းသိမ်းဆည်းနိုင်ပါတယ်)။၁၀ မီတာ (၃၃ ပေ) ပတ်လည်အထိ အချက်ပြစနစ် ကောင်းမွန်စွာရရှိနိုင်ပါတယ်။1000 DPI (ရုံးလုပ်ငန်းသုံး၊ စာစီစာရိုက်နဲ့ Web Browsing တွေအတွက် အဆင်ပြေစေမယ့် ပုံမှန်အမြန်နှုန်းဖြစ်ပါတယ်)။AA Alkaline ဓာတ်ခဲတစ်လုံးတည်းဖြင့် အလုပ်လုပ်ပါတယ်။Button Switch တွေဟာ Click ပေါင်း ၃ သန်းကျော်အထိ ခံနိုင်ရည်ရှိအောင် ပြုလုပ်ထားလို့ တော်တော်နဲ့ ပျက်စီးလွယ်ခြင်းမရှိပါဘူး။Windows (98 မှစ၍ Win 7/8/10/11 အထိ) သို့မဟုတ် macOS တပ်ဆင်ထားတဲ့ Laptop, PC တွေနဲ့ အလွယ်တကူ Plug and Play (တပ်ဆင်ရုံဖြင့် တန်းသုံးရုံ) စနစ်ဖြင့် အလုပ်လုပ်ပါတယ်။
Anitech A545 Wired Mouse
Anitech A545 Wired Mouse ကတော့ နေ့စဉ်ရုံးလုပ်ငန်းသုံးနဲ့ အထွေထွေသုံးအတွက် ဒီဇိုင်းထုတ်ထားတဲ့ စျေးနှုန်းချိုသာပြီး စိတ်ချရတဲ့ standard အော်ပတစ်ကယ် မောက်စ် (Wired Optical Mouse) အမျိုးအစားဖြစ်ပါတယ်။1000 DPI (ပုံမှန် ရုံးလုပ်ငန်းသုံးနှင့် ကွန်ပျူတာအသုံးပြုမှုများအတွက် အဆင်ပြေပြီး တိကျမှုရှိသော အမြန်နှုန်း)။ခလုတ်နှိပ်နိုင်စွမ်း သက်တမ်း အကြိမ်ရေ ၃ သန်းခန့် (3 Million Times) ထိ ခံနိုင်ရည်ရှိခြင်း ၊USB ကြိုးတပ်စနစ် (Plug-and-Play စနစ်ဖြစ်၍ တပ်ဆင်ရလွယ်ကူပြီး ဘက်ထရီ ထည့်စရာမလိုပါ)။ကြိုးအရှည် ၁.၃၅ မီတာ (1.35 Meters) ရှိပါသည်။
Anitech A547 Silent Wired Mouse
Anitech A547 Silent Wired Mouse ကတော့ Budget သင့်တင့်ပြီး ရုံးလုပ်ငန်းသုံးနဲ့ နေ့စဉ်သုံးအတွက် အဆင်ပြေအောင် ထုတ်လုပ်ထားတဲ့ Mouse တစ်လုံးဖြစ်ပါတယ်။ဘယ်/ညာ Click နှိပ်တဲ့အခါ အသံဆူညံမှုမရှိဘဲ တိတ်ဆိတ်တဲ့အတွက် ရုံးခန်း၊ စာကြည့်တိုက် ဒါမှမဟုတ် ညဘက်အလုပ်လုပ်တဲ့အခါမျိုးမှာ အခြားသူတွေကို အနှောင့်အယှက်မဖြစ်စေပါဘူး။Mouse ရဲ့ အမြန်နှုန်း (Sensitivity) ကို 800 / 1200 / 1600 / 2400 DPI ဆိုပြီး ၄ ဆင့် စိတ်ကြိုက်ပြောင်းလဲအသုံးပြုနိုင်ပါတယ်။အသုံးပြုရလွယ်ကူတဲ့ Button ၄ ခု (Left, Right, Scroll Wheel, DPI Switcher) ပါဝင်ပါတယ်။USB ကြိုးအရှည် 140 cm (1.4 Meter) ရှိတာကြောင့် PC Keybaord Tray တွေ၊ Laptop တွေနဲ့ အကွာအဝေးတစ်ခုကနေ သက်တောင့်သက်သာ ချိတ်ဆက်နိုင်ပါတယ်။