RIVACASE 7532 15.6-inch Anti-Theft Laptop Bag
86,000 Ks

RIVACASE ကထုတ်လုပ်ထားပြီး 7532 Blue Anti-Theft  24L Laptop Bag မှာတော့ 15.6'' နဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Rivacase 7760 Laptop Backpack
157,000 Ks

Rivacase 7760 Laptop Backpack လေးသည် ရေစိုဒဏ်ခံနိုင်တဲ့ အရည်အသွေးကောင်း Fabric ကို အသုံးပြုထားပြီး Laptop၊ Tablet နဲ့ အရေးကြီးပစ္စည်းတွေ ထည့်သွင်းသယ်ဆောင်နိုင်တဲ့ Spacious Compartment ပါရှိပါသည်။ အရှေ့ဘက် Pocket မှာ Charger, Mouse, Cable, Notebook စတဲ့ Accessories တွေ ထည့်နိုင်တဲ့အပြင် အတွင်းပိုင်းနေရာကျယ်ဝန်းပြီး ပစ္စည်းတွေကို စနစ်တကျ ခွဲထည့်နိုင်ပါသည်။ ရိုးရှင်းပြီး Modern ဆန်တဲ့ပုံစံကြောင့် လူငယ်တွေအတွက် Fashion ကျကျ အသုံးပြုနိုင်သလို Office သွားလာရာမှာလည်း Professional Look ရရှိစေပါသည်။

Rivacase 5461 Urban Backpack
147,500 Ks

Rivacase 5461 Urban Backpack လေးသည် နေ့စဉ်သွားလာမှု၊ ကျောင်း၊ ရုံး၊ ခရီးသွားခြင်းတွေအတွက် အထူးသင့်တော်တဲ့ Backpack လေးဖြစ်ပါသည်။ Modern Urban Design နဲ့ ထူးခြားတဲ့ Jungle Pattern Style ကြောင့် လူငယ်ဆန်ပြီး စတိုင်ကျကျ အသုံးပြုနိုင်ပါသည်။

Rivacase 5421 Urban Backpack
122,500 Ks

Rivacase 5421 Urban Backpack လေးသည် ခေတ်မီတဲ့ Maroon Color Design နဲ့ Yellow Accent Detail တွေ ပေါင်းစပ်ထားတာကြောင့် Fashion ကျကျ အသုံးပြုနိုင်ပြီး လူငယ်တွေအတွက် အကြိုက်တွေ့စေမှာပဲဖြစ်ပါသည်။ ရှေ့ဘက် Pocket တွေပါဝင်တာကြောင့် Charger, Cable, Wallet, Accessories စတဲ့ ပစ္စည်းအသေးစားတွေကို သီးသန့်စီ စနစ်တကျ သိမ်းဆည်းနိုင်တဲ့အပြင် Laptop, Tablet, စာအုပ်၊ Personal Items တွေကို အလွယ်တကူ ထည့်သိမ်းနိုင်ပါသည်။ နောက်ကျောဘက် Mesh Padding ပါဝင်တာကြောင့် လေဝင်လေထွက်ကောင်းပြီး အချိန်ကြာကြာ လွယ်ထားရင်လည်း သက်တောင့်သက်သာရှိစေပါသည်။ အရည်အသွေးကောင်းတဲ့ Fabric Material အသုံးပြုထားလို့ နေ့စဉ်အသုံးပြုမှုအတွက် ခိုင်ခံ့ပြီး ကြာရှည်ခံပါသည်။

RIVACASE 7522 14-inch Anti-Theft Laptop Bag
93,000 Ks

RIVACASE 7522 Anti-Theft Laptop Bag လေးသည် အရွယ်အစား ၁၄လက်မရှိပြီး Slim & Compact Design ဖြစ်တဲ့အပြင် သယ်ဆောင်ရလွယ်ကူတာကြောင့် Office သွားတာပဲဖြစ်ဖြစ်၊ Meeting သွားတာပဲဖြစ်ဖြစ်၊ ခရီးသွားတဲ့အချိန်မှာပဲဖြစ်ဖြစ် သင့် Laptop ကို စိတ်ချစွာ ကာကွယ်ပေးနိုင်ပါသည်။ ရေစိုခံနိုင်တဲ့ Fabric Material အသုံးပြုထားတာကြောင့် နေ့စဉ်အသုံးပြုရာမှာ ပိုမိုအဆင်ပြေစေပါသည်။ လက်ကိုင် Handle ပါဝင်ပြီး ဖြုတ်တပ်နိုင်တဲ့ Adjustable Shoulder Strap ပါရှိလို့ လိုသလို အလွယ်တကူ သယ်ဆောင်နိုင်ပါသည်။

RIVACASE 8481 20" Black ECO Travel Carry-On Hand Cabin Luggage
393,000 Ks

RIVACASE 8481 20" Black ECO Travel Carry-On Hand Cabin Luggage လေးသည် Business Trip ပဲဖြစ်ဖြစ်၊ Vacation Trip ပဲဖြစ်ဖြစ် သယ်ဆောင်ရလွယ်ကူပြီး Professional Look ရရှိစေပါသည်။ ရေစိုခံနိုင်တဲ့ ECO-Friendly RPET Polyester Material ကို အသုံးပြုထားတာကြောင့် ပေါ့ပါးပြီး အသုံးပြုရာတွင် အကြမ်းခံပါသည်။ 360° လှည့်နိုင်တဲ့ Double Spinner Wheels 4 လုံးပါဝင်ပြီး Brake ပါဝင်တဲ့ Wheel System ထည့်သွင်းပေးထားပါသည်။ 3-Section Aluminum Trolley Handle ပါတာကြောင့် သယ်ဆောင်ရာတွင်လည်း သက်တောင့်သက်သာရှိစေပါသည်။

RIVACASE 8290 16-inch Charcoal Black Convertible Laptop Bag
195,000 Ks

RIVACASE 8290 16-inch Charcoal Black Convertible Laptop Bag လေးသည် Laptop နှင့် Notebook မျိုးစုံ ထည့်သွင်းအသုံးပြုနိုင်ပြီး အတွင်းပိုင်းတွင် Cushion Padding ပါဝင်တာကြောင့် Laptop ကို ထိခိုက်မှုမှ ကာကွယ်ပေးနိုင်ပါသည်။ အရှေ့ဘက် Zipper Pocket ပါဝင်၍ Charger၊ Mouse၊ Cable၊ Adapter နှင့် Accessories များကို သီးသန့်သိမ်းဆည်းနိုင်ပါသည်။ လက်ကိုင်ဖြင့်လည်း သယ်နိုင်ပြီး Shoulder Strap တပ်ဆင်အသုံးပြုနိုင်ပါသည်။ နေ့စဉ်ရုံးသုံး၊ ကျောင်းသွား၊ Business Meeting သို့မဟုတ် Travel အတွက် အဆင်ပြေစေမည့် ပစ္စည်းလေးဖြစ်ပါသည်။

RIVACASE 8135 15.6-inch Business Attache Laptop Bag
168,000 Ks

RIVACASE Business Attache Laptop Bag သည် နေ့စဉ်အလုပ်၊ ကျောင်းနှင့် Business အသုံးပြုရန် အထူးသင့်တော်သော Premium Laptop Bag ဖြစ်သည်။ Herringbone Pattern Fabric နှင့် Faux Leather ပေါင်းစပ်ဒီဇိုင်းဖြင့် ခေတ်မီလှပပြီး ထူထဲသော အကာအကွယ်ကြောင့် Laptop ကို ထိခိုက်မှုမှ ကာကွယ်ပေးနိုင်သည်။ 15.6" Laptop အပြင် 10.1" Tablet၊ စာရွက်စာတမ်းများ၊ Charger၊ Cable နှင့် အခြား Accessories များကို သီးသန့်စနစ်တကျ သိမ်းဆည်းနိုင်သည့် အခန်းများပါရှိသည်။ Dual Zipper နှင့် အရှည်ညှိနိုင်သော ဖြုတ်တပ်လွယ် Shoulder Strap တို့ပါဝင်ပြီး သယ်ဆောင်ရ လွယ်ကူကာ နေ့စဉ်အသုံးပြုရန် အထူးအဆင်ပြေသော Laptop Bag တစ်လုံးဖြစ်သည်။

Rivacase 7931 15.6-inch Black Laptop Bag
105,500 Ks

Rivacase 7931 Black Laptop Bag လေးသည် အရွယ်အစား ၁၅.၆လက်မရှိပြီး Laptop ကို လုံခြုံစွာ ကာကွယ်ပေးနိုင်ပါသည်။ ပေါ့ပါးပြီး သယ်ဆောင်ရလွယ်ကူတဲ့ Dual Carry Handle Design ပြလုပ်ပေးထားပြီး အရည်အသွေးမြင့် Fabric ဖြင့် ပြုလုပ်ထားတာကြောင့် ကြာရှည်အသုံးခံပါသည်။ နေ့စဉ် Office သွားခြင်း၊ Business Meeting တက်ခြင်း၊ ကျောင်း/တက္ကသိုလ်သွားခြင်းအတွက် အထူးသင့်တော်တဲ့ Laptop Bag ဖြစ်ပါသည်။

Rivacse 7531 15.6-inch ECO Laptop Bag
112,500 Ks

Rivacse ကထုတ်လုပ်ထားတဲ့ 7531 ECO Laptop Bag လေးသည် ရိုးရှင်းသန့်ရှင်းတဲ့ Gray Color Design နဲ့ Professional Look ကို ပေးစွမ်းပြီး Laptop ကို ထိခိုက်မှုမရှိအောင် လုံခြုံစွာ သိမ်းဆည်းသယ်ဆောင်နိုင်ပါသည်။ အရှေ့ဘက် Pocket ပါရှိပြီး Charger, Mouse, Cable, Notebook စသည့် Accessories များ သိမ်းဆည်းနိုင်ပါသည်။ ခိုင်ခံ့သော Dual Handle ဖြင့် သယ်ဆောင်ရ လွယ်ကူပြီး နေ့စဉ် Office သွားလာခြင်း၊ ကျောင်းတက်ခြင်း၊ Business Trip သွားခြင်းတို့အတွက် အဆင်ပြေစေမည့် Laptop Bag လေးဖြစ်ပါသည်။

Rivacase 7731 15.6-inch Dark Grey Laptop Bag
117,000 Ks

Rivacase 7731 15.6-inch Laptop Bagသည် နေ့စဉ်အလုပ်၊ ကျောင်းနှင့် Business အသုံးပြုမှုများအတွက် အထူးသင့်တော်သော Premium Laptop Bag ဖြစ်သည်။ အရည်အသွေးမြင့် Water-Resistant Polyester ဖြင့် ပြုလုပ်ထားသောကြောင့် မိုးရေစိုမှုနှင့် နေ့စဉ်အသုံးပြုမှုမှ ထိခိုက်မှုများကို လျော့ချပေးနိုင်သည်။ 15.6" Laptop အပြင် 10.5" Tablet၊ စာရွက်စာတမ်းများ၊ Wallet၊ Passport နှင့် အခြား Accessories များကို သီးသန့်စနစ်တကျ သိမ်းဆည်းနိုင်သော အခန်းများစွာပါရှိပြီး ရှေ့ဘက် Zipper Pocket တွင် Smartphone၊ Business Card နှင့် အသုံးအဆောင်ပစ္စည်းများကို အလွယ်တကူ ထည့်သိမ်းနိုင်၍ ဖြုတ်တပ်နိုင်သော Key Strap လည်း ပါဝင်သည်။

Rivacase 5420 Black Urban Print Backpack Skaters
120,000 Ks

Rivacase 5420 Black Urban Print Backpack Skaters သည် လူငယ်များ၊ ကျောင်းသားကျောင်းသူများနှင့် နေ့စဉ်သွားလာလှုပ်ရှားသူများအတွက် ခေတ်မီပြီး စတိုင်ကျသော ဒီဇိုင်းဖြင့် ဖန်တီးထားသည့် Backpack အမျိုးအစားဖြစ်သည်။ Classic Black အရောင်ပေါ်တွင် Skaters Urban Graphic Design ကို ပေါင်းစပ်ထားသည့်အတွက် ထူးခြားလန်းဆန်းသော အသွင်အပြင်ကို ရရှိစေပါသည်။ အရည်အသွေးမြင့် Water-Repellent Polyester Fabric ဖြင့် ပြုလုပ်ထားသောကြောင့် ရေစိုမှုအနည်းငယ်နှင့် နေ့စဉ်အသုံးပြုမှုများကို ခံနိုင်ရည်ရှိစေပြီး အတွင်းရှိ ပစ္စည်းများကို ကာကွယ်ပေးရန် အထောက်အကူပြုပါသည်။ Laptop အသေးစား၊ Tablet၊ စာအုပ်နှင့် နေ့စဉ်သုံးပစ္စည်းများကို စနစ်တကျ ထည့်သိမ်းနိုင်စေရန် အတွင်းပိုင်းသီးသန့်အကန့်နှင့် ရှေ့ဘက် Zipper Pocket တို့ ပါဝင်ပါသည်။ ဖုန်း၊ ဘောပင်နှင့် အသုံးအဆောင်ပစ္စည်းအသေးစားများကို စနစ်တကျ စီစဉ်သိမ်းဆည်းနိုင်သည့်အတွက် လိုအပ်သည့်အချိန်တွင် လွယ်ကူစွာ ထုတ်ယူအသုံးပြုနိုင်ပါသည်။ Dual Zipper Pulls ဒီဇိုင်းကြောင့် အိတ်ဖွင့်ပိတ်ရာတွင် အဆင်ပြေစေပြီး Detachable Key Strap နှင့် Strap-Keeper Loop တို့က သော့များကို အလွယ်တကူ ချိတ်ဆွဲနိုင်စေသည့်အပြင် ပိုနေသော Shoulder Strap များကိုလည်း သပ်ရပ်စွာ ထိန်းသိမ်းနိုင်စေပါသည်။

Rivacase 7761 15.6-inch Laptop Backpack
191,500 Ks

Rivacase 7761 သည် နေ့စဉ်ရုံးတက်ခြင်း၊ ကျောင်းတက်ခြင်းနှင့် ခရီးသွားခြင်းတို့အတွက် အသုံးပြုနိုင်သော Laptop ကျောပိုးအိတ်ဖြစ်ပါသည်။ အရည်အသွေးကောင်းမွန်သော ရေစိုဒဏ်ခံနိုင်သည့် ပစ္စည်းဖြင့် ထုတ်လုပ်ထားပြီး 15.6 လက်မအထိ Laptop များကို ထည့်သွင်းသယ်ဆောင်နိုင်သည်။ Laptop အကန့်၏ ဘေးနှစ်ဖက်နှင့် အောက်ခြေတွင် အကာအကွယ်အတွက် ပျော့ပျောင်းသော Padding များပါဝင်သည့်အပြင် 10.5 လက်မအထိ Tablet အတွက် သီးသန့်အိတ်ကပ်လည်း ထည့်သွင်းပေးထားပါသည်။ ကျယ်ဝန်းသော အဓိကအကန့်တွင် စာရွက်စာတမ်းများနှင့် အသုံးအဆောင်ပစ္စည်းများကို စနစ်တကျထည့်သွင်းနိုင်ပြီး အတွင်းဘက်ရှိ ဇစ်ပါကွက်သားအိတ်ကပ်တွင် ပစ္စည်းအသေးများကို သိမ်းဆည်းနိုင်သည်။ ရှေ့ဘက်ဇစ်ပါအိတ်ကပ်တွင် ဖုန်း၊ လိပ်စာကတ်နှင့် Accessories များ ထည့်သွင်းနိုင်ပြီး ဖြုတ်တပ်နိုင်သော သော့ချိတ်ကြိုးလည်း ပါဝင်ပါသည်။ ကျောဘက်တွင် Passport သို့မဟုတ် ပိုက်ဆံအိတ်အတွက် လျှို့ဝှက်အိတ်ကပ်နှင့် ဘေးနှစ်ဖက်တွင် ရေဘူးထည့်ရန် အိတ်ကပ်များ ပါရှိသည်။ ပျော့ပျောင်းသော လက်ကိုင်နှင့် Padding ပါ ပခုံးကြိုးများက သက်သောင့်သက်သာ သယ်ဆောင်နိုင်စေပြီး Strap Management System က ပိုလျှံနေသော ကြိုးစများ တွဲလောင်းကျနေခြင်းကို ထိန်းသိမ်းပေးပါသည်။

RIVACASE 7903 13.3-inch Sleeve MacBook Handbag
98,000 Ks

RIVACASE 7903 သည် 13.3 လက်မအထိ Laptop၊ Ultrabook နှင့် Tablet များကို ထည့်သွင်းသယ်ဆောင်နိုင်သော Sleeve အိတ်ဖြစ်ပါသည်။ အရည်အသွေးကောင်းမွန်သည့် Faux Leather နှင့် ခိုင်ခံ့သော Polyester ဖြင့် ပြုလုပ်ထားသည့် ငါးရိုးပုံစံ ရက်ကန်းသား Tweed Herringbone Fabric တို့ကို ပေါင်းစပ်အသုံးပြုထားသောကြောင့် သပ်ရပ်လှပပြီး နေ့စဉ်အသုံးပြုရာတွင် အဆင်ပြေစေပါသည်။ ရှေ့ဘက်တွင် Accessories နှင့် အသုံးအဆောင်ပစ္စည်းအသေးများကို သီးခြားသိမ်းဆည်းနိုင်သော ဇစ်ပါအိတ်ကပ် ပါဝင်သည်။ အချိုးမညီသော ဇစ်နှစ်ခုပါ အဖွင့်ဒီဇိုင်းက Laptop သို့မဟုတ် Tablet ကို အလွယ်တကူ ထည့်သွင်းထုတ်ယူနိုင်စေပြီး နေ့စဉ်သယ်ဆောင်ရာတွင် အဆင်ပြေစေသည်။ 12.9 လက်မမှ 13.3 လက်မအထိ Tablet နှင့် Laptop များအတွက် ထုတ်လုပ်ထားပြီး iPad Pro 12.9၊ MacBook Air 13 နှင့် MacBook Pro 13 တို့အပါအဝင် အရွယ်အစားကိုက်ညီသည့် စက်ပစ္စည်းများနှင့် အသုံးပြုနိုင်သည်။ ရုံး၊ ကျောင်းနှင့် ခရီးသွားရာတွင် မိမိ၏စက်ပစ္စည်းကို သပ်သပ်ရပ်ရပ် ထည့်သွင်းသယ်ဆောင်လိုသူများအတွက် သင့်လျော်သော Laptop Sleeve ဖြစ်ပါသည်။

RIVACASE 8992 14-inch Lady's Laptop Bag
184,000 Ks

RIVACASE 8992 14-inch Lady's Laptop Bag သည် ခေတ်မီလှပသော ဒီဇိုင်းနှင့် အသုံးဝင်မှုကို ပေါင်းစပ်ဖန်တီးထားသည့် Premium အမျိုးသမီးသုံး Laptop Bag တစ်မျိုးဖြစ်ပါသည်။ အိတ်၏ အပြင်ဘက်ကိုအရည်အသွေးမြင့် Water-Resistant PU Leather ဖြင့် ပြုလုပ်ထားသောကြောင့် ရေစက်များနှင့် အစိုဓာတ်ဒဏ်ကို ခံနိုင်ရည်ရှိပါသည်။ အတွင်းဘက်တွင် နူးညံ့ချောမွေ့သော Scratch-Resistant Polyester Lining ကို အသုံးပြုထားပြီး Laptop နှင့် အခြား Electronic Devices များကို ခြစ်ရာများဖြစ်ပေါ်ခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။Rivacase 8992 သည် ပုံမှန် Laptop 14 လက်မအထိနှင့် MacBook Pro 16 လက်မတို့အတွက် ဒီဇိုင်းပြုလုပ်ထားပြီး Tablet 10.5 လက်မအထိ ထည့်သွင်းနိုင်သော သီးသန့်အတွင်းအိတ်ကန့်လည်း ပါဝင်ပါသည်။ အဓိကအိတ်ကန့်တွင် Documents၊ Charger နှင့် နေ့စဉ်လိုအပ်သော အသုံးအဆောင်ပစ္စည်းများကို စနစ်တကျ သိမ်းဆည်းနိုင်ပြီး အတွင်းဘက် Zipper Pocket တွင် ပိုက်ဆံအိတ်နှင့် အရေးကြီးပစ္စည်းအသေးစားများကို သီးခြားထားရှိနိုင်ပါသည်။ အိတ်၏ လက်ကိုင်များကို ရှည်လျားခိုင်ခံ့သော Double-Stitched Shoulder Handles များဖြင့် တည်ဆောက်ထားသောကြောင့် လက်ဖြင့်ကိုင်ဆောင်ခြင်းနှင့် ပခုံးပေါ်တင်၍ သယ်ဆောင်ခြင်းတို့ကို သက်သောင့်သက်သာ ပြုလုပ်နိုင်ပါသည်။

RIVACASE 7821 14-inch Eden-ECO 14L Tote Bag
148,000 Ks

RIVACASE 7821 ECO Tote Bag သည် နေ့စဉ်ရုံးတက်ခြင်း၊ ကျောင်းတက်ခြင်းနှင့် ခရီးသွားခြင်းတို့အတွက် အသုံးပြုနိုင်သော သပ်ရပ်လှပသည့် Tote Bag ဖြစ်ပါသည်။ အရည်အသွေးကောင်းမွန်သော ရေစိမ့်မဝင်နိုင်သည့် ပစ္စည်းဖြင့် ပြုလုပ်ထားပြီး အပြင်သားတွင် ပါဝင်သည့် Recycled Polyester ၏ အလေးချိန်သည် အဖုံးနှင့် Label မပါသော 500 ml PET ဘူးခွံ ၁၁ ဘူးခန့်၏ အလေးချိန်နှင့် ညီမျှသည်။ ကျယ်ဝန်းသော အဓိကအကန့်အတွင်း ပစ္စည်းအသေးများကို လုံခြုံစွာသိမ်းဆည်းနိုင်ရန် ဇစ်ပါအိတ်ကပ်တစ်ခုနှင့် ရေဘူး၊ ထီးတို့အတွက် သီးသန့်အိတ်ကပ်နှစ်ခု ပါဝင်သည်။ Laptop နှင့် Tablet အတွက် သီးခြားအကန့်တွင် 13.3–14 လက်မအထိ ပစ္စည်းများကို ထည့်သွင်းနိုင်ပြီး ထူထဲသော ဘေးဘက် Padding များက သယ်ဆောင်စဉ် အကာအကွယ်ပေးနိုင်ရန် အထောက်အကူပြုသည်။ ရှေ့ဘက်ရှိ အိတ်ကပ်တွင် ဖုန်း၊ Passport သို့မဟုတ် ပိုက်ဆံအိတ်ကဲ့သို့ မကြာခဏအသုံးပြုရသော ပစ္စည်းများကို အလွယ်တကူ ထည့်သွင်းထုတ်ယူနိုင်သည်။ ရှည်လျားပြီး သက်သောင့်သက်သာရှိသော လက်ကိုင်ကြိုးများကြောင့် လက်ဖြင့်ကိုင်ဆောင်ခြင်း သို့မဟုတ် ပခုံးပေါ်လွယ်ခြင်းတို့ကို အဆင်ပြေစွာ ပြုလုပ်နိုင်သည်။ ဘီးပါခရီးဆောင်အိတ်၏ လက်ကိုင်၌ တွဲချိတ်နိုင်သော Trolley Strap ပါဝင်သဖြင့် ခရီးသွားရာတွင်လည်း လွယ်ကူစွာ သယ်ဆောင်နိုင်သည်။

Login to chat with us