LG Non-Smart TV Remote
LG Non-Smart TV Remote လေးကတော့ LG Non-Smart TV အတွက် အသုံးပြုရအဆင်ပြေစေသော Remote လေးဖြစ်ပါသည်။
LG S3Q12JAPAL Split Type Aircon (1.5HP, R32, Inverter)
LG S3Q12JAPAL Split Type Aircon လေးသည် Capacity 1.5HP နဲ့ဖြစ်ပြီး အိပ်ခန်းကျယ်ကျယ် ဒါမှမဟုတ် ဧည့်ခန်း အလတ်စား (၁၅၀ မှ ၂၀၀ စတုရန်းပေ ပတ်ဝန်းကျင်) အတွက် အထူးသင့်လျော်ပါသည်။ Dual Inverter နည်းပညာကို အသုံးပြုထားတာကြောင့် စွမ်းအင်ချွေတာမှုမှာရော အအေးမြန်ဆန်မှုမှာပါ အလွန်ကောင်းမွန်ပါသည်။ Dual Inverter Compressor ဖြစ်တာမို့ သာမန် Inverter တွေထက် ပိုမိုမြန်ဆန်စွာ အေးမြစေပြီး လျှပ်စစ်မီးကို ၇၀% ထိ ချွေတာပေးနိုင်သလို ဆူညံသံကိုလည်း အနိမ့်ဆုံးအထိ လျှော့ချပေးနိုင်ပါသည်။ R32 Refrigerant က သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု့နည်းစေတဲ့အပြင် မီးအား အတက်အကျရှိတဲ့ နေရာတွေမှာ အဲကွန်းပျက်စီးမှုကို ကာကွယ်ပေးနိုင်တဲ့ Safe Voltage Range ပါဝင်ပါသည်။ Gold Fin™ Condenser နဲ့ပြုလုပ်ထားတာကြောင့် အပြင်ပိုင်းကွိုင်တွေကို သံချေးတက်ခြင်းနဲ့ တိုက်စားခြင်းများကနေ ကာကွယ်ပေးတာကြောင့် ရေရှည်အသုံးပြုရာတွင် အဆင်ပြေစေမည့်ပစ္စည်းလေးဖြစ်ပါသည်။
LG OLED77G5PSA 77" QLED AI Processor 4K Smart TV
LG OLED77G5PSA TV ဟာ LG ရဲ့ ၂၀၂၅ ခုနှစ်ထွက် အကောင်းဆုံးနဲ့ အမြင့်ဆုံး Gallery Series TV အမျိုးအစား ဖြစ်ပါတယ်။ အဆင့်မြင့် OLED နည်းပညာကို အသုံးပြုထားတာဖြစ်လို့ Pixel တစ်ခုချင်းစီက အလင်းကို အပိတ်အဖွင့် လုပ်နိုင်စွမ်းရှိပါတယ်။ ဒါကြောင့် အမည်းရောင်ကို စစ်စစ်အတိုင်း မြင်တွေ့ရမှာဖြစ်သလို ကာလာအရောင်အသွေးတွေကလည်း အလွန်တောက်ပပြီး သဘာဝကျလှပါတယ်။ အထူးသဖြင့် LG ရဲ့ နောက်ဆုံးပေါ် α11 AI Processor 4K ကို ထည့်သွင်းပေးထားလို့ ရုပ်ထွက်နဲ့ အသံပိုင်းကို AI က အလိုအလျောက် အကောင်းဆုံးဖြစ်အောင် ပြုပြင်ပေးနိုင်ပြီး ယခင်မော်ဒယ်တွေထက် ပိုမိုမြန်ဆန် စမတ်ကျလာတာကို တွေ့ရမှာပါ။
LG 55UA7350PSB 55" UHD 4K Smart TV
LG ကနေထွက်ထားတဲ့ 55UA7350PSB UHD Smart TV လေးကတော့ 4k resolution နဲ့ဖြစ်ပြီး မျက်နှာပြင် 55လက်မနဲ့မို့ ကြည်လင်ပြတ်သားပြီး အသေးစိတ်ကျတဲ့ ရုပ်ထွက်ကို ရရှိစေမှာဖြစ်ပါသည်။Audio Output: 20W ဖြစ်လို့ ကောင်းမွန်တဲ့ အသံကို ပေးစွမ်းနိုင်ပါသည်။ Wi-Fi 5 ၊ Bluetooth 5.1 နဲ့ချိတ်ဆက်နိုင်မှာဖြစ်ပြီးတော့ HDMI2.0x3 , USB2.0x2 ports များပါဝင်ပါသည်။ AI စနစ်သုံး ရုပ်ထွက်နှင့် အသံစွမ်းဆောင်ရည် ကောင်းမွန်မှုနှင့် ချိတ်ဆက်နိုင်မှုတို့ကြောင့် အိမ်သုံးအတွက်ဖြစ်စေ၊ လုပ်ငန်းသုံးအတွက်ဖြစ်စေ စွမ်းဆောင်ရည် စိတ်ချရတဲ့ Premium လိုင်းခွဲ TV တစ်လုံး ဖြစ်ပါသည်။ အသံဖြင့် အမိန့်ပေးခိုင်းစေနိုင်တဲ့ Voice Control ပါဝင်ပြီး၊ Drag & Drop လုပ်ဆောင်ချက်တွေကြောင့် TV Control လုပ်ရတာ ပိုမိုမြန်ဆန်စေပါသည်။
LG 65UA7350PSB 65" UHD 4K Smart TV
LG 65UA7350PSB 65" UHD 4K Smart TV လေးကတော့ ပိုမိုကြီးမားကျယ်ပြန့်တဲ့ 65" Screen ပေါ်မှာ 3840 x 2160 Resolution နဲ့ ဖြစ်တဲ့အတွက် အိမ်မှာတင် ရုပ်ရှင်ရုံလို ခံစားချက်မျိုးကို ပေးစွမ်းနိုင်ပါတယ်။ စွမ်းရည်မြင့် α7 AI Processor 4K Gen8 က ရုပ်ထွက်တွေကို အလိုအလျောက် ပိုမိုတောက်ပ၊ ပြတ်သားအောင်လုပ်ပေးပါသည်။ 60Hz Native Refresh Rate ပါဝင်ပါပြီး ဂိမ်းကစားနေစဉ် ရုပ်ထွက် Detail တွေကို Dashboard ကနေ စိတ်ကြိုက် အလွယ်တကူ ချိန်ညှိနိုင်ပါတယ်။ webOS Smart TV ဖြစ်လို့ Netflix, YouTube, Viu, Disney+ တို့ကို Application ချောချောမွေ့မွေ့နဲ့ ဖွင့်လှစ်နိုင်ပြီး အပန်းဖြေနိုင်ပါသည်။
LG 43NU855BPSA 43-inch Nano 4K UHD AI Smart TV
LG 43NU855BPSA 43-inch Nano 4K UHD AI Smart TV သည် NanoCell Display Technology နှင့် α7 AI Processor 4K Gen9 ကို အသုံးပြုထားသော Smart TV ဖြစ်ပြီး သဘာဝကျသော အရောင်အသွေး၊ ကြည်လင်ပြတ်သားသော 4K UHD ရုပ်ထွက်နှင့် AI စနစ်ဖြင့် ပုံရိပ်နှင့် အသံကို အလိုအလျောက် ပိုမိုကောင်းမွန်အောင် ချိန်ညှိပေးနိုင်ပါသည်။ HDR10 နှင့် HLG ကို ထောက်ပံ့ထားသည့်အတွက် အလင်းအမှောင်အသေးစိတ်များကို ပိုမိုပြတ်သားစွာ ကြည့်ရှုနိုင်ပြီး 4K Super Upscaling နည်းပညာဖြင့် Resolution နိမ့်သော Content များကိုလည်း 4K အရည်အသွေးနီးပါးအထိ မြှင့်တင်ပေးနိုင်ပါသည်။ webOS 26 Smart Platform ပါဝင်သောကြောင့် YouTube၊ Netflix နှင့် အခြား Streaming App များကို အလွယ်တကူ အသုံးပြုနိုင်သလို AI Voice Control၊ LG ThinQ၊ Apple AirPlay၊ Google Cast စသည့် Smart Feature များလည်း ပါဝင်ပါသည်။ ထို့အပြင် 20W 2.0 Channel Speaker နှင့် AI Sound Optimization တို့ကြောင့် ရုပ်ရှင်ကြည့်ခြင်း၊ ဂိမ်းကစားခြင်းနှင့် နေ့စဉ်ဖျော်ဖြေရေးအတွက် ရုပ်သံနှင့် အသံအရည်အသွေးကောင်းမွန်သော Smart TV တစ်လုံးဖြစ်ပါသည်။