Green Tech GTBS-M3200 Scanner
Green Tech GTBS-M3200 Scanner ၏ Optical Resolution ကတော့ 1280 pixels ဖြစ်ပါသည်။ Scanner Type အနေနဲ့ Barcode Scanner ကိုအသုံးပြုပေးထားပါသည်။ Scanner Type Barcode Scanner Photoelectronic Device ကတော့ CCD ကိုသုံးပေးထားပါသည်။ Green Tech GTBS-M3200 Scanner ၏ Weight ကတော့ 600g ဖြစ်ပါသည်။ Interface ကတော့ USB 2.0 ဖြစ်ပါသည်။
Green Tech 650W ATX Power Supply
Green Tech 620W Power Supply သည် fan size 120mm ရှိသောကြောင့် ဆူညံမှု မရှိစေရန်ထိန်းသိမ်းပေးနိုင်မှာဖြစ်ပါသည်။ 80 plus ပါဝင်သောကြောင့် ပါဝါစားသော game, software များအတွက်သင့်တော်သည်။
Green Tech GTC-D072 Casing
Green Tech GTC-D072 သည် နေ့စဉ်အသုံးပြုရန်နှင့် Office / Home PC Build များအတွက် သင့်တော်သော Mid Tower Computer Casing ဖြစ်သည်။ ခိုင်ခံ့သော ကိုယ်ထည်ဒီဇိုင်း၊ အတွင်းပိုင်းတပ်ဆင်ရလွယ်ကူမှုနှင့် Front I/O တွင် USB 2.0 Port (2) ခု၊ HD Audio Port တို့ပါဝင်သဖြင့် အခြေခံ Desktop System များအတွက် အဆင်ပြေသော ရွေးချယ်မှုတစ်ခုဖြစ်သည်။
Green Tech GTS-S6 Extension
Green Tech ကထုတ်လုပ်ထားတဲ့ GTS-S6 Extension လေးကတော့ 6-Way Universal Socket ပါဝင်တာကြောင့် ပစ္စည်းအများအပြားကို တစ်ပြိုင်နက်တည်း ချိတ်ဆက်အသုံးပြုနိုင်ပြီး Overload Protector နှင့် Surge Protection စနစ်များ ပါဝင်တာကြောင့် လျှပ်စစ်အန္တရာယ်များမှ ကာကွယ်ပေးနိုင်ပါသည်။ Socket တစ်ခုချင်းစီအတွက် Switch သီးသန့်ပါဝင်သောကြောင့် မလိုအပ်သော Socket များကို ပိတ်ထားနိုင်ပြီး လျှပ်စစ်မီးစားနှုန်း လျော့ချနိုင်ပါသည်။ Socket အတွင်း Safety Shutter ပါဝင်သောကြောင့် ကလေးများ မတော်တဆ ထိတွေ့မိခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။ Socket အလုပ်လုပ်နေမှုကို အလွယ်တကူ စစ်ဆေးနိုင်ရန် LED Indicator Light များ ပါဝင်တဲ့အပြင် အပူဒဏ်ခံနိုင်သော အရည်အသွေးမြင့် Plastic ဖြင့် ထုတ်လုပ်ထားပြီး ကြာရှည်အသုံးခံနိုင်ပါသည်။
Green Tech GTS-S5 Extension
Green Tech ကထုတ်တဲ့ အရည်အသွေးကောင်းတဲ့ GTS-S5 Extension လေးကတော့ Overload Protection, Surge Protection နှင့် Safety Shutter စနစ်များ ပါဝင်တာကြောင့် မီးအားမတည်ငြိမ်မှုများ၊ Voltage Spike များကြောင့် ပစ္စည်းထိခိုက်ပျက်စီးနိုင်မှုကို လျော့ချပေးနိုင်ပါသည်။ 5 Way Universal Socket Design ဖြင့် UK, EU, US နှင့် AUS Plug မျိုးစုံကို ထောက်ပံ့ပေးနိုင်ပြီး Individual Power Switch များ တပ်ဆင်ထားသောကြောင့် Socket တစ်ခုချင်းစီကို သီးသန့် ထိန်းချုပ်နိုင်ပါသည်။ LED Indicator Light ပါဝင်သဖြင့် Power Status ကို အလွယ်တကူ သိရှိနိုင်ပြီး Surge Protector နှင့် Overload Protector စနစ်များကြောင့် TV, Computer, Refrigerator, Washing Machine, Game Console, Notebook နှင့် အခြား အီလက်ထရွန်းနစ်ပစ္စည်းများကို ပိုမိုလုံခြုံစွာ အသုံးပြုနိုင်ပါသည်။
Green Tech GTS-S4 Extension
Green Tech ကထုတ်လုပ်ထားသော အရည်အသွေးကောင်းတဲ့ GTS-S4 Extension လေးကတော့ 4-Way Universal Socket ပါဝင်ပြီး အမျိုးမျိုးသော Plug Type များကို အသုံးပြုနိုင်သလို Surge Protector နှင့် Overload Protection System ပါဝင်ပါသည်။ Socket တစ်ခုချင်းစီအတွက် Individual Power Switch များပါဝင်ပြီး အသုံးမလိုသော Socket များကို သီးသန့်ပိတ်ထားနိုင်တာကြောင့် လျှပ်စစ်စွမ်းအင်ကို ချွေတာပါသည်။ afety Shutter Design ပါဝင်တာကြောင့် ကလေးငယ်များ မတော်တဆ ထိတွေ့မိခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။ 5 မီတာရှည်လျားတဲ့ Cable ကို အသုံးပြုထားတာကြောင့် Socket Point နဲ့ အကွာအဝေးရှိတဲ့ နေရာများမှာလည်း အလွယ်တကူ အသုံးပြုနိုင်ပြီး အိမ်၊ ရုံး၊ Meeting Room၊ Shop Counter နှင့် Workstation များအတွက် အဆင်ပြေစေမည့် ပစ္စည်းလေးဖြစ်ပါသည်။
Green Tech GTS-S3 Extension
Green Tech ကထုတ်လုပ်ထားတဲ့ GTS-S3 Extension လေးသည် အရည်အသွေးမြင့် Plastic Material ဖြင့် ထုတ်လုပ်ထားပြီး 3 Way Universal Socket ဒီဇိုင်းကြောင့် UK Plug, US Plug, EU Plug နှင့် AUS Plug မျိုးစုံကို အဆင်ပြေစွာ အသုံးပြုနိုင်ပါသည်။ 3 Meter အရှည်ရှိ Cable ပါဝင်သောကြောင့် Plug Point နှင့် အကွာအဝေးရှိနေသည့် နေရာများတွင်လည်း လွယ်ကူစွာ အသုံးပြုနိုင်ပြီး၊ Socket တစ်ခုချင်းစီအတွက် Individual Power Switch များ သီးသန့်ပါရှိသဖြင့် မလိုအပ်သော စက်ပစ္စည်းများကို အလွယ်တကူ ပိတ်/ဖွင့်နိုင်ပါသည်။ Overload Protection System ပါဝင်သောကြောင့် Load အလွန်များလာသောအခါ အလိုအလျောက် ကာကွယ်ပေးနိုင်ပြီး မီးလောင်ကျွမ်းမှုအန္တရာယ်ကို လျှော့ချပေးနိုင်ပါသည်။ Safety Shutter Design ပါရှိခြင်းကြောင့် ကလေးများရှိသော အိမ်များတွင်လည်း ပိုမိုလုံခြုံစွာ အသုံးပြုနိုင်ပါသည်။
Green Tech GTS-U6 Extension
Green Tech ကထုတ်လုပ်ထားသော GTS-U6 Extension လေးသည် Universal Socket ၆ ပေါက်ပါဝင်ပြီး Device မျိုးစုံကို တစ်ပြိုင်နက် အသုံးပြုနိုင်သလို USB Port ၂ ပေါက်ပါဝင်တာကြောင့် ဖုန်း၊ Tablet နှင့် အခြား USB Device များကို Adapter မလိုဘဲ အားသွင်းနိုင်ပါသည်။ Individual Power Switch ပါဝင်တဲ့အတွက် Socket တစ်ပေါက်ချင်းစီကို သီးခြား On/Off ပြုလုပ်နိုင်ပြီး မလိုအပ်တဲ့ စက်ပစ္စည်းတွေကို ပိတ်ထားနိုင်တာကြောင့် လျှပ်စစ်ဓာတ်အား ချွေတာနိုင်ပါသည်။ LED Indicator Light ပါဝင်လို့ အသုံးပြုနေမှုအခြေအနေကို အလွယ်တကူ သိရှိနိုင်ပြီး Surge Protector System ပါဝင်တာကြောင့် မီးအားတက်ခြင်း၊ မတည်ငြိမ်သော Voltage ကြောင့် ဖြစ်ပေါ်နိုင်တဲ့ အန္တရာယ်များကို လျော့ချပေးနိုင်ပါသည်။
Green Tech GTS-E5 Extension
Green Tech ကထုတ်တဲ့ အရည်အသွေးကောင်းတဲ့ GTS-E5 Extension လေးကတော့ Universal Socket Design ပါဝင်သောကြောင့် Plug အမျိုးမျိုးကို အဆင်ပြေစွာ ချိတ်ဆက်အသုံးပြုနိုင်ပြီး Surge Protector စနစ်ပါဝင်သဖြင့် မီးအားအတက်အကျကြောင့် ဖြစ်ပေါ်နိုင်သော လျှပ်စစ်ထိခိုက်မှုများကို လျော့ချပေးနိုင်ပါသည်။ Socket ၅ ပေါက်ပါဝင်ပြီး စက်ပစ္စည်းများစွာကို တစ်ပြိုင်နက်တည်း ချိတ်ဆက်အသုံးပြုနိုင်ပါသည်။ အရှည် 3 မီတာရှိသော Cable ပါဝင်တာကြောင့် နေရာကျယ်ကျယ် အသုံးပြုနိုင်သည်။ Power ဝင်/မဝင် အခြေအနေကို LED Light ဖြင့် အလွယ်တကူ သိရှိနိုင်တဲ့အပြင် အရည်အသွေးမြင့် Plastic Material ဖြင့် ထုတ်လုပ်ထားသောကြောင့် အပူဒဏ်နှင့် ထိခိုက်မှုဒဏ်များကို ပိုမိုခံနိုင်ရည်ရှိသည်။
Green Tech GTS-U5 Extension
Green Tech ကထုတ်လုပ်ထားတဲ့ GTS-U5 လေးကတော့ Multi Plug Design နဲ့ USB Charging Port ပါဝင်တာကြောင့် ဖုန်း၊ Laptop၊ TV၊ Printer၊ Router စတဲ့ Device မျိုးစုံကို တစ်ပြိုင်နက်တည်း အဆင်ပြေစွာ ချိတ်ဆက်အသုံးပြုနိုင်ပါသည်။ Universal Socket ၅ ပေါက် ပါဝင်ပြီး Plug Type အမျိုးမျိုးကို လက်ခံနိုင်တာကြောင့် Adapter မလိုဘဲ Device မျိုးစုံ ချိတ်ဆက်အသုံးပြုနိုင်ပါသည်။ USB Port (2.4A) နှစ်ပေါက် ပါဝင်တာကြောင့် Smartphone၊ Tablet၊ Smart Watch နှင့် အခြား USB Device များကို Adapter မလိုဘဲ တိုက်ရိုက်အားသွင်းနိုင်ပါသည်။ Socket တစ်ပေါက်ချင်းစီအတွက် Independent Switch များ ပါဝင်သောကြောင့် အသုံးမပြုသည့် Device များကို တစ်ခုချင်း ပိတ်နိုင်ပြီး လျှပ်စစ်စွမ်းအင် ချွေတာနိုင်ပါသည်။ အရှည် 5 မီတာ Cable အသုံးပြုထားသောကြောင့် Socket Point နှင့် အကွာအဝေးရှိနေသည့် နေရာများတွင်လည်း အဆင်ပြေစွာ အသုံးပြုနိုင်မည့် ပစ္စည်းလေးဖြစ်ပါသည်။
Green Tech 700W Gold Power Supply
Green Tech Power Supply မှာတော့ 700W ပါဝင်ပြီး 80 Plus Gold နဲ့ဖြစ်ပါတယ်။ 12cm Fan တွေနဲ့ အလုပ်လုပ်ပေးမှာဖြစ်ပြီး အသုံးပြုရ အဆင်ပြေစေမှာဖြစ်ပါတယ်။
Green Tech GTS-E4 Extension
Green Tech ကထုတ်ထားတဲ့ GTS-E4 Extension လေးကတော့ Universal Socket 4 ပေါက်ပါဝင်သောကြောင့် EU Plug၊ US Plug နှင့် အခြား Standard Plug များကို အလွယ်တကူ အသုံးပြုနိုင်ပါသည်။ TV၊ Computer၊ Laptop၊ Printer၊ Router၊ Fan၊ Charging Adapter နှင့် အခြား အိမ်သုံး/ရုံးသုံး လျှပ်စစ်ပစ္စည်းများကို တစ်ပြိုင်နက် ချိတ်ဆက်အသုံးပြုနိုင်ပါသည်။ Power ON/OFF အခြေအနေကို အလွယ်တကူ သိရှိနိုင်ရန် LED Indicator Light ပါဝင်ထားပြီး အသုံးပြုနေမှုကို ရှင်းလင်းစွာ ဖော်ပြပေးပါသည်။ 3 မီတာရှည်သော အရည်အသွေးမြင့် Cable ကို အသုံးပြုထားသဖြင့် Plug Point နှင့် အကွာအဝေးရှိနေသည့် နေရာများတွင်လည်း အဆင်ပြေစွာ အသုံးပြုနိုင်ပါသည်။
Green Tech GTC-JC12 Casing
Green Tech ကထုတ်လုပ်ထားတာကြောင့် အရည်အသွေးကောင်းမွန်ပြီး ရိုးရှင်းသောဒီဇိုင်းဖြင့်ပြုလုပ်ထားသော Casing လေးဖြစ်ပါသည်။
Green Tech GTS-U4 Extension
Green Tech ကထုတ်တဲ့ GTS-U4 လေးကတော့ 4 Way Universal Socket ပါဝင်တာကြောင့် Plug Type မရွေး အသုံးပြုနိုင်ပြီး Laptop, Desktop Computer, TV, Refrigerator, Washing Machine, Printer, CCTV, Router စတဲ့ လျှပ်စစ်ပစ္စည်းအမျိုးမျိုးကို တစ်ပြိုင်နက် ချိတ်ဆက်အသုံးပြုနိုင်ပါသည်။ Surge Protection System ပါဝင်ထားတဲ့အတွက် မီးအားတက်ခြင်း၊ မီးအားကျခြင်း၊ လျှပ်စစ်လှိုင်းရိုက်ခတ်မှုများကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ထိခိုက်မှုများကို လျှော့ချပေးနိုင်သည်။ Socket တစ်ခုချင်းစီတွင် Safety Shutter System ထည့်သွင်းထားပြီး ကလေးငယ်များ မတော်တဆ လက်ချောင်းထိုးမိခြင်း သို့မဟုတ် သတ္တုပစ္စည်းများ ထည့်မိခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။ Individual Power Switch များ ပါဝင်သောကြောင့် Socket တစ်ခုချင်းစီကို သီးသန့်ဖွင့်/ပိတ် ပြုလုပ်နိုင်ပြီး မလိုအပ်တဲ့ ပစ္စည်းများကို ပိတ်ထားနိုင်သဖြင့် လျှပ်စစ်ဓာတ်အား ချွေတာနိုင်ပါသည်။ USB Charging Ports 2 ခု (2.4A) ပါဝင်တာကြောင့် Adapter မလိုဘဲ Smartphone, Tablet, Bluetooth Speaker, Smart Watch နှင့် အခြား USB Device များကို တိုက်ရိုက်အားသွင်းနိုင်ပါသည်။
Green Tech GTS-E3 Extension
Green Tech ကထုတ်လုပ်ထားသော အရည်ကောင်းတဲ့ GTS-E3 Extension ကတော့ Universal Socket ၃ ပေါက် ပါဝင်သောကြောင့် 2 Pin / 3 Pin Plug မျိုးစုံကို အဆင်ပြေစွာ ချိတ်ဆက်အသုံးပြုနိုင်ပါသည်။ 30 Joules / 1200 Amps Surge Protection ပါဝင်သဖြင့် လျှပ်စစ်ဗို့အား မတည်ငြိမ်ခြင်း၊ Voltage Spike ဖြစ်ခြင်းများကြောင့် ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များမှ ကာကွယ်ပေးနိုင်ပါသည်။ Power ဝင်နေခြင်းကို အလွယ်တကူ သိရှိနိုင်စေရန် LED Indicator Light တပ်ဆင်ပေးထားပါသည်။ အရှည် 3 Meter Cable ပါဝင်သောကြောင့် Plug Point နှင့် အကွာအဝေးရှိသည့် နေရာများတွင်လည်း အဆင်ပြေစွာ အသုံးပြုနိုင်ပါသည်။
Green Tech GTMP-XL Gaming Mouse Pad
Green Tech ကထုတ်လုပ်ထားပြီး အရည်အသွေးကောင်းမွန်သောကြောင့် အသုံးပြုရာတွင်အဆင်ပြေချောမွေ့စေမည့်ပစ္စည်းလေးဖြစ်ပါသည်။
Green Tech GTM-G5 Wired Gaming Mouse
Green Tech ကထုတ်လုပ်ထားတဲ့ Gaming Mouse G5 လေးကတော့ DPI 3200 နဲ့အလုပ်လုပ်ပေးမှာပဲဖြစ်ပါသည်။ Gaming Mouse ဖြစ်တာကြောင့် ဒီဇိုင်းပိုင်းကိုတော့ အမြင်ဆန်းဆန်းလေးနဲ့ပြုလုပ်ထားပြီး Gamer များအကြိုက်တွေ့စေမည့် ပစ္စည်းလေးဖြစ်ပါသည်။
Green Tech GTC-HD15 HDMI Cable 15m 4K
Green Tech GTC-HD15 HDMI Cable 15m 4K လေးကတော့ ကြိုးအရှည် 15မီတာဖြစ်တာကြောင့်လိုအပ်သလို အကွာအဝေး လှမ်းလှမ်းကနေ အသုံးပြုနိုင်ပါတယ်။ Resolution 4k ဖြစ်တာကြောင့် ကြည်လင်ပြတ်သားသော ရုပ်ထွက်ကို ရရှိစေမှာဖြစ်ပါတယ်။
Green Tech GTBG-23071 14-inch Laptop Bag
Green Tech GTBG-23071 14-inch Laptop Bag လေးဟာဆိုရင် သယ်ဆောင်ရလွယ်ကူစေပြီး ပစ္စည်းအမျိုးစားအစုံကို အကန့်တစ်ကန့်ချင်းစီသီးသန့်ခွဲခြားစွာထည့်သွင်းအသုံးပြုနိုင်မည့် laptop အိတ်လေးဖြစ်ပါသည်။
Green Tech GTBG-23069 14-inch Laptop Bag
Green Tech ကထုတ်ထားတဲ့ GTBG-23069 Laptop Bag လေးကတော့ အရွယ်အစား ၁၄လက်မရှိပြီး အမိုက်ဆုံးဒီဇိုင်းနဲ့ဖန်တီးပြုလုပ်ပေးထားပါသည်။ Laptop တစ်လုံးကို outdoor သယ်ဆောင်သွားဖို့အတွက် လုံခြုံမှု့ရှိစေရန် အသုံးပြုရာတွင် အဆင်ပြေချောမွေ့စေမည့် ပစ္စည်းလေးဖြစ်ပါသည်။
Green Tech GTBG-23059 14-inch Laptop Bag
Green Tech ကထုတ်ထားတဲ့ GTBG-23059 Laptop Bag လေးကတော့ အရွယ်အစား ၁၄လက်မရှိပြီး အမိုက်ဆုံးဒီဇိုင်းနဲ့ဖန်တီးပြုလုပ်ပေးထားပါသည်။ Laptop တစ်လုံးကို outdoor သယ်ဆောင်သွားဖို့အတွက် လုံခြုံမှု့ရှိစေရန် အသုံးပြုရာတွင် အဆင်ပြေချောမွေ့စေမည့် ပစ္စည်းလေးဖြစ်ပါသည်။
Green Tech GTCC-U13 Car Charger With Micro Cable
Green Tech ကထုတ်လုပ်ထားတဲ့ GTCC-U13 Car Charger With Micro Cable လေးကတော့ ကားအတွင်း မိုဘိုင်းဖုန်းနှင့် အခြား USB Device များကို အားသွင်းနိုင်ရန် အထူးဒီဇိုင်းထုတ်ထားသော အရည်အသွေးမြင့် Car Charger ဖြစ်ပါသည်။ 2.4A USB Output နှင့် 3.1A Type-C Output ပါဝင်သောကြောင့် အားသွင်းမြန်ဆန်ပြီး အသုံးပြုရအဆင်ပြေစေပါသည်။ Charging Cable ပါဝင်ပြီး Compact Design ဖြင့် သယ်ဆောင်ရလွယ်ကူသော ပစ္စည်းလေးဖြစ်ပါသည်။
Green Tech GTC-B49 Casing
Green Tech GTC-B49 Casing သည် ATX/Micro-ATX/Mini-ITX Motherboard များနှင့် တွဲဖက်အသုံးပြုနိုင်သော Mid Tower Computer Case ဖြစ်ပြီး လေဝင်လေထွက်ကောင်းမွန်သော ဒီဇိုင်း၊ အတွင်းပိုင်းကျယ်ဝန်းသော Layout နှင့် Hardware တပ်ဆင်ရလွယ်ကူမှုတို့ကို ပေါင်းစပ်ထားသည်။ Gaming PC သို့မဟုတ် Office PC တည်ဆောက်ရာတွင် Cable Management ကောင်းမွန်ပြီး အဆင့်မြင့် Cooling System များကို ထည့်သွင်းနိုင်သောကြောင့် Performance နှင့် သပ်ရပ်လှပမှုကို တစ်ပြိုင်နက်ရရှိစေသော PC Casing တစ်ခုဖြစ်သည်။
Green Tech GTC-B30 Casing
Green Tech GTC-B30 သည် နေ့စဉ်အသုံးပြုမှုနှင့် Gaming Build များအတွက် သင့်လျော်သော Mid Tower PC Casing ဖြစ်ပြီး ခေတ်မီဒီဇိုင်း၊ လေဝင်လေထွက်ကောင်းမွန်သော Airflow Design နှင့် Hardware တပ်ဆင်ရလွယ်ကူသော အတွင်းပိုင်းဖွဲ့စည်းပုံကို ပေါင်းစပ်ထားသည်။ ATX, Micro-ATX နှင့် Mini-ITX Motherboard များကို Support ပေးကာ Cooling Fan များနှင့် Storage Device များကို အဆင်ပြေစွာ တပ်ဆင်နိုင်သဖြင့် Performance နှင့် Cooling ကို မျှတစွာပေးစွမ်းနိုင်သော PC Case ဖြစ်သည်။
Green Tech GTC-B29 Casing
Green Tech GTC-B29 Casing သည် ATX/Micro-ATX/Mini-ITX Motherboard များနှင့် ကိုက်ညီသော Mid Tower PC Case ဖြစ်ပြီး နေ့စဉ်အသုံးပြုမှု၊ Office နှင့် Gaming Build များအတွက် သင့်တော်ပါသည်။ လေဝင်လေထွက်ကောင်းမွန်စေရန် Cooling Fan တပ်ဆင်နိုင်ပြီး၊ Cable Management ပြုလုပ်ရလွယ်ကူသည့် ဒီဇိုင်းဖြင့် သန့်ရှင်းသပ်ရပ်သော PC Build ကို ဖန်တီးနိုင်ပါသည်။ ခိုင်ခံ့သော ကိုယ်ထည်နှင့် ခေတ်မီသော အသွင်အပြင်ကြောင့် Performance နှင့် အလှတရားကို တစ်ပြိုင်နက် ရရှိစေသော Casing ဖြစ်ပါသည်။
Green Tech GTC-B42 Casing
Green Tech GTC-B42 Casing သည် ATX, Micro-ATX နှင့် Mini-ITX Motherboard များကို ထောက်ပံ့ပေးနိုင်သော Mid Tower PC Casing ဖြစ်ပြီး၊ ခိုင်ခံ့သောတည်ဆောက်ပုံနှင့် လေဝင်လေထွက်ကောင်းမွန်သော ဒီဇိုင်းကြောင့် Gaming နှင့် Office PC Build များအတွက် သင့်တော်ပါသည်။ Tempered Glass Side Panel ဖြင့် အတွင်းပိုင်း Hardware များကို လှပစွာပြသနိုင်ပြီး Cooling Fan တပ်ဆင်နိုင်သည့်နေရာများပါဝင်သောကြောင့် အပူထိန်းချုပ်မှုကောင်းမွန်ကာ Cable Management ကိုလည်း အဆင်ပြေစွာ စီမံနိုင်ပါသည်။
Green Apple 119A Cartridge
Green Apple ကထုတ်လုပ်ထားတဲ့ 119A Cartridge လေးကတော့ HP Color Laser Printer များအတွက် အရည်အသွေးကောင်းမွန်သော Compatible Toner Cartridge ဖြစ်ပြီး စာရွက်စာတမ်းများ၊ အစီရင်ခံစာများနှင့် နေ့စဉ်ရုံးသုံး Printing များအတွက် စာသားများကို ကြည်လင်ပြတ်သားစွာ ထုတ်ပေးနိုင်ပါသည်။ အရည်အသွေးကောင်းမွန်သော Toner Powder ကို အသုံးပြုထားသောကြောင့် Print Quality ကောင်းမွန်ပြီး တည်ငြိမ်သော Printing Performance ကို ပေးစွမ်းနိုင်သည်။
Green Tech GTUPS-P1250 1250VA 8.5Ah UPS
Green Tech GTUPS-P1250 1250VA 8.5Ah UPS သည် မီးအားမတည်ငြိမ်ခြင်းနှင့် မီးပျက်ခြင်းများကြောင့် ဖြစ်ပေါ်နိုင်သော အန္တရာယ်များမှ သင့်စက်ပစ္စည်းများကို ကာကွယ်ပေးနိုင်သည့် UPS တစ်လုံးဖြစ်ပါသည်။ 1250VA Capacity ပါဝင်ပြီး Computer, CCTV, Networking Devices နှင့် Office Equipment များအတွက် Backup Power ပေးနိုင်ပါသည်။ 8.5Ah Battery (2) လုံး တပ်ဆင်ထားသောကြောင့် လိုအပ်သောအချိန်တွင် တည်ငြိမ်သော Backup Power ကို ပံ့ပိုးပေးနိုင်ပြီး Universal Output 3 ခု ပါဝင်သဖြင့် စက်ပစ္စည်းများစွာကို တစ်ပြိုင်နက် ချိတ်ဆက်အသုံးပြုနိုင်ပါသည်။
Green Tech GTUPS-P650 650VA 8.5Ah UPS (Metal)
Green Tech GTUPS-P650 650VA 8.5Ah UPS သည် မီးအားမတည်ငြိမ်မှု၊ မီးကျမှုနှင့် မီးပျက်မှုများကြောင့် ဖြစ်ပေါ်နိုင်သော စက်ပစ္စည်းပျက်စီးမှုများကို ကာကွယ်ပေးနိုင်သည့် အရည်အသွေးမြင့် UPS တစ်မျိုးဖြစ်ပါသည်။ 650VA / 390W Capacity ပါဝင်ပြီး Desktop Computer များ၊ POS System များ၊ Router များနှင့် CCTV စနစ်များအတွက် သင့်တော်စွာ အသုံးပြုနိုင်ပါသည်။ CPU Controlled စနစ်ဖြင့် ထိန်းချုပ်ထားပြီး Battery Low Voltage Protection၊ Overload Protection နှင့် Short Circuit Protection စနစ်များ ပါဝင်သောကြောင့် စက်ပစ္စည်းများကို ပိုမိုလုံခြုံစိတ်ချစွာ ကာကွယ်ပေးနိုင်ပါသည်။