Chigo ZGFM-4509S1-L/Y Air Curtain 1260 m³/h (360W)
694,000 Ks

Aircon ကထွက်တဲ့ အအေးတွေကိုတိုက်ရိုက် အအေးမခံနိုင်တဲ့ လူတွေအတွက် အဆင်ပြေစေတဲ့ ပစ္စည်လေးဖြစ်ပါတယ်။ Aircon လေ တိုက်ရိုက်ကျနေလို့ အအေးမိ၊ ညောင်းညာ၊ ကိုက်ခဲ၊ သွေးလေးနေပြီး နှာစေး တာတွေကြောင့် Air con နေရာပြန်ပြောင်းဖို့ထိ စဉ်းစားနေတဲ့သူတွေ Aircon လေကာ ကို တပ်လိုက်တာနဲ့ အဆင်ပြေစေမှာဖြစ်ပါတယ်။ လေကာတပ်ထားခြင်းကြောင့် အအေးလဲ လျော့မသွားသလို အခန်းတွင်း အအေးနှုန်းကိုလည်း လျှင်မြန်စွာ ပျံ့စေတာကြောင့် Air-Con တပ်ဆင်တဲ့ အိမ်တိုင်း ဆောင်ထားသင့်ပါတယ်။ ဖုန်တက်ပါကရေဖြင့် အလွယ်တကူ ဆေးကြောလို့လဲ ရပါတယ်။ ဖြုတ်ရတပ်ရလဲ လွယ်ကူပြီး ပေါ့ပေါ့ပါးပါးလေးအဆင်ပြေစေမှာဖြစ်ပါတယ်။

Chigo CS-35VG-1B-169 Split Type Aircon (1.5HP, R32, Inverter)
2,835,000 Ks

Chigo CS-35VG-1B-169 လေးကတော့ မြင်းကောင်ရေအား 1.5HP ပါဝင်ပြီး  အိပ်ခန်း (သို့မဟုတ်) ဧည့်ခန်းများအတွက် သင့်တော်ပါသည်။ Cooling Capacity 1100W နဲ့မို့အခန်းတွင်းအပူချိန်ကို လျင်မြန်ထိရောက်စွာ‌ လျော့ချပေးနိုင်မှာပဲဖြစ်ပါသည်။ Filter Cleaning Indicatior ပါဝင်ပြီး ဖုန်မှုန့်များ၊ ညစ်ညမ်းမှုများ၊ ဓာတ်မတည့်မှုများ၊ ဘတ်တီရီးယားများနှင့် ဗိုင်းရပ်စ်များကို ဖယ်ရှားပေးနိုင်ပါသည်။ လေထုညစ်ညမ်းမှုများကင်းပြီး ကောင်းမွန်သောအအေးဓာတ်ကိုထုတ်လွှတ်ပေးနိုင်သောကြောင့် အသုံးပြုရအဆင်ပြေစေမည့်ပစ္စည်းလေးဖြစ်ပါသည်။ R32 Gas နဲ့မို့ မီးအားစားသက်သာစေနိုင်ပြီး ကောင်းမွန်သောအအေးဓာတ်ကို ထုတ်လွှတ်ပေးထားနိုင်ပါသည်။ 

Chigo CS-25VG-1C-169 Split Type Aircon (1HP, R32, Inverter)
2,575,000 Ks

Chigo ကထုတ်လုပ်ထားတဲ့ CS-25VG-1C-169 Split Type Aircon လေးသည် Capacity 1HP ပါဝင်ပြီး Inverter စနစ်သုံးထားတဲ့အတွက် ပုံမှန်အဲကွန်းတွေထက် မီးအားကို ၄၀% မှ ၆၀% ထိ သက်သာစေပါသည်။ ပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းစေတဲ့ R32 Gas ကို အသုံးပြုထားပြီး အအေးနှုန်းမြန်ဆန်စေရုံတင်မကဘဲ ကမ္ဘာ့ကြီးပူနွေးမှုကို ဖြစ်စေတဲ့ Global Warming Potential (GWP) လည်း နည်းပါးပါသည်။ Outdoor Unit ကို အကြမ်းခံပြီး အရည်အသွေးကောင်းမွန်တဲ့ အစိတ်အပိုင်းတွေကို အသုံးပြုပေးထားပြီး စိတ်ချယုံကြည်စွာ အသုံးပြုနိုင်သော ပစ္စည်းလေးဖြစ်ပါသည်။

Chigo CS-25A-1C-181 Split Type Aircon (1HP, R410a, Non-Inverter)
1,925,000 Ks

Chigo CS-25A-1C 1HP Split Type Air Conditioner (Non-Inverter) သည် အိမ်သုံး၊ တိုက်ခန်း၊ ရုံးခန်းနှင့် အိပ်ခန်းများအတွက် အထူးသင့်လျော်သော Wall-Mounted Split Air Conditioner တစ်လုံးဖြစ်ပြီး အေးမြမှုကို လျင်မြန်စွာ ပေးစွမ်းနိုင်ရန် ဒီဇိုင်းထုတ်လုပ်ထားပါသည်။ 1HP Cooling Capacity ပါဝင်သောကြောင့် အခန်းအကျယ်အသင့်အတင့်တွင် ထိရောက်စွာ အေးမြစေပြီး ပူပြင်းသောရာသီဥတုတွင်လည်း သက်တောင့်သက်သာရှိသော ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ပါသည်။ Non-Inverter Technology ကို အသုံးပြုထားပြီး တည်ငြိမ်သော အအေးပေးစနစ်ဖြင့် စွမ်းဆောင်ရည်ကောင်းမွန်စွာ လည်ပတ်နိုင်ပြီး R410a Refrigerant Gas ကို အသုံးပြုထားသောကြောင့် အေးမြမှုကို မြန်ဆန်စွာရရှိစေပါသည်။ Ozone Layer ထိခိုက်မှုနည်းပြီး ပတ်ဝန်းကျင်နှင့် ပိုမိုလိုက်ဖက်သော Refrigerant အမျိုးအစားဖြစ်ပါသည်။ Compressor နှင့် Cooling System တို့၏ ပေါင်းစပ်လုပ်ဆောင်မှုကြောင့် အခန်းအပူချိန်ကို တည်ငြိမ်စွာ ထိန်းသိမ်းပေးနိုင်ပြီး နေ့စဉ်အသုံးပြုမှုအတွက် ယုံကြည်စိတ်ချရသော စွမ်းဆောင်ရည်ကို ရရှိစေပါသည်။Power Consumption 805W မှ 1100W အတွင်းသာ အသုံးပြုသောကြောင့် Cooling Performance ကောင်းမွန်သည့်အပြင် လျှပ်စစ်အသုံးစရိတ်ကိုလည်း သင့်တင့်မျှတစွာ ထိန်းချုပ်နိုင်ပါသည်။ နေ့စဉ်အသုံးပြုရန် အဆင်ပြေပြီး ထိန်းသိမ်းရလည်း လွယ်ကူသောကြောင့် အေးမြမှု၊ ယုံကြည်စိတ်ချရမှုနှင့် တန်ဖိုးရှိသော အသုံးပြုမှုကို ရှာဖွေနေသူများအတွက် Chigo CS-25A-1C 1HP Split Type Air Conditioner (Non-Inverter) သည် ရွေးချယ်သင့်သော Air Conditioner တစ်လုံးဖြစ်ပါသည်။