Hisense (32A4G) 4HD 32inch android Smart TV
1,425,000 Ks

Hisense (32A4G) 4HD 32inch သည် 1920 x 1080 full HD resolutions ကိုရရှိမှာဖြစ်ပါတယ်။Youtube, MyVideo.ge, Netflix, Amazon Prime စတဲ့ တီဗွီစီးရီး App တွေကနေ ဇာတ်ကားတွေကို စိတ်ကြိုက်ကြည့်ရှုနိုင်မှာပါ။HDMI 1.4 ပေါက် နှစ်ခုပါဝင်သောကြောင့်မိမိကြိုက်နှစ်သက်ရာ ဂိမ်းစက်နဲ့ စလောင်းစက်တွေ ချိတ်ဆက်နိုင်ပါသည်။

Hisense RD-26WR4SA (207L) Two Door Refrigerator
4,136,000 Ks

Hisense RD-26WR4SA မှာတော့ Cpacity 207 Liter ဝင်ဆန့်ပြီး Refrigerant R600a (30 g) ကိုသုံးပေးထားလို့အရည်အသွေးကောင်းမွန်သောပစ္စည်းလေးဖြစ်ပါတယ်။

Hisense RS-24DCSA Upright Freezer Refrigeator (190L)
3,460,000 Ks

Hisense RS-24DCSA မှာတော့ Capacity 190L ဝင်ဆန့်ပြီး အသားငါးနဲ့ အသီးအရွက်တွေကို အေးမြလတ်ဆတ်ပြီး ကြာရှည်စွာထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။

Hisense Aircon (AUF-18CR4RMCPA) 2HP
8,465,000 Ks

Hisense ကထုတ်ထားတဲ့ AUF-18CR4RMCPA လေးကတော့ non-inverter type လေးဖြစ်ပြီး မြင်းကောင်ရေ 2HP နဲ့အလုပ်လုပ်ပေးမှာပဲဖြစ်ပါသည်။ R32 gas နဲ့မို့ မီးအားစားသက်သာစေပြီး ပိုမိုကောင်းမွန်စေသော အအေးဓာတ်များကိုထုတ်လွှတ်ပေးနိုင်ပါသည်။ Cooling Capacity:5600W, Power input:1850W, Current:7.5A တို့နှင့်အလုပ်လုပ်ပေးမှာပဲဖြစ်ပါသည်။

Hisense AUF-24CR4RBCPA Floor Stand Aircon (3HP, R32, Single Phase)
9,509,000 Ks

Hisense Aircon (AUF-24CR4RBCPA) လေးသည် inverter type ဖြစ်ပြီး မြင်ကောင်ရေ 3HP ဖြင့် အလုပ်လုပ်ပေးမှာဖြစ်ပါသည်။ R32 gas နဲ့မို့ မီးအားစားသက်သာစေပြီး ပိုမိုကောင်းမွန်စေသော အအေးဓာတ်များကိုထုတ်လွှတ်ပေးနိုင်သောကြောင့် အသုံးပြုရအဆင်ပြေစေမည့်ပစ္စည်းလေးဖြစ်ပါသည်။ Cooling Capacity 5600W, Power input 7268W, Current:10A တို့နှင့်အလုပ်လုပ်ပေးမှာပဲဖြစ်သော အေးစိမ့်မှုမြန်ဆန်စေမှာဖြစ်ပါသည်။ 

Hisense RD-16DR4 Two Door (120L) Refrigerator
2,798,000 Ks

Hisense RD-16DR4 Two Door သည် Size 20.8-21.6-49 လက်မ၊ (120 ) လီတာဝင်ဆန့် ပါသည်။ သင့်ရဲ့ ဟင်းသီးဟင်းရွက်၊ အသားငါးတွေကို အေးခဲလွန်ပြီးမလတ်မဆတ်ဖြစ်ခြင်း၊ အာဟာရလျော့နည်းသွားခြင်းတို့ကိုကာကွယ်ပေးပြီး မူလအရသာတိုင်းလတ်ဆတ်စွာ ထိန်းသိမ်းပေးထားပါတယ်။ ဒါ့အပြင် အသားငါးတွေ ကိုအလွန်အေးခဲမာကြောခြင်း မဖြစ်စေပဲအလတ်ဆတ်ဆုံးဖြစ်စေတဲ့ အေးခဲမှုအနေအထားမှာ ထိန်းသိမ်းထားတာကြောင့် အသားရေခဲပျော်ခြင်း (Defrost လုပ်ခြင်း) မျိုးကို အကြာကြီးစောင့်ရတော့မှာ မဟုတ်ပါဘူး။

Hisense WSRB1403W Semi Auto Washing Machine (14kg)
3,128,000 Ks

WSRB1403W  သည် အဝတ်အထည်တွေကို လျင်မြန်စွာလျော်ဖွတ်ပေးနိုင်တဲ့အပြင် 14kg အထိတစ်ခါတည်း အသုံးပြုလို့ရမှာဖြစ်ပါသည်။ Semi Auto နှစ်ကန် Twin Tub ဖြစ်တာကြောင့်အဝတ်လျှော်နေရင်းနဲ့ ညှစ်တာပါ တပြိုင်နက်တည်း ပြုလုပ်နိုင်ပါတယ်။ အခြောက်မွှေ့ချိန်မှာလည်း တစ်ခါတည်းနဲ့ 6.5 kg အထိမွှေ့ပေးနိုင်ပါတယ်။WSRB1403W လေးသည် အကြမ်းခံပြီး ရေရှည်အသုံးပြုနိုင်သလို ကျစ်လစ်ပေါ့ပါးတဲ့ Fiber ကပေါ့ပါးလွန်းတာဖြစ်လို့ အလွယ်တကူ အဆင်ပြေပြေရွှေ့ပြောင်းလို့ရတဲ့ အဝတ်လျှော်စက်လေးတစ်လုံးဖြစ်ပါသည်။ အဝတ်အထည်များကို သန့်ရှင်းတောက်ပြောင်အောင် ပြုလုပ်ပေးနိုင်သည့်အပြင် အထည်များကိုပျက်စီးမှုများ မဖြစ်စေဘဲ အသုံးပြုနိုင်တာဖြစ်တာကြောင့် အရည်အသွေးကောင်းမွန်တဲ့ပစ္စည်းလေးဖြစ်ပါသည်။

Hisense Smart TV Remote
23,000 Ks

 Hisense ကနေထွက်ရှိထားတဲ့ Smart Tv အတွက် အသုံးပြုဖို့အဆင်ပြေစေမယ့် remote လေးဖြစ်ပါသည်။ 

Hisense WFQ9514VJMT Front Load Washing Machine (9.5kg)
4,685,000 Ks

Hisense WFQ9514VJMT Front Load Washing Machine (9.5kg) သည် Inverter နည်းပညာကို သုံးထားတဲ့အတွက် ဆူညံသံနည်းပါးပြီး လျှပ်စစ်မီးကို ချွေတာပေးနိုင်ပါတယ်။ ရေရှည်ခံနိုင်ရည်ရှိတာကလည်း သူ့ရဲ့ အားသာချက်ပါ။အဝတ်လျှော်ပမာဏ 9.5kg အထိ ဆံ့တာကြောင့်အဝတ်အစား အမြောက်အမြားကို အလွယ်တကူ လျှော်ဖွတ်နိုင်ပါတယ်။ရေနွေးငွေ့နဲ့ လျှော်ဖွတ်ပေးတဲ့စနစ် ပါဝင်လို့ အဝတ်အစားမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားတွေကို 99.9% အထိ သေစေနိုင်ပြီး အရေးအကြောင်းဖြစ်တာကိုလည်း လျော့ပါးစေပါတယ်။အချိန်မရှိသူတွေအတွက် မိနစ်အနည်းငယ်အတွင်း အမြန်လျှော်ပေးနိုင်တဲ့ စနစ်လည်း ပါဝင်ပါတယ်။အဝတ်လျှော်ကန်ရဲ့ အတွင်းပိုင်းကို နှင်းပွင့်ပုံစံ ဒီဇိုင်းဖော်ထားလို့ အဝတ်အစားတွေ မပျက်စီးအောင် ကာကွယ်ပေးပြီး အညစ်အကြေးတွေကို ပိုမိုစင်ကြယ်စေပါတယ်။

Hisense SC-271RDWL Baverage Cooler Show Case (271L)
4,384,000 Ks

Hisense SC-271RDWL Baverage Cooler Show Case လေးသည် Capacity 271Liters ဝင်ဆံ့ပြီး ဆိုင်များ၊ မီနီမတ်များ၊ ကဖေးများ၊ ရုံးများနှင့် အိမ်သုံးအတွက်လည်း အထူးသင့်တော်ပါသည်။ Modern design နဲ့တည်ဆောက်ထားပြီး Transparent tempered glass door ပါဝင်ပါသည်။ Fast Cooling System နှင့် Large-sized metal fan ပါဝင်ပြီး အပူချိန်ကို လျင်မြန်စွာ လျော့ချနိုင်ပြီး အေးမြမှု့ကိုမြန်ဆန်စွာပေးစွမ်းနိုင်ပါသည်။ အတွင်းပိုင်းကို High brightness LED light ဖြင့်တပ်ဆင်ထားပြီး အချိန်မရွေး အတွင်းရှိပစ္စည်းများကို ရှင်းလင်းစွာမြင်နိုင်ပါသည်။ အတွင်းပိုင်းကို HIPS inner liner ဖြင့်ပြုလုပ်ထားသောကြောင့် ကြာရှည်အသုံးခံနိုင်ပြီး သန့်ရှင်းရေးလုပ်ရာတွင်လည်း အလွယ်တကူဖြစ်စေပါသည်။ Refrigerant အနေဖြင့် R600a (50g) ကိုအသုံးပြုထားပြီး ပတ်ဝန်းကျင်ထိခိုက်မှုနည်းပါးစေသည့် ပစ္စည်းလေးဖြစ်ပါသည်။

Hisense SC-381RN4B Baverage Cooler Show Case (381L)
5,010,000 Ks

Hisense ကထုတ်လုပ်ထားတဲ့ SC-381RN4B Baverage Cooler Show Case လေးသည် Capacity 381 Liters ဝင်ဆံ့နိုင်တဲ့ အကျယ်အဝန်းရှိပြီး အအေးဘူး၊ Soft Drink၊ Juice၊ Water Bottle နဲ့ အခြား Beverage များကို စနစ်တကျ ထည့်သွင်းပြသနိုင်ပါသည်။ ဖန်တံခါးဒီဇိုင်း (Glass Door) ပါဝင်တာကြောင့် အထဲရှိ ပစ္စည်းများကို အပြင်မှ အလွယ်တကူ မြင်တွေ့နိုင်ပါသည်။ Adjustable Shelves ၅ ခု ပါဝင်သောကြောင့် ပစ္စည်းအရွယ်အစားအလိုက် အမြင့်ကို စိတ်ကြိုက် ပြောင်းလဲအသုံးပြုနိုင်ပါသည်။ Fan Cooling System အသုံးပြုထားတာကြောင့် အအေးဓာတ်ကို ညီညာစွာဖြန့်ဝေပေးနိုင်ပြီး Temperature Control စနစ်ပါဝင်လို့ လိုအပ်သလို အပူချိန်ကို ချိန်ညှိနိုင်ပါသည်။ Internal LED Lighting ပါဝင်သောကြောင့် အတွင်းရှိပစ္စည်းများကို အလင်းကောင်းကောင်းဖြင့် လှပစွာပြသပေးနိုင်ပါသည်။ Lock & Key စနစ်ပါဝင်လို့ လုံခြုံစွာ သိမ်းဆည်းနိုင်ပြီး Wheels (ဘီး) ပါဝင်တာကြောင့် လိုအပ်သလို အလွယ်တကူ ရွှေ့ပြောင်းနိုင်ပါသည်။ Energy Saving Design ဖြစ်တဲ့အတွက် လျှပ်စစ်စားသုံးမှုကို သက်သာစေပြီး ရေရှည်အသုံးပြုရန် အဆင်ပြေစေမည့် ပစ္စည်းလေးဖြစ်ပါသည်။

Hisense FC-91DD4HA Chest Freezer 702L (2' 9")
12,440,000 Ks

Hisense ကထုတ်လုပ်ထားတဲ့ FC-91DD4HA Chest Freezer လေးကတော့ 702 လီတာ (702L)အကျယ်အဝန်းရှိတဲ့ Storage Capacity ကြောင့် အသား၊ ပင်လယ်စာ၊ အေးခဲအစားအစာများ၊ အချိုရည်နှင့် အခြား Frozen Products များကို အများအပြား သိမ်းဆည်းနိုင်ပါသည်။ တစ်နေ့လျှင် 36kg အထိ Freezing Capacity ရှိတာကြောင့် အစားအစာများကို မြန်မြန်အေးခဲစေပြီး အရည်အသွေးကို ထိန်းသိမ်းပေးနိုင်ပါသည်။ R290 Refrigerant ကို အသုံးပြုပေးထားပြီး 220V–240V / 50Hz လျှပ်စစ်စနစ်၊ Rated Current 1.8A သာလိုအပ်သောကြောင့် နေ့စဉ်အသုံးပြုရန် အဆင်ပြေစေပါသည်။ လုပ်ငန်းသုံးပဲဖြစ်ဖြစ်၊ အိမ်သုံးပဲဖြစ်ဖြစ် အစားအစာများကို အချိန်ကြာကြာ လတ်ဆတ်စွာ သိမ်းဆည်းထားနိုင်တာကြောင့် အသုံးပြုရာတွင် အဆင်ပြေစေမည့် ပစ္စည်းလေးဖြစ်ပါသည်။ 

product_img1
  • " data-item-price="9,779,000 Ks" data-item-avail="" data-item-availdesc="">
Hisense FC-65DD4SA Chest Freezer 500L (5'5"x2'9")
9,779,000 Ks

Hisense FC-65DD4SA Chest Freezer  သည် အလျား-5'5",အနံ-2'3",အမြင့်-2'9" ရှိပြီး အတွင်းပိုင်းဝင်ဆန့်မှု 500 Liter ထိရှိပါသည်။ LED မီးသီးများပါရှိပြီး အတွင်းပိုင်းကို Freezing Wall အသုံးပြုထားတဲ့အတွက် အပြင်ကယူဆောင်လာတဲ့ အသား၊ငါး၊ ရေခဲမုန့် ၊ ရေခဲချောင်း ၊ သောက်သုံးစရာတွေကို ချက်ခြင်းလျှင်မြန်စွာ အေးမြစေပြီး အသား၊ငါး၊ အစားအစာတွေကို မူလအရသာ၊ မူလအခြေအနေအတိုင်း ထိန်းသိမ်းထားစေပါသည်။ လက်ကိုင်ပါတဲ့ ခြင်းတောင်း (Basket) တွေကြောင့် အစားအစာ အသွင်းအထုတ် လွယ်ကူစေပါသည်။ Hisense Chest Freezer ရဲ့ အလွန်ကောင်းမွန်တဲ့ Fan နဲ့ Compressor ကြောင့် (Super Silence) ဆူညံမှုမဖြစ်စေတဲ့ အပြင် မီးပျက်သွားရင်တောင် အစားအစာတွေရဲ့ အေးခဲနှုန်းကို ကောင်းမွန်စွာ ထိန်းပေးထားနိုင်ပါသည်။ R600a gas အသုံးပြုပေးထားတဲ့အတွက် အသား၊ငါး၊အခဲခန်းအသုံးပြုမယ့် လူကြီးမင်းများအတွက်လည်း အထူးသင့်လျော်သော Freezer လေးဖြစ်ပါသည်။

Hisense AUC-18CR4RMJA 360 Ceiling Cassette Aircon (2HP,R32,Single Phase)
6,984,000 Ks

Hisense AUC-18CR4RMJA က 2HP အားရှိတဲ့ Ceiling Cassette အမျိုးအစား လေအေးပေးစက်ဖြစ်ပါသည်။ Non-Inverter (On-Off) စနစ် ဖြစ်ပြီး Single Phase မီးနဲ့ ဖြစ်တဲ့အတွက် ဆိုင်ခန်းတွေ၊ ရုံးခန်းတွေနဲ့ ဧည့်ခန်းကျယ်တွေမှာ တပ်ဆင်ဖို့ သင့်တော်ပါတယ်။ ပတ်ပတ်လည် ၃၆၀ ဒီဂရီ လေပင့်ထုတ်ပေးနိုင်တာကြောင့် အခန်းတွင်း နေရာအနှံ့ကို အပူချိန် မျှမျှတတနဲ့ မြန်မြန်ဆန်ဆန် အေးမြစေပါတယ်။ ပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းပြီး အအေးပေးစနစ် ကောင်းမွန်တဲ့ R32 Gas ကို အသုံးပြုထားပါသည်။