Cooler Master A71C ARGB Air Cooling CPU Fan
110,000 Ks

Cooler Master A71C ARGB သည် AMD AM4 socket များအတွက် ထုတ်လုပ်ထားသည့် low-profile CPU Cooling Fan လေးဖြစ်ပါသည်။အရွယ်အစား 120mm x 120mm x 25mm ရှိသော PWM fan တပ်ဆင်ထားပြီး၊ fan အမြန်နှုန်းသည် 650 မှ 1,800 RPM အထိ ရှိသည်။Maximun Fan Noise Level 24.9 dBA ဖြစ်တာကြောင့်ဆူညံမှု မရှိစေပဲ အသုံးပြုနိုင်မှာဖြစ်ပါသည်။Addressable RGB lighting ပါဝင်ပြီး၊ မိမိကြိုက်နှစ်သက်သည့် အရောင်များကို motherboard ၏ RGB software ဖြင့် ထိန်းချုပ်နိုင်သည်။

product_img1
  • " data-item-price="105,000 Ks" data-item-avail="" data-item-availdesc="">
Cooler Master MF200R RGB Air Cooling CPU Fan
105,000 Ks

Cooler Master MF200R RGB Air Cooling CPU Fan ကတော့ CPU အပေါ်မှာ တိုက်ရိုက်တပ်ရတဲ့ "CPU Air Cooler (Heatsink)" မဟုတ်ဘဲ PC Case ရဲ့ အရှေ့ဘက် ဒါမှမဟုတ် အပေါ်ဘက်တွေမှာ လေအဝင်အထွက် ကောင်းအောင် တပ်ဆင်ရတဲ့ 200mm (Size အကြီးစား) Computer Case Fan (Chassis Intake Fan) ဖြစ်ပါတယ်။ဂျက်လေယာဉ်နဲ့ ရဟတ်ယာဉ် ပန်ကာဒီဇိုင်းတွေကို အခြေခံပြီး ထုတ်လုပ်ထားတာမို့ PC Case ထဲကို လေစီးဆင်းမှု (Airflow) ကော လေဖိအား (Air Pressure) ပါ မျှတအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ASUS Aura Sync, MSI Mystic Light, Gigabyte RGB Fusion နဲ့ ASRock RGB စတဲ့ Motherboard Software တွေနဲ့ ချိတ်ဆက်ပြီး စိတ်ကြိုက် မီးရောင်စုံ ပြောင်းလဲနိုင်ပါတယ်။ပန်ကာရဲ့ ထောင့်တွေမှာ Sound-absorbing rubber pads (အသံစုပ် ရာဘာပြားလေးတွေ) ပါဝင်လို့ လည်ပတ်တဲ့အခါ တုန်ခါမှုနဲ့ ဆူညံသံကို အတော်လေး လျှော့ချပေးပါတယ်။ကွန်ပျူတာ ဝိုင်ယာကြိုးတွေ ဒါမှမဟုတ် တစ်ခုခုနဲ့ ပန်ကာဒိုင်းပတ် ငြိမိသွားရင် ပန်ကာမော်တာ လောင်မသွားအောင်နဲ့ ကြိုးတွေမပြတ်အောင် အလိုအလျောက် ရပ်တန့်ပေးမယ့် Sensor ပါဝင်ပါတယ်။

Cooler Master SF120P ARGB Air Cooling CPU Fan
155,000 Ks

 Cooler Master SF120P ARGB Air Cooling CPU Fan လေးကတော့ ARGB LED မီးလုံးပေါင်း ၂၄ လုံး ပါဝင်တာကြောင့် အရောင်အသွေး စုံလင်ပြီး အလွန်လှပတဲ့ Lighting Effects တွေကို ရရှိစေမှာပါ။ ASUS Aura Sync, ASRock RGB, Gigabyte RGB Fusion နဲ့ MSI Mystic Light Sync စတဲ့ နာမည်ကြီး Motherboard Software တွေနဲ့ စိတ်ကြိုက် ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ 4-Pin PWM စနစ် ပါဝင်လို့ CPU ရဲ့ အပူချိန်ပေါ်မူတည်ပြီး Fan Speed ကို 650 RPM မှ 2,400 RPM အထိ အလိုအလျောက် ချိန်ညှိပေးပါသည်။ 

Cooler Master MF120 Halo Air Cooling CPU Fan
136,000 Ks

Cooler Master ကနေ ထွက်ရှိထားတဲ့ MF120 Halo Air Cooling CPU Fan လေးကတော့ PWM Control ပါဝင်လို့ CPU အပူချိန်အလိုက် Fan Speed ကို အလိုအလျောက် အနှေး/အမြန် ချိန်ညှိပေးနိုင်ပါသည်။ Fan ရဲ့ အလယ် တင်မကဘဲ အပြင်ဘက် Frame ပတ်ပတ်လည်မှာပါ Addressable RGB (ARGB) Ring နှစ်ထပ် ပါဝင်ပါသည်။ ဒါကြောင့် ဘယ်ဘက်ကကြည့်ကြည့် မီးလင်းအား အရမ်းလှပြီး စိုပြေနေစေမှာဖြစ်ပါသည်။ 

Cooler Master MasterFan Pro 120 Air Cooling CPU Fan
100,000 Ks

Cooler Master MasterFan Pro 120 Air Cooling CPU Fan လေးသည် 12V DC ဖြင့်အလုပ်လုပ်ပြီး 4-pin PWM connector ကိုအသုံးပြုထားသောကြောင့် system temperature အပေါ်မူတည်ပြီး fan speed ကိုတိတိကျကျထိန်းချုပ်ပေးနိုင်ပါသည်။ Noise level ကို 6–20 dBA အထိသာ ထိန်းထားနိုင်ပြီး အလွန်တိတ်ဆိတ်သော operation ကိုပေးစွမ်းနိုင်ပါသည်။ Long-lasting design ဖြစ်ပြီး 70,000 hours L-10 lifespan နှင့် 490,000 hours MTTF ပါဝင်ပါသည်။ 

Cooler Master Elite V3 500W Power Supply
457,000 Ks

Cooler Master Elite V3 500W က ရုံးသုံး၊ အိမ်သုံးနဲ့ ပေါ့ပေါ့ပါးပါး Gaming ဆော့မယ့် Entry-level ကွန်ပျူတာတွေအတွက် အဓိကရည်ရွယ်ပြီး ထုတ်ထားတဲ့ Power Supply ဖြစ်ပါတယ်။Total Wattage 500W Output စွမ်းအား နဲ့ 120mm Quiet Fan အသံဆူညံမှုနည်းပြီး အပူဒဏ်ကို ကောင်းကောင်း လျှော့ချပေးနိုင်တဲ့ ပန်ကာ ပါဝင်ပါတယ်။Cooler Master လို Brand အကောင်းထဲကမှ ဈေးနှုန်း အသက်သာဆုံး ပေးရတဲ့ မော်ဒယ်ဖြစ်လို့ တန်ဖိုးသင့် Build တွေအတွက် အဆင်ပြေပါတယ်။Cooler Master ဖြစ်တဲ့အတွက် စိတ်ချရပြီး စက်ပစ္စည်းတွေကို လျှပ်စစ်အန္တရာယ်ကနေ ကာကွယ်ပေးမယ့် စနစ်တွေ (OVP, OPP, OTP, SCP) ပါဝင်ပါတယ်။

Cooler Master Elite 300 Gaming Casing
400,000 Ks

Cooler Master Elite 300 Gaming Casing သည် Size သေးသေးကျစ်ကျစ်လစ်လစ်နဲ့ စျေးနှုန်းသက်သာပြီး Performance ကောင်းကောင်းပေးနိုင်တဲ့ Mini Tower Casing အမျိုးအစားဖြစ်ပါတယ်။ ရိုးရှင်းပြီး လုပ်ဆောင်ချက်စုံလင်တာကြောင့် Budget Gaming PC builds တွေနဲ့ ရုံးသုံး၊ အိမ်သုံး Desktop တွေအတွက် အဆင်ပြေပါတယ်။အရှည် 365mm အထိ စိုက်လို့ရတာကြောင့် နောက်ဆုံးထွက် High-end ကတ်အရှည်ကြီးတွေကိုပါ သက်သောင့်သက်သာ ထည့်လို့ရပါတယ်။120mm Fan ၂ လုံး တပ်လို့ရပြီး Liquid Cooling ဆိုရင် 120mm ဒါမှမဟုတ် 240mm Radiator ထိ ပံ့ပိုးပေးသည့်အပြင် အရှေ့၊ အပေါ်နဲ့ အောက်ခြေတွေမှာ ဖုန်စကာတွေ ပါဝင်လို့ သန့်ရှင်းရေးလုပ်ရ လွယ်ကူစေမှာပဲဖြစ်ပါတယ်။