Onikuma B15 Gaming Headphone
Onikuma B15 Gaming Headset ကတော့ ကြိုးမဲ့ (Wireless) ရော ကြိုးတပ် (Wired) ပါ သုံးလို့ရတဲ့ Tri-Mode Connection အမျိုးအစား ဖြစ်ပါတယ်။PC သို့မဟုတ် Console (PS4/PS5) တွေမှာ အသံ Delay (Latency) မရှိဘဲ ကစားဖို့ အကောင်းဆုံး ဖြစ်ပါတယ်။Bluetooth 5.3 ဖြစ်လို့ ဖုန်း၊ Tablet သို့မဟုတ် Laptop တွေနဲ့ အလွယ်တကူ ချိတ်သုံးနိုင်ပါတယ်။ဘက်ထရီကုန်သွားရင်လည်း Aux ကြိုးတပ်ပြီး ဆက်သုံးလို့ ရပါတယ်။ (PC, Nintendo Switch, Xbox အကုန်ရပါတယ်)။မိုက်ကို လိုအပ်ရင် ဖြုတ်ထားလို့ရတဲ့ Detachable အမျိုးအစား ဖြစ်ပါတယ်။ 360-degree လှည့်လို့ရပြီး စကားပြောတဲ့အခါ ဘေးပတ်ဝန်းကျင်က ဆူညံသံတွေကိုလည်း အထိုက်အလျောက် လျှော့ချပေးပါတယ်။ဘက်ထရီ 1000mAh ပါဝင်ပြီး မီးပိတ်သုံးရင် နာရီ ၅၀ ကျော် အထိ အသုံးခံပါတယ်။ မီးဖွင့်သုံးရင်တော့ နာရီ ၂၀ ဝန်းကျင် ရပြီး အားပြန်သွင်းရင်တော့ Type-C Port နဲ့ သွင်းရပြီး ၂ နာရီဝန်းကျင် ကြာပါတယ်။
Onikuma X80 Gaming Headphone
Onikuma X80 ကတော့ design ပိုင်းရော Performance ပိုင်းမှာပါ အထာကျကျနဲ့ သုံးလို့ရမယ့် Budget-friendly Gaming Headset တစ်ခု ဖြစ်ပါတယ်။နားကြပ်ရဲ့ ဘေးတစ်ဖက်စီမှာ ဆန်းသစ်ပြီး လှပတဲ့ Abyss Mirror (မှန်သားအိမ်ပုံစံ) RGB မီးအကျိုးသက်ရောက်မှု ပါဝင်လို့ Gaming Setup ကို ပိုမိုလှပစေပါတယ်။ဂိမ်းဆော့တဲ့အခါ ရန်သူ့ခြေသံ ဒါမှမဟုတ် သေနတ်သံတွေ ဘယ်ကလာလဲဆိုတာကို အတိအကျ ခွဲခြားသိသာနိုင်ဖို့ ပတ်လည်အသံစနစ် ထောက်ပံ့ပေးထားပါတယ်။အသံပိုင်းဆိုင်ရာမှာ Bass သံ ပိုမိုလေးနက်ပြီး ကြည်လင်ပြတ်သားတဲ့ အသံထွက်ကို ရရှိစေမှာ ဖြစ်လို့ FPS နဲ့ Battle Royale ဂိမ်းတွေအတွက် အထူးသင့်လျော်ပါတယ်။
Onikuma K8 Gaming Headphone
Onikuma K8 ကတော့ Gaming Headset တွေထဲမှာ တော်တော်လေး လူကြိုက်များပြီး ခိုင်ခံ့တဲ့ မော်ဒယ်တစ်ခု ဖြစ်ပါတယ်။3.5mm Audio Jack ပါဝင်တဲ့အတွက် PC အပြင် PlayStation (PS4/PS5), Xbox One, Nintendo Switch နဲ့ Mobile ဖုန်းတွေမှာပါ အလွယ်တကူ ပြောင်းလဲချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ကြမ်းတမ်းခိုင်ခံ့တဲ့ ပုံစံရှိပြီး Earcups တွေရဲ့ ဘေးမှာ သံကွက် (Mesh) ပုံစံနဲ့ Onikuma Logo လေးကို RGB မီးလင်းအောင် လုပ်ထားပေးလို့ တကယ့် Gaming Vibe ကို ရစေပါတယ်။အသံပိုင်းမှာ Bass ထွက် အားကောင်းသလို ကွင်းပြင်ကျယ် ဂိမ်းတွေဆော့တဲ့အခါ ပတ်ဝန်းကျင် အသံအနိမ့်အမြင့် (Surround Sound Effect) ကို ကောင်းကောင်း ပေးစွမ်းနိုင်ပါတယ်။မိုက်ခရိုဖုန်းကို စိတ်ကြိုက် လှည့်လို့ရပြီး အသံဖမ်းယူမှု အပိုင်းမှာ ပတ်ဝန်းကျင်က လေသံ၊ ဆူညံသံတွေကို အတတ်နိုင်ဆုံး ဖယ်ရှားပေးတဲ့ နည်းပညာ ပါဝင်ပါတယ်။
Onikuma L6 Colourful Light Speaker
Onikuma L6 Colourful Light Speaker ဟာ Gaming Setup တွေ၊ Laptop ဒါမှမဟုတ် Desk Setup တွေအတွက် အဓိကရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ Compact ဖြစ်ပြီး လှပတဲ့ Multimedia Speaker အမျိုးအစား ဖြစ်ပါတယ်။Output Power 5W စီရှိတဲ့ Full-range Driver နှစ်ခုပါဝင်လို့ စုစုပေါင်း 10W (RMS) ထွက်ရှိပါတယ်။အသံထွက်ကို ကြည်လင်ပြတ်သားပြီး ဘေးပတ်ပတ်လည် ပျံ့နှံ့စေမယ့် Surround Sound စနစ်ပါဝင်လို့ ဂိမ်းဆော့တာ၊ သီချင်းနားထောင်တာနဲ့ ရုပ်ရှင်ကြည့်တဲ့နေရာတွေမှာ ပိုမိုကောင်းမွန်တဲ့ ရသကို ပေးစွမ်းနိုင်ပါတယ်။စပီကာရဲ့ အဓိက ဆွဲဆောင်မှုကတော့ စိတ်ကြိုက်ပြောင်းလဲလို့ရတဲ့ လှပတဲ့ RGB Lighting Effect ၆ မျိုး (ဥပမာ- Gradient, Flowing, Rotating light စသည်ဖြင့်) ပါဝင်တာကြောင့် မိမိရဲ့ Gaming Desktop အပြင်အဆင်ကို ပိုပြီး သန့်ပျံ့လှပစေပါတယ်။ Touch စနစ် ဒါမှမဟုတ် Push-type ခလုတ်နဲ့ မီးမုဒ်တွေကို အလွယ်တကူ ပြောင်းလဲနိုင်ပါတယ်။Bluetooth 5.0 ကြောင့် ဖုန်း၊ တက်ဘလက်၊ Laptop တွေနဲ့ ကြိုးမဲ့ (Wireless) အလွယ်တကူ အမြန်ဆုံး ချိတ်ဆက်နိုင်ပါတယ်။3.5mm AUX Jack ပါဝင်တာကြောင့် ကွန်ပျူတာ PC၊ Laptop သို့မဟုတ် အခြား အသံထွက်ပေါက်ရှိတဲ့ စက်ပစ္စည်းတွေနဲ့ အလွယ်တကူ ကြိုးထိုးသုံးနိုင်ပါတယ်။