Beelink EQi13 (i5,13420H,16GB,SSD500GB,Milky Grey) Mini PC Computer
Beelink EQi13 (Milky Grey) သည် ရုံးလုပ်ငန်းသုံး၊ အိမ်သုံးနှင့် ကျောင်းသုံးအတွက် Compact အဖြစ်ဆုံး ပြုလုပ်ထားပြီး စွမ်းဆောင်ရည်ကောင်းမွန်သည့် Mini PC တစ်လုံးဖြစ်ပါတယ်။ Power Supply ကို အထဲမှာ တစ်ခါတည်း Built-in ထည့်သွင်းပေးထားတာကြောင့် အပြင်မှာ Adapter တုံးကြီး တပ်ဆင်စရာမလိုဘဲ တိုက်ရိုက် ကြိုးတစ်ချောင်းတည်းဖြင့် ပါဝါပေးနိုင်တာ ဒီ Series ရဲ့ ထူးခြားချက်ဖြစ်ပါတယ်။13th Gen Core i5 Performance Cores နဲ့ Efficient Cores ပေါင်းစပ်ထားသည့် i5-13420H ပါဝင်သောကြောင့် Multi-tasking လုပ်ဆောင်ခြင်း၊ Multi-tab browsing ၊ အချက်အလက်ကြီးမားသော Excel Spreadsheets များ ကိုင်တွယ်ခြင်းနှင့် Office software များကို သွက်သွက်လက်လက် စေခိုင်းနိုင်ပါတယ်။Speed မြန်ဆန်သည့် LPDDR5 RAM ပါဝင်သည့်အတွက် Data Read/Write သွက်ပြီး စနစ်ပွင့်ချိန်နှင့် Program များ တက်ချိန် မြန်ဆန်စေပါတယ်။Beelink ရဲ့ MSC2.0 Airflow cooling design ကြောင့် အလုပ်လုပ်နေချိန်တွင် အသံဆူညံမှုနည်းပါးပြီး အပူချိန်ကို အထိရောက်ဆုံး ထိန်းချုပ်ပေးနိုင်ပါတယ်။ Gigabit Ethernet Port ၂ ခုပါဝင်တာကြောင့် Network တည်ဆောက်မှုများ၊ Server / Router လုပ်ငန်းများ သို့မဟုတ် Connection ငြိမ်ရန် အသုံးပြုချင်သူများအတွက် အဆင်ပြေပါတယ်။