EcoFlow Delta 2 1800W (1024WH) Power Station
EcoFlow Delta 2 1800W လေးကတော့ TV, ပန်ကာ, Air-cooler, Water-cooler, Wifi, CCTV, Laptop, အ၀တ်လျှော်စက်, CPAPအသက်ရှုစက်, မီးထွန်း, ဖုန်းအားသွင်းစတာတွေကို အသုံးပြုနိုင်မယ့်အပြင် ဖုန်းနဲ့ချိတ်ဆက်ပြီး အားဘယ်လောက်ရှိလဲကြည့်လို့ရသလို control လုပ်လို့ရသော Power Station လေးဖြစ်ပါသည်။ အားအပြည့်သွင်းရန် မိနစ်(80)ပဲကြာပြီး Battery Cycle 3000 ကျော်ပါလို့ တစ်ရက်(၁)ကြိမ်ပဲ အားသွင်းရင်တောင် နှစ်ရှည်ကြာကြာအသုံးခံပါသည်။ X-Boost , X-Stream , BMS , EPS ,WiFi Bluetooth Smart Control System စတဲ့ အဆင်မြင့်နည်းပညာနဲ့ ပေါင်းစပ်ဖန်တီးထားပြီး မီးမရတဲ့ဒေသတွေမှာလည်း Solar နဲ့ပါတွဲဖက်အသုံးပြုနိုင်ပါသည်။ Controller စနစ်ပါဝင်ပြီးသားဖြစ်လို့ အဆင်သင့်တန်းသုံးနိုင်ပြီး Capacity 1024Wh (1KW) LifePo4 ပါဝင်တာကြောင့် Desktop PC, AirCooler, မီးထွန်း တစ်ပြိုင်နက်တည်း အချိန်ကြာကြာအသုံးပြုနိုင်ပါသည်။ DELTA Max Extra Battery (2046Wh) နဲ့ချိတ်ဆက်ပြီး မူလ Battery Capaciy ကိုတိုးမြင့်နိုင်ပါသည်။ အိမ်သုံး အရံစနစ် အနေနဲ့အသုံးပြုဖို့လား၊ Heavy Duty တွေမှာ သုံးမှာလားအဆင်ပြေစေမည့် Power Station လေးဖြစ်ပါသည်။
Ecoflow Delta 3 1800W Power Station (1024Wh)
Ecoflow Delta 3 1800W Power Station လေးသည် Capacity 1024Wh နဲ့ဖြစ်ပြီး ဖုန်းကို အကြိမ် ၉၀ ခန့်၊ Laptop ကို ၁၅ ကြိမ်ခန့် သို့မဟုတ် 100W ရှိတဲ့ TV တစ်လုံးကို ၁၀ နာရီနီးပါး ဆက်တိုက်အသုံးပြုနိုင်ပါသည်။ Battery LiFePO4 Cell Type ဖြစ်တာကြောင့် ရိုးရိုး Lithium-ion ထက် ပိုမိုဘေးကင်းပြီး အပူဒဏ်ခံနိုင်ရည် ပိုကောင်းပါသည်။ 1800W AC Output နဲ့မို့ အိမ်သုံးပစ္စည်း တော်တော်များများကို မောင်းနှင်နိုင်ပြီး ထမင်းပေါင်းအိုး၊ ရေနွေးအိုး အသေး၊ ဒါမှမဟုတ် ဆံပင်အခြောက်ခံစက်တွေအတွက်ပါ အသုံးပြုနိုင်ပါသည်။ EU Sockets ၄ ခု ပါတဲ့အပြင် 100W USB-C ပါဝင်တာကြောင့် MacBook သို့မဟုတ် High-end Laptop တွေကို Adapter မလိုဘဲ တိုက်ရိုက် အားသွင်းနိုင်ပါသည်။ မီးခဏခဏပျက်တဲ့နေရာတွေမှာ နေရောင်ခြည်စွမ်းအင်သုံး Panel တွေနဲ့ ချိတ်ပြီး အခမဲ့ အားပြန်သွင်းလို့ရပါသည်။ ကားမောင်းရင်းနဲ့လည်း အားသွင်းနိုင်တာကြောင့် Camping ထွက်သူတွေအတွက် အဆင်ပြေစေပါသည်။
Ecoflow E980 500W Power Station (980Wh)
Ecoflow E980 500W Power Station (980Wh) ကတော့ မြင့်မားတဲ့ Battery Capacity နဲ့ မြန်ဆန်တဲ့ အားသွင်းစနစ် ပါဝင်တာကြောင့် အိမ်သုံး Backup အဖြစ်သော်လည်းကောင်း၊ ခရီးသွားတဲ့အခါမှာသော်လည်းကောင်း အသုံးပြုဖို့ အဆင်ပြေတဲ့ အမျိုးအစားဖြစ်ပါတယ်။LiFePO4 battery ကို အသုံးပြုထားတာကြောင့် ပုံမှန် Lithium battery တွေထက် သက်တမ်း ၆ ဆ ပိုရှည်ပြီး နေ့စဉ် သုံးစွဲမယ်ဆိုရင်တောင် ၁၀ နှစ်နီးပါး စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။EcoFlow ရဲ့ နာမည်ကြီး X-Stream နည်းပညာကြောင့် အခြား power station တွေလို အကြာကြီး စောင့်စရာမလိုဘဲ ၂ နာရီအတွင်း အားအပြည့်ပြန်သွင်းနိုင်ပါတယ်။AC Outlets (မီးပလပ်ပေါက်) တွေအပြင် USB-A, USB-C (Fast Charge), Car Power Output စသဖြင့် Output port ၁၃ ခုမှ ၁၅ ခုအထိ ပါဝင်တာကြောင့် ဖုန်း၊ Laptop နဲ့ အိမ်သုံးပစ္စည်း အတော်များများကို တစ်ပြိုင်တည်း အသုံးပြုနိုင်ပါတယ်။EcoFlow App နဲ့ ချိတ်ဆက်ပြီး ဖုန်းထဲကနေ Power သုံးစွဲမှုကို စောင့်ကြည့်တာ၊ Setting တွေချိန်ညှိတာတွေကို Wi-Fi ဒါမှမဟုတ် Bluetooth ကနေတစ်ဆင့် လုပ်ဆောင်နိုင်ပါတယ်။မီးမရှိတဲ့နေရာတွေမှာ Solar Panel နဲ့ ချိတ်ဆက်ပြီးတော့လည်း အားသွင်းနိုင်ပါတယ် (Max 500W solar input အထိ လက်ခံနိုင်ပါတယ်)။
Ecoflow River 2 Pro 800W Power Station (768Wh)
RIVER 2 Pro ဟာ RIVER 2 Series ထဲမှာ Capacity အများဆုံးဖြစ်ပြီး အလေးချိန်နဲ့ စွမ်းဆောင်ရည် မျှတမှုအရှိဆုံး Model တစ်ခုဖြစ်ပါတယ်။RIVER 2 Pro ဟာ နာရီဝန်းကျင်အတွင်းတင် အားအပြည့်သွင်းနိုင်တာကြောင့် မီးခဏခဏပျက်တဲ့ ဒေသတွေအတွက် အထူးအဆင်ပြေပါတယ်။LiFePO4 (LFP) နည်းပညာကြောင့် နေ့တိုင်းအားသွင်း၊ အားသုံးလုပ်ရင်တောင် Battery သက်တမ်း ၁၀ နှစ်အထိ စိတ်ချရပါတယ်။ပုံမှန်အားဖြင့် 800W အထိသာ Support ပေးပေမယ့် X-Boost စနစ်ကြောင့် 1600W ဝန်းကျင်သုံးတဲ့ အပူပေးပစ္စည်းအချို့ (ဥပမာ - ဆံပင်အခြောက်ခံစက်၊ ကော်ဖီဖျော်စက်အချို့) ကိုပါ အသုံးပြုနိုင်ပါတယ်။အိမ်သုံးမီးပလပ်အပြင်၊ Solar Panel နဲ့သွင်းခြင်း၊ ကားစီးကရက်သောက်တဲ့ ပလပ်နဲ့သွင်းခြင်းနဲ့ USB-C တို့နဲ့လည်း အားပြန်သွင်းနိုင်ပါတယ်။၇.၈ ကီလိုဂရမ်သာရှိလို့ မိန်းကလေးတွေတောင် အလွယ်တကူ မနိုင်တဲ့ အရွယ်အစားဖြစ်ပါတယ်။RIVER 2 Pro ဟာ Laptop, TV, Router နဲ့ ပန်ကာတွေကို တစ်ပြိုင်တည်း အကြာကြီးပေးချင်သူတွေအတွက် Capacity ရော စျေးနှုန်းရော အသင့်တော်ဆုံးဖြစ်ပါတယ်။